Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 March pp. 20-25
  • Raepaw Hae Kha Mangte Zahova Kong Ccaw Hae Kha Ccangpah Hae

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Raepaw Hae Kha Mangte Zahova Kong Ccaw Hae Kha Ccangpah Hae
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • A Lokuhpaw Akonglang
  • RAEPAW HAE KHA MANGTE CCAW HAE KHA—PAWTEMOU A CCANGPYA KHO HAE?
  • RAEPAW HAE KHA MANGTE PAWCCYH KYAMOU CCANGPYA KHO ATHUA?
  • ZAHOVA TUH A MUIKUH KHYH ZEMAH “A ZIAZAE HAE TUH CCAETECCAE LANG A MUIKUH”
  • ZAHOVA A RAEPAW HAE TUNGVAW INNBYNGTE HOYSAH OH
  • Raepaw Hae Kyate Zahova Kong Houh Ccangkuh
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Innbyng Hoysakhonaw Zia—Phianaw 2
    Lungpaw Te Zungzae Hing!—Baebu Ccangpyanaw Nysahnaw
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 March pp. 20-25

HOKU LANGPAW ABALU 13

Raepaw Hae Kha Mangte Zahova Kong Ccaw Hae Kha Ccangpah Hae

“Khuh-e hae khuh hummou a rae?”—ISA. 40:26.

LAW 11 ဖန်ဆင်း​ရာ​များ​က ဘုရားကို ချီးမွမ်း

အကြို​သုံးသပ်ချက်a

1. Ccaw hae hanglang Nungpaw hae rynaw tuh pawmou?

ယေဟောဝါ​ဘုရားကို သားသမီးတွေ သိလာဖို့၊ ချစ်လာဖို့ မိဘတွေ ကူညီပေးချင်​ကြ​မှန်း ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဘုရားကို မမြင်နိုင်ဘူး။ ဒီတော့ ဘုရားကို တကယ့် ပုဂ္ဂိုလ်​အဖြစ် မြင်လာဖို့၊ ဘုရားနဲ့ ပိုရင်းနှီး​လာဖို့ သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်မလဲ။—ယာ. ၄:၈။

2. Nungpaw hae nynh Zahova a ziazae hae kong ccaw hae kha pawtemou a ccangpya kho hae?

၂ ယေဟောဝါနဲ့ ရင်းနှီး​လာအောင် သားသမီးတွေကို ကူညီပေးနိုင်တဲ့ တစ်နည်းကတော့ ကျမ်းစာ သင်ပေးခြင်းအားဖြင့်​ပါ။ (၂ တိ. ၃:၁၄-၁၇) နောက်တစ်နည်း​ကိုလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဖန်ဆင်းရာတွေ​မှာ ပေါ်လွင်​နေတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို မြင်အောင် ကြည့်ဖို့ သားကို ဖခင် ဖြစ်သူ သတိပေးနေတဲ့​အကြောင်း ပညာအလိမ္မာကျမ်းမှာ ဖတ်​ရတယ်။ (ပညာ. ၃:၁၉-၂၁) ဖန်ဆင်းရာတွေ သုံးပြီး ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း သားသမီးတွေကို သင်ပေးနိုင်တဲ့ နည်း​တချို့ ဆွေးနွေး​ကြရအောင်။

RAEPAW HAE KHA MANGTE CCAW HAE KHA—PAWTEMOU A CCANGPYA KHO HAE?

3. Ccaw hae nynh pawkhamou a thaethya lang hae nungpaw hae nynh bung lang a ccang?

၃ ‘ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထား​ရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ အရည်အသွေးတွေအကြောင်း လောကကို ဖန်ဆင်း​ချိန်​ကတည်းက အထင်အရှား သိမြင်နိုင်တယ်’ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ရော. ၁:၂၀) မိဘတို့၊ သားသမီးတွေနဲ့အတူ အပြင်​သွားရတာ ကြိုက်ကြမှာပါ။ အဲဒီလိုအချိန်တွေမှာ “ဖန်ဆင်းထား​ရာ​တွေ” က ယေဟောဝါရဲ့ အံ့ဖွယ် အရည်အသွေးတွေအကြောင်း ဘာ​ဖော်ပြ​နေတယ်ဆိုတာ သဘောပေါက်အောင် သားသမီးတွေကို ကူညီပေးပါ။ ဒီ​ကဏ္ဍမှာ ယေရှု​ဆီကနေ မိဘတွေ ဘာသင်ယူနိုင်ကြောင်း ကြည့်ကြစို့။

