HOKU LANGPAW ABALU 15
Zisu Nynh A Cyipaw Ngaengannaw Hae Kyate Pawmou Ah Ccangkuh Kho Oh?
“Zisu tuh khuapi te khuataraw hae balyn kalan khua po ccong zah, ccihawnaw miakaw kha a dansah hae.”—Mat 9:35.
LAW 13 စံနမူနာရှင် ခရစ်တော်
အကြိုသုံးသပ်ချက်a
1. Zisu nynh masaty la cyipaw ngaengannaw kong kha ho tua.
အေဒီ ၂၉ နှောင်းပိုင်း၊ ယေရှုရဲ့ အမှုဆောင်ချိန် အစပိုင်းမှာ ယေရှု၊ မိခင် မာရိနဲ့ တပည့်တချို့ မင်္ဂလာ ဧည့်ခံပွဲတစ်ပွဲ ဖိတ်ခေါ်ခံရကြတယ်။ ယေရှုရဲ့ဇာတိ နာဇရက်မြို့ မြောက်ဘက်မှာ ရှိတဲ့ ကာနမြို့မှာ ကျင်းပတာပါ။ မင်္ဂလာပွဲ ကျင်းပတဲ့ မိသားစုနဲ့ မာရိ ခင်တယ်။ ဒါကြောင့် ဧည့်သည်တွေကို ဝိုင်းဧည့်ခံနေပုံရတယ်။ ဒါပေမဲ့ ဧည့်ခံပွဲ ကျင်းပနေတုန်း မင်္ဂလာမောင်နှံနဲ့ မိသားစုကို အကြီးအကျယ် အရှက်ရစေမယ့် ပြဿနာ ပေါ်လာတယ်။ စပျစ်ဝိုင် ကုန်သွားပြီ။b မှန်းထားတာထက် ဧည့်သည်အရေအတွက် ပိုများသွားလို့ ဖြစ်မယ်။ ဒါနဲ့ “သူတို့မှာ ဝိုင် မရှိတော့ဘူး” ဆိုပြီး ယေရှုကို မာရိ လာပြောတယ်။ (ယော. ၂:၁-၃) ယေရှု ဘာလုပ်သလဲ။ ရေကို “ဝိုင် အကောင်းစား” ဖြစ်အောင် အံ့ဖွယ်နည်းနဲ့ ပြောင်းလဲပေးလိုက်တယ်။—ယော. ၂:၉၊ ၁၀။
2-3. (a) Zisu nynh paw ngaengannaw hae mou la cyi? (b) Zisu nynh a cyipaw ngaengannaw hae kha leihla langze paw thanenaw mou a ung cih?
၂ အမှုဆောင်ချိန်တစ်လျှောက် တခြားအံ့ဖွယ်အမှု အများကြီးကိုလည်း ယေရှု လုပ်ခဲ့တယ်။c အံ့ဖွယ်တန်ခိုး သုံးပြီး လူသောင်းချီကို ကူညီပေးတယ်။ ဥပမာ၊ အံ့ဖွယ်အမှု နှစ်ခုကိုပဲ စဉ်းစားကြည့်ပါ။ ယောက်ျား ၅,၀၀၀ ကို တစ်ခေါက်၊ ၄,၀၀၀ ကို တစ်ခေါက် အံ့ဖွယ်နည်းနဲ့ ကျွေးမွေးတယ်။ အဲဒီမှာ ရှိတဲ့ အမျိုးသမီးတွေ၊ ကလေးတွေကိုပါ ထည့်တွက်မယ်ဆိုရင် စုစုပေါင်း ၂၇,၀၀၀ ကျော် ရှိတယ်။ (မ. ၁၄:၁၅-၂၁။ ၁၅:၃၂-၃၈) နှစ်ခေါက်စလုံးမှာ လူနာတွေကိုပါ ကုသပေးတယ်။ (မ. ၁၄:၁၄။ ၁၅:၃၀၊ ၃၁) အံ့ဖွယ်နည်းနဲ့ ယေရှု ကုသပေးလို့၊ ကျွေးမွေးလို့ လူအုပ် သိပ်အံ့ဩခဲ့မှာပဲ။
၃ ယေရှုရဲ့ အံ့ဖွယ်အမှုတွေကနေ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ သင်ခန်းစာတွေ ကျွန်တော်တို့ သင်ယူနိုင်တယ်။ အံ့ဖွယ်အမှုတွေ လုပ်တဲ့အချိန်မှာ ယေရှု ပြတဲ့ နှိမ့်ချမှု၊ ကရုဏာကို အတုယူနိုင်တယ်။ ဒီအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
