Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 September pp. 8-13
  • Ngawphue Hae—Pawte Cihpaw Hingnaw Mou Na Hoiry Oh?

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Ngawphue Hae—Pawte Cihpaw Hingnaw Mou Na Hoiry Oh?
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • A Lokuhpaw Akonglang
  • PAWCCE AHOYPAW BANG POKUH LANG A CCANG
  • PAWCCE POU ZAKAWSANGSAHKU LANG A CCANG
  • PAWCCE ZAHOVA KHA POU CCUNG LANG
  • NGAWPHUE HAE—LUNGPAW LANG UNGPAW HINGNAW NA MUE KHO OH
  • Zosiah Tuh Bangrui Hoipaw La hoy
    Imua Hae Kha Ccangpa Hae
  • Zahova Kha Pawcce Rilang A Ccang?
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 September pp. 8-13

HOKU LANGPAW ABALU 38

Ngawphue Hae—Pawte Cihpaw Hingnaw Mou Na Hoiry Oh?

“Nythyanaw nynh ae thungkhaw cih.”—PTB. 2:11.

LAW 135 ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’

အကြို​သုံးသပ်ချက်a

1. Joash, Uzziah, te Josiah hae kya paw ruunaw mou a ung?

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရား​လူမျိုးရဲ့ ဘုရင် ဖြစ်လာတယ်လို့ မြင်ယောင်​ကြည့်ပါ။ ဘုရင့်​အာဏာ သုံးပြီး ဘာတွေ လုပ်မလဲ။ အသက် ငယ်ငယ်​လေး​နဲ့ ယုဒ​ဘုရင် ဖြစ်လာသူတွေ​အကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ဥပမာ၊ ယောရှ​ဟာ ၇ နှစ် အရွယ်၊ ဩဇိ​ဟာ ၁၆ နှစ် အရွယ်၊ ယောရှိ​ဟာ ၈ နှစ် အရွယ်မှာ ဘုရင် ဖြစ်လာတယ်။ အရွယ်​နဲ့ ဖိအား မမျှလို့ သိပ်ခက်မှာ​ပဲ။ ဒါပေမဲ့ ယေဟောဝါ​ဘုရားနဲ့ တခြားသူတွေရဲ့ အကူအညီကြောင့် ကောင်းတာတွေ အများကြီး လုပ်နိုင်​ခဲ့ကြတယ်။

2. Joash, Uzziah, te Josiah hae kong pawcce leihla lang a ccang?

၂ ကျွန်တော်တို့ဟာ ဘုရင်တွေ၊ ဘုရင်မတွေတော့ မဟုတ်ကြဘူး။ ဒါပေမဲ့ ဒီကျမ်းစာ​ဇာတ်ကောင် သုံးယောက်​ဆီ​က အဖိုးတန် သင်ခန်းစာ​တွေ ယူနိုင်တယ်။ သူတို့ ဆုံးဖြတ်ချက် မှန်တဲ့အခါ ရှိသလို မှားတဲ့အခါလည်း ရှိတယ်။ သူတို့​အကြောင်း လေ့လာတဲ့အခါ အပေါင်းအသင်းကောင်း ရွေးဖို့၊ ဆက်​နှိမ့်ချ​ဖို့၊ ယေဟောဝါကို ဆက်​ရှာဖို့ ဘာကြောင့် အရေးကြီးသလဲ​ဆိုတာ သိလာမယ်။

PAWCCE AHOYPAW BANG POKUH LANG A CCANG

ဆိုင်မှာ ပြထားတဲ့ အဝတ်အစားနဲ့ပတ်သက်ပြီး ညီအစ်မငယ်တစ်ယောက်ကို ရင့်ကျက်တဲ့ ညီအစ်မ အကြံပေးနေ။ စကတ်တစ်ထည်က တိုပြီး နောက်တစ်ထည်က ရှည်။

မိတ်ဆွေကောင်းတွေ အကြံ​ပေးတာ နားထောင်ခြင်း​အားဖြင့် ယောရှ​ကို အတုယူ​နိုင် (စာပိုဒ် ၃၊ ၇ ကို ကြည့်ပါ)c

3. Ranpibawi Jehoiada ccangpyanaw kha ngaete Siapharang Joash pawmou a cyi?

၃ ယောရှရဲ့ ဆုံးဖြတ်ချက်ကောင်း​ကနေ သင်ယူ​နိုင်​ရာ။ ဖတဆိုးလေး ဘုရင် ယောရှ​ဟာ ငယ်​ပေမဲ့ ကောင်းကောင်း ဆုံးဖြတ်​တတ်တယ်။ ကိုယ့်ကို သား​အရင်း​လို သွန်သင်​ဆုံးမ​ပေးတဲ့ ပုရောဟိတ်မင်း ယောယဒ​စကား နားထောင်တယ်။ ယေဟောဝါကို ဝတ်ပြုတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေး ထွန်းကား​အောင် လုပ်တယ်။ ဗိမာန်တော် ပြန်ပြုပြင်တယ်။—၂ ရာ. ၂၄:၁၊ ၂၊ ၄၊ ၁၃၊ ၁၄။

