HOKU LANGPAW ABALU 34
Baebu hotypaw Bya Hae Kyate Ccangkuh
“Mihaw hae tuh a thaethya cih hae.”—DAN. 12:10.
LAW 98 စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးတဲ့ ကျမ်းစာ
အကြိုသုံးသပ်ချက်a
1. Baebu hotypaw bya hae leihla ry nawlang pawnynhmou yn bung kho?
“ကျမ်းစာ ကြိုဟောချက်တွေ လေ့လာရတာ ကြိုက်တယ်” လို့ ရှေ့ဆောင်းပါးမှာ ပါတဲ့ ညီအစ်ကိုလေး ဘန် ပြောတယ်။ သင်ကော ကြိုက်သလား။ နားလည်ဖို့ ခက်တယ်ဆိုပြီး ခပ်လန့်လန့် ဖြစ်နေသလား။ ငြီးငွေ့စရာ ကောင်းတယ်လို့ ခံစားရသလား။ ကျမ်းစာမှာ ကြိုဟောချက်တွေ ယေဟောဝါဘုရား ဘာကြောင့် မှတ်တမ်းတင်စေတယ်ဆိုတာ သိရင် သင် နှစ်သက်တတ်လာမယ်။
2. E abalu kya pawkongmou hokuh lang oh?
၂ ကျမ်းစာ ကြိုဟောချက်တွေ ဘာကြောင့် လေ့လာသင့်သလဲ၊ ဘယ်လို လေ့လာနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ကြိုဟောချက်တွေ နားလည်ရင် လောလောဆယ် ဘာအကျိုးရမလဲဆိုတာ သိဖို့ ဒံယေလကျမ်းထဲက ကြိုဟောချက် နှစ်ခုကိုလည်း ဆန်းစစ်သွားပါမယ်။
BAEBU HOTYPAW BYA HAE PAWCCE LEIHLA LANG ACCANG?
3. Baebu hotypaw bya hae thaethya lang pawmou cyi lang?
၃ ကိုယ် သိပ်မကျွမ်းတဲ့ နေရာ သွားလည်တယ်လို့ မြင်ယောင်ကြည့်ပါ။ ဒါပေမဲ့ ကိုယ်နဲ့ လိုက်လာတဲ့ သူငယ်ချင်းက အဲဒီနေရာ ကျွမ်းတယ်။ ဘယ်ရောက်နေသလဲ၊ ဘယ်လမ်းက ဘယ်ပေါက်သလဲ သိတယ်။ အတူတူ လိုက်လာလို့ သူ့ကို သင် သိပ်ကျေးဇူးတင်မှာပဲ။ ဒီလိုပဲ ခေတ်ရေစီးကြောင်းရဲ့ ဘယ်နေရာမှာ ကျွန်တော်တို့ ရောက်နေသလဲ၊ ရှေ့မှာ ဘာရှိသလဲ ယေဟောဝါ သိတယ်။ ဒါကြောင့် ကျမ်းစာ ကြိုဟောချက်တွေ နားလည်ဖို့ ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းရမယ်။—ဒံ. ၂:၂၈။ ၂ ပေ. ၁:၁၉၊ ၂၀။
ကျမ်းစာ ကြိုဟောချက်တွေ လေ့လာတာက အနာဂတ် ဖြစ်ရပ်တွေအတွက် ကြိုတင်ပြင်ဆင်ဖို့ ကူညီပေးနိုင် (စာပိုဒ် ၄ ကို ကြည့်ပါ)
