HOKU LANGPAW ABALU 39
Lungnenaw Kha Na Thawzung Lang Tangsah
“Bawipaw rya a lahtu tuh ming hae ryte pekuh hahe lan khyh hae, ccungccaw miakaw kya thawccinaw a hoi cih.”—2 TI. 2:24.
LAW 120 ခရစ်တော်ရဲ့ နူးညံ့မှုကို တုပကြ
အကြိုသုံးသပ်ချက်a
1. Ryalaw kya, siainn kya pawmou yn khia kho hae?
ယုံကြည်ချက်အကြောင်း အလုပ်ဖော်၊ အတန်းဖော် မေးလာတဲ့အခါ ဘယ်လို ခံစားရသလဲ။ စိုးရိမ်သလား။ အများစု စိုးရိမ်ကြတယ်။ ဒါပေမဲ့ မေးခွန်းကနေ သူ့အမြင်၊ ယုံကြည်ချက်အကြောင်း တစ်စွန်းတစ်စ သိရတတ်လို့ သက်သေခံရ ပိုလွယ်သွားနိုင်တယ်။ ငြင်းချင်လို့ မေးခွန်း မေးသူတွေလည်း ရှိနိုင်တယ်။ မအံ့ဩသင့်ပါဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့ယုံကြည်ချက်အကြောင်း တချို့ တလွဲ ကြားထားကြတယ်။ (တ. ၂၈:၂၂) ဒါ့အပြင် ကျွန်တော်တို့ အသက်ရှင်နေရတာကိုက “ညှိနှိုင်းလို့ မရသူ၊” “ကြမ်းကြုတ်သူ” တွေ ပေါတဲ့ “နောက်ဆုံးကာလ” ဖြစ်နေတယ်။—၂ တိ. ၃:၁၊ ၃။
2. Lungnenaw tuh pawcce thanenaw a ung?
၂ ‘ယုံကြည်ချက်နဲ့ပတ်သက်ပြီး ကိုယ့်ကို လာငြင်းတဲ့အခါ ဘယ်လို ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ရမလဲ’ လို့ စဉ်းစားမိမယ်။ နူးညံ့သိမ်မွေ့မှုက ကူညီပေးနိုင်ပါတယ်။ ခံပြင်းစရာ၊ အကြပ်ရိုက်စရာ အခြေအနေ ကြုံတဲ့အခါ နူးညံ့သိမ်မွေ့သူဟာ လွယ်လွယ် ဒေါသမထွက်ဘူး။ စိတ်ချုပ်တည်းနိုင်တယ်။ (ပညာ. ၁၆:၃၂) နူးညံ့သိမ်မွေ့ဖို့ဆိုတာ ပြောရ လွယ်သလောက် လက်တွေ့မှာ ခက်တယ်လို့ ခံစားမိမယ်။ ဒါဆိုရင် ဘယ်လိုနည်းနဲ့ နူးညံ့သိမ်မွေ့တတ်လာမလဲ။ ယုံကြည်ချက်နဲ့ပတ်သက်ပြီး တစ်ယောက်ယောက် မေးလာတဲ့အခါ သိမ်သိမ်မွေ့မွေ့ ဘယ်လို ဖြေရှင်းပြောပြနိုင်သလဲ။ ယုံကြည်ချက်ကို သားသမီးတွေ သိမ်သိမ်မွေ့မွေ့ ဖြေရှင်းပြောပြတတ်ဖို့ မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။
PAWTEMOU LUNGNE THYA LANG
3. Lungnenaw tuh lungnopaw thua khyh cite pawcce ho kho athua? (2 Timote 2:24, 25)
၃ နူးညံ့သိမ်မွေ့တာဟာ စိတ်ပျော့တာ မဟုတ်ဘူး။ စိတ်မာတာ။ အခြေအနေ တင်းမာချိန်မှာ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ဖို့ဆိုရင် စိတ်ကြံ့ခိုင်မှ ရမယ်။ နူးညံ့သိမ်မွေ့ခြင်းဟာ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” ဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ယဉ်ပါးအောင် လေ့ကျင့်ထားတဲ့ မြင်းရိုင်းအကြောင်း ဖော်ပြဖို့ “နူးညံ့သိမ်မွေ့ခြင်း” ဆိုတဲ့ ဂရိစကားလုံး သုံးလေ့ရှိတယ်။ မြင်းရိုင်းတစ်ကောင် ယဉ်လာတယ်လို့ မြင်ယောင်ကြည့်ပါ။ ယဉ်သွားပေမဲ့ သန်မာနေတုန်းပဲ။ ကျွန်တော်တို့လည်း နူးညံ့သိမ်မွေ့သူကော ကြံ့ခိုင်သူပါ ဖြစ်နိုင်တယ်။ ကိုယ့်အစွမ်းအစနဲ့တော့ မဖြစ်နိုင်ဘူး။ နူးညံ့သိမ်မွေ့တတ်လာအောင် ကူညီပေးဖို့၊ စွမ်းအားတော် ပေးဖို့ ဘုရားဆီ ဆုတောင်းရမယ်။ ဒီလိုနည်းနဲ့ နူးညံ့သိမ်မွေ့တတ်လာသူတွေ အများကြီးပဲ။ အတိုက်အခံ ကြုံရချိန်မှာတောင် ညီအစ်ကို/မများစွာ သိမ်သိမ်မွေ့မွေ့ တုံ့ပြန်တာကို ကြည့်ပြီး သက်သေခံတွေအပေါ် လူတွေ အမြင် ပြောင်းလာကြတယ်။ (၂ တိမောသေ ၂:၂၄၊ ၂၅ ကို ဖတ်ပါ။) သင်ကော နူးညံ့သိမ်မွေ့မှုကို သင့်အားသာချက် ဘယ်လို ဖြစ်စေနိုင်မလဲ။
4. Lungnenaw te asekuhte Isak kyate pawmou ccangkuh kho lang?
၄ နူးညံ့သိမ်မွေ့မှုဟာ အဖိုးတန် အရည်အသွေး ဖြစ်ကြောင်း ဖော်ပြတဲ့ ကျမ်းမှတ်တမ်း အများကြီး ရှိတယ်။ အိဇက်အကြောင်း စဉ်းစားကြည့်ပါ။ ဖိလိတိပြည်၊ ဂေရာအရပ်မှာ ဖခင်ရဲ့ ကျွန်တွေ တူးခဲ့တဲ့ ရေတွင်းတွေကို အိမ်နီးချင်းတွေ မလိုတမာ မြေဖို့ပစ်ကြတယ်။ အိဇက် ရန်ပြန်လုပ်မနေဘဲ မိသားစုကို ခေါ်ပြီး နေရာပြောင်းသွားတယ်။ နောက်ထပ် ရေတွင်းတွေ တူးတယ်။ (က. ၂၆:၁၂-၁၈) အဲဒီနေရာက ရေတွင်းလည်း သူတို့ရေတွင်းပါဆိုပြီး ဖိလိတိတွေ ရန်လုပ်ကြပြန်တယ်။ အိဇက် အေးအေးဆေးဆေးပဲ။ (က. ၂၆:၁၉-၂၅) တမင်သက်သက် ရန်လိုက်ရှာခံရတာတောင် ဘာကြောင့် နူးညံ့သိမ်မွေ့နိုင်ရသလဲ။ ပြေပြေလည်လည် တုံ့ပြန်တတ်တဲ့ ဖခင် အာဗြဟံ၊ “အေးချမ်းပြီး နူးညံ့တဲ့” မိခင် စာရာရဲ့ စံနမူနာကြောင့်ပါပဲ။—၁ ပေ. ၃:၄-၆။ က. ၂၁:၂၂-၃၄။
5. Lungnenaw a phutenaw kha ccaw hae a ny nawlang hae Khrihccaw nungpaw hae nynh ccangpya kho athua cipaw tungboinaw hotua.
၅ ဒီနေ့ခေတ် ခရစ်ယာန် မိဘတွေလည်း နူးညံ့သိမ်မွေ့ခြင်းရဲ့ တန်ဖိုးကို သားသမီးတွေ သိအောင် သင်ပေးနိုင်တယ်။ အသက် ၁၇ နှစ်အရွယ် မက်ကဆန်အကြောင်း စဉ်းစားကြည့်ပါ။ ကျောင်းမှာ၊ အမှုဆောင်မှာ ဒေါသအိုးတွေနဲ့ ဆုံရတယ်။ ဒါကြောင့် နူးညံ့သိမ်မွေ့ဖို့ မိဘတွေ စိတ်ရှည်ရှည် သင်ပေးကြတယ်။ “ဒေါသ ဆွခံရတဲ့အခါ ဒေါသတကြီး တုံ့ပြန်မိဖို့ လွယ်တယ်။ အေးအေးဆေးဆေး တုံ့ပြန်နိုင်ဖို့ဆိုတာ တော်ရုံ စိတ်ဓာတ် ကြံ့ခိုင်မှုမျိုးနဲ့ မရဘူး။ ဒါကို သားလေး သဘောပေါက်လာပြီ” လို့ မိဘတွေ ပြောကြတယ်။ အခုဆိုရင် နူးညံ့သိမ်မွေ့မှုဟာ မက်ကဆန်ရဲ့ အားသာချက် ဖြစ်နေပြီ။
