Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 April pp. 8-13
  • “Nae Raeepaw Tuh Bua Yn Thoo Cih”!

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • “Nae Raeepaw Tuh Bua Yn Thoo Cih”!
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • A Lokuhpaw Akonglang
  • THOTHUINAW BAKING ZYNNGANNAW KONGLANG
  • ZISU A VAECCAPAW A CHIH
  • “LAZARUH, YN POU!”
  • THOTHUINAW NGAEHOINAW KHA HOUH ZYNNGAN KHONAW ZIA
  • Na Sungsahpaw Mih Chii Hae Bua Yn Hing Cih Hae!
    Lungpaw Te Zungzae Hing!—Baebu Ccangpyanaw Nysahnaw
  • Thothuinaw A Ung Cih!
    Baebu Nynh Aening Pawmou Yn Ccangpya?
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 April pp. 8-13

HOKU LANGPAW ABALU 16

“Nae Raeepaw Tuh Bua Yn Thoo Cih”!

“Jesu nynh [Martha]: ‘Nae Raeepaw Tuh Bua Yn Thoo Cih’a cipya.”—JOH 11:23.

LAW 151 ကိုယ်တော် ခေါ်မယ်

အကြို​သုံးသပ်ချက်a

1. Thothuinaw ngaehoinawte asekuhte ngawphuepaw lukheit nynh pawtemou a ho?

မက်သရူး​လို့ ခေါ်တဲ့ ညီအစ်ကို​လေး​ဟာ ရောဂါဆိုး​တစ်ခုကြောင့် ခွဲစိတ်မှု အများကြီး ခံယူခဲ့​ရတယ်။ အသက် ခုနစ်နှစ်အရွယ်မှာ မိသားစုနဲ့​အတူ လစဉ် JW ရုပ်သံထုတ်လွှင့်မှု ကြည့်နေခဲ့တယ်။ အစီအစဉ် အဆုံးပိုင်းမှာ ပါတဲ့ တေးဗီဒီယိုက ရှင်ပြန်ထမြောက်လာတဲ့ ချစ်ရသူတွေကို ကြိုဆိုတဲ့​အကြောင်းပါ။b အစီအစဉ် ပြီးသွားတော့ မိဘတွေ​လက်ကို ကိုင်ပြီး မက်သရူး ဒီလိုပြောတယ်– “ဖေဖေ​နဲ့ မေမေ တွေ့လား။ သား သေသွား​ရင်တောင် ပြန်ထမြောက်လာမှာ။ သားကို စောင့်နေနော်။ တအားကြီး ဝမ်းမနည်းပါနဲ့။” ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို သား​ဖြစ်သူ အခိုင်အမာ ယုံကြည်တာ သိလိုက်ရတော့ မိဘတွေ ဘယ်လို ခံစားရမလဲ မြင်ယောင်​ကြည့်ပါ။

2-3. Thothuinaw baking kha pawcce vaeleih vaeleih bua tuathui lang a ccang?

၂ ရှင်ပြန်ထမြောက်ခြင်း ကတိကို ကျွန်တော်တို့​အားလုံး မကြာခဏ ပြန်တွေး​သင့်​တယ်။ (ယော. ၅:၂၈၊ ၂၉) ဘာကြောင့်လဲ။ ဘယ်အချိန် ကိုယ်တိုင် ရောဂါဆိုး ခံစားရမယ်၊ ချစ်ရသူတွေကို ဆုံးရှုံး​ရမယ်ဆိုတာ မသိကြလို့ပါ။ (ဒေ. ၉:၁၁။ ယာ. ၄:၁၃၊ ၁၄) အဲဒီလို​အခက်အခဲတွေကို ခံရပ်ဖို့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က ကူညီပေးနိုင်တယ်။ (၁ သက်. ၄:၁၃) ကျွန်တော်တို့ကို ကောင်းကင်ဘုံစံ​အဖ ကောင်းကောင်း သိတယ်၊ သိပ်ချစ်တယ်ဆိုတာ ကျမ်းစာမှာ အာမခံထားတယ်။ (လု. ၁၂:၇) ပြန်ထမြောက်ပေးတဲ့အခါ နဂို စရိုက်၊ မှတ်ဉာဏ်​တွေ ပြန်​ထည့်​ပေးနိုင်​လောက်​တဲ့​အထိ ကျွန်တော်တို့​အကြောင်း ကောင်းကောင်း သိနေတယ်။ ကျွန်တော်တို့ကို သိပ်ချစ်လို့၊ ထာဝစဉ် အသက်ရှင်စေ​ချင်လို့ သေဆုံး​သွား​ရင်တောင် ပြန်ထမြောက်ပေးမယ်။

၃ ရှင်ပြန်ထမြောက်ခြင်း ကတိကို ကျွန်တော်တို့ ဘာကြောင့် ယုံနိုင်သလဲ။ “ခင်ဗျား​ရဲ့​မောင် အသက်ပြန်ရှင်လာမယ်” ဆိုတဲ့ အဓိက ကျမ်းချက် ကောက်နုတ်​ထားတဲ့ ကျမ်းမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ (ယော. ၁၁:၂၃) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ပိုယုံကြည်စိတ်ချလာဖို့ ဘာလုပ်ရမလဲ။ ဒီ​မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

