Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 July pp. 20-25
  • Zahova Hawte—A Ngaekuh Langte Ung Oh

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Zahova Hawte—A Ngaekuh Langte Ung Oh
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • A Lokuhpaw Akonglang
  • ZAHOVA TE ZISU A NGAEKUH LANGTE A UNG HAE
  • UNGTUZIA HAE A RULAEKUH CCYH KYA A NGAEKUH LANGTE UNG
  • MINCCANGPAW HAE MUIHNAW KHA SAWTUA
  • A NGAEKUH LANGTE UNGNAW KEICCU A MUEKUHPAW THANENAW HAE
  • Ah Uccaw Te Ccaankupaw Tuh Pawcce Abapi?
    Lungpaw Te Zungzae Hing!—Baebu Ccangpyanaw Nysahnaw
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 July pp. 20-25

HOKU LANGPAW ABALU 32

Zahova Hawte—A Ngaekuh Langte Ung Oh

“Ccungccaw miakaw nynh nae lungnenaw kha nyh hae sah.”—FIL. 4:5.

LAW 89 နားထောင်၊ နာခံ၊ ကောင်းချီးစံ

အကြို​သုံးသပ်ချက်a

မုန်တိုင်းကြားက သစ်ပင် နှစ်ပင်။ တစ်ပင်က အလိုက်သင့် ယိမ်းတဲ့အတွက် မလဲ။ နောက်တစ်ပင်က မာတောင့်နေလို့ ထက်ပိုင်း ကျိုးသွား။

ဘယ်လို သစ်ပင်​မျိုး ဖြစ်ချင်​သလဲ (စာပိုဒ် ၁ ကို ကြည့်ပါ)

1. Khrihccaw hae paw liatemou thingku te lo lang? (Sahkhung kha do.)

“အလိုက်သင့် ယိမ်းတတ်တဲ့ သစ်ပင်​ဟာ လေ ကြမ်းလို့ မကျိုးဘူး။” လေ​ကြမ်း​ချိန်​မှာ သစ်ပင် ကြံ့ကြံ့ခံ​ဖို့ အလိုက်သင့် ရှိခြင်း ဘယ်လောက် အရေးကြီးကြောင်း ဒီ​စကားပုံ​က ဖော်ပြတယ်။ ခရစ်ယာန်တွေ​လည်း ဘဝ ကြမ်း​ချိန်​မှာ ဘုရားရေးရာဘက် ကြံ့ကြံ့ခံ ရပ်တည်ချင်ရင် အလိုက်သင့် ရှိရမယ်။ ဘယ်လိုနည်းနဲ့လဲ။ အခြေအနေသစ်​နဲ့​အညီ ပြောင်းသာလဲသာ ရှိခြင်းအားဖြင့်၊ တခြားသူတွေရဲ့ သဘောထား၊ ဆုံးဖြတ်ချက်ကို လေးစားခြင်းအားဖြင့်ပါပဲ။

2. Hingnaw kya rulaekuhnaw hae hawte a ngaekuh langte ung thya lang paw ziazae hae nynh mou yn bung cih, e abalu kya pawkongmou hokuh lang oh?

၂ ယေဟောဝါရဲ့ ကျေးကျွန်တွေ​အနေနဲ့ ကျွန်တော်တို့ အကျိုးသင့်အကြောင်းသင့် ရှိချင်ကြတယ်။ နှိမ့်ချမှု၊ ထောက်ထား​စာနာမှု ရှိချင်ကြတယ်။ ဘဝ​အပြောင်းအလဲတွေ​ကို ရင်ဆိုင်နိုင်ဖို့ ခရစ်ယာန်​တချို့ကို ဒီ​အရည်အသွေးတွေ ဘယ်လို ကူညီ​ပေးခဲ့သလဲ၊ ကျွန်တော်တို့ကို​ကော ဘယ်လို ကူညီပေးနိုင်သလဲ​ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။ ဦးဆုံး၊ အကျိုးသင့်အကြောင်းသင့် ရှိရာ​မှာ အကောင်းဆုံး စံနမူနာရှင်တွေ ဖြစ်ကြ​တဲ့ ယေဟောဝါနဲ့ ယေရှု​ဆီကနေ သင်ခန်းစာ​တွေ ယူ​ကြရအောင်။

ZAHOVA TE ZISU A NGAEKUH LANGTE A UNG HAE

3. Zahova tuh a ngaekuh langte a ung cipaw pawtemou ah ny oh?

၃ ကျမ်းစာမှာ ယေဟောဝါကို “ကျောက်ဆောင်” လို့ ခေါ်ထားတယ်။ မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်​နေလို့ပဲ။ (တရား. ၃၂:၄) ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့်​လည်း ရှိတယ်။ လောက​ဇာတ်ခုံ ပြောင်းလဲသွား​ပေမဲ့ ကတိ​ပေးထားသမျှ ပြည့်စုံစေဖို့ အလိုက်သင့် ပြောင်းလဲတယ်။ မိမိ​လို ပြောင်းသာလဲသာ ရှိ​နိုင်စွမ်း​နဲ့ လူတွေကို ဖန်ဆင်းထားတယ်။ အခြေအနေတွေ ဘယ်လိုပဲ ပြောင်း​သွားပါစေ ပညာရှိ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ရှင်းလင်းတဲ့ ကျမ်းစာ အခြေခံ​မူတွေ ပေးထားတယ်။ ဘုရားရဲ့ စံနမူနာ​နဲ့ ဘုရားပေး ကျမ်းစာမူတွေကို ကြည့်ရင် ယေဟောဝါဟာ “ကျောက်ဆောင်” ဖြစ်ပေမဲ့ အကျိုးသင့်အကြောင်းသင့် ရှိ​မှန်း သိရတယ်။