ZAHOVA, ZISU TE ASEKUHPAW CCANGKUNAW HAE
4. Zisu nynh a cyipaw ngaengannaw hae kyate a hung hae kong zynnaw a tynsahpaw ccangkunaw hae mou a lawkuh kho oh?
၄ “ဘုရားသခင်က [ယေရှု] ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးပြီး တန်ခိုးပေးတယ်။ သူနဲ့အတူ ဘုရားသခင် ရှိတဲ့အတွက် သူဟာ တစ်ပြည်လုံး လှည့်လည်ရင်း ကောင်းမှုတွေ ပြုပြီး မာရ်နတ် ညှဉ်းဆဲတဲ့သူတွေကို ပြန်ကျန်းမာလာအောင် လုပ်ပေးခဲ့တယ်” လို့ တမန်တော် ၁၀:၃၈ မှာ ဆိုထားတယ်။ မှန်ပါတယ်၊ အံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့ တန်ခိုးဟာ ယေဟောဝါဆီကနေ လာတာ။ ဒါ့အပြင် ယေရှု ပြောသမျှ၊ လုပ်သမျှဟာ အဖဘုရားရဲ့ အတွေးအခေါ်၊ ခံစားချက်တွေကို အပြည့်အဝ ထင်ဟပ်တယ်။ (ယော. ၁၄:၉) ဒါကြောင့် ယေရှုရဲ့ အံ့ဖွယ်အမှုတွေကနေ ယေရှုအကြောင်းသာမက အဖဘုရားအကြောင်း ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ သင်ခန်းစာတွေ ယူနိုင်တယ်။ သင်ခန်းစာ သုံးခုကို ကြည့်ကြရအောင်။
5. Ngaengannaw hae cyi lang Zisu kha pawnynhmou a lung athosah? (Matthai 20:30-34)
၅ ပထမ၊ ကျွန်တော်တို့ကို ယေရှုနဲ့ အဖယေဟောဝါ သိပ်ချစ်တယ်။ မြေကြီးပေါ် ရှိစဉ် အံ့ဖွယ်နည်းနဲ့ ဝေဒနာ သက်သာစေခြင်းအားဖြင့် လူတွေကို ဘယ်လောက် ချစ်ကြောင်း ယေရှု ပြတယ်။ တစ်ခေါက်၊ မျက်မမြင် နှစ်ယောက် ယေရှုကို အော်ဟစ် အကူအညီတောင်းကြတယ်။ (မဿဲ ၂၀:၃၀-၃၄ ကို ဖတ်ပါ။) ယေရှု “သနားစိတ် ယိုဖိတ်လာတဲ့အတွက်” သူတို့ကို ကုသပေးလိုက်တယ်။ “သနားစိတ် ယိုဖိတ်” လို့ ပြန်ဆိုထားတဲ့ ဂရိ ကြိယာဟာ ရင်ထဲ၊ အသည်းထဲကနေ အကြီးအကျယ် ကရုဏာ သက်တာကို ဆိုလိုတယ်။ ဆာလောင်သူတွေကို ကျွေးမွေးဖို့၊ အနာကြီး ရောဂါသည်ကို ကုသပေးဖို့လည်း မေတ္တာကနေ ပေါက်ဖွားလာတဲ့ အဲဒီကရုဏာကပဲ ယေရှုကို လှုံ့ဆော်ပေးခဲ့တာ။ (မ. ၁၅:၃၂။ မာ. ၁:၄၁) ကျွန်တော်တို့ကို ကရုဏာရှင် ယေဟောဝါဘုရားနဲ့ သားတော် သိပ်ချစ်တယ်၊ ကျွန်တော်တို့ ဒုက္ခ ကြုံနေရတာကို ကြည့်ပြီး စိတ်ထိခိုက်တယ်၊ လူ့ပြဿနာအားလုံးကို သိပ်ဖယ်ရှားပေးချင်နေမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—လု. ၁:၇၈။ ၁ ပေ. ၅:၇။