THOTHUINAW BAKING ZYNNGANNAW KONGLANG

4. Baking ccangkheit kha zyn nawlang pawmou ahoo? Tousenaw pya tua.

၄ ကတိပေးတဲ့ ပုဂ္ဂိုလ်​မှာ ကတိကို ဖြည့်ဆည်း​ပေးချင်တဲ့ ဆန္ဒ​ကော ဖြည့်ဆည်း​ပေးနိုင်တဲ့ အစွမ်း​ပါ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ စိတ်ချ​မှ သူ ပေးတဲ့ ကတိကို ယုံမှာ ဖြစ်တယ်။ ဥပမာ၊ မုန်တိုင်း​ကြောင့် ကိုယ့်​အိမ် အကြီးအကျယ် ပျက်စီးသွားတယ် ဆိုပါစို့။ ‘မင်း​အိမ် ပြန်​ဆောက်ဖို့ ငါ ကူပေးမယ်’ လို့ မိတ်ဆွေ​တစ်ယောက် လာ​ပြောတယ်။ စိတ်ရင်းကောင်းတဲ့ မိတ်ဆွေမို့ ကူညီပေးချင်တဲ့ ဆန္ဒ ရှိတယ်ဆိုတာ သင် ယုံတယ်။ ဒါ့အပြင် မိတ်ဆွေဟာ ကျွမ်းကျင်တဲ့ ဆောက်လုပ်ရေးသမား ဖြစ်တယ်၊ လိုအပ်တဲ့ ပစ္စည်း​ကိရိယာတွေ ရှိတယ်ဆိုရင် ကူညီ​ပေး​နိုင်​စွမ်း​ပါ ရှိတယ်ဆိုတာ သင် စိတ်ချမှာပဲ။ ဒါဆိုရင် သူ့​ကတိကို ယုံမှာ ဖြစ်တယ်။ ရှင်ပြန်ထမြောက်ခြင်း ကတိ​နဲ့​ပတ်သက်လာရင်​ကော။ ကတိကို ဖြည့်ဆည်း​ပေးချင်တဲ့ ဆန္ဒ​နဲ့ ဖြည့်ဆည်းပေးနိုင်စွမ်း ဘုရား​မှာ တကယ် ရှိသလား။

5-6. A chih hae paw kha bua thothuisah rynaw Zahova kya a hoi cite pawcce ho kho athua?

၅ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒ ယေဟောဝါ​မှာ ရှိသလား။ ရှိပါတယ်။ ရှင်ပြန်ထမြောက်ခြင်း ကတိ​အကြောင်း ကျမ်းရေးသူ​များစွာ​ကို ဘုရား မှတ်တမ်းတင်စေခဲ့တယ်။ (ဟေရှာ. ၂၆:၁၉။ ဟော. ၁၃:၁၄။ ဗျာ. ၂၀:၁၁-၁၃) ကတိ​ပေးပြီးရင်လည်း အမြဲ တည်တယ်။ (ယရ. ၂၃:၁၄) ဒါ့အပြင် သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်စိတ် သိပ်ပြင်းပြတယ်။ ဘာကြောင့် ပြောနိုင်သလဲ။

၆ ဥပမာ၊ ယောဘဟာ မိမိ သေဆုံး​သွား​ရင်တောင် အသက်ပြန်ရှင်လာတာကို ယေဟောဝါ ပြန်မြင်ချင်စိတ် ပြင်းပြ​နေမယ်​ဆိုတာ စိတ်ချတယ်။ (ယောဘ ၁၄:၁၄၊ ၁၅) ယောဘကို​မှ မဟုတ်ပါဘူး။ သေဆုံး​သွားတဲ့ ကျေးကျွန်​အားလုံးကို ယေဟောဝါ ပြန်​မြင်ချင်တယ်။ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် ပြန်ထမြောက်လာ​စေချင်တယ်။ မိမိ​အကြောင်း အမှန်တရား သင်ယူ​ခွင့် မ​ရ​လိုက်​ဘဲ သေဆုံး​သွားတဲ့ သန်းနဲ့ချီတဲ့ လူတွေကို​ကော။ သူတို့ကိုလည်း ပြန်ထမြောက်ပေးချင်တယ်။ (တ. ၂၄:၁၅) မိမိနဲ့ မိတ်ဆွေ ဖြစ်ခွင့်၊ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်​ခွင့် ပေးချင်တယ်။ (ယော. ၃:၁၆) သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒ ယေဟောဝါ​မှာ ရှိတာ သေချာပါတယ်။

7-8. A chih hae paw kha bua thothuisah khopaw thungnaw Zahova kya a hoi cite pawcce ho kho athua?