6. Hou lungne thya nawlang sawsangnaw nynh pawtemou yn bung kho?
၆ ယေဟောဝါအကြောင်း တစ်ယောက်ယောက် မကောင်းပြောတာ၊ ကျမ်းစာကို သရော်တာလိုမျိုး ခံပြင်းစရာ အခြေအနေ ကြုံရရင်ကော။ သိမ်သိမ်မွေ့မွေ့ တုံ့ပြန်နိုင်ဖို့ စွမ်းအားတော်နဲ့ ဉာဏ်ပညာကို ယေဟောဝါဆီ တောင်းခံပါ။ သိမ်သိမ်မွေ့မွေ့ မတုံ့ပြန်မိဘူးဆိုရင်ကော။ ဒီအကြောင်း ဘုရားဆီ ဆုတောင်းပြောပြပါ။ နောက်တစ်ခါ ဘယ်လို နူးညံ့သိမ်မွေ့နိုင်မလဲ စဉ်းစားပါ။ ဒေါသ ထိန်းနိုင်ဖို့၊ နူးညံ့သိမ်မွေ့နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်ကို ယေဟောဝါ ပေးပါလိမ့်မယ်။
7. Abang Baebu ccaw hae syntawnaw nynh aruupaw hae kya pawtemou yn bung kho? (Phungtangbya 15:1, 18)
၇ နှုတ်စောင့်စည်းဖို့ ကူညီပေးနိုင်တဲ့ ကျမ်းပိုဒ် အများကြီး ရှိတယ်။ အဲဒီကျမ်းပိုဒ်တွေ မှတ်မိဖို့ စွမ်းအားတော် ကူညီပေးနိုင်တယ်။ (ယော. ၁၄:၂၆) ဥပမာ၊ နူးညံ့သိမ်မွေ့တတ်လာဖို့ ကူညီပေးနိုင်တဲ့ အခြေခံမူတွေ ပညာအလိမ္မာကျမ်းမှာ ပါတယ်။ (ပညာအလိမ္မာ ၁၅:၁၊ ၁၈ ကို ဖတ်ပါ။) ခံပြင်းစရာ အခြေအနေမှာ ကိုယ်နှုတ်စောင့်စည်းရင် ရမယ့် အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြထားတယ်။—ပညာ. ၁၀:၁၉။ ၁၇:၂၇။ ၂၁:၂၃။ ၂၅:၁၅။
LUNGNE THYA LANG PHIATHYANAW NYNH YN BUNG
8. Zynnaw kong lukhakheit nynh yn khia ze yn khianawpaw akong kha pawcce tua lang a ccang?
၈ ထိုးထွင်းဉာဏ် ရှိတာကလည်း နူးညံ့သိမ်မွေ့ဖို့ ကူညီပေးနိုင်တယ်။ (ပညာ. ၁၉:၁၁) များသောအားဖြင့် တစ်ခုခု စဉ်းစားမိလို့၊ စိတ်ပူလို့ လူတွေ မေးခွန်း မေးကြတာ။ ဘာကြောင့် မေးသလဲဆိုတာတော့ ထုတ်မပြောကြဘူး။ ဒါကြောင့် ထိုးထွင်းဉာဏ် ရှိသူဟာ ယုံကြည်ချက်အကြောင်း မေးခွန်း မေးခံရတာနဲ့ ကရားရေလွှတ် မဖြေဘူး။ တစ်ဖက်လူ မေးခွန်း မေးရတဲ့ အကြောင်းရင်း ကိုယ် မသိဘူးဆိုတာ အသိအမှတ်ပြုတယ်။—ပညာ. ၁၆:၂၃။