4. Zisu nynh raepaw hae kha mangte a zuitu hae kha pawtemou a ccangpya hae? (Luka 12:24, 27-30)

၄ ဖန်ဆင်းရာတွေ သုံးပြီး ယေရှု သွန်သင်ပေး​ပုံ​ကို သတိပြု​ပါ။ ကျီးအ​တွေ၊ တောနှင်းပန်းတွေ​အကြောင်း စဉ်းစား​ကြည့်ဖို့ တပည့်တွေကို ပြောတယ်။ (လုကာ ၁၂:၂၄၊ ၂၇-၃၀ ကို ဖတ်ပါ။) တခြား​တိရစ္ဆာန်၊ အပင်​တစ်မျိုး​မျိုးကို ဥပမာ ပေးလို့ ရပေမဲ့ တပည့်တွေ ကောင်းကောင်း သိတဲ့ ကျီးအ​နဲ့ တော​နှင်းပန်း​ကို ဥပမာ ပေးခဲ့တယ်။ ကျီးအ​တွေ ပျံသန်းနေတာ၊ လယ်ကွင်းမှာ တောနှင်းပင်တွေ ပေါက်နေတာကို တပည့်တွေ မြင်ဖူး​ကြ​မှာ​ပဲ။ ငှက်​တွေ၊ ပန်းတွေ​ကို လက်ညှိုးထိုး​ပြပြီး ယေရှု သွန်သင်ပေးနေတယ်လို့ မြင်ယောင်ကြည့်ပါ။ အဲဒီနောက် ကောင်းကင်ဘုံစံ ဖခင်​ရဲ့ ရက်ရောမှု၊ ကြင်နာမှုအကြောင်း သင်ပေးတယ်။ ကျီးအ​တွေ​ကို ကျွေးမွေးပြီး တောနှင်းပန်းတွေ​ကို အလှဆင်​ပေးသလို သစ္စာရှိ ကျေးကျွန်တွေရဲ့ စားဝတ်နေရေးအတွက် ယေဟောဝါ ထောက်မ​ပေးမယ်​ဆိုတာ စိတ်ချစေတယ်။

5. Nungpaw hae nynh paw raepaw hae kha mangte mou Zahova kong ccaw hae kha a ccangpya kho hae?

၅ မိဘတို့၊ ယေရှုရဲ့ သွန်သင်ပုံ​ကို အတုယူပါ။ သင် အကြိုက်ဆုံး တိရစ္ဆာန်၊ အပင်အကြောင်း၊ အဲဒါတွေ​က ယေဟောဝါနဲ့ပတ်သက်ပြီး ဘာ​ဖော်ပြ​နေကြောင်း သားသမီးတွေကို ပြောပြနိုင်တယ်။ သင့်​သားသမီးရဲ့ အကြိုက်ဆုံး တိရစ္ဆာန်၊ အပင်အကြောင်း မေးနိုင်တယ်။ သူတို့ စိတ်ဝင်စားတာ​ကို အခြေခံပြီး ယေဟောဝါအကြောင်း သင်ပေး​ရင် ပို​အာရုံစိုက်​နားထောင်နိုင်တယ်။