၇ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးနိုင်တဲ့ အစွမ်း​ကော ယေဟောဝါ​မှာ ရှိသလား။ ရှိပါတယ်။ “အနန္တ​တန်ခိုးရှင်” ဖြစ်နေလို့ပါ။ (ဗျာ. ၁:၈) သေခြင်း​ပဲ ဖြစ်​နေပါစေ ဘယ်​ရန်သူကို​မ​ဆို နှိမ်နင်း​နိုင်​တဲ့ အစွမ်း ဘုရား​မှာ ရှိတယ်။ (၁ ကော. ၁၅:၂၆) ဒီအချက်ကို သိထားခြင်းက အားပေးမှု၊ နှစ်သိမ့်မှု ရစေတယ်။ ဥပမာ၊ ညီအစ်မ အမ်မာ အာ​နို​တို့ မိသားစုဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ပြင်းထန်တဲ့ ယုံကြည်ခြင်း စမ်းသပ်မှုတွေ ကြုံခဲ့ကြရတယ်။ သမီး​ဖြစ်သူ သိပ်ချစ်ရတဲ့​သူ​တွေ နာဇီ ချွေးတပ်​စခန်း​မှာ သေဆုံး​သွားကြတယ်။ “သေဆုံး​သွား​သူ​တွေ ဘယ်တော့မှ ပြန်ရှင်​မ​လာ​တော့ဘူးဆိုရင် ရန်သူ သေခြင်းဟာ ဘုရား​ထက် ပိုတန်ခိုးကြီး​သ​လို ဖြစ်သွားမှာ​ပေါ့” ဆိုပြီး သမီးကို အမ်မာ နှစ်သိမ့်​တယ်။ မှန်ပါတယ်၊ ယေဟောဝါ​ထက် ဘယ်သူကမှ၊ ဘာကမှ တန်ခိုး​မ​ကြီး​နိုင်​ဘူး။ အသက်ကို ဖန်ဆင်း​တဲ့ အနန္တ​တန်ခိုးရှင်​ဟာ သေဆုံးသွားသူတွေကို သေချာပေါက် ပြန်ထမြောက်ပေးနိုင်တယ်။

၈ သေဆုံးသွားသူတွေကို ဘုရား ပြန်ထမြောက်ပေးနိုင်တယ်လို့ ပြော​ရတဲ့ နောက်​အကြောင်းရင်းကတော့ ဘုရား​မှာ အကန့်အသတ်မဲ့ မှတ်ဉာဏ် ရှိနေလို့ပဲ။ ဘုရားက ကြယ်​တစ်လုံးစီ​ကို နာမည်တပ်ပြီး ခေါ်တယ်။ (ဟေရှာ. ၄၀:၂၆) သေဆုံးသွားသူတွေကို​လည်း မှတ်မိ​နေတယ်။ (ယောဘ ၁၄:၁၃။ လု. ၂၀:၃၇၊ ၃၈) သူတို့ရဲ့ ရုပ်ရည်၊ စရိုက်၊ ဘဝ​အတွေ့အကြုံ၊ မှတ်ဉာဏ်​တွေ​က​အစ အသေးစိတ်ကို မှတ်မိ​နေတာ။

9. Thothuinaw baking kha pawcce na zyn?

၉ ရှင်ပြန်ထမြောက်ခြင်း ကတိကို ဖြည့်ဆည်း​ပေးချင်တဲ့ ဆန္ဒ​ကော ဖြည့်ဆည်းပေးနိုင်စွမ်းပါ ယေဟောဝါ​မှာ ရှိတာမို့ ဒီ​ကတိကို ကျွန်တော်တို့ ယုံနိုင်ပါတယ်။ ယုံရတဲ့ နောက်​အကြောင်းရင်းကတော့ သေဆုံးသွားသူတွေကို ယေဟောဝါ ပြန်ထမြောက်ပေးခဲ့တဲ့ မှတ်တမ်းတွေ ရှိနေလို့ပါ။ ကျမ်းစာခေတ်တုန်းက ယေရှု အပါအဝင် သစ္စာရှိ အမျိုးသား​တချို့ကို သုံးပြီး သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးခဲ့တယ်။ အခု၊ ယောဟန် အခန်းကြီး ၁၁ မှာ ပါတဲ့ ယေရှု လုပ်ပေးခဲ့တဲ့ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းကို လေ့လာ​ကြည့်​ကြရအောင်။

