အောက်တိုဘာ ၁၃-၁၉
ဒေသနာ ၇-၈
သီချင်း ၃၉ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
၁။ ‘အသုဘအိမ်ကို သွားပါ’
(၁၀ မိ.)
ဝမ်းနည်းပူဆွေးနေသူတွေကို အချိန်ယူပြီး နှစ်သိမ့်ပေးပါ (ဒေ ၇:၂။ it ‘ဝမ်းနည်းပူဆွေး’ ပိုဒ်. ၉)
သေဆုံးသွားသူရဲ့ အရည်အသွေးကောင်းတွေ ပြောပြီး နှစ်သိမ့်ပေးပါ (ဒေ ၇:၁။ က၁၉.၀၆ ၂၃-၂၄ ပိုဒ်. ၁၅)
ဝမ်းနည်းကြေကွဲနေသူတွေနဲ့အတူ ဆုတောင်းပါ (က၁၇.၀၇ ၁၆ ပိုဒ်. ၁၆)
သတိရပါ– ဝမ်းနည်းပူဆွေးနေသူတွေဟာ ချစ်ရသူဆုံးပါးပြီးနောက် အချိန် အတော်ကြာတဲ့အထိ ညီအစ်ကို/မတွေရဲ့ ထောက်မမှုကို လိုအပ်လေ့ရှိတယ်။—က၁၇.၀၇ ၁၆ ပိုဒ်. ၁၇-၁၉။
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
၃။ ဖတ်ရှုခြင်း
၄။ စကားစမြည် စပြောခြင်း
(၂ မိ.) အများရှေ့ သက်သေခံခြင်း။ သူဘယ်အကြောင်းအရာ စိတ်ဝင်စားသလဲဆိုတာ သိအောင်လုပ်ပြီး ပြန်လည်ပတ်ဖို့ စီစဉ်ပါ။ (lmd ၂:၄)
၅။ စကားစမြည် စပြောခြင်း
(၂ မိ.) အလွတ်သဘော သက်သေခံခြင်း။ (lmd ၂:၃)
၆။ ပြန်လည်ပတ်ခြင်း
(၂ မိ.) တစ်အိမ်မှတစ်အိမ်။ jw.org ဝက်ဘ်ဆိုက်ထဲက အကြောင်းအရာတစ်ခု ပြပေးပါ။ (lmd ၉:၄)
၇။ ယုံကြည်ချက် ရှင်းပြခြင်း
(၅ မိ.) lff ၂၉:၄-၅—အဓိကအကြောင်း- သေခြင်းနဲ့ ပတ်သက်တဲ့ ကျမ်းစာအမှန်တရားကို ခုခံကာကွယ်ပါ။ (th ၁၇)
သီချင်း ၁၅၁
၈။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ခိုင်မာစေပါ
(၁၅ မိ.) ဆွေးနွေးပါ။
ရှင်ပြန်ထမြောက်ခြင်း ကတိဟာ ဘုရားသခင်ဆီက တန်ဖိုးအကြီးဆုံး လက်ဆောင်ထဲက တစ်ခုပါ။ ဒီလက်ဆောင်ကနေ ယေဟောဝါရဲ့ တန်ခိုး၊ ဉာဏ်ပညာ၊ ကရုဏာ ဘယ်လောက် ကြီးမားသလဲ၊ တစ်ဦးချင်းစီကို ဘယ်လောက်ချစ်သလဲဆိုတာ သိရတယ်။—ယဟ ၃:၁၆။
ရှင်ပြန်ထမြောက်ခြင်းကို အခိုင်အမာ ယုံကြည်မယ်ဆိုရင် စမ်းသပ်မှုတွေကို ခံရပ်နိုင်မယ်။ (၂က ၄:၁၆-၁၈) နှိပ်စက်ညှဉ်းပန်းမှု၊ ဖျားနာမှု ကြုံရချိန်၊ ချစ်ရသူ သေဆုံးသွားချိန်မှာလည်း တည်တည်ငြိမ်ငြိမ် ရှိပြီး စိတ်ဖြေနိုင်မယ်။ (၁သ ၄:၁၃) ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်ဘူးဆိုရင် စစ်မှန်တဲ့ ပျော်ရွှင်မှု မရနိုင်ဘူး။ (၁က ၁၅:၁၉) ဒါကြောင့် သိပ်ကောင်းတဲ့ ဒီမျှော်လင့်ချက်ကို အခိုင်အမာ ယုံကြည်လာအောင် ပန်းတိုင်ထား ကြိုးစားပါ။
ယောဟန် ၁၁:၂၁-၂၄ ကိုဖတ်ပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
ရှင်ပြန်ထမြောက်ခြင်းကို အခိုင်အမာ ယုံကြည်ကြောင်း မာသ ဘယ်လို တင်ပြသလဲ။
မာသရဲ့ ယုံကြည်ခြင်း ဘယ်လို ဆုချခံရသလဲ။—ယဟ ၁၁:၃၈-၄၄
ယုံကြည်ခြင်း ခိုင်မြဲတဲ့ အမျိုးသမီးတွေကို တုပပါ—မာသ ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က သင့်အတွက် ဘာကြောင့် အထူးအဓိပ္ပာယ်ရှိသလဲ။
ရှင်ပြန်ထမြောက်ခြင်းကို အခိုင်အမာ ယုံကြည်နေအောင် ဘာလုပ်နိုင်သလဲ။
၉။ အသင်းတော် ကျမ်းစာလေ့လာမှု
(၃၀ မိ.) lff ၁၃၊ ရှင်းလင်းချက် ၁