4. Zahova kawbya ngae langze paw thanenaw mou a ung? (Phungtangbya 2:1, 10-12)

၄ ယေဟောဝါကို ချစ်ဖို့၊ ဘုရား​စံနှုန်းတွေအတိုင်း နေဖို့ သင့်ကို မိဘ ဒါမှမဟုတ် တစ်ယောက်ယောက် သွန်သင်ပေးတယ်​ဆိုရင် ကောင်းချီးပါပဲ။ (ပညာအလိမ္မာ ၂:၁၊ ၁၀-၁၂ ကို ဖတ်ပါ။) မိဘတွေက ပုံစံ​အမျိုးမျိုးနဲ့ လေ့ကျင့်ပေး​နိုင်တယ်။ ညီအစ်မ ကတ်​ယာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ဖခင်​ဖြစ်သူ ဘယ်လို ကူညီပေးသလဲ သုံးသပ်ကြည့်ပါ။ နေ့တိုင်း ကျောင်း​လိုက်​ပို့​ရင်း နေ့စဉ်​ကျမ်းချက် ဆွေးနွေးကြတယ်။ “အဲဒီလို ဆွေးနွေးတာက အဲဒီ​နေ့ ပေါ်လာတဲ့ ပြဿနာတွေကို ကိုင်တွယ်​နိုင်ဖို့ ကျွန်မကို ကူညီပေးတယ်” လို့ ညီအစ်မ ပြောတယ်။ ဒါပေမဲ့ ကျမ်းစာကို အခြေခံပြီး မိဘတွေ ချထားတဲ့ စည်းကမ်း​တွေ​က တင်းကြပ်​လွန်း​ပုံပေါက်ရင်​ကော။ နာခံဖို့ ဘာက ကူညီပေးမလဲ။ စည်းကမ်း ချ​ရတဲ့ အကြောင်းရင်းကို သဘောပေါက်ခြင်း​ပါ။ အနာစတာစီယာ​လို့ ခေါ်တဲ့ ညီအစ်မကို မိဘတွေ အဲဒီလိုပဲ အချိန်ပေး ရှင်းပြကြတယ်။ “ကျွန်မကို ချုပ်ချယ်​ချင်လို့ မဟုတ်ဘူး။ ချစ်လို့၊ ကာကွယ်ပေးချင်လို့ စည်းကမ်း ချ​တာ​ပဲ​ဆိုတာ သဘောပေါက်သွားတယ်” လို့ ပြောတယ်။

5. Na cyisahnaw nynh nungpaw te Zahova tungvaw pawtemou thanenaw a ungsah? (Phungtangbya 22:6; 23:15, 24, 25)

၅ လူငယ် ယောရှရဲ့ စံနမူနာကို အတုယူ​သင့်​တဲ့ အကြောင်းရင်းတွေ စဉ်းစားကြည့်ပါ။ မိဘတွေ ချပေးတဲ့ ကျမ်းစာ​အခြေပြု အကြံဉာဏ်အတိုင်း သင် လိုက်လျှောက်တဲ့အခါ မိဘတွေ​ကော ယေဟောဝါ​ပါ သိပ်ဝမ်းသာ​မယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပို​ခိုင်မြဲလာမယ်။—ပညာအလိမ္မာ ၂၂:၆။ ၂၃:၁၅၊ ၂၄၊ ၂၅ ကို ဖတ်ပါ။