ZISU A VAECCAPAW A CHIH

10. Jordan vaw khuhraw kya Zisu phung a ho lya pawmou a cyikuh, Zisu nynh pawmou a cyi? (Johan 11:1-3)

၁၀ ယောဟန် ၁၁:၁-၃ ကို ဖတ်ပါ။ အေဒီ ၃၂ အဆုံးပိုင်း၊ ဗေသနိ​ရွာက အဖြစ်အပျက်​ကို မြင်ယောင်​ကြည့်ပါ။ အဲဒီ​ရွာမှာ လာဇရု၊ မာရိ၊ မာသ​လို့ ခေါ်တဲ့ မောင်နှမ သုံးယောက် နေကြတယ်။ ယေရှုနဲ့ သိပ်​ရင်းနှီး​ကြတယ်။ (လု. ၁၀:၃၈-၄၂) တစ်ရက်၊ လာဇရု ဖျားတော့ အစ်မ​တွေ စိတ်ပူ​ပြီး ဂျော်ဒန်​မြစ် တစ်ဖက်​ကမ်း​ကို ရောက်နေတဲ့ ယေရှု​ဆီ သတင်းပို့ကြတယ်။ အဲဒီ​နေရာက ဗေသနိ​ရွာကနေ လမ်းလျှောက်​ရင် နှစ်ရက်​လောက် ကြာတယ်။ (ယော. ၁၀:၄၀) ဝမ်းနည်းစရာက ယေရှု​ဆီ သတင်း​ရောက်ချိန်​လောက်​မှာ​ပဲ လာဇရု ဆုံးသွား​တယ်။ မိတ်ဆွေ လာဇရု ဆုံးသွားပြီဆိုတာ သိပေမဲ့ နှစ်ရက် ဆက်နေပြီးမှ ဗေသနိ​ရွာကို ယေရှု လာတယ်။ ဒီတော့ ယေရှု ရောက်တဲ့​အချိန်မှာ လာဇရု ဆုံးတာ လေးရက် ရှိသွားပြီ။ မိတ်ဆွေတွေ​ရဲ့ အကျိုးအတွက်၊ ဘုရား​ဘုန်းတော် ထင်ရှား​ဖို့​အတွက် ယေရှု တစ်ခုခု လုပ်​ပေးတော့မယ်။—ယော. ၁၁:၄၊ ၆၊ ၁၁၊ ၁၇။

11. Vaeccaw ccaccing cipaw pawmou a hory cipaw e akong kyate pawmou ah ny oh?

၁၁ မိတ်ဆွေစစ်ဆိုတာ ဘာကို ဆိုလိုကြောင်း ဒီမှတ်တမ်းကနေ သိရတယ်။ စဉ်းစားကြည့်ပါ– လာဇရု ဖျားတဲ့​အကြောင်း​ပဲ ယေရှု​ဆီ မာရိနဲ့ မာသ သတင်းပို့တာ။ ဗေသနိ​ရွာကို လာဖို့ မပြောဘူး။ (ယော. ၁၁:၃) လာဇရု ဆုံးသွားတော့​လည်း အဝေးကနေ​ပဲ လှမ်းပြီး ယေရှု ပြန်ထမြောက်ပေးလိုက်လို့ ရတယ်။ ဒါပေမဲ့ မိတ်ဆွေ မာရိ၊ မာသ​တို့နဲ့​အတူ ရှိနေ​ပေးချင်လို့ ဗေသနိ​ရွာကို ရောက်လာတယ်။ သင့်​မှာ​ကော တောင်းဆိုစရာ မလိုဘဲ အလိုက်​တ​သိ ကူညီပေးမယ့် မိတ်ဆွေမျိုး ရှိသလား။ ရှိတယ်ဆိုရင် “ဒုက္ခရောက်ချိန်မှာ” အားကိုးလို့ ရသူ ဖြစ်မှန်း သင် သိနေ​မှာ​ပဲ။ (ပညာ. ၁၇:၁၇) ကျွန်တော်တို့လည်း ယေရှုလိုပဲ တခြားသူတွေ​အတွက် မိတ်ဆွေစစ် ဖြစ်ကြရအောင်။ ဘာဆက်​ဖြစ်သလဲ သိရဖို့ မှတ်တမ်းကို ပြန်​ကြည့်ကြစို့။

12. Martha kha Zisu nynh paw baking mou a pya, tuh-e baking kha Martha nynh pawcce a zyn kho? (Johan 11:23-26)

၁၂ ယောဟန် ၁၁:၂၃-၂၆ ကို ဖတ်ပါ။ ဗေသနိ​ရွာ​နား​ကို ယေရှု ရောက်နေပြီဆိုတာ မာသ ကြားတော့ ထွက်​လာ​ပြီး “သခင်၊ သခင်သာ ဒီ​မှာ ရှိခဲ့ရင် ကျွန်မရဲ့​မောင် သေမှာ မဟုတ်ဘူး” လို့ ပြောတယ်။ (ယော. ၁၁:၂၁) မှန်တယ်၊ ယေရှု​သာ ရှိရင် လာဇရုကို ကုပေး​နိုင်​မှာ။ ဒါပေမဲ့ ဒီ့ထက် ပို​ထူးခြားတာ လုပ်ပေးဖို့ ယေရှု တွေးနေတယ်။ “ခင်ဗျား​ရဲ့​မောင် အသက်ပြန်ရှင်လာမယ်” လို့ ကတိ​ပေးလိုက်တယ်။ ဒီ​ကတိကို ယုံနိုင်တဲ့ အကြောင်းရင်းကိုလည်း ဆက်ပြောတယ်။ “ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်​ထမြောက်​စေ​သူ၊ အသက်​ရစေတဲ့​သူပဲ” တဲ့။ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးနိုင်စွမ်း ဘုရား ပေးထားတာ​ကိုး။ မိန်းကလေး​တစ်ယောက်ကို သေဆုံးပြီး သိပ်မကြာခင်​မှာ၊ ယောက်ျားလေး​တစ်ယောက်ကို သေဆုံးတဲ့နေ့မှာ​ပဲ ယေရှု ပြန်ထမြောက်ပေးခဲ့တယ်။ (လု. ၇:၁၁-၁၅။ ၈:၄၉-၅၅) ဒါပေမဲ့ လာဇရု ဆုံးသွား​တာ လေးရက် ရှိနေပြီ။ ပုတ်စပြုနေပြီ။ သူ့ကို​ကော ပြန်ထမြောက်ပေးနိုင်မလား။

