HOKU LANGPAW ABALU 14
“Ccungccaw Hae Balyn Nynh Nanning Tuh Ka Zuitu Hae Cipaw Ae Nyh Cih Oh”
“Lu kheit te lu kheit sungsakunaw na hoi oh ze, tuh-e sungsakunaw liate—ccungccaw hae balyn nynh nanning tuh ka zuitu hae cipaw ae nyh cih oh.”—JOH 13:35.
LAW 106 မေတ္တာတရားကို ပျိုးထောင်ခြင်း
အကြိုသုံးသပ်ချက်a
ယေဟောဝါလူမျိုးကြားမှာ ရှိတဲ့ မေတ္တာကို မြင်ရတာက သက်သေခံ မဟုတ်သူများစွာအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ (စာပိုဒ် ၁ ကို ကြည့်ပါ)
1. Masaty yn pungkuh bua hae paw nynh pawkhamou a syntaw thya hae? (Sahkhung kha mah do.)
ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမမှာ မောင်နှံတစ်စုံ ဦးဆုံးအကြိမ် အစည်းအဝေး လာတက်တယ်လို့ မြင်ယောင်ကြည့်ပါ။ ညီအစ်ကို/မတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာ၊ အချင်းချင်း မေတ္တာပြတာ ကြည့်ပြီး အကြီးအကျယ် စိတ်ထိမိသွားကြတယ်။ ‘ယေဟောဝါသက်သေတွေဟာ တကယ် ထူးခြားတာပဲ’ လို့ အိမ်အပြန်လမ်းမှာ ခင်ပွန်းကို ဇနီးဖြစ်သူ ပြောတယ်။
2. Abang tuh pawcce a khuhliakuh hae?
၂ ယေဟောဝါလူမျိုးကြားမှာ ရှိတဲ့ မေတ္တာဟာ သိပ်ထူးခြားတယ်။ တကယ်တော့ ယေဟောဝါသက်သေတွေလည်း တခြားသူတွေလိုပဲ မစုံလင်ကြဘူး။ (၁ ယော. ၁:၈) ဒါကြောင့် အကြောင်းသိလေ၊ အားနည်းချက်တွေ မြင်လာလေပဲ။ (ရော. ၃:၂၃) ဝမ်းနည်းစရာက အချင်းချင်းရဲ့ မစုံလင်မှုကြောင့် တချို့ တိုက်မိလဲသွားကြတယ်။
3. Zisu a zuitu ccaccing hae syntawnaw tuh pawmou? (Johan 13:34, 35)
၃ ဒီဆောင်းပါးရဲ့ အဓိက ကျမ်းချက်ကို သတိပြုပါ။ (ယောဟန် ၁၃:၃၄၊ ၃၅ ကို ဖတ်ပါ။) ယေရှု နောက်လိုက်စစ်တွေရဲ့ အမှတ်အသားက ဘာလဲ။ စုံလင်မှု မဟုတ်ဘူး။ မေတ္တာပါ။ ဒါ့အပြင် ‘ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ ခင်ဗျားတို့ သိလိမ့်မယ်’ လို့ ယေရှု မပြောဘူး။ “လူတွေ သိလိမ့်မယ်” လို့ ပြောတယ်။ အချင်းချင်း ကိုယ်ကျိုးစွန့် ချစ်တာကို ကြည့်ပြီး နောက်လိုက်စစ်တွေ ဖြစ်မှန်း နောက်လိုက်တွေသာမက အသင်းတော်ပြင်ပက လူတွေပါ သိကြလိမ့်မယ်လို့ ယေရှု ပြောနေတာ။
4. Amepaw Khrihccaw hae te asekuhte abang nynh pawmou a ny ry kho hae?
၄ ‘မေတ္တာက ယေရှုရဲ့ နောက်လိုက်စစ်တွေကို ဘယ်လို ခွဲခြားသိစေသလဲ။ တမန်တော်တွေကို ယေရှု မေတ္တာ ဘယ်လို ပြသလဲ။ ဒီနေ့အချိန်မှာ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ’ စသဖြင့် ယေဟောဝါသက်သေ မဟုတ်သူတချို့ မေးနိုင်တယ်။ သက်သေခံတွေလည်း ဒီမေးခွန်းတွေကို စဉ်းစားသင့်တယ်။ ဒါက အထူးသဖြင့်၊ တခြားသူတွေ အမှားလုပ်တဲ့အခါ မေတ္တာ အပြည့်အဝ ပြဖို့ ကူညီပေးပါလိမ့်မယ်။—ဧ. ၅:၂။
SUNGSAHKUNAW NYNH ZISU A ZUITU CCACCING HAE KHA PAWCCE YN LAESAH?
5. Johan 15:12, 13 kya-e Zisu a bya hae kha ccaesah tua.
၅ နောက်လိုက်တွေ အချင်းချင်း ထူးထူးခြားခြား မေတ္တာပြကြမယ့်အကြောင်း ယေရှု ပြောတယ်။ (ယောဟန် ၁၅:၁၂၊ ၁၃ ကို ဖတ်ပါ။) “ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ” ဆိုတဲ့ မိန့်မှာချက်ကို သတိပြုပါ။ ဘာအဓိပ္ပာယ်လဲ။ လိုအပ်လာရင် ယုံကြည်သူချင်းအတွက် အသေခံတဲ့အထိ ကိုယ်ကျိုးစွန့် မေတ္တာနဲ့ ချစ်ဖို့ ပြောနေတာလို့ ယေရှု ဆက်ရှင်းပြတယ်။b
6. Sungsahkunaw tuh azici cipaw Baebu nynh pawtemou abapi langte a langsah?
၆ မေတ္တာ အရေးကြီးကြောင်း ကျမ်းစာမှာ အလေးပေးဖော်ပြတယ်။ ဥပမာ၊ ‘ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။’ (၁ ယော. ၄:၈) “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။” (မ. ၂၂:၃၉) “ချစ်ခြင်းမေတ္တာ ရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။” (၁ ပေ. ၄:၈) “မေတ္တာဟာ အစဉ် တည်တယ်။” (၁ ကော. ၁၃:၈) ဒီကျမ်းပိုဒ်တွေနဲ့ တခြားကျမ်းပိုဒ်တွေက မေတ္တာ ရှိဖို့၊ မေတ္တာ ပြဖို့ သိပ်အရေးကြီးကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။
7. Ccungccaw hae lukheit te lukheit a sungsakuh nawlang hae, mih lungngin nawlang Setan nynh pawcce a cyi kho khyh?
၇ ‘စစ်မှန်တဲ့ ဘာသာတရားကို ဘယ်လို ခွဲခြားသိနိုင်မလဲ။ ဘာသာတရားအားလုံး အမှန်တရား သွန်သင်တယ်လို့ ပြောပေမဲ့ ဘုရားအကြောင်း သွန်သင်ပေးတာ တူလည်း မတူကြဘူး’ လို့ လူများစွာ စဉ်းစားမိနိုင်တယ်။ လူတွေ စိတ်ရှုပ်စေဖို့ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်း အများကြီး ပေါ်လာအောင် စာတန် လုပ်ထားတာ။ ဒါပေမဲ့ အချင်းချင်း ချစ်တဲ့ ကမ္ဘာချီ ခရစ်ယာန် ညီအစ်ကို အသင်းအပင်း ဖြစ်လာအောင်တော့ စာတန် မလုပ်နိုင်ဘူး။ ယေဟောဝါပဲ လုပ်နိုင်တယ်။ စစ်မှန်တဲ့ မေတ္တာဟာ ယေဟောဝါဆီကနေ အရင်းခံလို့ပဲ။ ဘုရားဆီက စွမ်းအားတော်နဲ့ ကောင်းချီး ရသူတွေပဲ အချင်းချင်း မေတ္တာစစ်နဲ့ ချစ်နိုင်ကြတယ်။ (၁ ယော. ၄:၇) ဒါကြောင့်လည်း ကိုယ်ကျိုးစွန့် မေတ္တာက နောက်လိုက်စစ်တွေကို ခွဲခြားသိစေမယ်လို့ ယေရှု ပြောတာ။
8-9. Zahova Ccaeccei hae kya a muihkupaw sungsahkunaw nynh ccungccaw patae tungvaw pawtemou thanenaw a ungsah?