6. Zisu kha Pachia nynh paw thungnaw mou a pya?
၆ ဒုတိယ၊ လူ့ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ တန်ခိုး ယေရှုကို ဘုရား ပေးထားတယ်။ ကျွန်တော်တို့ ကိုယ့်အစွမ်းအစနဲ့ ဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်တဲ့ ပြဿနာအားလုံးကို ယေရှု ဖြေရှင်းပေးနိုင်ကြောင်း အံ့ဖွယ်အမှုတွေက သက်သေထူတယ်။ ဥပမာ၊ အမွေရထားတဲ့ အပြစ်၊ အပြစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဖျားနာခြင်း၊ သေခြင်းကနေ ကျွန်တော်တို့ကို လွတ်မြောက်စေနိုင်တဲ့ တန်ခိုး ယေရှုမှာ ရှိတယ်။ (မ. ၉:၁-၆။ ရော. ၅:၁၂၊ ၁၈၊ ၁၉) “ရောဂါဝေဒနာ အမျိုးမျိုးကို ကုသပေး” နိုင်တဲ့ တန်ခိုး၊ လူသေတွေကိုတောင် ပြန်ရှင်စေနိုင်တဲ့ တန်ခိုး ရှိတယ်။ (မ. ၄:၂၃။ ယော. ၁၁:၄၃၊ ၄၄) လေပြင်းမုန်တိုင်းကို ငြိမ်သက်စေနိုင်တဲ့ တန်ခိုး၊ နတ်ဆိုးတွေကို နှိမ်နင်းနိုင်တဲ့ တန်ခိုးလည်း ရှိတယ်။ (မာ. ၄:၃၇-၃၉။ လု. ၈:၂) သားတော်ကို ဒီလိုတန်ခိုးမျိုး ယေဟောဝါ ပေးထားကြောင်း သိရတာ အားရှိစရာပါပဲ။
7-8. (a) Zisu nynh a cyipaw ngaengannaw hae nynh pawmou yn zyn ngansah? (b) Laephi thawpaw kya paw ngaengannaw mou na muih ry hua?
၇ တတိယ၊ ကတိပေးထားတဲ့ နိုင်ငံတော် ကောင်းချီးတွေ ပြည့်စုံလာမယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချနိုင်တယ်။ မြေကြီးပေါ် ရှိစဉ် လူသားတစ်ယောက်အနေနဲ့ အံ့ဖွယ်အမှုတွေ ယေရှု ဒီလောက် လုပ်ခဲ့တယ်ဆိုရင် ဘုရားနိုင်ငံတော် ဘုရင်အဖြစ် အနာဂတ်မှာ ဘယ်လောက်တောင် လုပ်ပေးမယ်ဆိုတာ သိနိုင်တယ်။ ခရစ်တော်ရဲ့ အုပ်ချုပ်မှုအောက် ခံစားရမယ့် ကောင်းချီးတွေကို စဉ်းစားကြည့်ပါ။ ရောဂါဝေဒနာအမျိုးမျိုး၊ မသန်စွမ်းမှုအမျိုးမျိုးကို ယေရှု ဖယ်ရှားပေးမှာမို့ ကျွန်တော်တို့ ဒေါင်ဒေါင်မြည် ကျန်းမာနေကြမယ်။ (ဟေရှာ. ၃၃:၂၄။ ၃၅:၅၊ ၆။ ဗျာ. ၂၁:၃၊ ၄) ဆာလောင်မှုဒဏ်၊ သဘာဝဘေးဒဏ် ဘယ်တော့မှ မကြုံရတော့ဘူး။ (ဟေရှာ. ၂၅:၆။ မာ. ၄:၄၁) “သင်္ချိုင်းဂူတွေ” ကနေ ထမြောက်လာမယ့် ချစ်ရသူတွေကို ကြိုဆိုခွင့် ရလို့ ဝမ်းသာကြရမယ်။ (ယော. ၅:၂၈၊ ၂၉) သင်ကော ကမ္ဘာသစ်မှာ ဘယ်အံ့ဖွယ်အမှု အမြင်ချင်ဆုံးလဲ။