4. Zahova tuh a ngaekuh langte a ung cipaw tousenaw pya tua. (Levitikas 5:7, 11)

၄ ယေဟောဝါရဲ့ နည်းလမ်းတွေ​ဟာ ပြည့်ဝ​စုံလင်​ပြီး အကျိုးသင့်အကြောင်းသင့် ရှိတယ်။ လူတွေနဲ့ ဆက်ဆံရာမှာ တရားသေ မ​ဆန်​ဘူး။ ဥပမာ၊ အစ္စရေး​လူမျိုးကို ယေဟောဝါ ဘယ်လို အကျိုးသင့်အကြောင်းသင့်​သဘော ပြခဲ့သလဲ သုံးသပ်ကြည့်ပါ။ ဆင်းရဲ​ချမ်းသာ​မရွေး လူတိုင်း​ဆီကနေ ပူဇော်သက္ကာ တစ်ပုံစံတည်း မတောင်းဆိုဘူး။ အခြေအနေ​တချို့​မှာ တတ်​နိုင်သလောက်​ပဲ ပူဇော်သက္ကာ ဆက်သ​ဖို့ ခွင့်ပြုထားတယ်။—ဝတ်ပြုရာ ၅:၇၊ ၁၁ ကို ဖတ်ပါ။

5. Zahova kya zakawsangsahkunaw te thawccinaw a hoi cipaw tousenaw pya tua.

၅ အကျိုးသင့်အကြောင်းသင့် ရှိဖို့ နှိမ့်ချမှုနဲ့ ထောက်ထား​စာနာမှု​က ယေဟောဝါကို လှုံ့ဆော်ပေးတယ်။ ဥပမာ၊ သောဒုံ​မြို့က လူဆိုးတွေကို ဖျက်ဆီးခါနီးမှာ တောင်တန်း​ဒေသဘက် ထွက်ပြေးဖို့ ဖြောင့်မတ်သူ လောတ​ကို ကောင်းကင်တမန်တွေကတစ်ဆင့် ယေဟောဝါ ညွှန်ကြားတယ်။ ဒါပေမဲ့ အဲဒီ​ကို လောတ မ​ပြေး​ရဲ​ဘူး။ မိသားစုနဲ့​အတူ ဇောရလို့ ခေါ်တဲ့ မြို့ငယ်​လေး​ကို ပြေးပါ​ရစေလို့ တောင်းဆိုတယ်။ တကယ်တော့ ဖျက်ဆီး​မယ့်​အထဲမှာ ဇောရ​မြို့​လည်း ပါတယ်။ ယေဟောဝါ​အနေနဲ့ လောတ​ကို တောင်ပေါ် မရ​မ​က ပြေး​ခိုင်းလို့ ရတယ်။ ဒါပေမဲ့ တောင်းဆိုတာကို လိုက်လျော​ပေးတယ်။ ဇောရ​မြို့​ကိုတော့ မဖျက်ဆီး​လိုက်​ရတော့ဘူး​ပေါ့။ ယေဟောဝါ နှိမ့်ချမှု ရှိကြောင်း ပေါ်လွင်​တယ် မဟုတ်လား။ (က. ၁၉:၁၈-၂၂) ရာစုနှစ်​များစွာ ကြာပြီးနောက်မှာ နိနဝေ​မြို့နဲ့​အတူ ဆိုးသွမ်းတဲ့ မြို့သားတွေကို ဖျက်ဆီး​မယ်​လို့ ပရောဖက် ယောန​ကို ယေဟောဝါ ကြေညာ​ခိုင်းတယ်။ ဒါပေမဲ့ နိနဝေ​မြို့သားတွေ နောင်တ​ရတော့ သနား​သွားပြီး မဖျက်ဆီးတော့ဘူး။ ယေဟောဝါ ထောက်ထား​စာနာမှု ရှိကြောင်း ပေါ်လွင်​တယ် မဟုတ်လား။—ယောန ၃:၁၊ ၁၀။ ၄:၁၀၊ ၁၁။