၈ ယေရှု ကြိုပြောသလို အချင်းချင်း မေတ္တာစစ်နဲ့ ချစ်တာ မြင်ပြီး နောက်လိုက်စစ်တွေကို လူများစွာ ခွဲခြားသိလာကြတယ်။ ဥပမာ၊ အိမ်နားက အားကစားကွင်းမှာ ကျင်းပတဲ့ အစည်းအဝေးကြီးကို ဦးဆုံးအကြိမ် သွားတက်တုန်းကအချိန်ကို ညီအစ်ကို အီရမ် မှတ်မိနေတုန်းပဲ။ အဲဒီမတိုင်ခင် လအနည်းငယ်တုန်းက အဲဒီကွင်းမှာပဲ အားကစားပြိုင်ပွဲ သွားကြည့်သေးတယ်။ ဒါပေမဲ့ “ဒီအစည်းအဝေးကြီးနဲ့ တခြားစီပဲ။ သက်သေခံတွေဟာ ယဉ်ကျေးသိမ်မွေ့ပြီး ဣန္ဒြေရှိရှိ ဝတ်စားထားကြတယ်။ ကလေးတွေလည်း လိမ္မာကြတယ်။ . . . ပိုအံ့သြစရာကောင်းတာက သူတို့မှာ ကျွန်တော် တောင့်တခဲ့တဲ့ ကျေနပ်ရောင့်ရဲမှုနဲ့ ငြိမ်သက်မှုတွေ ရှိနေကြတဲ့ပုံပဲ။ အဲဒီနေ့က ဘာဟောပြောချက်တွေ ပေးသွားမှန်း မမှတ်မိပေမဲ့ သက်သေခံတွေရဲ့ အမူအကျင့်ကိုတော့ လုံးဝ မေ့လို့ မရပါဘူး” လို့ ပြောတယ်။c အချင်းချင်း မေတ္တာစစ်နဲ့ ချစ်လို့ အဲဒီလို အမူအကျင့်မျိုး ရှိကြတာ၊ ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံကြတာ။
၉ ညီအစ်ကို ဂျွန်လည်း အသင်းတော် အစည်းအဝေးတွေ စတက်ချိန်မှာ အဲဒီလို ခံစားရတယ်။ “အဲဒီမှာရှိတဲ့သူတိုင်း ဖော်ဖော်ရွေရွေ ဆက်ဆံကြတာ . . . ကျွန်တော် စွဲမှတ်သွားတယ်။ ကျွန်တော့်ရဲ့အမြင်မှာတော့ သူတို့တွေက ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့နေရာမှာတော့ အံ့မခန်းပါပဲ။ သူတို့မှာ ဟန်ဆောင်မှု ကင်းတဲ့ မေတ္တာ ရှိတဲ့အတွက် စစ်မှန်တဲ့ ဘာသာတရားကို တွေ့လိုက်ရပြီဆိုပြီး ကျွန်တော် ယုံကြည်လက်ခံလိုက်တယ်” လို့ ပြောတယ်။d ယေဟောဝါရဲ့ လူမျိုးဟာ ခရစ်ယာန်စစ်တွေ ဖြစ်ကြောင်း သက်သေထူတဲ့ ဒီလိုတွေ့ကြုံမှုတွေ အများကြီး ရှိတယ်။
10. Abapi langte, paw ccyhkyamou khrihccaw sungsahkunaw langsah lang ccyhhoy a ung? (Akaw lang-e ccaesahnaw kha do.)
၁၀ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့အတိုင်း ကျွန်တော်တို့အားလုံး မစုံလင်ကြဘူး။ တစ်ခါတလေ ကျွန်တော်တို့ စိတ်ထိခိုက်အောင် ညီအစ်ကို/မတွေ ပြောမိ၊ လုပ်မိကြတယ်။e (ယာ. ၃:၂) အထူးသဖြင့်၊ အဲဒီလိုအချိန်မှာ ကိုယ့်တုံ့ပြန်ပုံအားဖြင့် ခရစ်ယာန် မေတ္တာ ပြနိုင်တဲ့ အခွင့်အရေး ရှိတယ်။ ဒီကဏ္ဍမှာ ယေရှုဆီကနေ ဘာသင်ယူနိုင်သလဲ။—ယော. ၁၃:၁၅။
ZUITU HAE TUNGVAW SUNGSAHKUNAW KHA ZISU NYNH PAWTEMOU A LANGSAH?