“LAZARUH, YN POU!”

မာရိ၊ မာသ၊ တခြားသူတွေနဲ့အတူ ယေရှု ငိုကြွေး။

ဝမ်းနည်းပူဆွေး​နေတဲ့ မိတ်ဆွေတွေကို ယေရှု သနား (စာပိုဒ် ၁၃၊ ၁၄ ကို ကြည့်ပါ)

13. Johan 11:32-35 liate, Mary te ming ccangpaw hae a rah hae paw kha Zisu nynh a muih tuh pawtemou a liaru? (Sahkhung kha do.)

၁၃ ယောဟန် ၁၁:၃၂-၃၅ ကို ဖတ်ပါ။ လာဇရုရဲ့ အစ်မ နောက်တစ်ယောက် ဖြစ်တဲ့ မာရိလည်း ယေရှုကို ထွက်​တွေ့တယ်။ “သခင်၊ သခင်သာ ဒီ​မှာ ရှိခဲ့ရင် ကျွန်မရဲ့​မောင် သေမှာ မဟုတ်ဘူး” ဆိုပြီး မာသ ပြောသလို ပြောတယ်။ မာရိနဲ့ တခြားသူတွေ အကြီးအကျယ် ဝမ်းနည်းပြီး ငိုနေတာ​ကို ယေရှု မြင်တော့ တော်တော်လေး စိတ်ထိခိုက်​သွားတယ်။ မိတ်ဆွေတွေကို သနား​လွန်းလို့ မျက်ရည်​ပါ ကျလာတယ်။ ချစ်ရသူ ဆုံးပါးသွားတဲ့အခါ ဘယ်လောက် နာကျင်​ခံစားရတယ်ဆိုတာ ယေရှု နားလည်တယ်။ လူတွေကို ဝမ်းနည်း​မျက်ရည် ကျစေတဲ့ သေခြင်းကို သိပ်​ဖယ်ရှား​ပေးချင်မှာ သေချာတယ်။

14. Mary a rahpaw kha Zisu a liarunaw nynh Zahova kong pawmou a langsah?

၁၄ ယေဟောဝါဟာ ကရုဏာရှင် ဖြစ်ကြောင်း မာရိ ငိုနေတာ​ကို ယေရှု တုံ့ပြန်ပုံက ဖော်ပြတယ်။ ဘာကြောင့်လဲ။ ရှေ့ဆောင်းပါးမှာ သိခဲ့​ရတဲ့​အတိုင်း ယေရှုဟာ ဖခင်​လို တစ်ပုံစံတည်း တွေးတော​ခံစား​သူ ဖြစ်လို့ပဲ။ (ယော. ၁၂:၄၅) ဝမ်းနည်းပူဆွေး​နေတဲ့ မိတ်ဆွေတွေကို သနား​လွန်းလို့ ယေရှု မျက်ရည် ကျတဲ့​အကြောင်း ဖတ်​ရတော့ ကျွန်တော်တို့ ဝမ်းနည်း​မျက်ရည် ကျတာ မြင်ရင်​လည်း ယေဟောဝါ စိတ်ထိခိုက်​နေမယ်​ဆိုတာ သိရတယ်။ (ဆာ. ၅၆:၈) ဒီအချက်ကို သိရတော့ ကရုဏာရှင် ဘုရားနဲ့ ပို​ရင်းနှီးချင်လာတယ် မဟုတ်လား။

အဝတ်တွေ ပတ်စည်းထားတဲ့ လာဇရုကို သင်္ချိုင်းဂူထဲကနေ ထွက်လာဖို့ ယေရှု ခေါ်နေ။ ဂူ အပြင်ဘက်မှာ မာရိ၊ မာသနဲ့ တခြားသူတွေ အံ့ဩတကြီး ကြည့်နေ။

သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးနိုင်စွမ်း ရှိကြောင်း ယေရှု သက်သေထူ (စာပိုဒ် ၁၅၊ ၁၆ ကို ကြည့်ပါ)