၈ အံ့ဖွယ်အမှုတွေ လုပ်တဲ့အခါ ယေရှု နှိမ့်ချမှု၊ ကရုဏာ ပြတယ်။ ကျွန်တော်တို့မှာလည်း အဲဒီအရည်အသွေးတွေ ရှိသင့်တယ်။ ဥပမာ နှစ်ခု သုံးသပ်ကြရအောင်။ အရင်ဆုံး၊ ကာနမြို့ မင်္ဂလာ ဧည့်ခံပွဲအကြောင်း မှတ်တမ်းကို သုံးသပ်ကြည့်ကြစို့။
ZAKAWSANGSAKUNAW CCANGKUNAW
9. Chiapyakunaw poi kya Zisu nynh pawcce ngaengannaw la rae? (Johan 2:6-10)
၉ ယောဟန် ၂:၆-၁၀ ကို ဖတ်ပါ။ မင်္ဂလာ ဧည့်ခံပွဲမှာ စပျစ်ဝိုင် ကုန်သွားတော့ တစ်ခုခု လုပ်ပေးဖို့ ယေရှုမှာ တာဝန် ရှိသလား။ မရှိပါဘူး။ အံ့ဖွယ်နည်းနဲ့ ဝိုင်ဖြစ်အောင် မေရှိယ လုပ်ပေးမယ်ဆိုပြီး ကြိုဟောထားတာ မရှိဘူး။ ဒါပေမဲ့ ကိုယ့်မင်္ဂလာဆောင်မှာသာ အဲဒီလိုဖြစ်သွားရင် ဘယ်လို ခံစားရမလဲ မြင်ယောင်ကြည့်ပါ။ မင်္ဂလာပွဲ ကျင်းပတဲ့ မိသားစု၊ အထူးသဖြင့် မင်္ဂလာမောင်နှံကို ယေရှု ကရုဏာသက်သွားပုံ ရတယ်။ သူတို့ကို အရှက်မကွဲစေချင်လို့ ဆောင်းပါးအစမှာ ဖော်ပြတဲ့အတိုင်း အံ့ဖွယ်နည်းနဲ့ ရေလီတာ ၃၉၀ (၁၀၃ ဂါလံ) လောက်ကို ဝိုင်အကောင်းစား ဖြစ်အောင် ပြောင်းလဲပေးလိုက်တယ်။ ဧည့်ခံပွဲ ပြီးသွားရင်လည်း အိမ်အတွက် နည်းနည်းပါးပါး ကျန်နေအောင်၊ ပြန်ရောင်းလို့ ရအောင် ဒီလောက် ပမာဏများများ လုပ်ပေးလိုက်တာ ဖြစ်မယ်။ ကြင်စဦး မောင်နှံ သိပ်ကျေးဇူးတင်နေမှာပဲ။
ကိုယ့်လုပ်ဆောင်မှုတွေအတွက် ဂုဏ်မဖော်ခြင်းအားဖြင့် ယေရှုကို အတုယူပါ (စာပိုဒ် ၁၀-၁၁ ကို ကြည့်ပါ)f
10. Johan alepaw 2 kya-e akonglang kha akaw aleih abang kha ho tua? (Sahkhung kha do.)
၁၀ ယောဟန် အခန်းကြီး ၂ မှာ ပါတဲ့ မှတ်တမ်းထဲက အသေးစိတ် အချက်တချို့ကို သုံးသပ်ကြည့်ပါ။ ကိုယ့်ကို လူတွေ အာရုံစိုက်အောင် ယေရှု မလုပ်တာ သတိထားမိသလား။ ကျောက်ရေအိုးတွေထဲ ကိုယ်တိုင် ရေမဖြည့်ဘူး။ ဧည့်ခံပွဲမှာ ဝိုင်းကူနေသူတွေကို ဖြည့်ခိုင်းတယ်။ (အခန်းငယ် ၆၊ ၇) ရေကနေ စပျစ်ဝိုင် ပြောင်းပေးပြီးနောက်မှာလည်း ပွဲအုပ်ဆီ ကိုယ်တိုင် ယူမသွားဘူး။ ဝိုင်းကူနေသူတွေကို ယူသွားခိုင်းတယ်။ (အခန်းငယ် ၈) ဝိုင်ခွက်လေး ကိုင်၊ ဧည့်သည်တွေရှေ့ ထွက်ရပ်ပြီး ‘အခုလေးတင် ကျွန်တော် ဖန်တီးလိုက်တဲ့ ဝိုင်လေး မြည်းကြည့်ပါဦး’ ဆိုပြီး ဂုဏ်မဖော်ခဲ့ဘူး။
