နောက်ဆက်တွဲ က
ပြောပြစရာ အမှန်တရားများစွာ
စိတ်ရိုးဖြောင့်သူ မှန်ရင် ကြားတာနဲ့ အမှန်တရားမှန်း တန်းသိမယ်လို့ ယေရှု ပြောတယ်။ (ယော. ၁၀:၄၊ ၂၇) ဒါကြောင့် လူတွေနဲ့ စကားပြောခွင့် ရတိုင်း ကျမ်းစာမှာ ပါတဲ့ အကြောင်းအရာ ရိုးရိုးလေးတွေ ကျွန်တော်တို့ ပြောပြချင်ကြတယ်။ “ . . . ဆိုတာ သိသလား” ဒါမှမဟုတ် “. . . ဆိုတာ ကြားဖူးသလား” လို့ မေးပြီး အကြောင်းအရာတစ်ခု မိတ်ဆက်ပေးပါ။ အဲဒီနောက် သက်ဆိုင်ရာ ကျမ်းပိုဒ်(တွေ) သုံးပြီး ရှင်းပြပါ။ ရိုးရှင်းတဲ့ ကျမ်းစာ အမှန်တရားတစ်ခု ပြောပြရုံနဲ့တောင် လူတစ်ယောက်ရဲ့ စိတ်နှလုံးထဲ အမှန်တရား မျိုးစေ့ ကျသွားနိုင်တယ်။ အဲဒီမျိုးစေ့ အပင်ပေါက်လာအောင် ဘုရား လုပ်ပေးနိုင်တယ်။—၁ ကော. ၃:၆၊ ၇။
အနာဂတ်
- ၁။ မကြာခင် အပြောင်းအလဲ တစ်ခုခု ဖြစ်တော့မယ်ဆိုတာ ကမ္ဘာ့ဖြစ်ရပ်တွေ၊ လူ့စရိုက်တွေက ပြနေတယ်။—မ. ၂၄:၃၊ ၇၊ ၈။ လု. ၂၁:၁၀၊ ၁၁။ ၂ တိ. ၃:၁-၅။ 
- ၂။ ကမ္ဘာမြေ ဘယ်တော့မှ ဖျက်ဆီးခံရမှာ မဟုတ်ဘူး။—ဆာ. ၁၀၄:၅။ ဒေ. ၁:၄။ 
- ၃။ ကမ္ဘာ့ပတ်ဝန်းကျင် ပြန်ကောင်းလာမယ်။—ဟေရှာ. ၃၅:၁၊ ၂။ ဗျာ. ၁၁:၁၈။ 
- ၄။ လူတိုင်း ဒေါင်ဒေါင်မြည် ကျန်းမာမယ်။—ဟေရှာ. ၃၃:၂၄။ ၃၅:၅၊ ၆။ 
- ၅။ ကမ္ဘာပေါ်မှာ သင် ထာဝစဉ် အသက်ရှင်နိုင်တယ်။—ဆာ. ၃၇:၂၉။ မ. ၅:၅။ 
မိသားစု
- ၆။ ခင်ပွန်းဟာ “ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။”—ဧ. ၅:၃၃။ ကော. ၃:၁၉။ 
- ၈။ ခင်ပွန်းနဲ့ ဇနီး အချင်းချင်း သစ္စာရှိရမယ်။—မာလ. ၂:၁၆။ မ. ၁၉:၄-၆၊ ၉။ ဟီ. ၁၃:၄။ 
- ၉။ မိဘကို ရိုသေတဲ့၊ မိဘစကား နားထောင်တဲ့ သားသမီးတွေ ကောင်းစားမယ်။—ပညာ. ၁:၈၊ ၉။ ဧ. ၆:၁-၃။ 
NASA, ESA and the Hubble Heritage Team (STScI/AURA)-ESA/Hubble Collaboration. Licensed under CC BY 4.0. Source.