15. Johan 11:41-44 liate, Lazaruh sawku kalang Zisu a thua tuh pawmou a cyikuh? (Sahkhung kha do.)

၁၅ ယောဟန် ၁၁:၄၁-၄၄ ကို ဖတ်ပါ။ လာဇရုရဲ့ သင်္ချိုင်းဂူ​ကို ယေရှု ရောက်လာပြီး ကျောက်တုံး​ကို လှိမ့်ဖယ်ခိုင်းတယ်။ အလောင်း အနံ့​ထွက်​နေ​လောက်ပြီ​ဆိုပြီး မာသ တားတယ်။ ဒါနဲ့ ယေရှုက “ယုံတယ်​ဆိုရင် ဘုရားသခင့်​ဘုန်းတော်​ကို မြင်ရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား” လို့ ပြန်ပြောတယ်။ (ယော. ၁၁:၃၉၊ ၄၀) အဲဒီနောက် ကောင်းကင်ကို မော့​ကြည့်ပြီး လူအများရှေ့ ဆုတောင်းတယ်။ မိမိ လုပ်​ပေးတော့​မယ့်​အရာ​အတွက် ယေဟောဝါကို ဂုဏ်တင်ချင်လို့ပါ။ အဲဒီနောက် “လာဇရု၊ ထွက်လာ​ခဲ့” လို့ အော်ခေါ်လိုက်တော့ သင်္ချိုင်းဂူထဲကနေ လာဇရု ထွက်လာတယ်။ မဖြစ်နိုင်ဘူး​လို့ လူ​တချို့ ထင်တဲ့​အရာကို ယေရှု လုပ်ပြ​လိုက်ပါပြီ။—၂၀၀၈၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် စာ. ၃၁ မှာ ပါတဲ့ “ယေရှုသည် လာဇရု သင်္ချိုင်းဂူ​သို့ ရောက်ရန် အဘယ်ကြောင့် လေးရက် ကြာ​ခဲ့​ရသနည်း” ဆောင်းပါးကို ကြည့်ပါ။

16. Johan alepaw 11 kya-e akong nynh paw liatemou thothuinaw ngaehoinaw kha yn zynngansah kho?

၁၆ ယောဟန် အခန်းကြီး ၁၁ မှာ ပါတဲ့ မှတ်တမ်းက ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ယုံကြည်​စိတ်ချစေတယ်။ ဘယ်လိုနည်းနဲ့လဲ။ “ခင်ဗျား​ရဲ့​မောင် အသက်ပြန်ရှင်လာမယ်” ဆိုပြီး မာသကို ယေရှု ကတိ​ပေးတာ သတိရပါ။ (ယော. ၁၁:၂၃) ဖခင်​လို​ပဲ ကတိကို ဖြည့်ဆည်း​ပေးချင်တဲ့ ဆန္ဒ​ကော ဖြည့်ဆည်းပေးနိုင်စွမ်းပါ ယေရှုမှာ ရှိတယ်။ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒ၊ လူတွေကို ဝမ်းနည်း​မျက်ရည် ကျစေတဲ့ သေခြင်းကို ဖယ်ရှား​ပေးချင်တဲ့ ဆန္ဒ ပြင်းပြ​ကြောင်း ယေရှုရဲ့ မျက်ရည်တွေ​က သက်သေပါပဲ။ သင်္ချိုင်းဂူထဲကနေ လာဇရု ထွက်လာချိန်မှာတော့ သေဆုံးသွားသူတွေကို ထမြောက်​ပေးနိုင်စွမ်း​ပါ ရှိကြောင်း ယေရှု ထပ်​သက်သေထူ​လိုက်ပါပြီ။ “ယုံတယ်​ဆိုရင် ဘုရားသခင့်​ဘုန်းတော်​ကို မြင်ရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား” ဆိုပြီး မာသကို ယေရှု သတိပေးတာကိုလည်း စဉ်းစားကြည့်ပါ။ (ယော. ၁၁:၄၀) ရှင်ပြန်ထမြောက်ခြင်း ကတိ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်​သင့်​တဲ့ အကြောင်းကောင်းပါပဲ။ ဒါပေမဲ့ ပိုယုံကြည်စိတ်ချလာဖို့ ဘာလုပ်ရမလဲ။