11. Zisu nynh a cyipaw ngaengannaw hae kyate pawmou ah ccangkuh kho oh?
၁၁ ရေကနေ ဝိုင်ဖြစ်အောင် ပြောင်းလဲပေးတဲ့ ယေရှုရဲ့ အံ့ဖွယ်အမှုကနေ ဘာသင်ယူနိုင်သလဲ။ နှိမ့်ချမှုပါ။ အံ့ဖွယ်အမှုအတွက် ယေရှု ဂုဏ်မဖော်ဘူး။ တကယ်တော့ ဘာလုပ်လုပ်ကို ဂုဏ်မဖော်တာပါ။ နှိမ့်ချမှု ရှိရှိ အဖဘုရားကိုပဲ အမြဲ ဂုဏ်တင်တယ်။ (ယော. ၅:၁၉၊ ၃၀။ ၈:၂၈) ကျွန်တော်တို့လည်း ယေရှုကို အတုယူပြီး နှိမ့်ချမယ်ဆိုရင် ကိုယ့်ပြီးမြောက်အောင်မြင်မှုတွေအတွက် ဝါကြွားမှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ အမှုတော်မှာ ဘာတွေပဲ လုပ်ရ လုပ်ရ မဝါကြွားပါနဲ့။ အံ့ချီးဖွယ် ဘုရားအတွက် အမှုဆောင်ခွင့် ရတာကိုပဲ ဂုဏ်ယူပါ။ (ယေ. ၉:၂၃၊ ၂၄) ဘုရား အကူအညီ မပါရင် ကျွန်တော်တို့ ပြီးမြောက်အောင်မြင်နိုင်တာ ဘာမှ မရှိတာမို့ ဘုရားကိုပဲ ဂုဏ်တင်ကြရအောင်။—၁ ကော. ၁:၂၆-၃၁။
12. Zisu zakawsangsakunaw kha dosuinkuh khonawpaw ccangpaw akong ccangkheit tuh pawmou? Tousenaw pya tua.
၁၂ ယေရှုရဲ့ နှိမ့်ချမှုကို အတုယူနိုင်တဲ့ နောက်တစ်နည်းကို သုံးသပ်ကြည့်ပါ။ ဦးဆုံးအကြိမ် လူထုဟောပြောချက် ပေးမယ့် အသင်းတော် အမှုထမ်း ညီအစ်ကိုငယ်တစ်ယောက်ကို အကြီးအကဲတစ်ယောက် အချိန် အများကြီး ပေးပြီး ကူညီပေးတယ် ဆိုပါစို့။ အကြီးအကဲ ကူညီပေးလို့ ညီအစ်ကို ဟောပြောချက် ကောင်းကောင်း ပေးနိုင်သွားတယ်။ အသင်းတော်က ညီအစ်ကို/မတွေ သိပ်သဘောကျကြတယ်။ အစည်းအဝေး ပြီးနောက် အကြီးအကဲဆီ တစ်ယောက်ယောက် လာပြီး “ဒီနေ့ အဲဒီညီအစ်ကိုလေး ဟောပြောချက် ပေးတာ သိပ်ကောင်းတယ်နော်” လို့ ပြောတယ်။ အကြီးအကဲအနေနဲ့ “ဟုတ်တယ်။ ကျွန်တော် အများကြီး ကူညီပေးထားတာလေ” လို့ ပြောသင့်သလား။ ဒါမှမဟုတ် “ဟုတ်တယ်။ သိပ်တော်တယ်နော်” လို့ နှိမ့်ချစွာ ပြောသင့်သလား။ ကျွန်တော်တို့သာ နှိမ့်ချမှု ရှိတယ်ဆိုရင် တခြားသူတွေကို လုပ်ပေးသမျှအတွက် ဂုဏ်ဖော်မှာ မဟုတ်ဘူး။ ကိုယ့်လုပ်ရပ်ကို ယေဟောဝါ မြင်တယ်၊ တန်ဖိုးထားတယ်ဆိုတဲ့ အသိနဲ့တင် ကျေနပ်နေမှာ။ (မဿဲ ၆:၂-၄ နဲ့ နှိုင်းယှဉ်ပါ။ ဟီ. ၁၃:၁၆) ယေရှုကို ကျွန်တော်တို့ အတုယူပြီး နှိမ့်ချမှု ပြတဲ့အခါ ယေဟောဝါ သိပ်နှစ်သက်တယ်။—၁ ပေ. ၅:၆။
THAWCCINAW CCANGKUNAW
13. Nain khuape kya Zisu nynh pawmou a muih, pawmou a cyi? (Luka 7:11-15)