6. Jehoiada a chih koute a hung hae bya mou Joash a ngaesei, pawmou a cihkuh? (2 Sherianaw 24:17, 18)

၆ ယောရှရဲ့ ဆုံးဖြတ်ချက်​အမှားကနေ သင်ယူ​နိုင်​ရာ။ ယောယဒ ကွယ်လွန်ပြီးနောက် ယောရှ အပေါင်းအသင်း မှား​လာတယ်။ (၂ ရာဇဝင်ချုပ် ၂၄:၁၇၊ ၁၈ ကို ဖတ်ပါ။) ဘုရားကို မချစ်တဲ့ ယုဒ​မှူးမတ်​တွေ​စကား နားယောင်သွားတယ်။ တကယ်ဆိုရင် ဒီ​ပြဿနာအိုး​တွေ​ကို ဝေးဝေး ရှောင်သင့်တာ။ (ပညာ. ၁:၁၀) ဒါပေမဲ့ တည့်မတ်ပေးဖို့ ကြိုးစားတဲ့ ဝမ်းကွဲ ဇာခရိ​ကို ယောရှ သတ်​လိုက်တယ်။ (၂ ရာ. ၂၄:၂၀၊ ၂၁။ မ. ၂၃:၃၅) ဘယ်လောက်တောင် မိုက်မဲ​ဆိုးရွား​လိုက်သလဲ။ ယောရှ အစ ကောင်းပေမဲ့ အနှောင်း မလှဘူး။ အယူဖောက်ပြန်သူ၊ လူသတ်သမား ဖြစ်သွားတယ်။ နောက်ပိုင်း၊ အမှုထမ်းတွေ လုပ်ကြံ​သတ်ဖြတ်​တာကို ခံရတယ်။ (၂ ရာ. ၂၄:၂၂-၂၅) ယေဟောဝါ​စကား​သာ ဆက်​နားထောင်မယ်၊ ဘုရားကို ချစ်တဲ့သူတွေ​နဲ့​သာ ပေါင်း​မယ်​ဆိုရင် ဒီလို​မရှုမလှ ဘဝ​ဇာတ်သိမ်း​မှာ မဟုတ်ဘူး။ ဘာ​သင်ခန်းစာ ယူနိုင်သလဲ။

7. A hung hae te mou mungkuh lang a ccang? (Sahkhung kha do.)

၇ မိတ်ဆွေတွေက ကျွန်တော်တို့အပေါ် အတော်အတန် လွှမ်းမိုး​နိုင်တယ်။ ဒါကြောင့် ဘုရားကို ချစ်တဲ့၊ ဘုရား​စိတ် ရွှင်လန်း​စေချင်​တဲ့ အပေါင်းအသင်း​မျိုး ရွေး​ရမယ်။ ယောရှ​အကြောင်း စဉ်းစားကြည့်ပါ။ မိတ်ဆွေ ယောယဒ​ထက် အသက် အများကြီး ငယ်​တယ်။ သင်လည်း သက်တူရွယ်တူ​တွေ​နဲ့​ပဲ မ​ပေါင်းပါ​နဲ့။ အပေါင်းအသင်း ရွေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလို​ဆန်းစစ်ပါ– ‘အပေါင်းအသင်းတွေ​ကြောင့် ငါ ယုံကြည်ခြင်း ပိုခိုင်ခံ့လာ​သ​လား။ ဘုရား​စံနှုန်းတွေအတိုင်း ပို​နေချင်​လာ​သ​လား။ ဘုရားအကြောင်း၊ ကျမ်းစာ​အကြောင်း သူတို့ ထည့်​ထည့် ပြော​ကြသလား။ ဘုရား​စံနှုန်းတွေကို လေးစား​ကြသလား။ ငါ လမ်းလွဲ​နေတဲ့အခါ အမုန်းခံပြီး တည့်မတ်ပေး​ကြသလား။’ (ပညာ. ၂၇:၅၊ ၆၊ ၁၇) ယေဟောဝါကို မချစ်တဲ့ အပေါင်းအသင်းတွေ​ဆိုရင် လွှတ်​သာ ချ​လိုက်ပါ။ ယေဟောဝါကို ချစ်တဲ့သူတွေ​ဆိုရင်တော့ အမိ​အရ ဖမ်းဆုပ်​ထားပါ။ သင့်ကို အမြဲ ကူညီပေးကြလိမ့်မယ်။—ပညာ. ၁၃:၂၀။

8. Internet mang vae ze, pawhaemou tuabia lang a ccang?

၈ လူမှု​မီဒီယာ​ကြောင့် မိတ်ဆွေတွေ၊ မိသားစုဝင်တွေ​နဲ့ အဆက်အသွယ် မပြတ် ရှိနိုင်တယ်။ ဒါပေမဲ့ တော်တော်​များများ​က လူ​အထင်ကြီး ခံချင်လို့ ကိုယ် ဘာ​ဝယ်ခဲ့တယ်၊ ဘာလုပ်ခဲ့တယ်ဆိုတာ ဓာတ်ပုံ၊ ဗီဒီယိုတွေ တင်ပြီး ကြွား​ကြတယ်။ ဒါကြောင့် သင်လည်း ဒီလို​ဆန်းစစ်ပါ– ‘လူ​အထင်ကြီး ခံချင်လို့​လား။ အပျော် ကူးစေချင်လို့လား။ ကြွားချင်လို့လား။ တခြားသူတွေရဲ့ စဉ်းစား​တွေးခေါ်ပုံ၊ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံ​တွေ ငါ့ဆီ ကူးလာ​သ​လား။’ အုပ်ချုပ်ရေး အဖွဲ့ဝင်​အဖြစ် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို နေသန် နောရ်က “လူ့​အကြိုက် လိုက်ဖို့ မကြိုးစား​နဲ့။ ဘယ်သူ့​အကြိုက်​မှ မ​တွေ့​ဘဲ ဖြစ်သွားမယ်။ ယေဟောဝါ ကြိုက်တာကို​ပဲ လုပ်။ ယေဟောဝါကို ချစ်တဲ့သူ အားလုံးရဲ့ အကြိုက်နဲ့ တွေ့လိမ့်မယ်” လို့ ပြောတယ်။