THOTHUINAW NGAEHOINAW KHA HOUH ZYNNGAN KHONAW ZIA

17. Baebu kya-e thothuinaw kong hae ria vae ze pawmou tua lang?

၁၇ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းတွေကို ဖတ်ရှု၊ တွေးတောပါ။ မြေကြီးပေါ် ပြန်ထမြောက်လာသူ ရှစ်ဦး​အကြောင်း ကျမ်းစာမှာ ပါတယ်။c မှတ်တမ်း​တစ်ခုစီ​ကို သေသေချာချာ လေ့လာ​ပါ။ ပြန်ထမြောက်လာတဲ့ အမျိုးသား/သမီး၊ ကလေးတွေဟာ တကယ် ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ​ဆိုတာ သတိရပါ။ သင်ခန်းစာ​တွေ ရှာပါ။ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒ​ကော ပြန်ထမြောက်ပေးနိုင်စွမ်းပါ ဘုရား​မှာ ရှိကြောင်း မှတ်တမ်း​တစ်ခုစီက ဘယ်လို ဖော်ပြ​နေသလဲဆိုတာ စဉ်းစားပါ။ အထူးသဖြင့်၊ ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းကို သေသေချာချာ တွေးတောပါ။ ဒါ အရေးပါဆုံး ထမြောက်ခြင်း မှတ်တမ်း​ပဲ။ ယေရှု ရှင်ပြန်ထမြောက်ကြောင်း အတည်ပြု​နိုင်​တဲ့ မျက်မြင်​သက်သေ ရာနဲ့ချီ ရှိတယ်။ ဒါဟာ ရှင်ပြန်ထမြောက်ခြင်း​ကို ကျွန်တော်တို့ ယုံရတဲ့ အခြေခံ အကြောင်းရင်း ဖြစ်တယ်။—၁ ကော. ၁၅:၃-၆၊ ၂၀-၂၂။

18. Thothuinaw kong phua athuapaw law hae kyate thanenaw mue lang pawmou cyi lang? (Akaw lang-e ccaesahnaw kha do.)

၁၈ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​အကြောင်း စပ်ဆို​ထားတဲ့ “ဓမ္မ​သီချင်းတွေ” ကို နားထောင်၊ သီဆို၊ တွေးတောပါ။d (ဧ. ၅:၁၉) အဲဒီ​သီချင်းတွေ​က ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ပိုယုံကြည်စိတ်ချလာဖို့ ကူညီပေးတယ်။ သီချင်းတွေကို နားထောင်ပါ။ လေ့ကျင့်​ပါ။ သီချင်း​စာသားတွေကို မိသားစု ဝတ်ပြုမှု​မှာ ဆွေးနွေးပါ။ အလွတ်ကျက်​ပါ။ ဒါဆိုရင် ကိုယ်တိုင် ရောဂါဆိုး ခံစားရတဲ့အခါ၊ ချစ်ရသူ ဆုံးပါးသွားတဲ့အခါ ဒီ​သီချင်းတွေကို သတိရဖို့၊ သီချင်းတွေ​ကနေ နှစ်သိမ့်မှု၊ ခွန်အား ရဖို့ စွမ်းအားတော်က ကူညီပေးပါလိမ့်မယ်။

19. Thothuinaw kong pawhaemou na mihmae vaw kya na ungsah kho? (“Pawhaemou Na Khia Cih Hae?” cihkupaw ringpali kueh kha do.)

၁၉ စိတ်ကူး​မြင်ယောင်​ပါ။ စိတ်ကူးပုံဖော်နိုင်စွမ်း ကျွန်တော်တို့ကို ယေဟောဝါ ပေးထားတယ်။ “ကိုယ့်ကိုယ်ကိုယ် ကမ္ဘာသစ်​မှာ ရောက်နေတယ်လို့ စိတ်ကူး​ကြည့်တယ်။ ပရဒိသုမှာ ဖူးပွင့်နေတဲ့ နှင်းဆီ​ပန်း​လေး​တွေ​ရဲ့ ရနံ့ ရတဲ့​အထိ​ကို စိတ်ကူး​တာ” လို့ ညီအစ်မ​တစ်ယောက် ပြောတယ်။ ဒါ့အပြင် ကျမ်းစာ​ခေတ်က သစ္စာရှိ အမျိုးသား/သမီးတွေ​နဲ့ တွေ့တယ်လို့ မြင်ယောင်​ကြည့်ပါ။ ဘယ်သူ့ကို တွေ့ချင်​သလဲ။ တွေ့ရင် ဘာတွေ မေး​မလဲ။ သေဆုံး​သွားတဲ့ ကိုယ်​ချစ်ရသူတွေ​နဲ့ ပြန်ဆုံဆည်းတယ်​လို့လည်း မြင်ယောင်ကြည့်ပါ။ တွေ့​တွေ့​ချင်း ဘာပြောမယ်၊ ဘယ်လို ဖက်လိုက်မယ်၊ မျက်ရည်ကျတဲ့အထိ ဘယ်လောက် ပျော်နေမယ် စသဖြင့် အသေးစိတ်​က​အစ စိတ်ကူး​မြင်ယောင်​ပါ။

သူတို့ကို ဘာတွေ မေး​မလဲ

ကမ္ဘာသစ်​မှာ ထမြောက်လာမယ့်​သူတွေကို ဒီ​မေးခွန်းတွေ မေးမယ်​လို့ မြင်ယောင်​ကြည့်ပါ–

နောဧ​ရဲ့ ဇနီး။ နာမည် ဘယ်လို ခေါ်​သလဲ။ ဆိုးသွမ်းတဲ့ ပတ်ဝန်းကျင်​မှာ သားတွေကို နောဧ​နဲ့ နှစ်ယောက်သား ဘယ်လိုများ ကာကွယ်​ပေးခဲ့သလဲ။ (က. ၆:၅၊ ၁၃)

