Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 July pp. 14-19
  • “Tynkaring Lan, Nue Kho Um Lei Lante Um Oh”

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • “Tynkaring Lan, Nue Kho Um Lei Lante Um Oh”
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • PAWTEMOU TYNKARING LANG UNG KHO LANG?
  • AH BYAPAENAW ARO NAWLANG SETAN NYNH PAWTEMOU A ZUAKU?
  • PAWLIATEMOU TYNKARING LANG UNG KHO LANG?
  • TYNKARING LANG UNG LANG BYA PAEKUH
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 July pp. 14-19

HOKU LANGPAW ABALU 31

“Tynkaring Lan, Nue Kho Um Lei Lante Um Oh”

“Ka sungsahpaw uteno hae, tynkaring lan, nue kho um lei lante um oh.”—1 KO. 15:58.

LAW 122 မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်​နေ​ကြ

အကြို​သုံးသပ်ချက်a

1-2. Khrihccaw hae tuh ahangpaw inn te pawtemou a loku? (1 Korin 15:58)

၁၉၇၈၊ ဂျပန်​နိုင်ငံ၊ တိုကျို​မြို့မှာ မိုးမျှော်တိုက် တစ်​တိုက် ဆောက်တယ်။ အဲဒီ​မြို့မှာ ငလျင် ခဏခဏ လှုပ်လို့ အဆောက်အအုံ ခိုင်ပါ့မလားဆိုပြီး လူတွေ တွေးကြတယ်။ ဒါပေမဲ့ အင်ဂျင်နီယာ​တွေ​က အဆောက်အအုံ ခိုင်ခံ့မှု ရှိအောင်​ကော ငလျင် တုန်ခါမှု​နဲ့​အညီ အလိုက်သင့် ဖြစ်အောင်​ပါ ဒီဇိုင်းဆွဲထားကြတယ်။ ခရစ်ယာန်တွေဟာ အဲဒီလို မိုးမျှော်တိုက်နဲ့ တူတယ်။ ဘယ်လိုနည်းနဲ့လဲ။

၂ ခရစ်ယာန်တွေဟာ အခိုင်အမာ ရပ်တည်ဖို့ လို​သ​လို အလိုက်သင့် ဖြစ်ဖို့လည်း လိုတယ်။ မျှတမှုတော့ ရှိရမယ်။ ဥပမာ၊ ယေဟောဝါရဲ့ ပညတ်တွေ၊ စံနှုန်းတွေနဲ့​ပတ်သက်လာရင် ပြတ်ပြတ်သားသား၊ မယိမ်းမယိုင် ရပ်တည်ရမယ်။ (၁ ကောရိန္သု ၁၅:၅၈ ကို ဖတ်ပါ။) “နာခံဖို့ အသင့်ရှိ” ရမယ်။ အလျှော့မပေး​ရ​ဘူး။ ဒါပေမဲ့ တချို့​အခြေအနေတွေမှာ လိုအပ်​လာတဲ့အခါ “အကျိုးသင့်အကြောင်းသင့်” ရှိရမယ်။ (ယာ. ၃:၁၇) ဒီလိုမျိုး မျှတတဲ့​သဘော ရှိသူဟာ တင်းကျပ်လွန်း​မှာ မဟုတ်သလို လျော့ရဲလွန်းမှာ မဟုတ်ဘူး။ ဒါဆိုရင် ဘယ်လိုနည်းနဲ့ ကြံ့ကြံ့ခံ ရပ်တည်​ရမလဲ။ ကြံ့ကြံ့ခံ ရပ်တည်မယ်​ဆိုတဲ့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန် လျော့သွားဖို့ စာတန် သုံးတဲ့ နည်း​ငါး​နည်းက ဘာလဲ။ ကျွန်တော်တို့ ဘယ်လို တွန်းလှန်​နိုင်သလဲ။ ဒီအကြောင်း ဒီဆောင်းပါးမှာ သုံးသပ်​သွားပါမယ်။

PAWTEMOU TYNKARING LANG UNG KHO LANG?

3. Locceihtu 15:28, 29 kya pawhaemou Kawpyatu nynh kaw yn pya?

၃ အကြီးမြတ်ဆုံး ပညတ်​ပြဋ္ဌာန်း​ရှင် ယေဟောဝါက မိမိလူမျိုးကို ပညတ်တွေ အမြဲ ရှင်းရှင်းလင်းလင်း ပေးတယ်။ (ဟေရှာ. ၃၃:၂၂) ဥပမာ၊ ခရစ်ယာန်တွေ ပြတ်ပြတ်သားသား ရပ်တည်​ရမယ့် ကဏ္ဍ သုံးခုကို ပထမရာစု အုပ်ချုပ်ရေး အဖွဲ့ကတစ်ဆင့် ဖော်ပြတယ်။ (၁) ရုပ်တု​ကိုးကွယ်မှု​ကို ရှောင်ပြီး ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဖို့၊ (၂) သွေးရဲ့ မြင့်မြတ်မှုကို လေးစားဖို့၊ (၃) ကျမ်းစာပါ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းကို လိုက်နာဖို့ ဖြစ်တယ်။ (တမန်တော် ၁၅:၂၈၊ ၂၉ ကို ဖတ်ပါ။) ဒီ​ကဏ္ဍ သုံးခုမှာ ဒီနေ့ခေတ် ခရစ်ယာန်တွေ ဘယ်လို ပြတ်ပြတ်သားသား ရပ်တည်​နိုင်သလဲ။