တမန်တော်တွေ ခဏခဏ အမှားလုပ်ပေမဲ့ ယေရှု မေတ္တာပြ (စာပိုဒ် ၁၁-၁၃ ကို ကြည့်ပါ)
11. James te Johan kya paw ahoy leipaw ozia mou a hoi hae? (Sahkhung kha do.)
၁၁ နောက်လိုက်တွေဆီက စုံလင်မှုကို ယေရှု မမျှော်လင့်ဘူး။ ဘုရားမျက်နှာသာ ရစေဖို့ သူတို့ရဲ့ ဉာဉ်ဆိုးလေးတွေကို မေတ္တာပါပါ ပြုပြင်တည့်မတ်ပေးတယ်။ တစ်ခေါက်၊ နိုင်ငံတော်မှာ အရေးပါတဲ့ နေရာ ပေးဖို့ တမန်တော် ယာကုပ်နဲ့ ယောဟန် မိခင်ကတစ်ဆင့် ယေရှုဆီ တောင်းဆိုကြတယ်။ (မ. ၂၀:၂၀၊ ၂၁) ယာကုပ်နဲ့ ယောဟန်ဆီမှာ မာနကြီးခြင်း၊ ရည်မှန်းချက် ကြီးခြင်းဆိုတဲ့ ဉာဉ်ဆိုးတွေ ရှိနေကြတာပဲ။—ပညာ. ၁၆:၁၈။
12. James te Johan hae kyalya tou ahoy leipaw ozia a hoi hae? Ccaesah tua.
၁၂ ယာကုပ်နဲ့ ယောဟန်မှာပဲ ဉာဉ်ဆိုး ရှိတာ မဟုတ်ဘူး။ “အဲဒီအကြောင်းကို ကျန်တဲ့ တပည့်ဆယ်ယောက် ကြားတဲ့အခါ ညီအစ်ကိုနှစ်ယောက်ကို စိတ်ဆိုးတယ်။” (မ. ၂၀:၂၄) ယာကုပ်၊ ယောဟန်နဲ့ ကျန်တဲ့ တမန်တော်တွေ ခွန်းကြီးခွန်းငယ် စကားများနေကြမှာကို မြင်ယောင်ကြည့်ပါ။ ‘နိုင်ငံတော်မှာ အရေးပါတဲ့ နေရာ တောင်းဆိုရအောင် မင်းတို့ကိုယ် မင်းတို့ ဘာထင်နေကြသလဲ။ မင်းတို့ပဲ ယေရှုနဲ့ တွဲလုပ်တာမို့လို့လား။ ပြောရကြေးဆိုရင် ငါတို့လည်း အခွင့်ထူးတွေ ရထိုက်တာပဲ’ လို့ ကျန်တဲ့ တမန်တော်တွေ ပြောနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အချင်းချင်း ညီရင်းအစ်ကို မေတ္တာ ပြဖို့ အဲဒီတစ်ခေါက် တမန်တော်တွေ ပျက်ကွက်သွားကြတယ်။
13. A zuitu hae thawzyanaw kha Zisu nynh pawtemou a liaru hae? (Matthai 20:25-28)
၁၃ အခြေအနေကို ယေရှု ဘယ်လို ကိုင်တွယ်သလဲ။ ဒေါသမထွက်ဘူး။ ‘ပိုကောင်းတဲ့၊ ပိုနှိမ့်ချတဲ့၊ အချင်းချင်း မေတ္တာ အမြဲ ပြမယ့် တမန်တော်တွေ သွားရှာမယ်’ လို့ မပြောဘူး။ တမန်တော်တွေ စိတ်ရင်းကောင်းကြမှန်း သိလို့ စိတ်ရှည်ရှည် ကျိုးကြောင်းဆင်ခြင်ပြတယ်။ (မဿဲ ၂၀:၂၅-၂၈ ကို ဖတ်ပါ။) ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး ခဏခဏ အငြင်းပွားကြတာတောင် မေတ္တာ ဆက်ပြတယ်။—မာ. ၉:၃၄။ လု. ၂၂:၂၄။