အိဇက်။ တောင်ပေါ်​ကို ထင်းတွေ ထမ်းသွားတုန်းက စိတ်ထဲ ဘာတွေ တွေးနေသလဲ။ (က. ၂၂:၆-၈)

ယောဘ။ မြေကြီးပေါ်မှာ စမ်းသပ်မှုတွေ ကြုံနေရချိန် ကောင်းကင်မှာ ဘာတွေ ဖြစ်နေမှန်း အခု သိလိုက်ရတော့ ဘယ်လို ခံစားရသလဲ။ (ယောဘ ၁:၆-၁၂။ ၂:၁-၇)

နှစ်ခြင်းဆရာ ယောဟန်။ ယေဟောဝါရဲ့ အသံ​က ဘယ်လိုမျိုးလဲ။ (မ. ၃:၁၃-၁၇)

ယေရှု​ဘေးမှာ သစ်တိုင်တင်ခံရတဲ့ ရာဇဝတ်သား။ သစ်တိုင်ပေါ်မှာ ယေရှု သေဆုံးခါနီး တခြား ဘာတွေ ဖြစ်​သေးသလဲ။ (လု. ၂၃:၃၉-၄၃)

အာဗေလ​ကို ဘာ​မေး​မလဲ။

အာဗြဟံ​ကို ဘာ​မေး​မလဲ။

ယေဖသရဲ့ သမီးကို ဘာ​မေး​မလဲ။

ဒါဝိဒ်​ကို ဘာ​မေး​မလဲ။

ယောန​ကို ဘာ​မေး​မလဲ။

20. Paw cyi langmou bya na paekuh?

၂၀ ရှင်ပြန်ထမြောက်ခြင်း ကတိ ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ ကတိ ဖြည့်ဆည်း​ပေးချင်တဲ့ ဆန္ဒ​ကော ဖြည့်ဆည်းပေးနိုင်စွမ်းပါ ယေဟောဝါ​မှာ ရှိတာမို့ ကတိ ပြည့်စုံလာမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဒီ​ကတိကို ပိုယုံကြည်စိတ်ချလာအောင် ဆက်လုပ်နေဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ဒါဆိုရင် ‘မင်း ချစ်​ရတဲ့သူတွေ အသက်ပြန်ရှင်လာ​မယ်’ လို့ ယောက်တိုင်း​ကို ကတိပေးထားတဲ့ ဘုရားနဲ့ ပိုရင်းနှီး​လာ​ပါလိမ့်မယ်။

PAWTEMOU NA PHI CIH?

  • Thothuinaw kong Zahova baking kha pawcce na zyn kho?

  • Lazaruh kha Zisu nynh a thosah thuipaw akong kyate pawmou ah ccangkuh kho oh?

  • Thothuinaw ngaehoinaw kha houh zynngan nawlang pawmou cyi lang?

LAW 147 ထာဝရ​အသက် ကတိတော်

a ချစ်ရသူ​တစ်ယောက် ဆုံးပါးသွားတဲ့အခါ ရှင်ပြန်ထမြောက်ခြင်း ကတိက နှစ်သိမ့်မှု အများကြီး ဖြစ်စေတယ်။ ဒါပေမဲ့ ဒီ​ကတိကို ဘာကြောင့် ယုံတယ်​ဆိုတာ တခြားသူတွေကို ဘယ်လို ရှင်းပြ​မလဲ။ ဒီ​ကတိကို ပိုယုံကြည်စိတ်ချလာဖို့ ဘာလုပ်ရမလဲ။ ကျွန်တော်တို့​အားလုံး ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ပိုယုံကြည်စိတ်ချလာဖို့ ဒီဆောင်းပါး​က ကူညီပေးပါမယ်။

b တေးဗီဒီယို ခေါင်းစဉ်​က ၂၀၁၆ နိုဝင်ဘာ ရုပ်သံ​မှာ ပါတဲ့ လက်တစ်ကမ်း​မှာ ဖြစ်ပါတယ်။

c ၂၀၁၅၊ ဩဂုတ် ၁ ကင်းမျှော်စင် စာ. ၄ မှာ ပါတဲ့ “ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ အသက်ပြန်ရှင်လာ​သူ ရှစ်ဦး” လေးထောင့်ကွက်​ကို ကြည့်ပါ။

d ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’ ထဲက အောက်ပါ သီချင်းတွေကို ကြည့်ပါ– “မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်​မှာ” (သီချင်း ၁၃၉)၊ “ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့” (သီချင်း ၁၄၄)၊ “ကိုယ်တော် ခေါ်မယ်” (သီချင်း ၁၅၁)။ “လက်တစ်ကမ်း​မှာ၊” “ကမ္ဘာသစ် မြင်ကွင်း၊” “မြင်တွေ့​မှာ” စတဲ့ မူရင်း​သီချင်းတွေကိုလည်း jw.org မှာ ကြည့်ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share