6. Zahova hawte a ngaekuh langte a ung cipaw Zisu nynh pawtemou a langsah.

၆ ယေရှုလည်း ယေဟောဝါကို အတုယူတယ်။ တကယ်တော့ “အစ္စရေး​အမျိုး​ထဲက ပျောက်နေတဲ့ သိုးတွေ” ကို ဟောဖို့ မြေကြီးပေါ် စေလွှတ်ခံရတာ။ ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ တစ်ခေါက် ‘နတ်ဆိုးစွဲ​တဲ့ ဝေဒနာ အလူးအလိမ့် ခံစား​နေ​ရ’ တဲ့ သမီးကို ကုပေး​ဖို့ အစ္စရေး​လူမျိုး မဟုတ်တဲ့ အမျိုးသမီး​တစ်ယောက် ယေရှုကို လာ​အသနားခံတယ်။ အမျိုးသမီး တောင်းဆိုတဲ့​အတိုင်း ယေရှု ကုပေး​လိုက်တယ်။ (မ. ၁၅:၂၁-၂၈) နောက်​ဥပမာ​တစ်ခု စဉ်းစားကြည့်ပါ။ ‘ကျွန်တော့်ကို ငြင်းပယ်​သူကို ငြင်းပယ်​မယ်’ လို့ အမှုဆောင်ချိန် အစောပိုင်းမှာ ယေရှု ပြောဖူးတယ်။ (မ. ၁၀:၃၃) ဒါပေမဲ့ မိမိကို သုံးကြိမ် ငြင်း​တဲ့ ပေတရု​ကို ယေရှု ငြင်းပယ်​သ​လား။ မငြင်းပယ်​ဘူး။ ပေတရု နောင်တ ရတယ်၊ ယုံကြည်ခြင်း ရှိတယ်ဆိုတာ ထည့်တွက်​ပေးတယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်ပြီးနောက် ပေတရု​ဆီ ကိုယ်ယောင်​ထင်​ပြပြီး ခွင့်လွှတ်တယ်၊ ချစ်တယ်ဆိုတာ စိတ်ချစေခဲ့တယ်။—လု. ၂၄:၃၃၊ ၃၄။

7. Filipi 4:5 liate, pawte cihpaw min mou a pousah ry oh?

၇ ယေဟောဝါ​ဘုရားနဲ့ ယေရှုခရစ် အကျိုးသင့်အကြောင်းသင့် ရှိတယ်ဆိုတာ သိခဲ့​ကြ​ရပြီ။ ကျွန်တော်တို့ကိုလည်း ယေဟောဝါ အကျိုးသင့်အကြောင်းသင့် ရှိစေချင်တယ်။ (ဖိလိပ္ပိ ၄:၅ ကို ဖတ်ပါ။) ဒီကျမ်းပိုဒ်ကို​ပဲ ဘာသာပြန်ကျမ်း တစ်အုပ်​က “အကျိုးသင့်အကြောင်းသင့် ရှိသူ​လို့ နာမည် ထွက်​စေ​ပါ” ဆိုပြီး ဘာသာပြန်ထားတယ်။ ‘ငါ့ကို အကျိုးသင့်အကြောင်းသင့် ရှိသူ၊ လိုက်လျော​တတ်​သူ၊ သည်းခံ​တတ်​သူ​လို့ လူတွေ မြင်​ကြသလား။ ဒါမှမဟုတ် ဘူး​ဆိုရင် ဖရုံ မ​သီး​သူ၊ ခေါင်းမာသူ၊ တင်းကြပ်​သူ​လို့ မြင်​ကြသလား။ ကိုယ်​လုပ်​စေချင်​သ​လို လုပ်ဖို့ တခြားသူတွေကို ငါ ဖိအားပေး​တတ်​သ​လား။ တခြားသူတွေ ပြောတာ နားထောင်​ပေးသလား။ ဖြစ်နိုင်မယ်ဆိုရင် သူတို့​ဆန္ဒ လိုက်လျော​ပေးသလား’ လို့ စဉ်းစားကြည့်ပါ။ ကိုယ် ဘယ်လောက် အကျိုးသင့်အကြောင်းသင့် ရှိတယ်ဆိုတာက ယေဟောဝါနဲ့ ယေရှုကို ဘယ်​အတိုင်းအတာ​ထိ တုပ​နေတယ်ဆိုတာ ဖော်ပြတယ်။ အကျိုးသင့်အကြောင်းသင့် ရှိဖို့ လိုတဲ့ ကဏ္ဍ​နှစ်ခု သုံးသပ်ကြရအောင်။ (၁) အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ၊ (၂) တခြားသူတွေရဲ့ သဘောထား၊ ဆုံးဖြတ်ချက် ကိုယ်​နဲ့ မတူတဲ့အခါ။

UNGTUZIA HAE A RULAEKUH CCYH KYA A NGAEKUH LANGTE UNG

8. Ungtuzia hae a rulaekuh ccyh kya a ngaekuh langte ung lang pawnynhmou yn bung kho? (Akaw lang-e ccaesahnaw kha do.)

၈ အခြေအနေတွေ ပြောင်းသွားတဲ့အခါ အကျိုးသင့်အကြောင်းသင့် ရှိဖို့ လိုတယ်။ ဥပမာ၊ ကျွန်တော်တို့ ရုတ်တရက် ကျန်းမာရေး ထိခိုက်နိုင်တယ်။ ကိုယ့်ဒေသမှာ စီးပွားရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ ရှိနိုင်တယ်။ (ဒေ. ၉:၁၁။ ၁ ကော. ၇:၃၁) အဖွဲ့အစည်း​တာဝန် ပြောင်းသွားနိုင်တယ်။ အဲဒီ​အပြောင်းအလဲတွေ​ကြောင့် ထင်​မထားတဲ့ အခက်အခဲတွေ ကြုံရနိုင်တယ်။ ဘာ​အပြောင်းအလဲ​ပဲ ကြုံရပါစေ (၁) အ​ရှိ​ကို အရှိအတိုင်း လက်ခံမယ်၊ (၂) ရှေ့ဆက်​မယ်၊ (၃) အကောင်းမြင်စိတ် ရှိမယ်၊ (၄) သူတစ်ပါး​အကျိုး ဆောင်မယ်ဆိုရင် အခြေအနေသစ်​မှာ အလိုက်သင့် နေနိုင်​ပါလိမ့်မယ်။b ဒီ​အဆင့်​တွေ​အတိုင်း လုပ်လို့ အကျိုး​ရခဲ့​ကြ​တဲ့ ညီအစ်ကို/မ တချို့​အကြောင်း သုံးသပ်​ကြည့်ရအောင်။