၁၃ လုကာ ၇:၁၁-၁၅ ကို ဖတ်ပါ။ အေဒီ ၃၁ မှာ ယေရှု အမှုဆောင်ရင်း နာအိနမြို့ကို ရောက်လာတယ်။d မြို့တံခါးနား ရောက်တော့ အသုဘ လိုက်ပို့တဲ့ လူတန်းကြီး မြို့ထဲကနေ ထွက်လာတာ မြင်လိုက်ရတယ်။ မုဆိုးမတစ်ယောက်ရဲ့ တစ်ဦးတည်းသော သား ဆုံးသွားတာ။ မြင်ရတာ သိပ်ကြေကွဲစရာကောင်းတယ်။ ဒါပေမဲ့ ဝမ်းနည်းပူဆွေးနေတဲ့ မုဆိုးမ တစ်ယောက်တည်း ဖြစ်မနေပါဘူး။ ဘေးမှာ မြို့သူမြို့သားတွေ ရှိနေပေးကြတယ်။ လူအုပ်ကြီးကို ယေရှု ရပ်ခိုင်းပြီး ဝမ်းနည်းပူဆွေးနေတဲ့ မုဆိုးမအတွက် အံ့ဖွယ်အမှု လုပ်ပေးလိုက်တယ်။ သားကို ရှင်ပြန်ထမြောက်ပေးလိုက်တာပါ။ ဒါက ခရစ်ဝင်ကျမ်းမှာ သတ်သတ်မှတ်မှတ် မှတ်တမ်းတင်ထားတဲ့ ယေရှု လုပ်ပေးခဲ့တဲ့ ရှင်ပြန်ထမြောက်ခြင်း အံ့ဖွယ်အမှု သုံးခုထဲက ဦးဆုံး တစ်ခု ဖြစ်တယ်။
ဝမ်းနည်းပူဆွေးနေသူတွေကို ကရုဏာ ပြခြင်းအားဖြင့် ယေရှုကို အတုယူပါ (စာပိုဒ် ၁၄-၁၆ ကို ကြည့်ပါ)
14. Luka Alepaw 7 kya-e akonglang kha akaw aleih abang kha ho tua? (Sahkhung kha do.)
၁၄ လုကာ အခန်းကြီး ၇ မှာ ပါတဲ့ မှတ်တမ်းထဲက အသေးစိတ် အချက်တချို့ကို သုံးသပ်ကြည့်ပါ။ ဝမ်းနည်းပူဆွေးနေတဲ့ မုဆိုးမကို ယေရှု “မြင်” တယ်။ အဲဒီနောက် “သနားစိတ် ယိုဖိတ်လာ” တယ်လို့ ဖော်ပြထားတာ သတိထားမိသလား။ (အခန်းငယ် ၁၃) သားဖြစ်သူရဲ့ အလောင်းစင်ဘေးကနေ တရှုံ့ရှုံ့ ငိုရင်း လိုက်လာတဲ့ မုဆိုးမကို မြင်ပြီး ကရုဏာ သက်သွားတာ ဖြစ်နိုင်တယ်။ ယေရှု သနားစိတ် ဝင်ရုံလောက်ပဲ မဟုတ်ဘူး။ ကရုဏာ ရှိကြောင်း ပြတယ်။ “မငိုပါနဲ့တော့” ဆိုပြီး နှစ်သိမ့်ပေးတဲ့ လေသံနဲ့ ပြောတယ်။ အဲဒီနောက် မုဆိုးမရဲ့ သားကို အသက်ပြန်ရှင်စေပြီး “မိခင်ဆီ အပ်လိုက်တယ်။”—အခန်းငယ် ၁၄၊ ၁၅။
15. Zisu nynh a cyipaw ngaengannaw hae kyate pawmou ah ccangkuh kho oh?
၁၅ မုဆိုးမရဲ့ သားကို ရှင်ပြန်ထမြောက်ပေးတဲ့ ယေရှုရဲ့ အံ့ဖွယ်အမှုကနေ ဘာသင်ယူနိုင်သလဲ။ ဝမ်းနည်းပူဆွေးနေသူတွေကို ကရုဏာ ပြရမယ်ဆိုတာ သင်ယူရတယ်။ လူသေတွေ အသက်ပြန်ရှင်အောင် ယေရှုလိုတော့ ကျွန်တော်တို့ လုပ်မပေးနိုင်ဘူး။ ဒါပေမဲ့ ဝမ်းနည်းပူဆွေးနေသူတွေကို ယေရှုလိုပဲ အကင်းပါးပါး ကရုဏာ ပြနိုင်တယ်။ ကရုဏာ ပြနိုင်တဲ့ တစ်နည်းကတော့ သူတို့ကို ကူညီပေးဖို့၊ နှစ်သိမ့်ပေးဖို့ ကိုယ့်ဘက်က အစပြုပြီး တစ်ခုခု ပြောပေး၊ လုပ်ပေးခြင်းပါ။e (ပညာ. ၁၇:၁၇။ ၂ ကော. ၁:၃၊ ၄။ ၁ ပေ. ၃:၈) နှစ်သိမ့်မှု ဖြစ်စေတဲ့ စကား တစ်ခွန်း၊ နှစ်ခွန်း ဖြစ်ပါစေ၊ အသေးအဖွဲ လုပ်ရပ် ဖြစ်ပါစေ သူတို့အတွက် အားပေးမှု ဖြစ်နိုင်တယ်။
16. Bua tangthuipaw sahkhung kya-e a ccanung a sungpaw a nung a tungnaw kyate pawmou a nykuh?
၁၆ ဥပမာ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အသင်းတော် အစည်းအဝေးမှာ သီချင်းဆိုနေတုန်း မိခင်တစ်ယောက် ငိုနေတာကို ညီအစ်မတစ်ယောက် သတိထားမိသွားတယ်။ သီချင်းက ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း။ အဲဒီမိခင်ရဲ့ သမီးက မကြာသေးခင်ကမှ ဆုံးသွားတာ။ အကင်းပါးတဲ့ ညီအစ်မ အဲဒီမိခင်ဆီ ချက်ချင်း သွားပြီး ဖက်ထားပေးရင်း သီချင်း အတူတူ ဆိုပေးတယ်။ “ညီအစ်ကို/မတွေရဲ့ မေတ္တာကို အပြည့်အဝ ခံစားရတယ်။ . . . နိုင်ငံတော်ခန်းမဆိုတာ ကျွန်မတို့ လိုအပ်တဲ့ နှစ်သိမ့်မှုတွေ ရနိုင်တဲ့ နေရာပဲလေ” လို့ နောက်ပိုင်းမှာ အဲဒီမိခင် ပြောတယ်။ အစည်းအဝေး သွားတက်တာ မှန်သွားတယ်လို့ သူ ခံစားရတယ်။ “စိတ်ထောင်းကိုယ်ကြေ ဖြစ်နေ” တဲ့ ဝမ်းနည်းပူဆွေးသူတွေကို ကရုဏာ ပြတဲ့အနေနဲ့ ကျွန်တော်တို့ လုပ်တဲ့ အသေးအဖွဲ လုပ်ရပ်လေးတွေကိုတောင် ယေဟောဝါ သတိထားမိတယ်၊ တန်ဖိုးထားတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ဆာ. ၃၄:၁၈။
ZYNNAW YN TYNSAHPAW LEIHLANAW
17. E abalu kya pawkongmou ah nyh vae oh?
၁၇ ခရစ်ဝင်ကျမ်းတွေမှာ ပါတဲ့ ယေရှုရဲ့ အံ့ဖွယ်အမှုတွေအကြောင်း လေ့လာတာက ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။ ကျွန်တော်တို့ကို ယေဟောဝါနဲ့ ယေရှု သိပ်ချစ်ကြောင်း၊ လူ့ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ တန်ခိုး ယေရှုမှာ ရှိကြောင်း၊ ကတိပေးထားတဲ့ နိုင်ငံတော် ကောင်းချီးတွေ မကြာခင် ပြည့်စုံတော့မယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချနိုင်ကြောင်း အဲဒီမှတ်တမ်းတွေကနေ သိရတယ်။ အဲဒီမှတ်တမ်းတွေကို လေ့လာတဲ့အခါ ယေရှုရဲ့ အရည်အသွေးတွေကို ဘယ်လို အတုယူနိုင်ကြောင်း စဉ်းစားပါ။ ယေရှုရဲ့ တခြား အံ့ဖွယ်အမှုတွေအကြောင်းလည်း ကိုယ်ပိုင်လေ့လာမှု ဒါမှမဟုတ် မိသားစု ဝတ်ပြုမှုမှာ လေ့လာပါ။ သင်ခန်းစာတွေ ရှာပါ။ တခြားသူတွေကို ပြန်ဝေမျှပါ။ ဒါဆိုရင် ကိုယ်တိုင်ရော ညီအစ်ကို/မတွေပါ ယုံကြည်ခြင်း ခိုင်ခံ့လာမှာ သေချာတယ်။—ရော. ၁:၁၁၊ ၁၂။