4. Baeby kya hotypaw bya hae kha Zahova nynh pawcce a zeisah hae? (Jeremiah 29:11) (Sahkhung kha do.)
၄ ယေဟောဝါဟာ မိဘကောင်းတစ်ယောက်နဲ့ တူတယ်။ သားသမီးတွေကို ပျော်စရာ အနာဂတ် ပိုင်ဆိုင်စေချင်တယ်။ (ယေရမိ ၂၉:၁၁ ကို ဖတ်ပါ။) လူသားမိဘတွေနဲ့ မတူတာကတော့ အနာဂတ်အကြောင်း မြေကြီးလက်ခတ် မလွဲ ကြိုပြောနိုင်တာပဲ။ ဒါကြောင့် အရေးကြီး ဖြစ်ရပ်တွေ ဖြစ်မလာခင် ကျွန်တော်တို့ သိနေအောင် ကျမ်းစာမှာ ကြိုဟောချက်တွေ မှတ်တမ်းတင်ထားစေတာ။ (ဟေရှာ. ၄၆:၁၀) ကျမ်းစာ ကြိုဟောချက်တွေဟာ ကောင်းကင်ဘုံစံ ဖခင်ဆီက မေတ္တာလက်ဆောင်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာ ကြိုဟောချက်တွေ တကယ် ပြည့်စုံလာမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။
5. Max tungboinaw kyate ngawphue hae pawmou a ccangkuh kho hae?
၅ ခရစ်ယာန် လူငယ်တွေဟာ ကျမ်းစာကို သိပ်မလေးမြတ်သူ၊ လုံးဝ မလေးမြတ်သူတွေနဲ့ ကျောင်းမှာ ဆုံကြရတယ်။ တစ်ခါတလေ အတန်းဖော်တွေရဲ့ အပြောအဆို၊ လုပ်ရပ်တွေကြောင့် ကိုယ့်ယုံကြည်ချက်နဲ့ပတ်သက်ပြီး သံသယ ဝင်လာတတ်ကြတယ်။ မက်စ်လို့ ခေါ်တဲ့ ညီအစ်ကိုလေးအကြောင်း စဉ်းစားကြည့်ပါ။ “မိဘတွေ သင်ပေးနေတဲ့ ဘာသာတရားဟာ စစ်မှန်တဲ့ ဘာသာတရား ဟုတ်ရဲ့လား၊ ကျမ်းစာဟာ တကယ်ပဲ ဘုရားဆီက လာတာ ဟုတ်ရဲ့လားလို့ ဆယ်ကျော်သက်အရွယ်မှာ သံသယ စဝင်လာတယ်” လို့ ပြောတယ်။ မက်စ်ရဲ့ မိဘတွေ ဘယ်လို တုံ့ပြန်သလဲ။ “စိတ်ပူသွားကြပေမဲ့ တည်တည်ငြိမ်ငြိမ် တုံ့ပြန်ကြတယ်” လို့ မက်စ် ပြောတယ်။ မေးခွန်းတွေကို ကျမ်းစာကနေ ဖြေပေးကြတယ်။ “ကျွန်တော်ကိုယ်တိုင်လည်း ကျမ်းစာ ကြိုဟောချက်တွေ လေ့လာတယ်။ လေ့လာထားတာတွေကို အသင်းတော်က လူငယ်တွေနဲ့ ဆွေးနွေးတယ်” လို့ ပြောတယ်။ ဘာရလဒ် ရသလဲ။ “ကျမ်းစာဟာ ဘုရားဆီက လာတာ ဖြစ်မှန်း စိတ်ချသွားတယ်” လို့ ပြောတယ်။