14. Zisu a zuitu hae tuh pawte cihpaw ungnaw kyatemou yn le hae?
၁၄ တမန်တော်တွေရဲ့နောက်ခံကို ယေရှု ထည့်စဉ်းစားပေးခဲ့မှာ သေချာတယ်။ (ယော. ၂:၂၄၊ ၂၅) သူတို့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်မှာ ဘာသာရေး ခေါင်းဆောင်တွေက ရာထူးဂုဏ်ဒြပ်ကို သိပ်ဦးစားပေးကြတယ်။ (မ. ၂၃:၆) ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့လည်း သတ်မှတ်ထားကြတယ်။f (လု. ၁၈:၉-၁၂) ဒီလိုပတ်ဝန်းကျင်မှာ ကြီးပြင်းလာလို့ တမန်တော်တွေ ဒီလိုသဘောထား ရှိနေမှန်း ယေရှု နားလည်တယ်။ (ပညာ. ၁၉:၁၁) တပည့်တွေ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်ဖို့ မမျှော်လင့်ဘူး။ အမှားလုပ်တဲ့အခါ လွန်လွန်ကဲကဲ မတုံ့ပြန်ဘူး။ စိတ်ရင်းကောင်းကြမှန်း သိလို့ မာနကြီးခြင်း၊ ရည်မှန်းချက် ကြီးခြင်းစတဲ့ ဉာဉ်ဆိုးတွေ ဖျောက်နိုင်အောင်၊ မေတ္တာ ပြနိုင်အောင် စိတ်ရှည်ရှည် ကူညီပေးတယ်။
ZISU KHA PAWTEMOU DOSUINKUH KHO LANG?
15. James te Johan hae kyate pawmou ah ccangkuh kho oh?
၁၅ ယာကုပ်၊ ယောဟန်တို့ရဲ့ အဖြစ်ကနေ အများကြီး သင်ယူနိုင်တယ်။ နိုင်ငံတော်မှာ အရေးပါတဲ့ နေရာ တောင်းဆိုတဲ့ သူတို့နှစ်ယောက်လည်း မှားသလို စည်းလုံးမှုကို အထိခိုက်ခံတဲ့ ကျန်တဲ့ တမန်တော်တွေလည်း မှားတယ်။ ဒါပေမဲ့ တမန်တော် ၁၂ ယောက်စလုံးကို ယေရှု ကြင်ကြင်နာနာ၊ မေတ္တာပါပါ ဆက်ဆံတယ်။ သင်ခန်းစာက ဘာလဲ။ တခြားသူတွေ ဘာလုပ်လိုက်သလဲဆိုတာပဲ အရေးကြီးတာ မဟုတ်ဘူး။ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သလဲဆိုတာလည်း အရေးကြီးတယ်။ ယုံကြည်သူချင်းတစ်ယောက်ကြောင့် စိတ်ထိခိုက်ရရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်– ‘သူ့လုပ်ရပ်ကို ငါ ဘာကြောင့် ဒီလောက် စိတ်ဆိုးနေသလဲ။ ဒါ ငါ ပြင်ဖို့ လိုနေတဲ့ အကျင့်ဆိုးများလား။ ငါ့ကို စိတ်ဆိုးအောင် လုပ်တဲ့ ညီအစ်ကို/မ တစ်ခုခု အဆင်မပြေတာ ရှိလို့များလား။ စိတ်ဆိုးစရာကိစ္စ မှန်ရင်တောင် ဗွေမယူဘဲ ငါ မေတ္တာ ပြနိုင်မလား။’ တခြားသူတွေကို မေတ္တာ ပြလေ ယေရှုရဲ့ နောက်လိုက်စစ် ဖြစ်ကြောင်း သက်သေထူရာ ရောက်လေပဲ။