6. Christopher a nung kyate pawmou ccangkuh kho athua?

၆ ယေဟောဝါအကြောင်း သားသမီးတွေကို သင်ပေးဖို့ တိရစ္ဆာန်၊ အပင် တစ်မျိုး​မျိုး​အကြောင်း အချိန် အများကြီး ပေးပြီး ရှာဖွေ​လေ့လာ​နေစရာ မလိုပါဘူး။ ကျီးအ​တွေ​ရဲ့ စားသောက်​ပုံ​အကြောင်း၊ တောနှင်းပန်းတွေ​ရဲ့ ကြီးထွား​ပုံ​အကြောင်း ယေရှု ရှည်ရှည်​ဝေးဝေး ရှင်းပြ​မနေဘူး။ သဘာဝ​အကြောင်း ရှာဖွေ​လေ့လာရတာ သင့်​သားသမီး ကြိုက်ကောင်း ကြိုက်နိုင်ပါတယ်။ ဒါပေမဲ့ ရိုးရိုးလေး ရှင်းပြရုံ၊ မေးခွန်း မေးရုံနဲ့ လုံလောက်လေ့ ရှိတယ်။ ခရစ္စတိုဖာလို့ ခေါ်တဲ့ ညီအစ်ကို​တစ်ယောက် ငယ်​ဘဝ​အကြောင်း ဒီလိုပြောတယ်– “ကိုယ့်​ပတ်ဝန်းကျင်​က ဖန်ဆင်းရာတွေကို တန်ဖိုးထားတတ်ဖို့ အမေ ရိုးရိုးလေး​ပဲ သင်ပေးတယ်။ ဥပမာ၊ တောင်​တွေ​ဘက် ရောက်တဲ့အခါ ‘ကြည့်ပါ​ဦး။ တောင်တန်း​တွေ​က သိပ်​ကြီး​ပြီး လှလိုက်တာ။ ယေဟောဝါ အံ့ဩ​ဖို့ မကောင်းဘူး​လား’ လို့ အမေ ပြောတယ်။ ပင်လယ်​ခရီး ထွက်တဲ့အခါ ‘လှိုင်းလုံး​ကြီး​တွေ​ကို ကြည့်ပါ​ဦး။ ယေဟောဝါ သိပ်တန်ခိုးကြီးတာပဲ’ လို့ ပြောတယ်။ အဲဒီစကားတွေက ရိုးရိုးလေး ဆိုပေမဲ့ ကျွန်တော်တို့ကို အများကြီး တွေးမိ​စေတယ်။”

7. Raepaw hae kong tuathya lang ccaw hae kha pawtemou ccangpya kho athua?

၇ သားသမီးတွေ ကြီးလာတာနဲ့အမျှ ဖန်ဆင်းရာတွေ​အကြောင်း ပို​တွေးတောတတ်ဖို့၊ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း ဆက်စပ် စဉ်းစားတတ်​ဖို့ လေ့ကျင့်​ပေးနိုင်တယ်။ ဖန်ဆင်း​ရာ တစ်ခု​အကြောင်း ပြောပြီး “ဒါက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ” လို့ မေးနိုင်တယ်။ သားသမီးတွေရဲ့ အဖြေကို ကြားရတဲ့အခါ သင် အံ့ဩ​ပျော်ရွှင်မှာ သေချာတယ်။—မ. ၂၁:၁၆။

RAEPAW HAE KHA MANGTE PAWCCYH KYAMOU CCANGPYA KHO ATHUA?

8. Israel hae innbyng balynte khyhcce a ccia ccyh hae kya paw ccyhhoy mou a mue hae?

၈ “လမ်းလျှောက်တဲ့အခါ” လည်း သားသမီးတွေကို ယေဟောဝါရဲ့ ပညတ်တွေ သင်ပေးဖို့ အစ္စရေးတွေ မိန့်မှာခံရ​ကြတယ်။ (တရား. ၁၁:၁၉) အစ္စရေး ကျေးလက်​ဒေသ​ကို ဖြတ်ပြီး လမ်း​တွေ ဖောက်ထားလို့ လမ်းတစ်လျှောက် တိရစ္ဆာန်၊ ငှက်၊ ပန်း အမျိုးမျိုး မြင်ရတယ်။ အစ္စရေးတွေ မိသားစုလိုက် ခရီး​ထွက်တဲ့အခါ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေ​အကြောင်း ပြောဖို့ မိဘတွေ အခွင့်အရေး ရကြတယ်။ ဒီနေ့ခေတ် မိဘတွေ​လည်း အလားတူ အခွင့်အရေး ဖန်တီး​နိုင်တယ်။ မိဘတချို့ ဘယ်လို လုပ်ခဲ့သလဲ လေ့လာ​ကြည့်ရအောင်။