9. Missionary zuhvaw hae nynh tua leipaw ruunaw hae kha pawtemou teing te a tae kho hae?

၉ အ​ရှိ​ကို အရှိအတိုင်း လက်ခံပါ။ အီမန်နျူရယ်နဲ့ ဖရန်ချီစကာဟာ တိုင်းတစ်ပါး​မှာ သာသနာပြုတွေ​အဖြစ် တာဝန်ကျတယ်။ ဘာသာစကား စ​လေ့လာ​နေတုန်း၊ အသင်းတော်သစ်​မှာ အသားကျ​ဖို့ ကြိုးစား​နေတုန်းမှာ​ပဲ ကိုဗစ်-၁၉ ကပ်ရောဂါ စ​လာလို့ လူတွေနဲ့ ခပ်ခွာခွာ နေကြရတယ်။ အဲဒီအချိန်မှာ​ပဲ ဖရန်ချီစကာရဲ့ မိခင် ရုတ်တရက် ဆုံးသွား​တယ်။ မိသားစုဆီ တအား ပြန်ချင်ပေမဲ့ ကပ်ရောဂါ​ကြောင့် မပြန်​နိုင်​ခဲ့ဘူး။ ဒီအခက်အခဲတွေကို ဖရန်ချီစကာ ဘယ်လို ကျော်ဖြတ်​နိုင်​ခဲ့​သလဲ။ ပထမ၊ အစိုးရိမ် မလွန်ဘဲ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်အောင် ဉာဏ်ပညာ ပေးဖို့ အီမန်နျူရယ်နဲ့ ဖရန်ချီစကာ အတူတူ ဆုတောင်းတယ်။ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ အချိန်ကိုက် အဖြေပေးတယ်။ ဥပမာ၊ လူတွေ့မေးမြန်းခန်း ဗီဒီယို​တစ်ခုမှာ ပါတဲ့ ညီအစ်ကို​တစ်ယောက်ရဲ့ စကားကြောင့် သူတို့ အားရှိ​သွားကြတယ်။ “အခြေအနေသစ်​ကို လက်ခံပြီး အဲဒီ​အခြေအနေသစ်​မှာ ယေဟောဝါရဲ့ အမှုတော် ဆောင်ဖို့ အခွင့်အရေး ရှာမယ်ဆိုရင် ရွှင်လန်းမှု ပြန်​ခံစား​ရပါလိမ့်မယ်” တဲ့။c ဒုတိယ၊ ဖုန်းဆက် သက်သေခံခြင်းမှာ ပို​တိုးတက်အောင် လုပ်ဖို့ ဆုံးဖြတ်ကြတယ်။ ကျမ်းစာ​သင်အံမှု တစ်ခု​တောင် စ​နိုင်​သွားကြတယ်။ တတိယ၊ ညီအစ်ကို/မတွေ​ဆီ​က အကူအညီကို လိုလို​လားလား လက်ခံတယ်။ ညီအစ်မ​တစ်ယောက်​ဆိုရင် အားရှိစရာ ကျမ်းပိုဒ်​လေး​နဲ့ စာ​လေး တွဲပြီး တစ်နှစ်ပတ်လုံး နေ့တိုင်း ပို့ပေးတယ်။ ကျွန်တော်တို့လည်း အခြေအနေသစ်​ကို လက်ခံမယ်ဆိုရင် ကိုယ်​လုပ်​နိုင်သလောက်​နဲ့ ကျေနပ်​ပျော်ရွှင်ကြပါလိမ့်မယ်။

10. Alepaw ruunaw ccangkheit tung ccyh kya unonung lukheit pawtemou a ngaekuh langte a la ung?

၁၀ ရှေ့ဆက်​ပါ။ အကောင်းမြင်စိတ် ရှိပါ။ ဂျပန်​နိုင်ငံမှာ နေတဲ့ ရိုမေးနီးယား ညီအစ်မ ခရစ္စတီနာ​ဟာ အင်္ဂလိပ်​စကားပြော အသင်းတော်နဲ့ ပူးပေါင်း​နေတယ်။ သူတို့ အသင်းတော် ဖျက်သိမ်းခံလိုက်ရတော့ တော်တော်လေး စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့ ပြီး​ခဲ့​တာ​တွေ​ကို တနုံ့နုံ့ တွေးမနေဘူး။ ဂျပန်​စကားပြော အသင်းတော်ကို ပြောင်းဖို့၊ အမှုဆောင်မှာ ဂျပန်​စကားနဲ့ ကြိုးစား​ဟောဖို့ ဆုံးဖြတ်​လိုက်တယ်။ ဂျပန်​စကား ပို​ပြောတတ်​အောင် သင်ပေးဖို့ အလုပ်ဖော်ဟောင်း တစ်ယောက်ကို အကူအညီ တောင်းတယ်။ ကျမ်းစာနဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် သုံးပြီး ခရစ္စတီနာ​ကို ဂျပန်​စကား သင်ပေးဖို့ အလုပ်ဖော် သဘောတူလိုက်တယ်။ ခရစ္စတီနာ ဂျပန်​စကား တိုးတက်လာတယ်။ အလုပ်ဖော်​လည်း အမှန်တရား စ​စိတ်ဝင်စား​လာတယ်။ ကျွန်တော်တို့လည်း ရှေ့ဆက်​စ​ရာ ရှိတာ ရှေ့ဆက်​မယ်၊ အကောင်းမြင်စိတ် ရှိမယ်ဆိုရင် ထင်​မထားတဲ့ အပြောင်းအလဲတွေ​ကြောင့် ထင်​မထားတဲ့ ကောင်းချီးတွေ ခံစားရနိုင်တယ်။