4. Paw liatemou Zahova lukheit kyalya kha ah beih oh? (Byaphy 4:11)

၄ ကျွန်တော်တို့ ရုပ်တု မကိုးကွယ်​ကြ​ဘူး။ ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်​ကြတယ်။ မိမိ​တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်​ဖို့ အစ္စရေး​လူမျိုးကို ဘုရား ပညတ်​ထားတယ်။ (တရား. ၅:၆-၁၀) ဒါ့အပြင် မာရ်နတ် လာ​သွေးဆောင်​တုန်းက ယေဟောဝါကိုပဲ ကိုးကွယ်​ရမယ့်​အကြောင်း ယေရှု ရှင်းရှင်းလင်းလင်း ပြန်ပြောတယ်။ (မ. ၄:၈-၁၀) ဒါကြောင့် ကျွန်တော်တို့ ရုပ်တု မကိုးကွယ်​ကြ​ဘူး။ ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံရေးသမား၊ အားကစား​လောက၊ ဖျော်ဖြေရေး​လောက အကျော်အမော်​တွေ​ကို ဘုရားလို ကိုးကွယ်​လု​မတတ် မဖြစ်ကြဘူး။ ‘အရာခပ်သိမ်း ဖန်ဆင်းရှင်’ ယေဟောဝါဘက်​ပဲ ရပ်တည်ကြတယ်။ ယေဟောဝါကိုပဲ ကိုးကွယ်​ကြတယ်။—ဗျာဒိတ် ၄:၁၁ ကို ဖတ်ပါ။

5. Hingnaw, chii te asekuhte Zahova a kawbya kha pawcce ah zui oh?

၅ အသက်၊ သွေးနဲ့​ပတ်သက်ပြီး ယေဟောဝါရဲ့ ပညတ်ကို ကျွန်တော်တို့ လိုက်နာကြတယ်။ ဘာကြောင့်လဲ။ သွေးဟာ အသက်ကို ကိုယ်စားပြုတယ်၊ ဘုရားပေး အဖိုးတန် လက်ဆောင် ဖြစ်တယ်လို့ ယေဟောဝါ ပြော​ထားလို့​ပဲ။ (ဝတ်. ၁၇:၁၄) လူတွေကို အသား​စားခွင့် စ​ပေး​လိုက်​ချိန်​မှာ သွေး​ကိုတော့ မစားဖို့ မှာတယ်။ (က. ၉:၄) အစ္စရေး​လူမျိုးကို မောရှေ​ပညတ် ပေး​ချိန်​မှာ​လည်း ဒီအချက် ထည့်ထားတယ်။ (ဝတ်. ၁၇:၁၀) ဒါ့အပြင် ခရစ်ယာန်​အားလုံး ‘သွေးကို အမြဲ ရှောင်ကြဉ်’ ဖို့ ပထမရာစု အုပ်ချုပ်ရေး အဖွဲ့ကတစ်ဆင့် ညွှန်ကြားတယ်။ (တ. ၁၅:၂၈၊ ၂၉) ဒါကြောင့် ဆေးကုသမှု ရွေး​တဲ့အခါ ဒီပညတ်ကို ကျွန်တော်တို့ ပြတ်ပြတ်သားသား လိုက်နာကြတယ်။b

6. Zahova kya-e ahangpaw phunglang kha pawtemou ah zui oh?

၆ ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းကို ကျွန်တော်တို့ အတိအကျ လိုက်နာကြတယ်။ (ဟီ. ၁၃:၄) ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို “သေစေ​ကြ​ပါ” လို့ တမန်တော် ပေါလု အကြံပေးတယ်။ မှားယွင်းတဲ့ သွေးသား​ဆန္ဒတွေကို အစွမ်းကုန် ရှင်းထုတ်​ဖို့ ပြောနေတာ။ ဒါကြောင့် လိင်​အကျင့် ယိုယွင်း​မိ​စေနိုင်​တဲ့ ဘာကိုမှ ကျွန်တော်တို့ မကြည့်​ကြ​ဘူး။ မလုပ်ကြဘူး။ (ကော. ၃:၅။ ယောဘ ၃၁:၁) သွေးဆောင်​ခံရတဲ့အခါ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်​နိုင်​တဲ့ အတွေး၊ လုပ်ရပ် မှန်သမျှ ချက်ချင်း ငြင်းကြတယ်။

7. Aening nynh pawmou byapaekuh lang a ccang, pawcce?

၇ ကျွန်တော်တို့ “စိတ်ရော​ကိုယ်​ပါ နာခံ” တတ်​ဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ရော. ၆:၁၇) ဘုရား​ပညတ်တွေကို ဈေးသွားဆစ်လို့ မရဘူး။ ဘုရားရဲ့ လမ်းညွှန်ချက်တွေ​ဟာ အမြဲ ကျွန်တော်တို့ ကောင်းကျိုး​အတွက်ပဲ။ (ဟေရှာ. ၄၈:၁၇၊ ၁၈။ ၁ ကော. ၆:၉၊ ၁၀) ဒါကြောင့် ကျွန်တော်တို့ ဘုရားစိတ်တော်နဲ့ တွေ့ဖို့ ကြိုးစားကြတယ်။ “ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို သက်ဆုံးတိုင် အမြဲ လိုက်နာမယ်​လို့ သန္နိဋ္ဌာန် ချထားပါတယ်” ဆိုတဲ့ ဆာလံ​ကျမ်း​ရေးသူ​လို သဘောထားမျိုး ရှိကြတယ်။ (ဆာ. ၁၁၉:၁၁၂) ဒါပေမဲ့ ကျွန်တော်တို့ သန္နိဋ္ဌာန် လျော့သွားဖို့ စာတန် ကြိုးစားတယ်။ ဘယ်နည်းတွေနဲ့လဲ။

AH BYAPAENAW ARO NAWLANG SETAN NYNH PAWTEMOU A ZUAKU?

8. Ah byapaenaw aro nawlang kiareihnaw kha Setan nynh pawtemou a mang?

၈ နှိပ်စက်ညှဉ်းပန်းမှု။ ကျွန်တော်တို့ သန္နိဋ္ဌာန် လျော့သွားဖို့ အကြမ်းဖက်မှု၊ ဖိအား​တွေ စာတန် သုံးတယ်။ ကျွန်တော်တို့ကို “ဝါးမျို​ဖို့၊” ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီး​ဖို့​ပါ။ (၁ ပေ. ၅:၈) ပထမရာစုတုန်းက ခရစ်ယာန်တွေဟာ အခိုင်အမာ ရပ်တည်မယ်​ဆိုတဲ့ သန္နိဋ္ဌာန်​ကြောင့် ခြိမ်းခြောက်၊ ရိုက်နှက်၊ သတ်ဖြတ်ခံရကြတယ်။ (တ. ၅:၂၇၊ ၂၈၊ ၄၀။ ၇:၅၄-၆၀) နှိပ်စက်ညှဉ်းပန်းမှု​တွေ​ကို ဒီနေ့​အထိ စာတန် သုံး​နေတုန်းပဲ။ ရုရှား​နိုင်ငံ​နဲ့ တခြား​နိုင်ငံတွေက ညီအစ်ကို/မတွေ ရက်ရက်စက်စက် နှိပ်စက်​ညှဉ်းပန်း​ခံနေကြရတာ၊ တစ်နည်း​မဟုတ် တစ်နည်းနဲ့ နှိပ်ကွပ်​ခံနေကြရတာ ကြည့်ရင် သိနိုင်တယ်။

9. Eih a nykuh leipaw nangsenaw hae kha raeringkuh lang ahoo cipaw tousenaw pya tua.

၉ မသိမသာ ဖိအားပေးမှု။ ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းမှု​တွေ​အပြင် “ဉာဏ်နီဉာဏ်နက် များတဲ့ လုပ်ရပ်တွေ” ကိုလည်း စာတန် သုံးတယ်။ (ဧ. ၆:၁၁) ဥပမာ၊ ညီအစ်ကို ရောဘတ်​ဟာ အကြီးစား ခွဲစိတ်မှု ခံယူဖို့ ဆေးရုံ​တက်​ရတယ်။ ဘယ်လို အခြေအနေမှာ​ပဲ ဖြစ်ဖြစ် သွေးမသွင်း​ဘူး​ဆိုတာ ဆရာဝန်တွေကို အသိပေးထားတယ်။ ရောဘတ်​ရဲ့ ဆုံးဖြတ်ချက်ကို ခွဲစိတ် ဆရာဝန် တလေးတစား လက်ခံတယ်။ ဒါပေမဲ့ မခွဲစိတ်ခင်​ည မိသားစုဝင်တွေ အိမ်ပြန်​သွားတုန်း ရောဘတ်​ဆီ မေ့ဆေး ဆရာဝန် ရောက်လာတယ်။ သွေးမသွင်း​ဘူး ဆိုပေမဲ့ လိုလိုမယ်မယ် ဆောင်ထား​မယ့်​အကြောင်း ရောဘတ်​ကို ပြောတယ်။ မိသားစုဝင်တွေ မရှိရင် ရောဘတ် စိတ်ပြောင်း​သွားမယ်လို့ ထင်​နေတာ။ ဒါပေမဲ့ ဘယ်လို အခြေအနေမှာ​ပဲ ဖြစ်ဖြစ် သွေးမသွင်း​ဘူး​လို့ ပြောပြီး ရောဘတ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်။

10. Ccungccaw tuanaw hae tuh pawcce rilang a ung? (1 Korin 3:19, 20)

၁၀ လူ့​အတွေးအခေါ်။ လူ့​အတွေးအခေါ် ဝင်လာ​ရင် ကျွန်တော်တို့ ယေဟောဝါ​ဘုရားနဲ့ ဘုရား​ပညတ်တွေကို လျစ်လျူရှုမိလာနိုင်တယ်။ (၁ ကောရိန္သု ၃:၁၉၊ ၂၀ ကို ဖတ်ပါ။) လူတွေ ဘုရား​စကား နားမထောင်​အောင် “လောကရဲ့ ဉာဏ်ပညာ” က ပရိယာယ်​ဆင် ထောင်​ဖမ်း​တတ်တယ်။ ပေရဂံနဲ့ သွာတိရ အသင်းတော်က ခရစ်ယာန်​တချို့ဟာ လိင်​အကျင့် ယိုယွင်းမှု၊ ရုပ်တု ကိုးကွယ်မှုနဲ့​ပတ်သက်ပြီး ပတ်ဝန်းကျင်​က လူတွေ ဩဇာ​လွှမ်းမိုး​တာ ခံနေကြရတယ်။ လိင်​အကျင့် ယိုယွင်းမှု​ကို သည်းခံ​ထား​ကြ​လို့ အသင်းတော် နှစ်ခုစလုံး​ကို ယေရှု ပြင်းပြင်းထန်ထန် ဆုံးမခဲ့​ရတယ်။ (ဗျာ. ၂:၁၄၊ ၂၀) ဒီနေ့လည်း အတွေးအခေါ်​မှား​တွေ လက်ခံဖို့ ကျွန်တော်တို့ ဖိအားပေး​ခံရနိုင်တယ်။ မိသားစုဝင်တွေ၊ အသိ​တွေ​က ကျွန်တော်တို့​ပဲ တင်းကျပ်လွန်းနေသယောင် ပြော​လာနိုင်တယ်။ ဘုရား​ပညတ်တွေ ချိုးဖောက်ဖို့ ဖိအားပေး​လာနိုင်တယ်။ ကိုယ်ကျင့်တရား စင်ကြယ်​နေလို့လည်း ဘာမှ မထူးဘူး၊ ကျမ်းစာမှာ ပါတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ ခေတ်​နောက်ကျ​သွားပြီ​လို့ ပြော​လာနိုင်တယ်။

11. Tynkaring lang ung zemah pawmou sihaekuh lang?

၁၁ ယေဟောဝါရဲ့ ညွှန်ကြားချက်​တွေ မရှင်းဘူးလို့ ကျွန်တော်တို့ တစ်ခါတလေ တွေးမိနိုင်တယ်။ “ကျမ်းစာမှာ ရေးထားတာ” ကို​တောင် ကျော်ချင်လာနိုင်တယ်။ (၁ ကော. ၄:၆) ယေရှု​ခေတ်က ဘာသာရေး ခေါင်းဆောင်တွေ​ဆိုရင် ပညတ်​တရား​မှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ထပ်​ထည့်​လိုက်လို့ သာမန်​လူတွေ ဝန်ပိ​ကြရတယ်။ (မ. ၂၃:၄) တကယ်တော့ ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ရှင်းလင်းတဲ့ ညွှန်ကြားချက်​တွေ ယေဟောဝါ ပေးနေတာပဲ။ ထပ်​ဖြည့်​စ​ရာ​အကြောင်း ဘာမှ မရှိဘူး။ (ပညာ. ၃:၅-၇) ဒါကြောင့် ကျမ်းစာမှာ ရေးထားတာကို ကျွန်တော်တို့ မ​ကျော်​ကြ​ဘူး။ ကျမ်းစာမှာ ဖော်ပြ​မထားတဲ့ ကိစ္စတွေ​အတွက် ညီအစ်ကို/မတွေကို စည်းမျဉ်းတွေ လိုက်​မ​ထုတ်​ကြ​ဘူး။

12. “Accakaepaw lingkunaw” kha Setan nynh pawtemou a mang?

၁၂ လှည့်ဖြားမှု။ လူတွေ လမ်းလွဲစေဖို့၊ သွေးကွဲ​စေဖို့ “အဓိပ္ပာယ် မဲ့တဲ့ လှည့်ဖြားမှုတွေ၊” “လောကရဲ့ အခြေခံ​တရား​တွေ” ကို စာတန် သုံးတယ်။ (ကော. ၂:၈) “အဓိပ္ပာယ် မဲ့တဲ့ လှည့်ဖြားမှု၊” “လောကရဲ့ အခြေခံ​တရား” လို့ ပြောတဲ့အခါ ပထမရာစုတုန်းက​ဆိုရင် လူ့​အတွေးအခေါ်ကို အခြေခံတဲ့ သွန်သင်ချက်၊ ကျမ်းစာနဲ့ မညီတဲ့ ဂျူး​သွန်သင်ချက်၊ ခရစ်ယာန်တွေ မောရှေ​ပညတ် လိုက်နာရမယ်ဆိုတဲ့ သွန်သင်ချက်တွေ ပါတယ်။ လူတွေကို လှည့်ဖြားတဲ့ သွန်သင်ချက်တွေ​ပါပဲ။ ဉာဏ်ပညာ​ရဲ့ ရင်းမြစ် ယေဟောဝါဆီကနေ အာရုံလွဲသွားစေလို့ပါ။ ဒီနေ့လည်း တစ်ခုခု ဖြစ်ပြီ​ဆိုရင် နိုင်ငံရေးသမားတွေက ဘယ်သူ့ကြောင့်​ပါ​ဆိုပြီး အခြေအမြစ် မရှိတဲ့ ကော​လာ​ဟ​လ၊ သတင်း​မှား​တွေ လွှင့်ကြတယ်။ ဒါတွေကို လူမှုကွန်ယက်၊ မီဒီယာ​မှာ စာတန် ပျံ့နှံ့​စေ​တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ​ကာလအတွင်း အဲဒီလို သတင်းတွေ အများကြီး ထွက်လာတယ်။c ဘုရား​အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို နားထောင်တဲ့ ယေဟောဝါ​သက်သေတွေဟာ သတင်း​မှား နားထောင်သူ​တွေ​လို အစိုးရိမ် မလွန်​ခဲ့​ကြ​ရ​ဘူး။—မ. ၂၄:၄၅။

13. Lungluakuh khyh nawlang pawcce raeringkuh lang?

၁၃ အာရုံပျံ့​စ​ရာ​တွေ။ “ပိုအရေးကြီးတဲ့အရာတွေ” ကနေ ကျွန်တော်တို့ အာရုံမပျံ့ရဘူး။ (ဖိ. ၁:၉၊ ၁၀) စားတာ၊ သောက်တာ၊ အပန်းဖြေတာ၊ အလုပ်လုပ်တာ​လို​မျိုး သာမန် လုပ်နေကျ​အရာတွေ​တောင် ကိုယ့်​ဘဝမှာ အဓိက ဖြစ်​လာပြီ​ဆိုရင် အာရုံပျံ့​သွားနိုင်တယ်။ (လု. ၂၁:၃၄၊ ၃၅) ဒီ​ကြားထဲ ဆန္ဒပြပွဲတွေ၊ နိုင်ငံရေး​ကိစ္စ အငြင်းအခုံ​တွေ နေ့တိုင်း ကြားရ၊ ဖတ်ရတယ်။ အဲဒါတွေကြောင့် အာရုံပျံ့သွားလို့ မဖြစ်​ဘူး။ အာရုံပျံ့သွားရင် စိတ်ထဲ တစ်ဖက်ဖက် ပါ​မိ​သွားမယ်။ အချိန်ကုန်၊ လူ​ပင်ပန်း​တယ်။ ကျွန်တော်တို့ သန္နိဋ္ဌာန် လျော့သွား​စေဖို့ စာတန် ရည်ရွယ်​ထားလို့ ဒီ​နည်း​ငါး​နည်းကို သုံး​နေတယ်။ ဘယ်လို တွန်းလှန်​ပြီး အခိုင်အမာ ရပ်တည်နိုင်မလဲဆိုတာ သုံးသပ်​ကြည့်ကြစို့။

PAWLIATEMOU TYNKARING LANG UNG KHO LANG?

ရုပ်ပုံ– ၁။ ခိုင်ခံ့တဲ့ အုတ်မြစ်ပေါ် ဆောက်နေတဲ့ အထပ်မြင့်တိုက်။ ၂။ ညီအစ်ကိုတစ်ယောက် သွေးကတ် ဖြည့်နေ။ “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ် သင်ခန်းစာ ၃၉ ကို တက်ဘလက်မှာ ဖွင့်ထား။

အခိုင်အမာ ရပ်တည်​နိုင်ဖို့​ဆိုရင် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံရတဲ့ အကြောင်းရင်းကို ပြန်စဉ်းစားပါ။ ကျမ်းစာကို လေ့လာ​တွေးတောပါ။ စိတ်​မယိမ်းယိုင်​ပါ​နဲ့။ ယေဟောဝါကို ယုံကြည်​စိတ်ချပါ (စာပိုဒ် ၁၄-၁၈ ကို ကြည့်ပါ)

14. Zahova kalang tynkaring lang ung nawlang yn bung khopaw akong ccangkheit tuh pawmou?

၁၄ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံရတဲ့ အကြောင်းရင်းကို ပြန်စဉ်းစားပါ။ ယေဟောဝါဘက် ရပ်တည်​ချင်လို့ သင် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံ​ခဲ့​တာ။ အမှန်တရား တွေ့ပြီလို့ ဘယ်လို​လုပ်ပြီး စိတ်ချ​သွား​သလဲ ပြန်စဉ်းစားကြည့်ပါ။ ယေဟောဝါ​ဘုရားအကြောင်း သိအောင် လုပ်တယ်။ ဘုရားကို ဖခင်​တစ်ယောက်လို လေးစား​ချစ်ခင်လာတယ်။ ယုံကြည်ခြင်း ရှိလာတယ်။ အပြစ်တွေ​အတွက် နောင်တ ယူတယ်။ အကျင့်ဆိုးတွေ ဖြတ်​တယ်။ ဘုရား​အလိုတော်နဲ့​အညီ နေထိုင်တယ်။ ကိုယ့်ကို ဘုရား ခွင့်လွှတ်တယ်ဆိုတာ သိလိုက်ရလို့ စိတ်​ပေါ့​သွားတယ်။ (ဆာ. ၃၂:၁၊ ၂) အစည်းအဝေးတွေ တက်တယ်။ တခြားသူတွေကို သိလာတာ​တွေ စ​ပြောပြတယ်။ အခု၊ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးသား ခရစ်ယာန်​အဖြစ် အသက်​လမ်းမှာ လျှောက်နေပြီ။ ဆက်လျှောက်နေဖို့လည်း ဆုံးဖြတ်ထားတယ်။—မ. ၇:၁၃၊ ၁၄။

15. Leihla te tuapaw tuh pawcce athane?

၁၅ ကျမ်းစာကို လေ့လာ​တွေးတောပါ။ သစ်ပင် ကြီးထွားလာ​တာ​နဲ့အမျှ အမြစ်တွေ ပိုနက်လာတယ်။ ပိုပြန့်ကားလာတယ်။ အဲဒီလို နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေတဲ့ သစ်ပင်​ဟာ ခိုင်မာ​တယ်။ ကျွန်တော်တို့လည်း ကျမ်းစာကို လေ့လာ​တွေးတော​တာ​နဲ့အမျှ ယုံကြည်ခြင်း ခိုင်မာလာတယ်။ ဘုရား​နည်းလမ်းတွေ အကောင်းဆုံး​ဆိုတာ ပိုစိတ်ချလာတယ်။ အဲဒီလို ယုံကြည်ခြင်း အမြစ်စွဲနေ​ရင် ကြံ့ကြံ့ခံ ရပ်တည်​နိုင်​ပါလိမ့်မယ်။ (ကော. ၂:၆၊ ၇) ယေဟောဝါရဲ့ ညွှန်ကြားမှု၊ လမ်းပြမှု၊ ကာကွယ်မှု​က ရှေးခေတ် ကျေးကျွန်တွေကို ဘယ်လို ကူညီပေးတယ်ဆိုတာ စဉ်းစားပါ။ ဥပမာ၊ စိတ်အာရုံမှာ မြင်ရတဲ့ ဗိမာန်တော်ကို ကောင်းကင်တမန်​တစ်ပါး အတိအကျ လိုက်​တိုင်းထွာ​တာ ယေဇကျေလ အာရုံစိုက် ကြည့်နေခဲ့တယ်။ အဲဒီ​စိတ်အာရုံကို ယေဇကျေလ အာရုံစိုက်ခဲ့​လို့ အားရှိသွားတယ်။ ကျွန်တော်တို့လည်း အဲဒီ​စိတ်​အာရုံ​အကြောင်း အာရုံစိုက် လေ့လာမယ်ဆိုရင် စင်ကြယ်တဲ့ ဝတ်ပြုရေး​အတွက် ယေဟောဝါရဲ့ စံနှုန်းတွေကို ဘယ်လို လိုက်နာ​နိုင်သလဲ​ဆိုတာ သိလာမယ်။d (ယေဇ. ၄၀:၁-၄။ ၄၃:၁၀-၁၂) ကျမ်းစာမှာ ပါတဲ့ နက်နဲတဲ့ အကြောင်းအရာတွေကို အချိန်ယူ လေ့လာ​တွေးတော​တာ တကယ် အကျိုးရှိတယ်။

16. Thinlung tynpaw nynh Robert kha pawtemou a thungkhaw? (Sam 112:7)

၁၆ စိတ်​မယိမ်းယိုင်​ပါ​နဲ့။ “အို ဘုရားသခင်၊ ကျွန်တော့်​စိတ်ဟာ တည်ကြည်​ခိုင်မြဲ​ပါတယ်” လို့ ဘုရင် ဒါဝိဒ် ဖွဲ့ဆိုတယ်။ ယေဟောဝါကို ချစ်တဲ့ မေတ္တာ ဘယ်တော့မှ မလျော့ဘူးလို့ ပြောနေတာ။ (ဆာ. ၅၇:၇) ကျွန်တော်တို့လည်း စိတ်​မယိမ်းယိုင်ဘဲ ယေဟောဝါကို အပြည့်အဝ ယုံကြည်​ကိုးစားနိုင်တယ်။ (ဆာလံ ၁၁၂:၇ ကို ဖတ်ပါ။) စိတ်​မယိမ်းယိုင်​တာက အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ရောဘတ်​ကို ကာကွယ်ပေးတယ်။ လိုအပ်လာရင် သုံးဖို့ သွေး လိုလိုမယ်မယ် ဆောင်ထား​မယ့်​အကြောင်း ပြောလာတော့ ရောဘတ် ဘာလုပ်သလဲ။ သွေးသွင်းဖို့ ဟန်ပြင်ရုံ ပြင်နေတယ်ဆိုရင်တောင် ချက်ချင်း ဆေးရုံ ဆင်းသွားမယ်လို့ ရောဘတ် ပြောလိုက်တယ်။ “ကျွန်တော် နှစ်ခါ စဉ်းစား​မနေဘူး။ ဘာဆက်​ဖြစ်မလဲ တွေးပူ​မနေဘူး” လို့ နောက်ပိုင်းမှာ ပြောပြတယ်။

ရုပ်ပုံ– ၁။ သဘာဝဘေး သင့်ပြီးနောက် ပတ်ဝန်းကျင်က အဆောက်အအုံတွေ ပြိုကျသွားပေမဲ့ ရှေ့ပုံမှာ ပါတဲ့ အထပ်မြင့်တိုက် ပြိုမကျ။ ၂။ ညနက်မှ ရောက်လာတဲ့ ဆရာဝန်ကို ရှေ့ပုံမှာ ပါတဲ့ ညီအစ်ကို ဆေးရုံ ခုတင်ပေါ် လှဲရင်း စကားပြောနေ။

ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိရင် ဘာအခက်အခဲ​ပဲ ကြုံရပါစေ ကျွန်တော်တို့ ကြံ့ကြံ့ခံ ရပ်တည်​နိုင် (စာပိုဒ် ၁၇ ကို ကြည့်ပါ)

17. Robert kyate pawmou ah ccangkuh kho oh? (Sahkhung kha do.)

၁၇ ဆေးရုံ မတက်ခင်​ကတည်းက ဆုံးဖြတ်ချက် ခိုင်မာအောင် လုပ်ထားလို့ ရောဘတ် စိတ်မယိုင်​တာ။ ပထမ၊ ယေဟောဝါကို စိတ်ရွှင်လန်းစေဖို့ ဆုံးဖြတ်ထားတယ်။ ဒုတိယ၊ အသက်နဲ့ သွေးရဲ့ မြင့်မြတ်​မှု​အကြောင်း ကျမ်းစာနဲ့ ကျမ်းစာ အခြေပြု စာပေတွေမှာ ဖော်ပြထားတာကို သေသေချာချာ လေ့လာ​တယ်။ တတိယ၊ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို လိုက်နာတာ ရေရှည် အကျိုး​ရှိ​မှန်း စိတ်ချအောင် လုပ်တယ်။ ကျွန်တော်တို့လည်း ဘာအခက်အခဲ​ပဲ ကြုံရပါစေ မယိမ်းမယိုင် ရပ်တည်​နိုင်ပါတယ်။

သိသရရဲ့ စစ်တပ်ကို တိုက်ခိုက်ဖို့ ဗာရက်နဲ့ သူ့လူတွေ မိုးထဲလေထဲ တောင်အောက် ချီတက်သွား။ သိသရရဲ့ စစ်မြင်းရထားတွေ နွံနစ်နေ။

သိသရရဲ့ စစ်တပ်​နောက် ဗာရက်​နဲ့ သူ့​လူတွေ သတ္တိရှိရှိ လိုက်နေ​ကြ (စာပိုဒ် ၁၈ ကို ကြည့်ပါ)

18. Zahova kha zynngan nawlang Barak tungnaw nynh pawmou yn ccangpya? (Ccabung sahkhung kha do.)

၁၈ ယေဟောဝါကို ယုံကြည်​စိတ်ချပါ။ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို ယုံကြည်စိတ်ချလို့ ဗာရက် ဘယ်လို အောင်မြင်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ အစ္စရေး တစ်တိုင်းပြည်​လုံး​မှာ ဒိုင်းလွှား​တစ်ခု၊ လှံ​တစ်စင်း​မှ မရှိဘူး။ ဒါပေမဲ့ သိသရ ခေါင်းဆောင်တဲ့ လက်နက် အပြည့်အစုံ​နဲ့ ခါနန် စစ်တပ်​ကို သွားတိုက်ဖို့ ဗာရက်​ကို ယေဟောဝါ ညွှန်ကြားတယ်။ (သူကြီး. ၅:၈) သိသရ​နဲ့ စစ်​မြင်းရထား ၉၀၀ ကို ရင်ဆိုင်ဖို့ တောင်​အောက် ဆင်းသွားပါလို့ ပရောဖက်မ ဒေဗောရ ပြောတယ်။ လွင်ပြင်​မှာ​ဆိုရင် စစ်​မြင်းရထား​တွေ အသာစီး​ရနိုင်တယ်ဆိုတာ သိပေမဲ့ ပြောတဲ့​အတိုင်း ဗာရက် လုပ်တယ်။ ဗာရက်​တို့ တာဗော်​တောင်​ကနေ ဆင်းလာ​တာနဲ့ ယေဟောဝါ မိုး သည်းသည်းထန်ထန် ရွာ​ချစေတယ်။ သိသရရဲ့ စစ်​မြင်းရထား​တွေ ရွှံ့နွံ​နစ်ကုန်လို့ ဗာရက် အောင်ပွဲရသွားတယ်။ (သူကြီး. ၄:၁-၇၊ ၁၀၊ ၁၃-၁၆) ကျွန်တော်တို့လည်း ဘုရားကို​ကော အဖွဲ့အစည်းက​တစ်ဆင့် ဘုရား ပေးတဲ့ ညွှန်ကြားချက်တွေကို​ပါ ယုံကြည်​စိတ်ချမယ်ဆိုရင် အောင်မြင်​ကြပါလိမ့်မယ်။—တရား. ၃၁:၆။

TYNKARING LANG UNG LANG BYA PAEKUH

19. Tynkaring lang pawcce na ung ry?

၁၉ ဒီ​စနစ်​မှာ အသက်ရှင်သရွေ့တော့ ကြံ့ကြံ့ခံ ရပ်တည်​နိုင်ဖို့ တိုက်ပွဲ ဆက်​ဝင်​နေ​ရ​ဦး​မှာ​ပဲ။ (၁ တိ. ၆:၁၁၊ ၁၂။ ၂ ပေ. ၃:၁၇) နှိပ်စက်ညှဉ်းပန်းမှု၊ မသိမသာ ဖိအားပေးမှု၊ လူ့​အတွေးအခေါ်၊ လှည့်ဖြားမှု၊ အာရုံပျံ့​စ​ရာ​တွေ​ကြောင့် ယိမ်းယိုင်​မသွားဖို့ ဆုံးဖြတ်ထားပါ။ (ဧ. ၄:၁၄) အဲဒီအစား ကြံ့ကြံ့ခံ ရပ်တည်ကြရအောင်။ ယေဟောဝါကို ဆက်​ချစ်​သွား​ကြရအောင်။ ဘုရား​ပညတ်တွေ ဆက်​နာခံ​သွား​ကြရအောင်။ ဒါပေမဲ့ ကျွန်တော်တို့ အကျိုးသင့်အကြောင်းသင့် ရှိဖို့လည်း လိုတယ်။ အကျိုးသင့်အကြောင်းသင့် ရှိခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါနဲ့ ယေရှု ဘယ်လို စံနမူနာ ပြ​ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

PAWTEMOU NA PHI CIH?

  • Zahova kawbya hae, phunglang hae te asekuhze paw kong hae kya mou ccae te ccae lang ung kho lang?

  • Tynkaring lang ung lang cikuhpaw ah byapaenaw aro nawlang Setan nynh pawzia hae kha mou a mang?

  • Tynkaring lang ung kho nawlang paw akong ccangpali mou cyi kho lang?

LAW 129 ခံရပ်​နေမယ်

a ဘယ်ဟာ မှန်တယ်၊ မှားတယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်​သင့်​တယ်​ဆိုတဲ့ အတွေးအခေါ်ကို အာဒံ၊ ဧဝ​ခေတ်​ကတည်းက စာတန် ရိုက်သွင်း​ထားတယ်။ ယေဟောဝါ​ဘုရားရဲ့ ပညတ်တွေ၊ ဘုရား​အဖွဲ့အစည်းကနေ လာတဲ့ ညွှန်ကြားချက်​တွေ​နဲ့​ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ကို အဲဒီလိုပဲ သဘောထားစေချင်တယ်။ စာတန့်လောက,က လူတွေလို ကိုယ်​လုပ်ချင်​တာ ကိုယ်​လုပ်မယ်​ဆိုတဲ့ သဘောထားမျိုး ဝင်​မ​လာဖို့၊ ယေဟောဝါကို အမြဲ နာခံ​မယ်​ဆိုတဲ့ သန္နိဋ္ဌာန် ခိုင်မာ​နေဖို့ ဒီဆောင်းပါး​က ကူညီပေးပါမယ်။

b သွေးနဲ့ပတ်သက်တဲ့ ဘုရား​အမြင်ကို လေးစားကြောင်း ခရစ်ယာန်တွေ ပြနိုင်ပုံ​ကို ထပ်သိချင်ရင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၃၉ မှာ ကြည့်ပါ။

c “သတင်း​မှား​တွေ​ရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ပုံ” ဆောင်းပါးကို jw.org မှာ ကြည့်ပါ။

d အသေးစိတ် သိချင်ရင် ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ပြီ စာအုပ် အခန်း ၁၃ နဲ့ ၁၄ ကို ကြည့်ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share