9. Punitha te Katya kyate pawmou na ccangkuh?

၉ အိန္ဒိယ​နိုင်ငံ၊ မြို့ကြီး​တစ်မြို့မှာ နေတဲ့ ပူနီသလို့ ခေါ်တဲ့ မိခင်​တစ်ယောက် ဒီလိုပြောတယ်– “နယ်ဘက်က ဆွေမျိုးတွေ​ဆီ သွားလည်​တဲ့အခါ ယေဟောဝါရဲ့ အံ့ဖွယ် ဖန်ဆင်းရာတွေ​အကြောင်း သားသမီးတွေကို သင်ပေးနိုင်တဲ့ အခွင့်အရေး​လို့ ကျွန်မတို့ သဘောထားတယ်။ လူတွေ၊ ကား​တွေ​နဲ့ ရှုပ်ယှက်ခတ် မနေ​လို့ ဖန်ဆင်းရာတွေကို သားသမီးတွေ ပို​အာရုံစိုက်မိ​ကြတယ်။” မိဘတို့၊ ရှုခင်း​လှတဲ့ နေရာတွေဆီ သင်တို့နဲ့​အတူ လည်ပတ်ခဲ့တာကို သားသမီးတွေ အမြဲ အမှတ်ရ​တတ်​ကြတယ်။ “မိဘတွေ​နဲ့​အတူ ကျေးလက်​ဒေသ​ကို သွားလည်​တာ ကျွန်မ အမှတ်မိဆုံး ကလေးဘဝ အမှတ်တရ​ပါ။ ဖန်ဆင်းရာတွေကို လေ့လာဖို့၊ ဖန်ဆင်းရာတွေ​ကတစ်ဆင့် ယေဟောဝါအကြောင်း သင်ယူဖို့ ငယ်ငယ်ကတည်းက မိဘတွေ သင်ပေးလို့ သိပ်ကျေးဇူးတင်တယ်” လို့ မော်လ်ဒိုဗာ​က ညီအစ်မ ကတ်​တရား ပြောတယ်။

တိုက်ခန်းရှေ့ကနေ လိပ်ပြာလေး ပျံသွားတာကို မိခင်တစ်ယောက် သမီးလေးကို ပြနေ။

မြို့ကြီးပြကြီး​မှာ နေ​ရင်တောင် ဖန်ဆင်းရာတွေ သုံးပြီး ယေဟောဝါအကြောင်း သားသမီးတွေကို သင်ပေးနိုင် (စာပိုဒ် ၁၀ ကို ကြည့်ပါ)

10. Khuataraw lang ccia kho khyhze nungpaw hae nynh pawmou a cyi kho hae? (“Nungpaw Hae Hanglang Bungnaw” cihkuhpaw ringpali kueh kha do.)

၁၀ ကျေးလက်​ဒေသ​ကို ခရီး မ​ထွက်​နိုင်ရင်​ကော။ “ကျွန်တော်တို့ ဒေသမှာ မိဘတွေ နာရီနဲ့ချီ အလုပ်လုပ်​ကြရတယ်။ ကျေးလက်​ဒေသ​ကို ခရီး​ထွက်​ဖို့ ငွေကုန်ကြေးကျ များတယ်။ ဒါပေမဲ့ ပန်းခြံ​မှာ ဖြစ်ဖြစ်၊ ဝရန်တာမှာ ဖြစ်ဖြစ် ဖန်ဆင်းရာတွေကို ကြည့်ပြီး ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း လေ့လာ​နိုင်ပါတယ်” လို့ အိန္ဒိယ​နိုင်ငံက ညီအစ်ကို အာ​မိုး ပြောတယ်။ ကိုယ့်​အိမ် အနီးတစ်ဝိုက်​မှာ​တင် သားသမီးတွေကို သင်ပေးနိုင်တဲ့ ဖန်ဆင်း​ရာ အမျိုးမျိုး ရှိပါတယ်။ (ဆာ. ၁၀၄:၂၄) ငှက်​တွေ၊ ပိုးကောင်လေးတွေ၊ သစ်ပင်​တွေ​နဲ့ တခြားအရာတွေ ပြပြီး သင်ပေးနိုင်တယ်။ “အမေက ပန်း သိပ်​ကြိုက်တာ။ ဒါကြောင့် ကျွန်မ ငယ်ငယ်​တုန်းက အမေနဲ့ လမ်းလျှောက်ထွက်​ရင် ပန်း​လှလှလေး​တွေ အမေ ပြတတ်တယ်” လို့ ဂျာမနီ​နိုင်ငံက ညီအစ်မ ကရီးနာ ပြောတယ်။ အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ ဖန်ဆင်းခြင်းအကြောင်း ဗီဒီယိုတွေ၊ စာပေတွေကိုလည်း မိဘတွေ သုံးနိုင်တယ်။ ဘယ်နေရာမှာပဲ နေ​နေ ဘုရားရဲ့ ဖန်ဆင်းရာတွေ​ကနေ သားသမီးတွေ သင်ယူဖို့ ကူညီပေးနိုင်ပါတယ်။ သားသမီးတွေကို သင်ပေးနိုင်တဲ့ ယေဟောဝါရဲ့ အရည်အသွေး​တချို့ လေ့လာ​ကြည့်ကြစို့။