11. Sipuazei ruunaw a tung hae paw zuhvaw hae nynh pawtemou teing te a tae kho hae?

၁၁ သူတစ်ပါး​အကျိုး ဆောင်ပါ။ အဖွဲ့အစည်း​လုပ်ငန်း ပိတ်ပင်​ထားတဲ့ နိုင်ငံမှာ နေတဲ့ မောင်နှံတစ်စုံ​ဟာ ပြည်တွင်း စီးပွားရေး​ကပ် ဆိုက်တော့ ဝင်ငွေ ထိခိုက်လာတယ်။ သူတို့ ဘယ်လို အလိုက်သင့် နေ​ခဲ့ကြသလဲ။ အသုံးအစွဲ လျှော့​ကြတယ်။ ကိုယ့်​အခက်အခဲတွေကို အာရုံမစိုက်ဘဲ တတ်​နိုင်သလောက် ဟောပြောခြင်းလုပ်ငန်းမှာ အချိန်များများ ပါဝင်ခြင်းအားဖြင့် တခြားသူတွေကို ကူညီပေးဖို့ ဆုံးဖြတ်ကြတယ်။ (တ. ၂၀:၃၅) “အမှုဆောင်မှာ အလုပ်​များနေတော့ အပျက်သဘော​တွေ တွေးဖို့ အချိန် နည်းသွားတယ်။ ဘုရား​အလိုတော်ကို အာရုံစိုက်ဖို့ အချိန် ပိုများလာတယ်” လို့ ခင်ပွန်း​ဖြစ်သူ ပြောတယ်။ ကျွန်တော်တို့လည်း ဘဝ​အပြောင်းအလဲတွေ ကြုံရတဲ့အခါ အထူးသဖြင့်၊ အမှုဆောင်မှာ ပါဝင်ခြင်းအားဖြင့် တခြားသူတွေကို ကူညီပေးဖို့ ဘယ်လောက် အရေးကြီးကြောင်း သတိရ​ကြရမယ်။

12. Phunghonaw ryalaw kya a ngaekuh langte rulaekuh lang zuitu Paul ziazae nynh pawtemou yn bung?

၁၂ အမှုဆောင်လုပ်ငန်းမှာလည်း ကျွန်တော်တို့ အလိုက်သင့် ပြုပြင်​ပြောင်းလဲ​ကြရမယ်။ အမှုဆောင်မှာ ကြုံ​ရသူတွေဟာ ယုံကြည်ချက်၊ နောက်ခံ​အမျိုးမျိုး ရှိကြတယ်။ တမန်တော် ပေါလုဟာ အလိုက်သင့် ပြုပြင်​ပြောင်းလဲ​တတ်​သူ ဖြစ်တယ်။ သူ့ဆီကနေ အများကြီး သင်ယူနိုင်တယ်။ ပေါလု​ကို “လူမျိုးခြားတွေ​နဲ့ ဆိုင်တဲ့ တမန်တော်” အဖြစ် ယေရှု ခန့်​တယ်။ (ရော. ၁၁:၁၃) ဒါကြောင့် ဂျူးတွေ၊ ဂရိ​တွေ၊ ပညာတတ်​တွေ၊ အခြေခံ လူတန်းစားတွေ၊ အစိုးရ အရာရှိတွေ၊ ဘုရင်တွေကို ပေါလု ဟော​ရတယ်။ အလွှာ​အသီးသီး​က အဲဒီလူတွေ စိတ်ထိမိစေဖို့ ပေါလု ‘လုပ်နိုင်တာ မှန်သမျှ လုပ်တယ်။’ (၁ ကော. ၉:၁၉-၂၃) နားထောင်နေသူတွေ​ရဲ့ ယဉ်ကျေးမှု၊ နောက်ခံ၊ ယုံကြည်ချက်ကို ထည့်စဉ်းစားပြီး အလိုက်သင့် ပြောင်းလဲ​ဟောပြောတယ်။ ကျွန်တော်တို့လည်း နားထောင်နေသူတွေ​အကြောင်း ထည့်စဉ်းစားပြီး အလိုက်သင့် ပြောင်းလဲ​ဟောပြောမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ပို​ထိရောက်​လာနိုင်တယ်။

MINCCANGPAW HAE MUIHNAW KHA SAWTUA

ရှေ့ပုံမှာ ပါတဲ့ အလိုက်သင့် ယိမ်းတဲ့ သစ်ပင်ဟာ မုန်တိုင်း တိုက်ချိန်မှာ ယိမ်းနေ။ ရုပ်ပုံငယ်မှာ ဘီယာခွက် ကိုင်ထားတဲ့ ညီအစ်ကိုကို ညီအစ်ကိုတစ်ယောက် မျက်မှောင်ကြုတ် ကြည့်နေ။