PAWCCE POU ZAKAWSANGSAHKU LANG A CCANG

9. Pachia bungnaw keiccu Uzziah pawhaemou a cyi kho? (2 Sherianaw 26:1-5)

၉ ဩဇိ​ရဲ့ ဆုံးဖြတ်ချက်ကောင်း​ကနေ သင်ယူ​နိုင်​ရာ။ ဘုရင် ဩဇိ နန်းတက်စမှာ သိပ်​နှိမ့်ချ​တယ်။ “စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေ​တတ်” ဖို့ ကြိုးစားတယ်။ ၆၈ နှစ် အသက်ရှည်တယ်။ ဘုရား​ကောင်းချီး တော်တော် ရတယ်။ (၂ ရာဇဝင်ချုပ် ၂၆:၁-၅ ကို ဖတ်ပါ။) ရန်သူ အများကြီးကို အောင်နိုင်တယ်။ ဂျေရုဆလင်​မြို့ရဲ့ ခံတပ် တောင့်တင်းအောင် တည်ဆောက်တယ်။ (၂ ရာ. ၂၆:၆-၁၅) ဘုရား​အကူအညီကြောင့် လုပ်နိုင်​ခဲ့​တာ အားလုံး​အတွက် ဩဇိ သိပ်ကျေနပ်​မှာ​ပဲ။—ဒေ. ၃:၁၂၊ ၁၃။

10. Uzziah pawmou a cihkuh?

၁၀ ဩဇိ​ရဲ့ ဆုံးဖြတ်ချက်​အမှားကနေ သင်ယူ​နိုင်​ရာ။ ဘုရင် ဩဇိ​ဟာ တခြားသူတွေကို လက်ညှိုးထိုး အမိန့်​ပေးနေ​ကျ​ဆိုတော့ ငါ​ပြီးရင် ပြီး​ရော​ဆိုတဲ့ အတွေးမျိုး ဝင်လာ​ပုံ​ပဲ။ ဒီလိုနဲ့ တစ်နေ့၊ နံ့သာပေါင်း မီးရှို့​ဖို့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်သွားတယ်။ တကယ်ဆိုရင် ပုရောဟိတ်တွေ​ပဲ နံ့သာပေါင်း မီးရှို့ခွင့် ရှိတာ။ တော်တော် ရောင့်တက်နေတာပဲ။ (၂ ရာ. ၂၆:၁၆-၁၈) ပုရောဟိတ်မင်း အာဇရိ လိုက်​တားတယ်။ ဩဇိ အကြီးအကျယ် ဒေါသ​ထွက်တယ်။ တစ်သက်လုံး သစ္စာရှိခဲ့​ပါတယ်​ဆိုတဲ့ မှတ်တမ်း ဒီ​လုပ်ရပ်ကြောင့် ပျက်​သွားတော့တာပဲ။ အနာကြီး​ရောဂါနဲ့ ယေဟောဝါ ဒဏ်ခတ်​လိုက်တယ်။ (၂ ရာ. ၂၆:၁၉-၂၁) ဆက်​သာ နှိမ့်ချ​ရင် ဒီလို​မရှုမလှ ဘဝ​ဇာတ်သိမ်း​မှာ မဟုတ်ဘူး။

ရုပ်ပုံ– ၁။ တိုက်နယ်စည်းဝေးပွဲတစ်ခုမှာ စင်ပေါ် မတက်ခင် ညီအစ်မတစ်ယောက် ဆုတောင်းနေ။ ၂။ ဒီညီအစ်မနဲ့ နောက်ညီအစ်မတစ်ယောက်ကို ညီအစ်ကို လူတွေ့မေးနေ။ ၃။ အစည်းအဝေး ပြီးနောက် ညီအစ်ကို/မတွေ ချီးကျူးကြတဲ့အခါ ယေဟောဝါကို ညီအစ်မ ဂုဏ်တင်။

ကိုယ် ဘာတွေ လုပ်နိုင်ခဲ့တယ်​ဆိုပြီး ဂုဏ်မောက်​မယ့်​အစား ယေဟောဝါကို ဂုဏ်တင်​သင့် (စာပိုဒ် ၁၁ ကို ကြည့်ပါ)d

11. