သီချင်း ၁၅၈
ကမ္ဘာသစ် ရောက်လုပြီ
၁။ ရောင်စုံခြယ်လွှမ်းထား
ကမ္ဘာမြေတစ်ခွင် အလှတို့
ခန့်ညားလက်ရာများ
အံ့ဖွယ်ဉာဏ်တော် စီခြယ်
အချိန်တွေ ကုန်သွားလည်း
ကိုယ်တော် အစဉ် မပြောင်းလဲ
တည်ဆောက်ဖို့ ခွင့်ရေး
စိတ်ရှည်စွာ မျှော်စောင့်ဆိုင်း
(ထပ်ကျော့ပိုဒ်)
ပရဒိသု လာမယ်
ရင်မှာ စိတ်ချပါတယ်
မျှော်နေတယ် ယုံကြည်စိတ်ရှည်
ကိုယ်တော်နေ့ရက် သေချာ
အရုဏ်ဦး မိုးသောက်လို
ဘယ်လိုပင် ကြာဟန်ရှိလည်း
ကမ္ဘာသစ် ရောက်လုပြီ
၂။ ခိုင်မာ မျှော်လင့်ချက်
သေသူ ပြန်ရှင်မှာ
ယေဟောဝါ အလိုရှိ
အံ့ဖွယ်အသက်ပေးဖို့
သေလွန်သူတို့အား
ကိုယ်တော် လွန်ချစ်မှန်း
သိထားလို့ ရင်ထဲ
ပြည့်လာ စိတ်ရှည်၊ ချစ်ခြင်း
(ထပ်ကျော့ပိုဒ်)
ပရဒိသု လာမယ်
ရင်မှာ စိတ်ချပါတယ်
မျှော်နေတယ် ယုံကြည်စိတ်ရှည်
ကိုယ်တော်နေ့ရက် သေချာ
အရုဏ်ဦး မိုးသောက်လို
ဘယ်လိုပင် ကြာဟန်ရှိလည်း
ကမ္ဘာသစ် ရောက်လုပြီ
၃။ စိတ်ရှည်စွာ ကြိုးစား
ကိုယ်တော် ရှာဆဲပဲ
စိတ်ရိုးဖြောင့်သူတို့
သက်ရဖို့ လိုတော်ရှိ
မှုတော်ဆောင်ခွင့်ရေး
လွန်စွာ တို့အလေးထား
လက်တွဲမှုဆောင်ရင်း
ဘုရားကို ပိုယုံကြည်လာ
(ထပ်ကျော့ပိုဒ်)
ပရဒိသု လာမယ်
ရင်မှာ စိတ်ချပါတယ်
မျှော်နေတယ် ယုံကြည်စိတ်ရှည်
ကိုယ်တော်နေ့ရက် သေချာ
အရုဏ်ဦး မိုးသောက်လို
ဘယ်လိုပင် ကြာဟန်ရှိလည်း
ကမ္ဘာသစ် ရောက်လုပြီ
မျှော်နိုင်အောင် ကူညီပေးပါ။
(ကော. ၁:၁၁ ကိုလည်း ကြည့်ပါ။)