ဘုရား
- ၁၀။ ဘုရားမှာ နာမည် ရှိတယ်။—ဆာ. ၈၃:၁၈။ ယေ. ၁၀:၁၀။ 
- ၁၁။ ကျွန်တော်တို့ကို ဘုရား ဆက်သွယ်တယ်။—၂ တိ. ၃:၁၆၊ ၁၇။ ၂ ပေ. ၁:၂၀၊ ၂၁။ 
- ၁၂။ ဘုရားသခင်ဟာ တရားမျှတတယ်။ မျက်နှာမလိုက်ဘူး။—တရား. ၁၀:၁၇။ တ. ၁၀:၃၄၊ ၃၅။ 
- ၁၃။ ကျွန်တော်တို့ကို ဘုရား ကူညီချင်တယ်။—ဆာ. ၄၆:၁။ ၁၄၅:၁၈၊ ၁၉။ 
ဆုတောင်းခြင်း
- ၁၄။ ဘုရားက မိမိဆီ ဆုတောင်းစေချင်တယ်။—ဆာ. ၆၂:၈။ ၆၅:၂။ ၁ ပေ. ၅:၇။ 
- ၁၅။ ဘယ်လို ဆုတောင်းရမယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။—မ. ၆:၇-၁၃။ လု. ၁၁:၁-၄။ 
- ၁၆။ မကြာခဏ ဆုတောင်းသင့်တယ်။—မ. ၇:၇၊ ၈။ ၁ သက်. ၅:၁၇။ 
ယေရှု
- ၁၇။ ယေရှုဟာ ဆရာကောင်း ဖြစ်တယ်။ ယေရှု ပေးတဲ့ အကြံတွေ ဒီနေ့အထိ အကျိုးရှိနေတုန်းပဲ။—မ. ၆:၁၄၊ ၁၅၊ ၃၄။ ၇:၁၂။ 
- ၁၈။ ဒီနေ့ ကျွန်တော်တို့ တွေ့နေရတဲ့ ဖြစ်ရပ်တွေအကြောင်း ယေရှု ကြိုပြောထားတယ်။—မ. ၂၄:၃၊ ၇၊ ၈၊ ၁၄။ လု. ၂၁:၁၀၊ ၁၁။ 
- ၁၉။ ယေရှုဟာ ဘုရားရဲ့ သား ဖြစ်တယ်။—မ. ၁၆:၁၆။ ယော. ၃:၁၆။ ၁ ယော. ၄:၁၅။ 
- ၂၀။ ယေရှုဟာ အနန္တ တန်ခိုးရှင် မဟုတ်ဘူး။—ယော. ၁၄:၂၈။ ၁ ကော. ၁၁:၃။ 
Based on NASA/Visible Earth imagery
ဘုရားနိုင်ငံတော်
- ၂၁။ ဘုရားနိုင်ငံတော်ဟာ ကောင်းကင်မှာ ရှိတဲ့ တကယ့် အုပ်ချုပ်ရေးစနစ် ဖြစ်တယ်။—ဒံ. ၂:၄၄။ ၇:၁၃၊ ၁၄။ မ. ၆:၉၊ ၁၀။ ဗျာ. ၁၁:၁၅။ 
- ၂၂။ လူ့အစိုးရတွေနေရာမှာ ဘုရားနိုင်ငံတော် အစားဝင်လာမယ်။—ဆာ. ၂:၇-၉။ ဒံ. ၂:၄၄။ 
- ၂၃။ လူ့ပြဿနာတွေကို ဖြေရှင်းပေးမယ့် တစ်ခုတည်းသောအရာဟာ ဘုရားနိုင်ငံတော် ဖြစ်တယ်။—ဆာ. ၃၇:၁၀၊ ၁၁။ ၄၆:၉။ ဟေရှာ. ၆၅:၂၁-၂၃။ 
ဆင်းရဲဒုက္ခ
- ၂၄။ ကျွန်တော်တို့ ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေကို ဘုရား ဖြစ်ပေါ်စေတာ မဟုတ်ဘူး။—တရား. ၃၂:၄။ ယာ. ၁:၁၃။ 
- ၂၅။ ဒီလောကကို စာတန် အုပ်ချုပ်နေတယ်။—လု. ၄:၅၊ ၆။ ၁ ယော. ၅:၁၉။ 
- ၂၆။ သင် ဒုက္ခရောက်နေတာ ဘုရား မြင်တယ်။ ကူညီပေးချင်တယ်။—ဆာ. ၃၄:၁၇-၁၉။ ဟေရှာ. ၄၁:၁၀၊ ၁၃။ 
- ၂၇။ မကြာခင် ဆင်းရဲဒုက္ခတွေကို ဘုရား အဆုံးတိုင်ပေးမယ်။—ဟေရှာ. ၆၅:၁၇။ ဗျာ. ၂၁:၃၊ ၄။ 
သေခြင်း
- ၂၈။ သေလွန်သူတွေဟာ ဘာမှ မသိဘူး။ ဝေဒနာ ခံစားမနေရဘူး။—ဒေ. ၉:၅။ ယော. ၁၁:၁၁-၁၄။ 
- ၂၉။ ကျွန်တော်တို့ကို သေလွန်သူတွေ မကူညီနိုင်ဘူး။ ဒုက္ခ မပေးနိုင်ဘူး။—ဆာ. ၁၄၆:၄။ ဒေ. ၉:၆၊ ၁၀။ 
- ၃၀။ ချစ်ရတဲ့ သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်။—ယောဘ ၁၄:၁၃-၁၅။ ယော. ၅:၂၈၊ ၂၉။ တ. ၂၄:၁၅။ 
- ၃၁။ “သေခြင်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာ. ၂၁:၃၊ ၄။ ဟေရှာ. ၂၅:၈။ 
ဘာသာတရား
- ၃၂။ ဘာသာတရားတိုင်းကို ဘုရား နှစ်သက်တာ မဟုတ်ဘူး။—ယေ. ၇:၁၁။ မ. ၇:၁၃၊ ၁၄၊ ၂၁-၂၃။ 
- ၃၃။ အရေခြုံတာကို ဘုရား မုန်းတယ်။—ဟေရှာ. ၂၉:၁၃။ မိ. ၃:၁၁။ မာ. ၇:၆-၈။ 
- ၃၄။ စစ်မှန်တဲ့ ဘာသာတရား ဟုတ်မဟုတ်ဆိုတာကို မေတ္တာစစ် ရှိမရှိဆိုတာနဲ့ တိုင်းတာနိုင်တယ်။—မိ. ၄:၃။ ယော. ၁၃:၃၄၊ ၃၅။