6. Zynngannaw a ung khyhze pawcyi langmou ahoo, pawcce?
၆ ကျမ်းစာမှာ ပြောတာတွေ မှန်ရဲ့လားလို့ မက်စ်လိုပဲ သံသယ စဝင်လာပြီဆိုရင် အပြစ်ရှိတယ်လို့ မခံစားပါနဲ့။ ဒါပေမဲ့ တစ်ခုခုတော့ လုပ်ရမယ်။ သံသယဟာ သံချေးနဲ့ တူတယ်။ ဒီအတိုင်း ထားလိုက်ရင် တန်ဖိုးရှိတာတွေ တဖြည်းဖြည်း သံချေး စားသွားမယ်။ ဒါကြောင့် သင့်ယုံကြည်ခြင်းကို တိုက်စားသွားနိုင်တဲ့ သံသယတွေ ဖယ်ပစ်နိုင်ဖို့ ‘အနာဂတ်အကြောင်း ကျမ်းစာအဆိုကို ငါ ယုံသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ယုံမယုံ မသဲကွဲဘူးဆိုရင် ပြည့်စုံပြီးသား ကျမ်းစာ ကြိုဟောချက်တွေ လေ့လာပါ။ ဘယ်လို လေ့လာနိုင်သလဲ။
BAEBU HOTYPAW BYA HAE PAWTEMOU LEIHLA KHO LANG
ယေဟောဝါကို ဒံယေလ ယုံသလို ယုံဖို့ ကျမ်းစာ ကြိုဟောချက် တွေကို သဘောထားမှန်နဲ့ နှိမ့်ချမှု ရှိရှိ၊ နှံ့နှံ့စပ်စပ် လေ့လာရမယ် (စာပိုဒ် ၇ ကို ကြည့်ပါ)
7. Baebu hotypaw bya hae leihlanaw kya Daniel tuh pawtemou dosuinkuh lang ahoy? (Daniel 12:10) (Sahkhung kha do.)
၇ ကျမ်းစာ ကြိုဟောချက်တွေ လေ့လာရာမှာ ဒံယေလဟာ စံနမူနာကောင်းပါပဲ။ အမှန်တရား သိဖို့ဆိုတဲ့ သဘောထားမှန်နဲ့ လေ့လာတယ်။ နှိမ့်ချမှုလည်း ရှိတယ်။ ဘုရားကို သိကျွမ်းသူ၊ ဘုရားရဲ့ သန့်ရှင်းတဲ့ စံနှုန်းတွေအတိုင်း နေသူကို ကြိုဟောချက်တွေ နားလည်ဖို့ ဘုရား ကူညီပေးမယ်ဆိုတာ ဒံယေလ သိတယ်။ (ဒံ. ၂:၂၇၊ ၂၈။ ဒံယေလ ၁၂:၁၀ ကို ဖတ်ပါ။) အကူအညီ ရဖို့ ယေဟောဝါကို အားကိုးခြင်းအားဖြင့် နှိမ့်ချမှု ရှိကြောင်း ပြတယ်။ (ဒံ. ၂:၁၈) ဒါ့အပြင် နှံ့နှံ့စပ်စပ် လေ့လာတယ်။ သူ့ခေတ်သူ့အခါမှာ ရနိုင်တဲ့ ကျမ်းစောင်တွေကနေ ရှာဖွေလေ့လာတယ်။ (ယေ. ၂၅:၁၁၊ ၁၂။ ဒံ. ၉:၂) ဒံယေလကို ဘယ်လို အတုယူနိုင်သလဲ။
8. Baebu hotypaw bya hae a ccing cipaw ccungccaw abang nynh pawcce leh a khan khyh hae, aening nynh pawmou cyi lang accang?
၈ ကိုယ့်သဘောထားကို ဆန်းစစ်ပါ။ ကျမ်းစာ ကြိုဟောချက်တွေ သင် ဘာကြောင့် လေ့လာသလဲ။ အမှန်တရား တကယ် သိချင်လို့လား။ ဒါဆိုရင် ယေဟောဝါ ကူညီပေးလိမ့်မယ်။ (ယော. ၄:၂၃၊ ၂၄။ ၁၄:၁၆၊ ၁၇) တချို့ကျတော့ ဘယ်လို သဘောထားနဲ့ လေ့လာကြသလဲ။ ကျမ်းစာဟာ ဘုရားဆီက လာတာ မဟုတ်ဘူးဆိုပြီး ထောက်ပြချင်လို့ လေ့လာကြတာ။ ကျမ်းစာဟာ ဘုရားဆီက လာတာ မဟုတ်ဘူးဆိုမှ အမှားအမှန် သူတို့ဘာသာ စိတ်ကြိုက် ဆုံးဖြတ်နိုင်ကြမှာကိုး။ ကျွန်တော်တို့ကတော့ သဘောထားမှန် ရှိရမယ်။ ကျမ်းစာ ကြိုဟောချက်တွေ နားလည်ဖို့ လိုအပ်တဲ့ အရေးကြီး အရည်အသွေးတစ်ခု ရှိသေးတယ်။