အကျိုးသင့်အကြောင်းသင့်​သာ ရှိရင် တခြားသူတွေရဲ့ အမြင်ကို လေးစား​မှာ ဖြစ် (စာပိုဒ် ၁၃ ကို ကြည့်ပါ)

13. Minccangpaw hae muihnaw kha sawtua langze 1 Korin 8:9 kya a langsahpaw paw rilang ungpaw mou sihaekuh lang?

၁၃ တခြားသူတွေရဲ့ အမြင်ကို လေးစားဖို့လည်း အကျိုးသင့်​အကြောင်းသင့် သဘော​က ကူညီပေးတယ်။ ဥပမာ၊ ညီအစ်မ​တချို့က မိတ်ကပ် လိမ်းရတာ ကြိုက်တယ်။ တချို့က မကြိုက်ဘူး။ ခရစ်ယာန်​တချို့က အရက် အတော်အသင့် သောက်​တယ်။ တချို့က လုံးလုံး ရှောင်တယ်။ ခရစ်ယာန်​အားလုံး ကျန်းမာရေး ကောင်းချင်ကြတယ်။ ဒါပေမဲ့ ကျန်းမာရေး ဂရုစိုက်ပုံ​ချင်း မတူကြဘူး။ ကိုယ့်​အမြင်ပဲ မှန်တယ်လို့ ထင်ပြီး ကိုယ်​လုပ်​သ​လို လိုက်လုပ်ဖို့ ညီအစ်ကို/မတွေကို ဖိအားပေး​ရင် ထိမိ​လဲ​ကုန်မယ်။ စိတ်​ဝမ်းကွဲ​စ​ရာ​တွေ ဖြစ်လာမယ်။ ကျွန်တော်တို့ အဲဒီလို မဖြစ်စေ​ချင်ကြ​ဘူး။ (၁ ကောရိန္သု ၈:၉ ကို ဖတ်ပါ။ ၁၀:၂၃၊ ၂၄) ကျမ်းစာ အခြေခံ​မူတွေ လက်တွေ့​ကျင့်​ခြင်းက အစွန်း မ​ရောက်ဖို့၊ ငြိမ်သက်ခြင်း ထိန်းသိမ်းဖို့ ဘယ်လို ကူညီပေးနိုင်ကြောင်း ဥပမာ နှစ်ခု ကြည့်​ကြရအောင်။

အလိုက်သင့် ယိမ်းတဲ့ သစ်ပင်ဟာ မုန်တိုင်း တိုက်ချိန်မှာ ယိမ်းနေ။ ရုပ်ပုံငယ်မှာ နောက်ခံ အမျိုးမျိုးက ညီအစ်ကို/မတွေ အစည်းအဝေးကြီးမှာ ဓာတ်ပုံ အတူတူ ရိုက်နေ။ ခရစ်ယာန်တွေနဲ့ သင့်တော်တဲ့ ဝတ်စုံ အမျိုးမျိုး ဝတ်ထား။

အကျိုးသင့်အကြောင်းသင့်​သာ ရှိရင် တခြားသူတွေရဲ့ အမြင်ကို လေးစား​မှာ ဖြစ် (စာပိုဒ် ၁၄ ကို ကြည့်ပါ)

14. Pawtemou ccaankuh te uccaw lawkuh lang cipaw byapae vae ze paw Baebu a leihpaw phunglang kha mou tua lang a ccang?

၁၄ ဝတ်စား​ဖြီးလိမ်းပုံ။ ဝတ်စား​ဖြီးလိမ်းပုံ​နဲ့ပတ်သက်ပြီး ယေဟောဝါ တိတိကျကျ ပြော​မထားဘူး။ လိုက်နာ​ရမယ့် အခြေခံ​မူတွေတော့ ပေးထားတယ်။ ဘုရား အမှုဆောင်သူတွေ​နဲ့ သင့်တော်တဲ့၊ ဣန္ဒြေ​ရှိတဲ့ အဝတ်အစားတွေကို “ချင့်ချိန်မှု ရှိရှိ” ဝတ်​ကြရမယ်။ (၁ တိ. ၂:၉၊ ၁၀။ ၁ ပေ. ၃:၃) ကိုယ့်​ဝတ်စား​ဖြီးလိမ်းပုံ​ကြောင့် အာရုံစိုက်​ခံရတာ​မျိုး ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ ဝတ်စား​ဖြီးလိမ်းပုံ​နဲ့ပတ်သက်ပြီး ကိုယ်ပိုင် စည်းမျဉ်းတွေ မ​ထုတ်​မိ​ဖို့လည်း အကြီးအကဲတွေကို ကျမ်းစာမူတွေက ကူညီပေးတယ်။ ဥပမာ၊ အသင်းတော် တစ်ခုမှာ လူငယ် ညီအစ်ကို​တချို့ ခေတ်စားနေတဲ့ ဆံပင်​ပုံစံ ထား​နေကြတယ်။ တို​ပေမဲ့ ဖုတ်သိုက်လေးတွေ ဖြစ်နေလို့ အကြီးအကဲတွေ အကြံ​ပေးချင်​နေကြတယ်။ ကိုယ်ပိုင် စည်းမျဉ်း မ​ထုတ်​ဘဲ အကြီးအကဲတွေ ဘယ်လို အကြံ​ပေးနိုင်​ခဲ့​သလဲ။ “စင်ပေါ် တက်​လို့ ပရိသတ်က ကိုယ်​ပြောနေတာကို မဟုတ်ဘဲ ကိုယ့်​ပုံစံကို အာရုံစိုက်​နေပြီ​ဆိုရင် အဲဒါ ကိုယ့်​ဝတ်စား​ဖြီးလိမ်းပုံ​ကြောင့်​ပဲ” ဆိုပြီး အကြံ​ပေး​ကြည့်ဖို့ အကြီးအကဲတွေကို တိုက်နယ်ကြီးကြပ်မှူး ပြောတယ်။ အဲဒီ​ရိုးရှင်းတဲ့ အကြံပြုချက်​ကြောင့် စည်းမျဉ်း​စည်းကမ်း​တွေ ထုတ်​စ​ရာ မလိုဘဲ ပြဿနာ ပြေလည်​သွားတယ်။d