မိဘများ​အတွက် အကူအညီ

jw.org မှာ တင်ထားတဲ့ ဒီ​စာပေ၊ ဗီဒီယိုတွေကို ကောင်းကောင်း အသုံးချပါ

  • “အလိုလို ဖြစ်လာ​နိုင်ပါ့မလား” ဆောင်းပါးတွဲ၊ ဗီဒီယိုတွဲများ

  • သက်ရှိ​များသည် ဖန်ဆင်းခံရခြင်းလော စာစောင်

  • အံ့ဖွယ်​ဖန်ဆင်း​ရာ​များ​က ဘုရား​ဘုန်းတော် ထင်ရှားစေ​ကြ ဗီဒီယို

  • အသက်ရဲ့ မူလအစ​အပေါ် ရှုမြင်ချက်များ ဗီဒီယိုတွဲများ

ZAHOVA TUH A MUIKUH KHYH ZEMAH “A ZIAZAE HAE TUH CCAETECCAE LANG A MUIKUH”

11. Zahova sungsahkunaw kong ccaw hae kha pawtemou ccangpya kho athua?

၁၁ သားပေါက်​လေး​တွေ​ကို မိခင် တိရစ္ဆာန် ကြင်ကြင်နာနာ ဆက်ဆံပုံ​ကို ပြပြီး ယေဟောဝါရဲ့ မေတ္တာ​အကြောင်း သားသမီးတွေကို သင်ပေးနိုင်တယ်။ (မ. ၂၃:၃၇) ဖန်ဆင်းရာတွေ အံ့ဩစရာ​ကောင်း​လောက်အောင် မျိုးပေါင်းစုံလင်တာကိုလည်း အလေးပေး ပြော​နိုင်တယ်။ “လမ်းလျှောက်ထွက်တဲ့အခါ ပန်း​တစ်ပွင့်ချင်းစီ ဘယ်လောက် ထူးခြားကြောင်း၊ ယေဟောဝါရဲ့ မေတ္တာ ဘယ်လို ပေါ်လွင်​ကြောင်း စဉ်းစား​ဖို့ အမေ သင်ပေးတယ်။ နှစ်တွေ ကြာ​သွားတာတောင် ပန်းတွေ တွေ့တိုင်း တစ်ပွင့်နဲ့ တစ်ပွင့် အရောင်အသွေး၊ ဒီဇိုင်း၊ အမျိုးအစား မတူတာ​ကို သေသေချာချာ သတိထား​ကြည့်​မိ​နေတုန်းပဲ။ ဒါက ကျွန်မတို့ကို ယေဟောဝါ ဘယ်လောက် ချစ်ကြောင်း အမှတ်ရစေတယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ကရီးနာ ပြောတယ်။

ဖခင်တစ်ယောက် သားဖြစ်သူကို ပတ်တီးဖြည်ပေးရင်း စကားပြောနေ။ သားရဲ့ ဒဏ်ရာကို ရုပ်ပုံငယ်မှာ ဖော်ပြထား။

ခန္ဓာကိုယ်ရဲ့ အံ့ဖွယ် ဒီဇိုင်း​အကြောင်း အလေးပေး​ပြောပြီး ဘုရားရဲ့ ဉာဏ်ပညာအကြောင်း သားသမီးတွေကို သင်ပေးနိုင် (စာပိုဒ် ၁၂ ကို ကြည့်ပါ)