9. Baebu hotypaw bya hae thaethya nawlang paw ziazae mou ahoo? Ccaesah tua.
၉ နှိမ့်ချမှု ရှိပါ။ နှိမ့်ချသူတွေကို ကူညီမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ယာ. ၄:၆) ဒါကြောင့် ကျမ်းစာ ကြိုဟောချက်တွေ နားလည်ဖို့ ဘုရားဆီ အကူအညီ တောင်းရမယ်။ အချိန်တန်အစာ ဝေပေးဖို့ ဘုရား သုံးနေတဲ့ သစ္စာရှိကျွန်ရဲ့ အကူအညီကိုလည်း လက်ခံရမယ်။ (လု. ၁၂:၄၂) ယေဟောဝါဟာ စည်းစနစ် ရှိတဲ့ ဘုရား ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာ အမှန်တရားတွေ ကျွန်တော်တို့ နားလည်အောင် လမ်းကြောင်း တစ်ခုတည်းကိုပဲ သုံးမှာ။—၁ ကော. ၁၄:၃၃။ ဧ. ၄:၄-၆။
10. Esther kyate pawmou ccangkuh kho lang?
၁၀ နှံ့နှံ့စပ်စပ် လေ့လာပါ။ ကိုယ် စိတ်ဝင်စားတဲ့ ကြိုဟောချက်တစ်ခု ရွေးပြီး ရှာဖွေလေ့လာပါ။ ရှေ့ဆောင်းပါးမှာ ပါတဲ့ ညီအစ်မ အက်စတာ အဲဒီလို လေ့လာတယ်။ မေရှိယနဲ့ ဆိုင်တဲ့ ကြိုဟောချက်တွေကို အက်စတာ စိတ်ဝင်စားတယ်။ “ဒီကြိုဟောချက်တွေကို ယေရှု မမွေးခင် မှတ်တမ်းတင်ခဲ့ပါတယ်ဆိုတဲ့ အထောက်အထားတွေ ကျွန်မ ၁၅ နှစ် အရွယ်မှာ စရှာတယ်” လို့ ပြောတယ်။ ပင်လယ်သေ ကျမ်းလိပ်တွေအကြောင်း ဖတ်မိပြီး အက်စတာ စိတ်ချသွားတယ်။ “ကျမ်းလိပ်တချို့ဟာ ခရစ်တော် မမွေးခင်က ကျမ်းလိပ်တွေ။ ဒါကြောင့် ကျမ်းလိပ်မှာ ပါတဲ့ ကြိုဟောချက်တွေဟာ ဘုရားဆီကပဲ ဖြစ်ရမယ်” လို့ ပြောတယ်။ “ကြိုဟောချက်တွေ နားလည်ဖို့ အခေါက်ခေါက် အခါခါ ဖတ်ရတယ်” လို့လည်း ဝန်ခံတယ်။ ဒါပေမဲ့ ဖတ်ရကျိုး နပ်တယ်ဆိုပြီး ဝမ်းသာနေတယ်။ ကျမ်းစာ ကြိုဟောချက် တော်တော်များများ လေ့လာပြီးနောက်မှာတော့ “ကျမ်းစာမှာ ပါတာတွေ တကယ် မှန်တယ်ဆိုတာ စိတ်ချသွားပြီ” လို့ ပြောတယ်။