အလိုက်သင့် ယိမ်းတဲ့ သစ်ပင်ဟာ မုန်တိုင်း တိုက်ချိန်မှာ ယိမ်းနေ။ လူနှစ်ယောက် သောက်တဲ့ ဆေး မတူကြောင်း ရုပ်ပုံငယ်မှာ ဖော်ပြထား။ တစ်ယောက်က ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေ သောက်နေ။ နောက်တစ်ယောက်က တိုင်းရင်းဆေး ပုလင်းနဲ့ ဓာတ်စာ သောက်နေ။

အကျိုးသင့်အကြောင်းသင့်​သာ ရှိရင် တခြားသူတွေရဲ့ အမြင်ကို လေးစား​မှာ ဖြစ် (စာပိုဒ် ၁၅ ကို ကြည့်ပါ)

15. Ngedangnaw te asekuhte byapae vae ze paw Baebu kawbya, phunglang hae nynh mou yn bung? (Rom 14:5)

၁၅ ကျန်းမာရေး ဂရုစိုက်မှု။ ကိုယ့်​ကျန်းမာရေး ဘယ်လို ဂရုစိုက်​မယ်​ဆိုတာ တစ်ယောက်ချင်းစီ ဆုံးဖြတ်ရမယ်။ (ဂလ. ၆:၅) ခရစ်ယာန်​တစ်ယောက် ဆေးကုသမှု ရွေးချယ်တဲ့အခါ လိုက်နာ​ရမှာ​ဆို​လို့ သွေး ရှောင်ရမယ်၊ နတ်ဆိုးပညာ​နဲ့ ကင်းရမယ်ဆိုတဲ့ ပညတ်တွေ​လောက်​ပဲ ရှိတယ်။ (တ. ၁၅:၂၀။ ဂလ. ၅:၁၉၊ ၂၀) ကျန်တဲ့ ကိစ္စတွေ​မှာတော့ ကိုယ်ပိုင် ရွေးချယ်နိုင်တယ်။ တချို့က ကျန်းမာရေး​အတွက် ဆေးရုံ၊ ဆေးခန်း သွားရတာ အားသန်​ပေမဲ့ တချို့ကတော့ တခြား​နည်း တခြားဟန်နဲ့ ကုချင်ကြတယ်။ ဆေးကုသမှု တစ်ခုခု​နဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ ခံယူချက် ပြင်းထန်​နေပါစေ ကျန်းမာရေး​နဲ့​ပတ်သက်လာရင် ညီအစ်ကို/မတွေ​မှာ ကိုယ်ပိုင် ဆုံးဖြတ်​ခွင့် ရှိတယ်ဆိုတာ အသိအမှတ်ပြု​ရမယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သတိရ,ရမယ့် အချက် လေးချက် ရှိတယ်။ (၁) ဘုရားနိုင်ငံတော်​က​ပဲ ရောဂါတွေ အရှင်း ပျောက်စေ​နိုင်တယ်။ (ဟေရှာ. ၃၃:၂၄) (၂) ခရစ်ယာန်​တစ်ယောက်ဟာ ကိုယ်​ရွေးချယ်​လိုက်တဲ့ ဆုံးဖြတ်ချက် ကိုယ့်အတွက် အကောင်းဆုံး ဖြစ်တယ်ဆိုတာ “စိတ်ချ​နေ” ရမယ်။ (ရောမ ၁၄:၅ ကို ဖတ်ပါ။) (၃) တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ မဝေဖန်​ကြ​ဘူး။ တိုက်မိ​လဲစရာ ဖြစ်အောင် မလုပ်ကြဘူး။ (ရော. ၁၄:၁၃) (၄) တခြားသူတွေကို မေတ္တာ ပြကြတယ်။ ကိုယ့်​အမြင်​ထက် အသင်းတော်ရဲ့ စည်းလုံးမှု ပိုအရေးကြီးကြောင်း အသိအမှတ်ပြုကြတယ်။ (ရော. ၁၄:၁၅၊ ၁၉၊ ၂၀) ဒီအချက်တွေကို သတိ​ရမယ်ဆိုရင် ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေးကောင်း ရှိနေမယ်။ အသင်းတော်မှာ ငြိမ်သက်မှု တိုးများ​မယ်။