9. Efraim hae nynh a pe ccyh hae kya Gideon nynh phiathyanaw te lungnenaw kha pawtemou a langsah?
၉ ဂိဒေါင်အကြောင်း စဉ်းစားကြည့်ပါ။ ရန်သူတွေကို စစ်သွားတိုက်ဖို့ အစောကြီးကတည်းက ဘာလို့ မခေါ်သလဲဆိုပြီး ဧဖရိမ် အမျိုးသားတွေ အကြီးအကျယ် ရန်တွေ့ကြတယ်။ ဘာကြောင့် ဒီလောက် အဖြစ်သည်းနေကြသလဲ။ မာန ထိခိုက်သွားလို့ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဂိဒေါင် ထိုးထွင်းဉာဏ် ရှိတဲ့အတွက် အကြောင်းရင်း သဘောပေါက်ဖို့ ကြိုးစားတယ်။ ပြေပြေလည်လည် ပြန်ဖြေတယ်။ ဒါကြောင့် ဧဖရိမ် အမျိုးသားတွေ “စိတ်ပြေသွားတယ်။”—သူကြီး. ၈:၁-၃။
10. Maw zynnaw kong yn khia hae ze pawtemou phi lang? (1 Peter 3:15)
၁၀ ကျမ်းစာစံနှုန်းတွေ ကျွန်တော်တို့ လိုက်ရတဲ့ အကြောင်းရင်းကို အလုပ်ဖော်၊ အတန်းဖော် မေးလာနိုင်တယ်။ ကိုယ့်ယုံကြည်ချက်ကို အတတ်နိုင်ဆုံး ရှင်းပြမှာ ဖြစ်ပေမဲ့ သူ့အမြင်ကိုလည်း လေးစားရမယ်။ (၁ ပေတရု ၃:၁၅ ကို ဖတ်ပါ။) မေးခွန်း အမေးခံရတာနဲ့ လာဝေဖန်ထိုးနှက်နေတာပဲလို့ တန်းပြီး မတွေးလိုက်ပါနဲ့။ သူ့စိတ်ထဲ ဘာရှိသလဲ သိနိုင်မယ့် အခွင့်အရေးလို့ တွေးပါ။ ဘာကြောင့်ပဲ မေးမေး ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဖြေရမှာ ကျွန်တော်တို့ တာဝန် ဖြစ်တယ်။ ကျွန်တော်တို့ ဖြေပုံကြောင့် သူ့အမြင်သူ ပြန်ဆန်းစစ်မိသွားနိုင်တယ်။ သူ့ပုံစံက ခပ်ရိုင်းရိုင်း၊ ခနဲ့တဲ့တဲ့ပုံ ပေါက်နေရင်တောင် ယဉ်ယဉ်ကျေးကျေးပဲ တုံ့ပြန်သင့်တယ်။—ရော. ၁၂:၁၇။
မွေးနေ့ ဖိတ်ခံရတဲ့အခါ ဘာကြောင့် ဖိတ်တာ ဖြစ်မလဲလို့ အရင်ဆုံး စဉ်းစားလိုက်တာက ဘယ်လို ပြန်ပြောရင် ပိုကောင်းမလဲ သိစေတယ် (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)
11-12. (a) Aruupaw bakhianaw phi maw pawmou tua kho athua? (Sahkhung kha do.) (b) Bya yn khianaw hae kyate bya hokuh khonaw khue pawtemou a muekuh kho cipaw tousenaw pya tua.