12. Pachia a hawnaw kong ccaw hae kha pawtemou ccangpya kho athua? (Sam 139:14) (Sahkhung kha do.)

၁၂ ကျွန်တော်တို့​ထက် ယေဟောဝါ အ​ဆ​မတန် ဉာဏ်ပညာ ကြီးမားကြောင်း သားသမီးတွေ သဘောပေါက်အောင် သင်ပေးပါ။ (ရော. ၁၁:၃၃) ဥပမာ၊ တိမ်​ဆိုတာ ရေ​တွေ ငွေ့ရည်​ဖွဲ့ပြီး ဖြစ်လာတာ၊ ဒါပေမဲ့ ဘယ်လောက်တောင် ပေါ့ပေါ့ပါးပါး ရွေ့လျား​နေသလဲဆိုတာ ပြောပြနိုင်တယ်။ (ယောဘ ၃၈:၃၆၊ ၃၇) လူ့​ခန္ဓာကိုယ်ရဲ့ အံ့ဖွယ် ဒီဇိုင်း​အကြောင်းလည်း ပြောပြနိုင်တယ်။ (ဆာလံ ၁၃၉:၁၄ ကို ဖတ်ပါ။) ဗလာဒီမာ​လို့ ခေါ်တဲ့ ဖခင်​တစ်ယောက် ဒီလိုပြောတယ်– “တစ်နေ့၊ ကျွန်တော့်​သားလေး စက်ဘီး မှောက်ပြီး ဒဏ်ရာ​ရသွားတယ်။ ရက်အနည်းငယ် ကြာတော့ အနာ ကျက်သွားတယ်။ ဆဲလ်​တွေ သူ့အလိုလို ပြုပြင်နိုင်စွမ်း​နဲ့ လူတွေကို ယေဟောဝါ ဖန်ဆင်းထားတာ​လို့ ကျွန်တော်တို့ ဇနီးမောင်နှံ ရှင်းပြတယ်။ ‘လူတွေ တီထွင်​ထားတဲ့ ပစ္စည်းတွေ​မှာ အဲဒီ​အစွမ်း မရှိဘူး။ ဥပမာ၊ မတော်တဆမှု ဖြစ်လို့ ကား​ပျက်သွားရင် အလိုလို ကား​ပြန်ကောင်း​မ​လာ​ဘူး’ လို့ ပြောပြတယ်။ ဒီလိုနဲ့ ယေဟောဝါရဲ့ ဉာဏ်ပညာအကြောင်း သားလေး ပိုနားလည်လာတယ်။”

13. Pachia a thungnaw kong ccaw hae kha pawtemou ccangpya kho athua? (Isaiah 40:26)

၁၃ ကြယ်တွေ​ကို သူ့နေရာနဲ့သူ ရှိ​နေစေတဲ့ အံ့ဖွယ် တန်ခိုး​အကြောင်း ကောင်းကင်ကို မော့​ကြည့်ပြီး စဉ်းစား​ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ပြောတယ်။ (ဟေရှာယ ၄၀:၂၆ ကို ဖတ်ပါ။) သင်လည်း သားသမီးတွေကို ကောင်းကင်ကို ကြည့်ပြီး တွေးတော​ဖို့ သင်ပေးနိုင်တယ်။ ထိုင်ဝမ်​နိုင်ငံက ညီအစ်မ ထင်းထင် ငယ်​ဘဝ​အကြောင်း ဒီလိုပြောတယ်– “တစ်ခေါက်၊ အမေနဲ့ စခန်းချ​ခရီး သွားတယ်။ လျှပ်စစ်​မီးရောင်​တွေ မရှိတဲ့ အဲဒီ​နေရာမှာ ည​ကောင်းကင်ယံကို အတူတူ ကြည့်​ကြတယ်။ အဲဒီတုန်းက ရွယ်တူချင်း ဖိအား​ကြောင့် ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြု​နိုင်ပါ့မလား​လို့ ကျွန်မ စိုးရိမ်​နေတာ။ ကြယ်တွေ​ကို ဖန်ဆင်း​နိုင်​တဲ့ ယေဟောဝါရဲ့ တန်ခိုး​အကြောင်း စဉ်းစား​ကြည့်ဖို့၊ ဘယ်အခက်အခဲ​မ​ဆို ကျွန်မ ရင်ဆိုင်​နိုင်အောင် အဲဒီ​တန်ခိုး​ကို သုံးပြီး ဘုရား ကူညီပေးနိုင်တယ်ဆိုတာ သတိရဖို့ အမေ အားပေးတယ်။ ခရီး​ကနေ ပြန်လာပြီးနောက် ယေဟောဝါဘုရားအကြောင်း ပိုသိအောင် လုပ်ချင်​လာတယ်။ ဘုရားအတွက် အမှုဆောင်ချင်စိတ် ပိုခိုင်မာလာတယ်။”

14. Zahova kha a lungpawpaw Pachia lang ccaw hae nynh a muih nawlang hae raepaw hae kha mangte pawtemou ccangpya kho lang?