အလိုက်သင့် ယိမ်းတဲ့ သစ်ပင်ဟာ မုန်တိုင်း တိုက်ချိန်မှာ ယိမ်းနေ။ အသင်းတော် အကြီးအကဲတွေ စည်းဝေးနေတာကို ရုပ်ပုံငယ်မှာ ဖော်ပြထား။ လူငယ် အကြီးအကဲ ပြောနေတာကို ကျန်တဲ့ အကြီးအကဲတွေ နားထောင်နေ။

အကျိုးသင့်အကြောင်းသင့်​သာ ရှိရင် တခြားသူတွေရဲ့ အမြင်ကို လေးစား​မှာ ဖြစ် (စာပိုဒ် ၁၆ ကို ကြည့်ပါ)

16. Khrihccaw piccan lukheit te lukheit ccuepekunaw kya a ngaekuh langte a ungkuh cipaw khrihccaw piccan hae pawtemou a langsah hae? (Sahkhung kha do.)

၁၆ အကြီးအကဲတွေဟာ အကျိုးသင့်အကြောင်းသင့် ရှိရာ​မှာ စံနမူနာကောင်း ပြရမယ်။ (၁ တိ. ၃:၂၊ ၃) ဥပမာ၊ တခြား​အကြီးအကဲတွေ​ထက် အသက်​ပိုကြီးတာနဲ့ပဲ ကိုယ့်​အမြင်ကို အမြဲ လက်ခံ​ကြ​မယ်​လို့ မ​မျှော်လင့်​သင့်​ဘူး။ အကြီးအကဲအဖွဲ့ ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ အထောက်အကူ ပြုမယ့် အချက်​တစ်ခုခု ပြော​နိုင်အောင် အဖွဲ့ထဲက ဘယ်သူ့ကိုမဆို စွမ်းအားတော် လှုံ့ဆော်​ပေးနိုင်တယ်ဆိုတာ သဘောပေါက်သင့်တယ်။ ကိုယ့်​သဘောထား၊ အမြင်နဲ့ မတူ​ရင်တောင် ကျမ်းစာမူနဲ့ မငြိသရွေ့ အကြီးအကဲ အဖွဲ့ဝင် အများစု သဘောတူတဲ့ ဆုံးဖြတ်ချက်ကို လိုလို​လားလား ထောက်ခံသင့်တယ်။

A NGAEKUH LANGTE UNGNAW KEICCU A MUEKUHPAW THANENAW HAE

17. Khrih ccaw hae nynh a ngaekuh langte a ung hae keiccuze paw hythuanaw hae mou a ung?

၁၇ ခရစ်ယာန်တွေ အကျိုးသင့်​အကြောင်းသင့် ရှိတဲ့အခါ ကောင်းချီး အများကြီး ရတယ်။ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာတယ်။ အသင်းတော် ငြိမ်သက်​တယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်း​မှာ စရိုက်၊ ယဉ်ကျေးမှု ပေါင်းစုံ ရှိတာကို ကျွန်တော်တို့ နှစ်သက်​ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူပေမဲ့ စည်းလုံးတဲ့ မိသားစု​အဖြစ် ယေဟောဝါကို ဝတ်ပြု​နေ​ရတာ အခွင့်ထူး​ပါပဲ။ ဒါ့အပြင် အကျိုးသင့်အကြောင်းသင့် ရှိတဲ့ ဘုရား ယေဟောဝါကို ကြိုးစား​တုပ​နေတယ်​ဆိုတဲ့ အသိ​က ကျေနပ်​ပျော်ရွှင်စေတယ်။

PAWTEMOU NA PHI CIH?

  • A ngaekuh langte ungnaw te asekuhte Zahova te Zisu kyate pawmou a ccangkuh kho oh?

  • A ngaekuh langte ungnaw nynh ungtuzia hae a rulaekuh ccyh kya pawtemou yn bung?

  • A ngaekuh langte ungnaw nynh khrihccawbuu daenaw kha pawtemou a lungthungsah?

LAW 90 အချင်းချင်း အားပေးကြ

a ယေဟောဝါ​ဘုရားနဲ့ ယေရှုဟာ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ ကျွန်တော်တို့ကိုလည်း အကျိုးသင့်အကြောင်းသင့် ရှိစေချင်တယ်။ ဒါမှ ကျန်းမာရေး၊ ငွေကြေး အခြေအနေ ဘယ်လိုပဲ ပြောင်း​သွားပါစေ ကျွန်တော်တို့ ဒေါင်ကျကျ ပြားကျကျ နေတတ်​ကြ​မှာ။ အသင်းတော်ရဲ့ စည်းလုံးမှု၊ ငြိမ်သက်မှု တိုးများ​မှာ။

b အမှတ် ၄ ၂၀၁၆ နိုးလော့! မှာ ပါတဲ့ “အပြောင်းအလဲတွေ​နဲ့​အညီ လိုက်လျောညီထွေ​နေနိုင်ပုံ” ဆောင်းပါးကို ကြည့်ပါ။

c ညီအစ်ကို ဒီမီထရီ မီခေးလော့ဗ်​နဲ့ တွေ့ဆုံ​မေးမြန်းခန်း ဗီဒီယိုကို ကြည့်ပါ။

d ဝတ်စား​ဖြီးလိမ်းပုံ​နဲ့ပတ်သက်ပြီး ထပ်ဆင့် သိချင်ရင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၅၂ ကို ကြည့်ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share