16. Zisu kyate pawmou ah ccangkuh kho ung oh?
၁၆ ယေရှုရဲ့ စံနမူနာက ယုံကြည်သူချင်းတွေကို နားလည်ပေးဖို့လည်း သင်ပေးတယ်။ (ပညာ. ၂၀:၅) တခြားသူတွေရဲ့ အတွင်းစိတ်ကို ယေရှု မြင်သလိုတော့ ကျွန်တော်တို့ မမြင်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ညီအစ်ကို/မတွေ စိတ်ထိခိုက်အောင် လုပ်တဲ့အခါ စိတ်ရှည်သည်းခံပေးနိုင်တယ်။ (ဧ. ၄:၁၊ ၂။ ၁ ပေ. ၃:၈) သူတို့ရဲ့ နောက်ခံကို သိထားရင် သည်းခံဖို့ ပိုလွယ်တယ်။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။
17. Unopaw lukheit kong khuaccungpaw nynh houh a nyh tuh pawtemou thanenaw a mue?
၁၇ စရိုက်ကြမ်းပုံ ပေါက်တဲ့ ညီအစ်ကိုတစ်ယောက်အကြောင်း အရှေ့ အာဖရိကမှာ အမှုဆောင်နေတဲ့ တိုက်နယ် ကြီးကြပ်မှူး မှတ်မိနေတုန်းပဲ။ တိုက်နယ် ကြီးကြပ်မှူး ဘာလုပ်သလဲ။ “အဲဒီညီအစ်ကိုကို ရှောင်မယ့်အစား သူ့အကြောင်း ပိုသိအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်” လို့ ပြောတယ်။ ကြီးပြင်းလာပုံ နောက်ခံကြောင့် တခြားသူတွေကို အဲဒီလို ဆက်ဆံနေမှန်း နောက်ပိုင်း သိလိုက်ရတယ်။ “ဘယ်လောက်တောင် ခက်ခက်ခဲခဲ ပြုပြင်ပြောင်းလဲခဲ့ရတယ်၊ ဘယ်လောက် ပြောင်းလဲနေပြီဆိုတာတွေ သိလိုက်ရတော့ လေးစားမိတယ်။ အခု မိတ်ဆွေကောင်းတွေ ဖြစ်နေပြီ” လို့ တိုက်နယ် ကြီးကြပ်မှူး ပြောတယ်။ မှန်ပါတယ်၊ ညီအစ်ကို/မတွေကို နားလည်ပေးလေ မေတ္တာ ပြဖို့ လွယ်လေပဲ။
18. Unonung unopaw lukhakheit nynh ah thin yn riasah ze mawtemaw paw bakhianaw hae mou a khiakuh kho? (Phungtangbya 26:20)
၁၈ ကိုယ့်ကို စိတ်ဆိုးအောင် လုပ်တဲ့ ညီအစ်ကို/မနဲ့ တေ့တေ့ဆိုင်ဆိုင် ရှင်းမှ ဖြစ်မယ်လို့ ခံစားရတဲ့အချိန်လည်း ရှိနိုင်တယ်။ ဦးဆုံး၊ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ အကြောင်းစုံ သိသလား။’ (ပညာ. ၁၈:၁၃) ‘သူ မရည်ရွယ်ဘဲ ပြောမိ၊ လုပ်မိတာ မဖြစ်နိုင်ဘူးလား။’ (ဒေ. ၇:၂၀) ‘ငါကော မမှားဖူးလို့လား။’ (ဒေ. ၇:၂၁၊ ၂၂) ‘သွားရှင်းခါမှ ပြဿနာ ပိုကြီးသွားမလား။’ (ပညာအလိမ္မာ ၂၆:၂၀ ကို ဖတ်ပါ။) ဒီမေးခွန်းတွေကို အချိန်ယူ သုံးသပ်မယ်ဆိုရင် အမှားကို ဗွေမယူဖို့ မေတ္တာက လှုံ့ဆော်ပေးနိုင်မှန်း သဘောပေါက်လာပါလိမ့်မယ်။