၁၄ ယေဟောဝါဟာ ပျော်ရွှင်တဲ့ ဘုရား ဖြစ်ကြောင်း၊ ကျွန်တော်တို့ကိုလည်း ပျော်ရွှင်စေချင်​ကြောင်း ဖန်ဆင်းရာတွေ ကြည့်ပြီး သိနိုင်တယ်။ ငှက်​တွေ၊ ငါး​တွေ အပါအဝင် တိရစ္ဆာန် တော်တော်​များများ ဆော့ကစားတတ်ကြောင်း သိပ္ပံပညာရှင်တွေ လေ့လာ​တွေ့ရှိကြတယ်။ (ယောဘ ၄၀:၂၀) တိရစ္ဆာန်​လေး​တွေ ဆော့ကစားနေတာ မြင်ရင် သင့်​သားသမီးတွေ သဘောကျသလား။ ကြောင်​လေး​တစ်ကောင် ချည်​ဘောလုံး​နဲ့ ဆော့တာ၊ ခွေးပေါက်လေးတွေ အချင်းချင်း လုံးထွေး ဆော့ကစားတာ မြင်ဖူး​နိုင်တယ်။ နောက်တစ်ခါ တိရစ္ဆာန်​လေး​တွေ​ရဲ့ အပြုအမူ​ကြောင့် သားသမီးတွေ ရယ်မော​နေတာ တွေ့ရင် ယေဟောဝါဟာ ပျော်ရွှင်တဲ့ ဘုရား ဖြစ်ကြောင်း အမိ​အရ သင်ပေးပါ။—၁ တိ. ၁:၁၁။

ZAHOVA A RAEPAW HAE TUNGVAW INNBYNGTE HOYSAH OH

ပန်းခြံထဲက ခုံမှာ ထိုင်နေရင်း မိန်းကလေးတစ်ယောက် မိခင်ကို ကိုယ့်ခံစားချက်တွေ ပြောပြနေ။

မိဘနဲ့​အတူ သဘာဝ​ပတ်ဝန်းကျင်​မှာ အပန်းဖြေ​နေချိန် သားသမီးတွေ ပို​စိတ်​လက်​ပေါ့ပါး​နိုင်၊ ခံစားချက်တွေ ဖွင့်ပြောဖို့ ပို​လွယ်ကူ​နိုင် (စာပိုဒ် ၁၅ ကို ကြည့်ပါ)

15. Ccaw hae tuanaw ny nawlang nungpaw hae nynh pawmou a cyi kho hae? (Phungtangbya 20:5) (Sahkhung kha do.)

၁၅ ကြုံနေရတဲ့ အခက်အခဲတွေကို သားသမီးတွေ ရင်ဖွင့်​ပြော​မပြ​လို့ မိဘတွေ အခက်တွေ့လေ့​ရှိတယ်။ ခံစားချက်ကို သားသမီးတွေ​ဘက်​က ပြော​မ​လာ​ရင် မိဘတွေ​ဘက်​က နှိုက်ထုတ်ရမယ်။ (ပညာအလိမ္မာ ၂၀:၅ ကို ဖတ်ပါ။) သဘာဝ​ပတ်ဝန်းကျင်​မှာ အပန်းဖြေ​နေချိန် သားသမီးတွေရဲ့​ခံစားချက်ကို နှိုက်ထုတ်ဖို့ ပိုလွယ်တယ်​ဆိုတာ မိဘတချို့ သတိထား​မိ​ကြတယ်။ ဘာကြောင့်လဲ။ သားသမီးတွေ​ရော မိဘတွေ​ပါ စိတ်​ကြည်လင်​လန်းဆန်း​နေတတ်​ကြ​လို့​ပါ။ ထိုင်ဝမ်​နိုင်ငံက မာ​ဆာ​ဟီ​ကို​လို့ ခေါ်တဲ့ ဖခင်​တစ်ဦး ဒီလိုပြောတယ်– “တောင်တက်​နေချိန်၊ ကမ်းခြေ​မှာ လမ်းလျှောက်​နေချိန်​တွေ​ဆိုရင် သားသမီးတွေ စိတ်​လွတ်လပ်​ပေါ့ပါး​ကြတယ်။ အဲဒီလို​အချိန်​မျိုး​မှာ သူတို့ရဲ့ ခံစားချက်ကို နှိုက်ထုတ်ဖို့ ပိုလွယ်တယ်။” အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ကတ်​တရား​လည်း “ကျောင်းဆင်း​ရင် ပန်းခြံ​ဆီ အမေ ခေါ်သွား​တတ်တယ်။ အဲဒီ​ကို ရောက်ရင် စိတ်​လက်​ပေါ့ပါး​သွား​လို့ ကျောင်းမှာ ကြုံရတာ​တွေ၊ စိုးရိမ်​စရာ​တွေ​အကြောင်း အမေ့ကို ပြောပြဖို့ ပိုလွယ်တယ်” လို့ ပြောတယ်။