11. Baebu tuh ame cipaw maw nynh zynngan kho nawlang pawcce cyi ahoo?
၁၁ ကျမ်းစာ ကြိုဟောချက်တချို့ ဘယ်လို ပြည့်စုံလာတယ်ဆိုတာ သိတဲ့အခါ ယေဟောဝါဘုရားနဲ့ ဘုရားညွှန်ကြားချက်တွေကို အကြွင်းမဲ့ ယုံလာမယ်။ လောလောဆယ် ဘာအခက်အခဲပဲ ကြုံရပါစေ အနာဂတ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက် တောက်ပနေမယ်။ လက်ရှိအချိန်မှာ ပြည့်စုံနေတဲ့ ဒံယေလ မှတ်တမ်းတင်ခဲ့တဲ့ ကြိုဟောချက် နှစ်ခုကို သုံးသပ်ကြည့်ကြစို့။ အဲဒီကြိုဟောချက်တွေကို နားလည်တာက ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ ကူညီပေးနိုင်တယ်။
SIVAW TE ANGLAE APYKUHPAW CCU TE CCUDUNG
12. “Sivaw te anglae apykuhpaw” ccu te ccudung tuh pawmou a ho ry? (Daniel 2:41-43)
၁၂ ဒံယေလ ၂:၄၁-၄၃ ကို ဖတ်ပါ။ ဘုရင် နေဗုခဒ်နေဇာ အိပ်မက်ထဲက ရုပ်တုကြီးရဲ့ ခြေဖဝါးနဲ့ ခြေဖမိုးဟာ “သံနဲ့ ရွှံ့စေး ရောနေ” တယ်။ ဒံယေလကျမ်း၊ ဗျာဒိတ်ကျမ်းထဲက တခြားကြိုဟောချက်တွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ခြေဖဝါးနဲ့ ခြေဖမိုးဟာ ဒီနေ့ခေတ် ဩဇာအရှိဆုံး အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို ကိုယ်စားပြုမှန်း သိရတယ်။ “အဲဒီနိုင်ငံဟာ ခိုင်မာခြင်းတစ်ဝက်၊ ကျိုးပဲ့လွယ်ခြင်းတစ်ဝက် ရောနှောနေမယ်” လို့ ဒံယေလ ပြောတယ်။ ဘာကြောင့် ကျိုးပဲ့လွယ်ခြင်းတစ်ဝက် ရောနေသလဲ။ ရွှံ့စေးနဲ့ ခိုင်းနှိုင်းထားတဲ့ သာမန်ပြည်သူတွေကြောင့် သံနဲ့ တူတဲ့ အာဏာကို သုံးချင်သလောက် သုံးလို့ မရလို့ပဲ။b
13. E hotypaw bya hae kyate paw azicipaw akong hae mou a nykuh?
၁၃ ရုပ်တုကြီး၊ အထူးသဖြင့် ခြေဖဝါး၊ ခြေဖမိုးနဲ့ပတ်သက်ပြီး ဒံယေလ အနက်ဖွင့်ပြတာကနေ အရေးကြီး အချက်တွေ သိရတယ်။ ပထမ၊ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ မိမိ အင်အားကြီးကြောင်း သက်သေထူခဲ့ပြီ။ ဥပမာ၊ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် အနိုင်ရ နိုင်ငံတွေထဲမှာ အမေရိကန်နဲ့ ဗြိတိန် ပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေက အချင်းချင်း တိုက်လိုက်၊ အစိုးရကို တိုက်လိုက်နဲ့မို့ ဒီကမ္ဘာ့အာဏာစက်ဟာ အားပျော့နေတယ်။ ဒီထက်လည်း အားပျော့လာဦးမယ်။ ဒုတိယ၊ လူ့အစိုးရအားလုံးကို ဘုရားနိုင်ငံတော် မဖျက်ဆီးခင်အထိ အာဏာရနေမယ့် နောက်ဆုံး ကမ္ဘာ့အာဏာစက်ဟာ အင်္ဂလိပ်-အမေရိကန် ဖြစ်တယ်။ တစ်ခါတလေ တခြားနိုင်ငံတွေ လာလာယှဉ်ပေမဲ့ နေရာလုနိုင်ကြမှာတော့ မဟုတ်ဘူး။ အင်္ဂလိပ်-အမေရိကန် မဟာမိတ်ကို ကိုယ်စားပြုတဲ့ ရုပ်တု ခြေထောက်အပိုင်းကို တိုက်ခိုက်ခြေမွှပစ်မှာဟာ ဘုရားနိုင်ငံတော်ကို ကိုယ်စားပြုတဲ့ “ကျောက်တုံး” ဖြစ်လို့ပဲ။—ဒံ. ၂:၃၄၊ ၃၅၊ ၄၄၊ ၄၅။
14. Sivaw te anglae apykuhpaw ccu te ccudung kong hotypaw bya thaethyanaw nynh hawnawte byapae lang pawtemou yn bung kho?