19. Paw cyilangmou bya na paekuh?
၁၉ အချင်းချင်း မေတ္တာ ပြခြင်းအားဖြင့် ယေဟောဝါသက်သေတွေဟာ ယေရှုရဲ့ နောက်လိုက်စစ်တွေ ဖြစ်ကြောင်း အဖွဲ့အစည်းလိုက် သက်သေထူနေကြတယ်။ တစ်ဦးချင်းအလိုက်လည်း သက်သေထူနေကြပါတယ်။ ယုံကြည်သူချင်းတွေ အမှားမကင်းကြပေမဲ့ ကိုယ်ကျိုးစွန့် မေတ္တာ ပြခြင်းအားဖြင့်ပါ။ အဲဒီမေတ္တာကို မြင်ပြီး တခြားသူတွေ စစ်မှန်တဲ့ ဘာသာတရားကို ခွဲခြားသိလာကြမယ်။ မေတ္တာရှင် ယေဟောဝါဘုရားကို ကျွန်တော်တို့နဲ့အတူ ဝတ်ပြုလာကြမယ်။ ဒါကြောင့် ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသား မေတ္တာကို ဆက်ပြဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။
LAW 17 “ငါ ဆန္ဒရှိ”
a ကျွန်တော်တို့ကြားမှာ ရှိတဲ့ စစ်မှန်တဲ့ မေတ္တာကို မြင်ပြီး လူများစွာ အမှန်တရား စိတ်ဝင်စားလာကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မစုံလင်ကြလို့ အချင်းချင်း မေတ္တာပြဖို့ ခက်တဲ့အချိန်တွေ ရှိတယ်။ မေတ္တာ ပြဖို့ ဘာကြောင့် အရေးကြီးကြောင်း၊ တခြားသူတွေ အမှားလုပ်တဲ့အခါ ယေရှုကို ဘယ်လို အတုယူနိုင်ကြောင်း ဆွေးနွေးကြစို့။
c ၂၀၁၂၊ နိုဝင်ဘာ ၁ ကင်းမျှော်စင် စာ. ၁၃-၁၄ မှာ ပါတဲ့ “နောက်ဆုံးတော့ ကျွန်တော့်ဘဝဟာ ရည်ရွယ်ချက် ရှိလာပါပြီ” ဆောင်းပါးကို ကြည့်ပါ။
d ၂၀၁၂၊ မေ ၁ ကင်းမျှော်စင် စာ. ၁၈-၁၉ မှာ ပါတဲ့ “ကျွန်တော့်ဘဝက ပြီးပြည့်စုံနေပုံပဲ” ဆောင်းပါးကို ကြည့်ပါ။
e ဒီဆောင်းပါးက ၁ ကောရိန္သု ၆:၉၊ ၁၀ မှာ ဖော်ပြထားတဲ့ အကြီးအကဲတွေ ကိုင်တွယ်ရမယ့် ကြီးလေးတဲ့ အပြစ်တွေအကြောင်း ဆွေးနွေးနေတာ မဟုတ်ပါဘူး။
f “ကမ္ဘာပေါ်မှာ အာဗြဟံလောက် ဖြောင့်မတ်တဲ့သူ အယောက် သုံးဆယ်ပဲ ရှိနိုင်တယ်။ သုံးဆယ် ရှိရင် နှစ်ယောက်က ငါနဲ့ ငါ့သား။ ဆယ်ယောက် ရှိရင် နှစ်ယောက်က ငါနဲ့ ငါ့သား။ ငါးယောက် ရှိရင် နှစ်ယောက်က ငါနဲ့ ငါ့သား။ နှစ်ယောက် ရှိရင် အဲဒါ ငါနဲ့ ငါ့သား။ တစ်ယောက်ပဲ ရှိရင်တော့ အဲဒါ ငါပဲ” ဆိုပြီး ရဗ္ဗိတစ်ယောက် ပြောဖူးတယ်။