16. Raepaw hae nynh paw liatemou hoynaw te ah lung yn pawsah?

၁၆ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေ​က စိတ်​အပန်းပြေစေတယ်။ ပျော်ရွှင်စေတယ်။ မိသားစု​နှောင်ကြိုး ပို​ခိုင်မာလာ​စေတယ်။ “ရယ်ရတဲ့​အချိန်” နဲ့ “ကခုန်​တဲ့​အချိန်” ရှိတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဒေ. ၃:၁၊ ၄) ပျော်စရာ​တွေ ဖန်တီး​ဖို့ လှပတဲ့ နေရာများစွာ ယေဟောဝါ ဖန်ဆင်း​ပေးထားတယ်။ ကမ်းခြေ၊ တောတောင်၊ ကျေးလက်​ဒေသ​တွေ​ဆီ ခရီးထွက်ရတာ မိသားစု​များစွာ ကြိုက်ကြတယ်။ ပန်းခြံ​ထဲ ပြေးလွှား​ဆော့ကစားရတာ၊ တိရစ္ဆာန်​လေး​တွေ ကြည့်​ရတာ၊ မြစ်၊ ချောင်း၊ အင်း​အိုင်၊ ပင်လယ်မှာ ရေကူး​ရတာ ကလေးတွေ ကြိုက်ကြတယ်။ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို ပျော်မွေ့​ခံစားဖို့ အခွင့်အရေး အများကြီး ရှိပါတယ်။

17. Raepaw hae tungvaw ccaw hae nynh lungpawte hoysah nawlang hae nungpaw hae nynh pawcce bung lang a ccang?

၁၇ ကမ္ဘာသစ်ကျရင် မိဘတွေ​ရော သားသမီးတွေပါ တစ်ခါ​နဲ့​မှ မ​တူအောင် ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို ပျော်မွေ့​ခံစားကြရမယ်။ ဒီနေ့​အချိန်နဲ့ မတူဘဲ တိရစ္ဆာန်​တွေ​ကို လူတွေ မကြောက်​ရတော့ဘူး။ လူတွေကို တိရစ္ဆာန်​တွေ မကြောက်​ရတော့ဘူး။ (ဟေရှာ. ၁၁:၆-၉) ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို အချိန် အကန့်အသတ် မရှိ ပျော်မွေ့​ခံစား​နိုင်​ကြ​မယ်။ (ဆာ. ၂၂:၂၆) ဒါပေမဲ့ မိဘတို့၊ အဲဒီအချိန်အထိ စောင့်မနေပါနဲ့။ အခုကတည်းက ဖန်ဆင်းရာတွေ သုံးပြီး သားသမီးတွေကို ယေဟောဝါအကြောင်း သင်ပေးပါ။ ဒါဆိုရင် ‘အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုနဲ့ နှိုင်းယှဉ်​နိုင်​လောက်​တဲ့ လုပ်ဆောင်မှု​မျိုး မရှိပါဘူး’ လို့ ဘုရင် ဒါဝိဒ်လို​ပဲ သူတို့ ပြောလာကြပါလိမ့်မယ်။—ဆာ. ၈၆:၈။

PAWTEMOU NA PHI CIH?

  • Raepaw hae kha mangte Zisu ccangpyanaw zia kyate pawmou ccangkuh kho lang?

  • Zahova a ziazae hae kong ccaw hae kha pawccyh, pawkyamou nungpaw hae nynh ccangpya kho athua?

  • A ungtypaw uccaw hae kya innbyngte hoysah langze paw thanenaw mou a muekuh?

LAW 134 ဘုရားပေး သားသမီးများ

a ညီအစ်ကို/မများစွာမှာ ခရစ်ယာန် မိဘတွေ​နဲ့​အတူ ဖန်ဆင်းရာတွေကို ပျော်မွေ့​ခံစားခဲ့​တဲ့ အမှတ်တရ​ကောင်း​တွေ ရှိကြတယ်။ ဖန်ဆင်းရာတွေ သုံးပြီး ယေဟောဝါဘုရားရဲ့ အရည်အသွေးတွေအကြောင်း မိဘတွေ သင်ပေးခဲ့​တာကို သူတို့ မမေ့​ကြ​ဘူး။ သင့်​မှာ သားသမီး ရှိတယ်ဆိုရင် ဖန်ဆင်းရာတွေ သုံးပြီး ဘုရားရဲ့ အရည်အသွေးတွေအကြောင်း ဘယ်လို သင်ပေးနိုင်သလဲ။ ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share