၁၁ ဥပမာ၊ မွေးနေ့ မလုပ်ရတဲ့ အကြောင်းရင်း အလုပ်ဖော် မေးလာတယ် ဆိုပါစို့။ ဒီလို စဉ်းစားကြည့်ပါ– သက်သေခံတွေ ပျော်တဲ့အချိန်ကော ရှိရဲ့လားဆိုပြီး သူ တွေးမိလို့ များလား။ မွေးနေ့ မလုပ် ဘာမလုပ်ဆိုတော့ အလုပ်ဖော်တွေနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေမှာ စိုးလို့ များလား။ တခြားသူတွေအတွက် ထည့်စဉ်းစားပေးလို့ သူ့ကို ချီးမွမ်းနိုင်တယ်။ အလုပ်ဖော်တွေနဲ့ ခင်ခင်မင်မင် ရှိချင်တဲ့အကြောင်း ပြောပြနိုင်တယ်။ ဒါဆိုရင် သူ စိုးရိမ်နေတာတွေ လျော့သွားမယ်။ မွေးနေ့နဲ့ပတ်သက်ပြီး ကျမ်းစာအဆို ပြောပြဖို့ လမ်းပွင့်လာမယ်။
၁၂ အကြပ်ရိုက်စေမယ့် မေးခွန်း မေးခံရတဲ့အခါလည်း အဲဒီလိုပဲ တုံ့ပြန်နိုင်တယ်။ လိင်တူချင်း ကြိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါသက်သေတွေ အမြင် ပြောင်းသင့်တယ်လို့ အတန်းဖော် ပြောလာတယ် ဆိုပါစို့။ ယေဟောဝါသက်သေတွေကို နားလည်မှု လွဲနေလို့ များ လား။ သူ့သူငယ်ချင်း၊ အမျိုးထဲမှာ လိင်တူသမား ရှိနေလို့လား။ လိင်တူသမားတွေကို ကျွန်တော်တို့ မုန်းတယ်လို့ ထင်နေလို့လား။ လူတိုင်းကို ကျွန်တော်တို့ မေတ္တာထားကြောင်း၊ လူတိုင်းမှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတယ်ဆိုတာ အသိအမှတ်ပြုကြောင်း သူ့ကို ပြောပြနိုင်တယ်။b (၁ ပေ. ၂:၁၇) အဲဒီနောက်မှ ကျမ်းစာအဆိုက ဘာလဲ၊ ကျမ်းစာအဆိုကို လိုက်နာရင် ပိုအဓိပ္ပာယ်ရှိတဲ့ ဘဝ ဘယ်လို ရနိုင်သလဲဆိုတာ ပြောပြနိုင်တယ်။
13. Raetu a ung cipaw kha nuinthua lang a ung cite a tuapaw kha pawtemou bung kho lang?
၁၃ ခံယူချက် ပြင်းထန်သူနဲ့ ဆုံတဲ့အခါ သူ ဘာယုံသလဲ ကိုယ် သိတယ်လို့ ချက်ချင်း ကောက်ချက် မချပါနဲ့။ (တိ. ၃:၂) ဥပမာ၊ ‘ဟာသပဲနော်။ မင်းတို့မို့လို့ ဖန်ဆင်းရှင် ရှိတယ်ဆိုတာ ယုံတယ်’ ဆိုပြီး အတန်းဖော် ပြောလာတယ် ဆိုပါစို့။ ဆင့်ကဲအယူအကြောင်း သူ သိပ်ယုံ၊ သိပ်သိနေတယ်လို့ ယူဆလိုက်သင့်သလား။ တကယ်တော့ တခြားသူတွေ ပြောတာ ကြားပြီး သံယောင်လိုက် ပြောနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဆင့်ကဲအယူ မှားတယ်ဆိုပြီး ထမရှင်းပါနဲ့။ အတန်းဖော် တစိမ့်စိမ့် တွေးစရာ ရှိသွားအောင် သင် လုပ်နိုင်တယ်။ ဥပမာ၊ jw.org မှာ ရှိတဲ့ ဖန်ဆင်းခြင်းအကြောင်း ဆွေးနွေးထားတဲ့ အပိုင်းကို လင့်ခ် ပို့ပေးနိုင်တယ်။ အဲဒီမှာ တွေ့တဲ့ ဆောင်းပါး၊ ဗီဒီယို တစ်ခုခုကို အခြေခံပြီး နောက်ပိုင်း သူ ဆွေးနွေးချင်လာနိုင်တယ်။ သင် လေးလေးစားစား တုံ့ပြန်တာ ကြည့်ပြီး သူ့အမြင်သူ ပြန်ဆန်းစစ်လာနိုင်တယ်။
14. Zahova ccaeccei hae kong siainn kaekheit hae paw nynh ame lei langte a muihnaw kha phishing nawlang website kha unopaw Niall nynh pawtemou a mang?
