စက်တင်ဘာ ၂၂-၂၈
ဒေသနာ ၁-၂
သီချင်း ၁၀၃ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
၁။ နောက်လူမျိုးဆက်ကို ဆက်လေ့ကျင့်ပေးပါ
(၁၀ မိ.)
[ဒေသနာကျမ်း နိဒါန်း ဗီဒီယို ပြပါ။]
လူမျိုးဆက်တိုင်းက နောက်လူမျိုးဆက်ကို လေ့ကျင့်ပေးရမယ့် တာဝန်ရှိ (ဒေ ၁:၄။ က၁၇.၀၁ ၂၇-၂၈ ပိုဒ်. ၃-၄)
တခြားသူတွေကို လေ့ကျင့်ပေး၊ တာဝန်လွှဲပြောင်းပေးတာက ယေဟောဝါရဲ့ အမှုတော်ကို ကြိုးစားလုပ်ဆောင်ခြင်းကရတဲ့ ရွှင်လန်းမှု ခံစားခွင့်ပေးရာရောက် (ဒေ ၂:၂၄)
ကိုယ်နှစ်သက်တဲ့ တာဝန်ကို တခြားသူ ရသွားမှာကို စိုးရိမ်စိတ်နဲ့ လူငယ်တွေကို မလေ့ကျင့်ပေးဘဲ မနေပါနဲ့
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
၃။ ဖတ်ရှုခြင်း
၄။ စကားစမြည် စပြောခြင်း
(၂ မိ.) အလွတ်သဘော သက်သေခံခြင်း။ သူစိတ်ဝင်စားတဲ့ အကြောင်းအရာကို သိအောင်လုပ်ပါ။ ပြန်ဆက်သွယ်ဖို့ စီစဉ်ပါ။ (lmd ၃:၅)
၅။ စကားစမြည် စပြောခြင်း
(၂ မိ.) အများရှေ့သက်သေခံခြင်း။ လူတွေကိုချစ်ပါ စာစောင်၊ နောက်ဆက်တွဲ က မှာဖော်ပြထားတဲ့ နည်းလမ်းကိုသုံးပြီး “ပြောပြစရာ အမှန်တရားများစွာ” ထဲက အချက်တစ်ခု ဝေမျှပါ။ (lmd ၂:၃)
၆။ ပြန်လည်ပတ်ခြင်း
(၂ မိ.) အလွတ်သဘော သက်သေခံခြင်း။ ပြီးခဲ့တဲ့အခေါက် သူမေးတဲ့ မေးခွန်းကို အဖြေပေးပါ။ (lmd ၉:၅)
၇။ တပည့်ဖြစ်စေခြင်း
(၅ မိ.) အများရှေ့သက်သေခံခြင်း။ ကျမ်းစာလေ့လာနိုင်ပုံကို ပြပေးပြီး ဆက်လေ့လာနိုင်ဖို့ စီစဉ်ပါ။ (lmd ၁၀:၃)
သီချင်း ၈၄
၈။ လေ့ကျင့်ပေးခြင်းနဲ့ပတ်သက်တဲ့ အရေးကြီး သင်ခန်းစာ သုံးခု
(၁၅ မိ.) ဆွေးနွေးပါ။
ယေဟောဝါ ပေးအပ်ထားတဲ့ တာဝန် ဆောင်ရွက်နိုင်အောင် တခြားသူတွေကို လေ့ကျင့်ပေးဖို့ မေတ္တာက လှုံ့ဆော်ပေး
တခြားသူတွေကို လေ့ကျင့်ပေးတာနဲ့ပတ်သက်တဲ့ စံနမူနာကောင်းတွေ ကျမ်းစာမှာ အများကြီး ပါတယ်။ ရှောလုကို လေ့ကျင့်ပေးတဲ့ ရှမွေလ၊ ဧလိရှဲကို လေ့ကျင့်ပေးတဲ့ ဧလိယ၊ တပည့်တွေကို လေ့ကျင့်ပေးတဲ့ ယေရှု၊ တိမောသေကို လေ့ကျင့်ပေးတဲ့ ပေါလုဆီကနေ သင်ယူစရာအများကြီး ရှိပါတယ်။ အကောင်းဆုံးလေ့ကျင့်ပေးသူကတော့ ယေဟောဝါပါ။ ယေဟောဝါဆီကနေ ဘာသင်ယူနိုင်သလဲ။
လေ့ကျင့်ပေးသူအဖြစ် ယေဟောဝါဘုရားကို အတုယူပါ (ယဟ ၅:၂၀)—ကောက်နုတ်ချက် ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
ယေဟောဝါရဲ့ လေ့ကျင့်ပေးပုံကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ သုံးခုက ဘာလဲ။
၉။ အသင်းတော် ကျမ်းစာလေ့လာမှု
(၃၀ မိ.) lff ၁၁