၁၄ သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေဖဝါး၊ ခြေဖမိုးအကြောင်း ဒံယေလ ကြိုဟောချက် မှန်တယ်လို့ သင် ယုံသလား။ ယုံတယ်ဆိုရင် အသက်ရှင်နေထိုင်ပုံအားဖြင့် သက်သေပြမှာ ဖြစ်တယ်။ မကြာခင် တိုက်ခိုက်ခြေမွှခံရတော့မယ့် လောကမှာ ပစ္စည်းဥစ္စာတွေ အသည်းအသန် ရှာနေမှာ မဟုတ်ဘူး။ (လု. ၁၂:၁၆-၂၁။ ၁ ယော. ၂:၁၅-၁၇) ဟောပြောသွန်သင်ခြင်း လုပ်ငန်း ဘယ်လောက် အရေးကြီးကြောင်း သဘောပေါက်မှာ ဖြစ်တယ်။ (မ. ၆:၃၃။ ၂၈:၁၈-၂၀) ဒီကြိုဟောချက်ကို လေ့လာပြီးနောက် ‘လူ့အစိုးရအားလုံးကို မကြာခင် ဘုရားနိုင်ငံတော် ဖျက်ဆီးပစ်မယ်ဆိုတာ ယုံမှန်း ငါ့ဆုံးဖြတ်ချက်တွေက ပြနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။
“THAHLANG SIAPHARAN” TE “ALIA SIAPHARAN”
15. Atu she “thahlang siapharan” te “alia siapharan” tuh a hunghaemou? (Daniel 11:40)
၁၅ ဒံယေလ ၁၁:၄၀ ကို ဖတ်ပါ။ ကမ္ဘာ့ အင်အား အကြီးဆုံး ဖြစ်ဖို့ အပြန်အလှန် တွန်းထိုးနေကြတဲ့ ဘုရင် နှစ်ပါး ဒါမှမဟုတ် နိုင်ငံရေး အင်အားစု နှစ်ခုအကြောင်း ဒံယေလ အခန်းကြီး ၁၁ မှာ ဖော်ပြထားတယ်။ ကျမ်းစာထဲက တခြားကြိုဟောချက်တွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ “မြောက်ဘုရင်” ဟာ ရုရှားနဲ့ မဟာမိတ်တွေ ဖြစ်မှန်း၊ “တောင်ဘုရင်” ဟာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်မှန်း သိရတယ်။c
ဘုရားလူမျိုးကို “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” ဆန့်ကျင်နေတာဟာ ကျမ်းစာ ကြိုဟောချက် ပြည့်စုံတာ ဖြစ်မှန်း သဘောပေါက်ရင် ယုံကြည်ခြင်း ပိုခိုင်ခံ့လာနိုင်တယ်၊ စိုးရိမ်စိတ် လျော့နိုင်တယ် (စာပိုဒ် ၁၆-၁၈ ကို ကြည့်ပါ)
16. “Thahlang siapharan” uhnaw lungkhu-e Pachia minphuin hae paw ruunaw mou a tung hae?
၁၆ ပိုင်နက်ထဲက ဘုရားလူမျိုးကို “မြောက်ဘုရင်” ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းတယ်။ ယုံကြည်ချက်ကြောင့် တချို့ကို ရိုက်နှက်တယ်။ ထောင်ချတယ်။ ဒါပေမဲ့ “မြောက်ဘုရင်” ဒီလို နှိပ်စက်လို့ ညီအစ်ကိုတွေ ကြောက်မသွားတဲ့အပြင် ယုံကြည်ခြင်း ပိုခိုင်ခံ့လာကြတယ်။ ဘာကြောင့်လဲ။ ဘုရားလူမျိုး နှိပ်စက်ညှဉ်းပန်းခံရတာဟာ ဒံယေလ ကြိုဟောချက် ပြည့်စုံတာ ဖြစ်မှန်း သိကြလို့ပဲ။d (ဒံ. ၁၁:၄၁) ဒီအချက်ကို သဘောပေါက်တာက ကျွန်တော်တို့ကိုလည်း မျှော်လင့်ချက် ရှင်သန်စေနိုင်တယ်။ ဘုရားအပေါ် သစ္စာရှိဖို့ ကူညီပေးနိုင်တယ်။
17. “Alia siapharan” uhnaw lungkhu-e Pachia minphuin hae paw ruunaw mou a tung hae?
၁၇ “တောင်ဘုရင်” လည်း ပိုင်နက်ထဲက ဘုရားလူမျိုးကို ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ ဥပမာ၊ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း ခရစ်ယာန် ကြားနေမှုကြောင့် ညီအစ်ကို တော်တော်များများ ထောင်ချခံရတယ်။ သက်သေခံ ကလေးတချို့ ကျောင်းထုတ်ခံရတယ်။ ဒါပေမဲ့ မကြာသေးခင် နှစ်တွေအတွင်း ခရစ်ယာန် သစ္စာစောင့်သိမှု မသိမသာ နည်းပြောင်းပြီး စမ်းသပ်ခံလာရတယ်။ ဥပမာ၊ ခရစ်ယာန်တွေဟာ ရွေးကောက်ပွဲ ကာလမှာ နိုင်ငံရေး ပါတီတစ်ခု၊ နိုင်ငံရေးသမားတစ်ယောက်ကို ထောက်ခံချင်စိတ် ပေါ်လာနိုင်တယ်။ မဲမထည့်ပေမဲ့ ဘယ်သူ မဲနိုင်ရင် ကောင်းမယ်ဆိုပြီး တွေးမိနိုင်တယ်။ ဒါပေမဲ့ လုံးဝ ကြားနေပါတယ်ဆိုတာ လုပ်ရပ်နဲ့ပဲ ပြရမှာ မဟုတ်ဘူး။ အတွေးအခေါ်ကအစ နိုင်ငံရေးနဲ့ ကင်းရှင်းနေရမှာ။—ယော. ၁၅:၁၈၊ ၁၉။ ၁၈:၃၆။
18. “Thahlang siapharan” te “alia siapharan” adoukuhnaw hae kha pawtemou ah liaru oh? (Sahkhung kha do.)
၁၈ ကျမ်းစာ ကြိုဟောချက်တွေကို အယုံအကြည် မရှိသူတွေဟာ “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” “တွန်းထိုး” တာ မြင်တဲ့အခါ ရင်တမမ ဖြစ်လာနိုင်တယ်။ (ဒံ. ၁၁:၄၀) တစ်ကမ္ဘာလုံး ပြာကျသွားစေနိုင်တဲ့ နျူကလီးယား လက်နက်တွေ နှစ်ဖက်စလုံးမှာ ရှိနေလို့ပဲ။ ဒါပေမဲ့ ကမ္ဘာကြီး ပျက်စီးသွားမှာကို ယေဟောဝါ ခွင့်ပြုမှာ မဟုတ်မှန်း ကျွန်တော်တို့ သိကြတယ်။ (ဟေရှာ. ၄၅:၁၈) ဒါကြောင့် “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” “တွန်းထိုး” တာ မြင်တဲ့အခါ အနာဂတ်ကို တွေးပြီး စိတ်ပူနေမယ့်အစား ယုံကြည်ခြင်း ခိုင်ခံ့လာကြတယ်။ ဒီစနစ် အဆုံး နီးပြီဆိုတာ ဖော်ပြနေလို့ပဲ။