၁၄ ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး အထင်လွဲနေကြတာကို ဝက်ဘ်ဆိုက် သုံးပြီး ဆယ်ကျော်သက် ညီအစ်ကို နိုင်ယယ် ဖြေရှင်းတယ်။ “‘လုပ်ဇာတ်တွေ အပြည့်နဲ့ ကျမ်းစာကိုပဲ ယုံနေလို့ သိပ္ပံပညာကို မင်း မယုံတာ’ ဆိုပြီး အတန်းဖော်တစ်ယောက် ခဏခဏ ပြောတယ်” လို့ နိုင်ယယ် ပြောတယ်။ ရှင်းပြဖို့ လုပ်ပေမဲ့ အတန်းဖော် နားမထောင်ဘူး။ ဒါနဲ့ jw.org မှာ ရှိတဲ့ “သိပ္ပံပညာနဲ့ သမ္မာကျမ်းစာ” အပိုင်းကို ဝင်ကြည့်ဖို့ ပြောလိုက်တယ်။ အတန်းဖော် ဝင်ကြည့်ပုံပဲ။ နောက်ပိုင်း၊ အသက် ဘယ်က စတယ်ဆိုတဲ့အကြောင်း ဆွေးနွေးချင်လာတယ်။ သင်လည်း အဲဒီလို ရလဒ်တွေ ရနိုင်တယ်။
INNBYN TE PACCYNKUH OH
15. Zynnaw kong yn khia hae ze ccaw hae nynh lungne te a phi thya nawlang hae nungpaw hae nynh pawtemou a bung kho hae?
၁၅ ယုံကြည်ချက်အကြောင်း အမေးခံရတဲ့အခါ သားသမီးတွေ သိမ်သိမ်မွေ့မွေ့ ဖြေရှင်းပြောပြတတ်ဖို့ မိဘတွေ သင်ပေးနိုင်တယ်။ (ယာ. ၃:၁၃) မိဘတချို့ဆိုရင် မိသားစု ဝတ်ပြုမှုမှာ အစမ်း လေ့ကျင့်တဲ့ ကဏ္ဍလေးတွေ ထည့်ထားကြတယ်။ ကျောင်းမှာ ဘာတွေ ကြုံရနိုင်သလဲ ဝိုင်းစဉ်းစားကြတယ်။ ဘယ်လို ပြန်ဖြေမလဲ ဆွေးနွေးကြတယ်။ သရုပ်ပြကြတယ်။ သားသမီးတွေ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဖြေရှင်းပြောပြတတ်အောင် သင်ပေးကြတယ်။—“အစမ်း လေ့ကျင့်မှုတွေက သင့်မိသားစုကို ကူညီပေးနိုင်” လေးထောင့်ကွက်ကို ကြည့်ပါ။
16-17. Cyitounaw hae nynh ngawphue hae kha pawtemou a bung kho hae?
၁၆ အစမ်း လေ့ကျင့်ထားကြတဲ့အတွက် ခရစ်ယာန် လူငယ်တွေဟာ ကိုယ့်ယုံကြည်ချက် မှန်တယ်ဆိုတာ ကိုယ်တိုင် စိတ်ချလာကြတယ်။ တခြားသူတွေကို ရှင်းပြတတ်လာကြတယ်။ ကိုယ့်ယုံကြည်ချက်ကို ကိုယ်တိုင် စိတ်ချအောင် လုပ်ဖို့၊ ကိုယ်ပိုင်စကားနဲ့ ဖြေရှင်းတတ်ဖို့ jw.org မှာ ရှိတဲ့ “လူငယ်များအမေး” အပိုင်းထဲက ဆောင်းပါးတွေ၊ လေ့ကျင့်ခန်း စာရွက်တွေက ကူညီပေးတယ်။ အဲဒီအပိုင်းကို မိသားစုလိုက် လေ့လာတဲ့အခါ ကိုယ့်ယုံကြည်ချက်အကြောင်း ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဘယ်လို ဖြေရှင်းပြောပြရမလဲ သိလာမယ်။
၁၇ အစမ်း လေ့ကျင့်မှုက ဘယ်လို ကူညီပေးတဲ့အကြောင်း လူငယ်လေး မက်သရူး ပြောပြတယ်။ ကျောင်းမှာ ဆွေးနွေးလာနိုင်တဲ့ အကြောင်းအရာတွေကို မိသားစု ဝတ်ပြုမှုမှာ ရှာဖွေလေ့လာကြတယ်။ “ဘယ်လို မေးခံရနိုင်သလဲ စဉ်းစားကြတယ်။ လေ့လာထားတာတွေကို အခြေခံပြီး ဘယ်လို ဖြေမလဲဆိုတာ အစမ်း လေ့ကျင့်ကြတယ်။ ကိုယ်ယုံတာ မှန်မှန်း စိတ်ထဲ ရှင်းရှင်းလင်းလင်း သိနေတော့ ယုံကြည်စိတ်ချမှု ရှိတယ်။ သိမ်သိမ်မွေ့မွေ့ ဖြေရှင်းဖို့ ပိုလွယ်တယ်” လို့ မက်သရူး ပြောတယ်။