18. Malang abalu kya pawkongmou hokuh lang?
၁၈ ယေရှု အမှုဆောင်ချိန် အဆုံးပိုင်းမှာ ချစ်ရတဲ့ မိတ်ဆွေတစ်ယောက်ကို ရှင်ပြန်ထမြောက်ပေးခဲ့တယ်။ ဒါက ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ယေရှု လုပ်ပေးခဲ့တဲ့ ရှင်ပြန်ထမြောက်ခြင်း အံ့ဖွယ်အမှု သုံးခုထဲက တတိယမြောက် တစ်ခု ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက် အခြေအနေက တော်တော် ထူးခြားတယ်။ အဲဒီမှတ်တမ်းကနေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ပိုယုံကြည်စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ။ ဒီမေးခွန်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
LAW 20 အချစ်ဆုံးသားကို ပေးခဲ့
a ယေရှုရဲ့ အံ့ဖွယ်အမှုတွေအကြောင်း ဖတ်ရတာ စိတ်လှုပ်ရှားစရာပါပဲ။ လေပြင်းမုန်တိုင်း ငြိမ်သက်အောင် ယေရှု လုပ်ပေးတယ်။ ဖျားနာသူတွေကို ကုသပေးတယ်။ သေလွန်သူတွေကို ပြန်ရှင်စေတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းရုံသက်သက် ဒါတွေကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ကို သွန်သင်ပေးဖို့ ဖြစ်တယ်။ ယေဟောဝါ၊ ယေရှုနဲ့ပတ်သက်ပြီး ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ ဘာသင်ခန်းစာတွေ ယူနိုင်တယ်၊ ကျွန်တော်တို့မှာ ဘာအရည်အသွေးတွေ ရှိသင့်တယ်ဆိုတာ သိရဖို့ ယေရှုရဲ့ အံ့ဖွယ်အမှုတချို့ လေ့လာကြည့်ကြရအောင်။
b “အရှေ့တိုင်းမှာ ဧည့်ဝတ်ပြုတာကို ဝတ္တရားတစ်ခုလို သဘောထားကြတယ်။ ဧည့်သည်တွေကို လိုလေသေးမရှိ ဧည့်ခံကြတယ်။ အထူးသဖြင့်၊ မင်္ဂလာ ဧည့်ခံပွဲတွေမှာဆိုရင် အလျှံပယ် တည်ခင်းကျွေးမွေးကြတယ်” လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။
c ယေရှုရဲ့ အံ့ဖွယ်အမှု ၃၀ ကျော်ကို ခရစ်ဝင်ကျမ်းတွေမှာ သတ်သတ်မှတ်မှတ် ဖော်ပြထားတယ်။ ဒါ့အပြင် သတ်သတ်စီ ဖော်ပြမထားဘဲ ခြုံပြီး ဖော်ပြတဲ့ အံ့ဖွယ်အမှု တော်တော်များများလည်း ရှိတယ်။ ဥပမာ၊ တစ်ခေါက် “မြို့သားအားလုံး” စုဝေးရောက်လာကြလို့ ယေရှု “ရောဂါဝေဒနာ အမျိုးမျိုးကို ကုပေး” ခဲ့တယ်။—မာ. ၁:၃၂-၃၄။
d နာအိနမြို့ဟာ အမျိုးသမီးတစ်ယောက်ရဲ့ သားကို ပရောဖက် ဧလိရှဲ ရှင်ပြန်ထမြောက်ပေးခဲ့တဲ့ ရှုနင်မြို့နဲ့ မလှမ်းမကမ်းမှာ ရှိတယ်။—၂ ဘု. ၄:၃၂-၃၇။
e ဝမ်းနည်းပူဆွေးနေသူတွေကို နှစ်သိမ့်ပေးဖို့ ဘာပြောနိုင်တယ်၊ ဘာလုပ်ပေးနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး အကြံပြုချက်တွေကို ၂၀၁၀၊ နိုဝင်ဘာ ၁ ကင်းမျှော်စင် မှာ ပါတဲ့ “ပူဆွေးကျန်ရစ်သူကို ယေရှု နှစ်သိမ့်ခဲ့တဲ့အတိုင်း နှစ်သိမ့်ပေးပါ” ဆောင်းပါးမှာ ကြည့်ပါ။
f ပုံအညွှန်း– မင်္ဂလာမောင်နှံနဲ့ ဧည့်သည်တွေ ဝိုင်အကောင်းစား သုံးဆောင်နေတာကို ယေရှု နောက်ကွယ်ကနေ ကြည့်နေ။