HOTYPAW BYA HAE KHA POU PEKI
19. Baebu hotypaw bya hae te asekuhte pawmou ny lang accang?
၁၉ ကျမ်းစာ ကြိုဟောချက်တချို့ ဘယ်လို ပြည့်စုံလာမယ်ဆိုတာ ကျွန်တော်တို့ မသိကြဘူး။ ပရောဖက် ဒံယေလတောင် သူ မှတ်တမ်းတင်ခဲ့သမျှ အဓိပ္ပာယ် နားမလည်ခဲ့ဘူး။ (ဒံ. ၁၂:၈၊ ၉) ဒါပေမဲ့ ကြိုဟောချက် ဘယ်လို ပြည့်စုံလာမယ်ဆိုတာ အတိအကျ မသိတာနဲ့ပဲ ပြည့်စုံလာမှာ မဟုတ်ပါဘူးလို့ ပြောလို့ မရဘူး။ ကျွန်တော်တို့ သိဖို့ လိုတာကို သိဖို့ လိုတဲ့ အချိန် အတိအကျမှာ ယေဟောဝါ ဖွင့်ပြမယ်ဆိုတာ စိတ်ချနိုင်တယ်။ အတိတ်တုန်းကလည်း အဲဒီလို အမြဲ ဖွင့်ပြခဲ့လို့ပဲ။—အာ. ၃:၇။
20. Lungtho lang ungpaw paw Baebu hotypaw hae mou aromaw yn ccing cih, aening nynh pawmou pou cyi lang accang?
၂၀ မကြာခင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံတွေ ကြေညာကြမယ်။ (၁ သက်. ၅:၃) မှားယွင်းတဲ့ ဘာသာရေးကို ကမ္ဘာ့နိုင်ငံရေး အင်အားစုတွေ တိုက်ခိုက်ဖျက်ဆီးကြမယ်။ (ဗျာ. ၁၇:၁၆၊ ၁၇) အဲဒီနောက် ဘုရားလူမျိုးကို တိုက်ခိုက်ကြမယ်။ (ယေဇ. ၃၈:၁၈၊ ၁၉) ဒီလိုနဲ့ နောက်ဆုံး စစ်ပွဲ အာမဂေဒုန် စလာမယ်။ (ဗျာ. ၁၆:၁၄၊ ၁၆) ဒီဖြစ်ရပ်တွေ မကြာခင် ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ဒီအတောအတွင်းတော့ ကျမ်းစာ ကြိုဟောချက်တွေကို အာရုံစိုက်ခြင်း၊ တခြားသူတွေလည်း အာရုံစိုက်နိုင်အောင် ကူညီပေးခြင်းအားဖြင့် ကောင်းကင်ဘုံစံ မေတ္တာရှင် အဖကို ကျေးဇူးတင်ကြောင်း ဆက်ပြကြရအောင်။
LAW 95 လင်းသည်ထက်လင်းလာ
a ကမ္ဘာ့အခြေအနေ ဘယ်လောက်ပဲ ဆိုးလာပါစေ မကြာခင် အခြေအနေတွေ ပြန်ကောင်းလာမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ကျမ်းစာ ကြိုဟောချက်တွေကြောင့် ဒီလို စိတ်ချကြတာ။ ကျမ်းစာ ကြိုဟောချက်တွေ လေ့လာသင့်တဲ့ အကြောင်းရင်း၊ ဒံယေလ မှတ်တမ်းတင်ခဲ့တဲ့ ကြိုဟောချက် နှစ်ခု၊ ကြိုဟောချက်တွေ နားလည်ရင် ရမယ့် အကျိုးကျေးဇူးတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
b ၂၀၁၂၊ ဇွန် ၁၅ ကင်းမျှော်စင် “‘မကြာမီဖြစ်ပျက်ရမည့်’ အရာများကို ယေဟောဝါ ဖော်ပြ” ဆောင်းပါး၊ ပိုဒ်. ၇-၉ ကို ကြည့်ပါ။
c ၂၀၂၀၊ မေ ကင်းမျှော်စင် “ဒီနေ့ခေတ်မှာ ‘မြောက်ဘုရင်’ ဘယ်သူလဲ” ဆောင်းပါး၊ ပိုဒ်. ၃-၄ ကို ကြည့်ပါ။
d ၂၀၂၀၊ မေ ကင်းမျှော်စင် “ဒီနေ့ခေတ်မှာ ‘မြောက်ဘုရင်’ ဘယ်သူလဲ” ဆောင်းပါး၊ ပိုဒ်. ၇-၉ ကို ကြည့်ပါ။