18. Kolose 4:6 liate pawte hopaw mou thanenaw a ung?
၁၈ ရှင်းရှင်းလင်းလင်း ချက်ကျလက်ကျ ရှင်းပြတတ်တာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ပါးပါးနပ်နပ်၊ သိမ်သိမ်မွေ့မွေ့ ပြောရမယ်။ (ကောလောသဲ ၄:၆ ကို ဖတ်ပါ။) ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြတာက ဘောလုံး ပစ်ပေးတာနဲ့ တူတယ်။ အသာအယာ ပစ်ပေးလို့ ရတယ်။ အားနဲ့ ဆောင့်ပစ်လို့ ရတယ်။ အသာအယာ ပစ်ပေးရင် တစ်ဖက်လူ ဖမ်းမိဖို့ လွယ်မယ်။ ဆက်ကစားနိုင်မယ်။ အဲဒီလိုပဲ ကိုယ့်ယုံကြည်ချက်အကြောင်း ပါးပါးနပ်နပ်၊ သိမ်သိမ်မွေ့မွေ့ ပြောပြတဲ့အခါ တစ်ဖက်လူ ပိုနားထောင်ချင်နိုင်တယ်။ စကား ဆက်ပြောနိုင်မယ်။ စကားနိုင် လုချင်ရုံ၊ ကိုယ့်ယုံကြည်ချက်ကို လှောင်ချင်ရုံ မေးခွန်း မေးတာမျိုးဆိုရင်တော့ ပြန်ဖြေနေဖို့ မလိုပါဘူး။ (ပညာ. ၂၆:၄) ဒါပေမဲ့ အဲဒီလို လူတွေ ရှားပါတယ်။ အများစု နားထောင်ကြမှာပါ။
19. Maw zynnaw kong phishing ho vae ze lungnenaw hoi langze paw thanenaw mou a ung cih?
၁၉ နူးညံ့သိမ်မွေ့ရင် အကျိုး အများကြီး ရှိတာ ရှင်းနေပါတယ်။ အမြင် မတူရာကနေ အချေအတင် ဖြစ်တာမျိုးအထိ မရောက်တော့ဘူး။ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဖြေတာ ကြည့်ပြီး ကျွန်တော်တို့အပေါ်၊ ကျမ်းစာအပေါ် လူတချို့ အမြင် ပြောင်းလာနိုင်တယ်။ ဒါကြောင့် အကြပ်ရိုက်စေမယ့် မေးခွန်း မေးခံရတဲ့အခါ၊ တစ်ဖက်စောင်းနင်း ဝေဖန်ထိုးနှက်ခံရတဲ့အခါ သိမ်သိမ်မွေ့မွေ့ တုံ့ပြန်နိုင်စွမ်း ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကိုယ့်ယုံကြည်ခြင်းအကြောင်း “ဖြေရှင်းပြောပြဖို့ အမြဲ အသင့်ရှိကြပါ။” “နူးညံ့တဲ့သဘော၊ အလွန် လေးစားတဲ့သဘောနဲ့ ပြောပါ။” (၁ ပေ. ၃:၁၅) နူးညံ့သိမ်မွေ့မှုကို သင့်အားသာချက် ဖြစ်နေစေပါ။
LAW 88 ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ
a ဒေါသ ဆွခံရတဲ့အခါ၊ တခြားသူတွေ ငြင်းတဲ့အခါ ကိုယ့်ယုံကြည်ချက်ကို သိမ်သိမ်မွေ့မွေ့ ဘယ်လို ဖြေရှင်းပြောပြရမလဲဆိုတာနဲ့ပတ်သက်ပြီး အကြံပြုချက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။
b လက်တွေ့ကျ အကြံပြုချက်တွေကို အမှတ် ၄၊ ၂၀၁၆ နိုးလော့! “လိင်တူဆက်ဆံခြင်းအကြောင်း သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ” ဆောင်းပါးမှာ ကြည့်ပါ။
c jw.org မှာ ရှိတဲ့ “လူငယ်များအမေး၊” “ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ” ဆောင်းပါးတွဲတွေမှာ အကူအညီ ဖြစ်စေမယ့် အကြံပြုချက်တွေ တွေ့နိုင်တယ်။