ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb25.၀၉ ၈
  • အောက်တိုဘာ ၂၀-၂၆

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်တိုဘာ ၂၀-၂၆
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၅
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၅
mwb25.၀၉ ၈

အောက်တိုဘာ ၂၀-၂၆

ဒေသနာ ၉-၁၀

သီချင်း ၃၀ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ကြုံနေရတဲ့ အခက်အခဲတွေကို တော်မှန်စွာ ရှုမြင်ပါ

(၁၀ မိ.)

အခက်အခဲကြုံနေရတာက ဘုရားမျက်နှာသာ မရဘူးဆိုတဲ့ အမှတ်လက္ခဏာ မဟုတ် (ဒေ ၉:၁၁။ က၁၃ ၈/၁၅ ၁၄ ပိုဒ်. ၂၀-၂၁)

စာတန်အုပ်ချုပ်နေတဲ့ အစီအစဉ်စနစ်မှာ အမြဲတမ်း တရားမျှတနေမှာမဟုတ် (ဒေ ၁၀:၇။ က၁၉.၀၉ ၅ ပိုဒ်. ၁၀)

အခက်အခဲ ကြုံနေရချိန်မှာတောင် ယေဟောဝါပေးထားတဲ့ ဆုလက်ဆောင်တွေနဲ့ ပျော်မွေ့ဖို့ အချိန်ယူပါ (ဒေ ၉:၇၊ ၁၀။ က၁၁ ၁၀/၁၅ ၈ ပိုဒ်. ၁-၂)

အမျိုးသမီးတစ်ယောက် ဆိပ်ခံတံတားမှာ ရပ်နေပြီး ကောင်းကင်ဘက်ကို မော့ကြည့်နေစဉ်။

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဒေ ၉:၅—လူသေရင် ဘာဖြစ်သွားသလဲ။ (lff ၂၉:၁)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ဖတ်ရှုခြင်း

(၄ မိ.) lff ၂၇:ခေါင်းစဉ် (th ၁၁)

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) အများရှေ့ သက်သေခံခြင်း။ ဝမ်းနည်းနေပုံရသူကို စကားစပြောပါ။ (lmd ၃:၄)

၅။ စကားစမြည် စပြောခြင်း

(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ စီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း ပြောသူကို လူတွေကိုချစ်ပါ စာစောင် နောက်ဆက်တွဲ က၊ “ပြောပြစရာ အမှန်တရားများစွာ” ထဲက အချက်တစ်ချက် ဝေမျှပါ။ (lmd ၄:၄)

၆။ တပည့်ဖြစ်စေခြင်း

(၅ မိ.) lff ၁၇ အနှစ်ချုပ်၊ ပြန်လည်သုံးသပ်ခြင်း၊ ရည်မှန်းပန်းတိုင်။ (lmd ၁၂:၃)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၄၇

၇။ အဖြစ်ဆိုးကြုံချိန်မှာ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပုံ

(၁၅ မိ.) ဆွေးနွေးပါ။

နေ့တိုင်းလိုလို အခက်အခဲတစ်မျိုးမဟုတ် တစ်မျိုး ကြုံနေရကြတယ်။ မမျှော်လင့်ဘဲ ရုတ်တရက် ကြုံရတဲ့ ပြဿနာတချို့ကတော့ စိတ်ပိုင်း၊ ကာယပိုင်း၊ ဝတ်ပြုရေးပိုင်းကို ထိခိုက်တဲ့အထိ ဆိုးရွားနိုင်တယ်။ အဖြစ်ဆိုးတွေကို ဘယ်လိုနည်းနဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သလဲ။

ဘာအခက်အခဲပဲ ကြုံရပါစေ “ခေတ်ကာလကို တည်ငြိမ်အေးချမ်း” အောင် အမြဲလုပ်ပေးမယ့်သူကတော့ ယေဟောဝါပါပဲ။ (ရှာ ၃၃:၆) ယေဟောဝါကို ယုံကြည်ကိုးစားဖို့ဆိုရင် ကျွန်တော်တို့ဘက်က ကျိုးနွံရမယ်၊ မျှတတဲ့အမြင် ရှိဖို့ လိုတယ်။ (ပ ၁၁:၂) အဖြစ်ဆိုးတစ်ခု ကြုံရတယ်ဆိုရင် ကိုယ်ကိုယ်တိုင်နဲ့ ချစ်ရသူတွေကို ဂရုစိုက်ဖို့၊ ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ အချိန်လိုသလို ဝမ်းနည်းမှုကို ဖြေသိမ့်ဖို့လည်း အချိန်လိုတယ်။ (ဒေ ၄:၆)

အပြန်အလှန် အားပေးဖို့ ယုံကြည်သူချင်းတွေကို ယေဟောဝါ အသုံးပြုတဲ့အတွက် ညီအစ်ကို/မတွေဆီကနေ အကူအညီ တောင်းဖို့၊ လက်ခံဖို့ တလိုတလား ရှိရမယ်။ သူတို့တွေက သင့်ကို သိပ်ချစ်တယ်၊ တလိုတလား ကူညီပေးချင်ကြတယ်ဆိုတာ မမေ့ပါနဲ့။

၂ ကောရိန္သု ၄:၇-၉ ကိုဖတ်ပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ခက်ခဲတယ်ဆိုရင်တောင် ဝတ်ပြုရေးနဲ့ဆိုင်တဲ့ အခြေခံ လုပ်ရိုးလုပ်စဉ်တွေကို ဘာကြောင့် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သင့်သလဲ။

“ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်” ဗီဒီယိုထဲက ပြကွက်။ ညီအစ်ကိုနဲ့ ညီအစ်မ ဆက်ပ်တာ ကလေးဆုံးသွားလို့ ဝမ်းနည်းပူဆွေးနေကြ။

ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ် ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ညီအစ်ကိုနဲ့ ညီအစ်မ ဆက်ပ်တာကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့သလဲ။

  • သူတို့ကို ညီအစ်ကို/မတွေ ဘယ်လို ကူညီပေးခဲ့ကြသလဲ။

  • သူတို့ရဲ့ ပုံနမူနာကနေ တခြား ဘာသင်ယူရရှိသလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

(၃၀ မိ.) lff ၁၄

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၂၈ နဲ့ ဆုတောင်းချက်

    မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ လက်သင်္ကေတပြဘာသာစကား
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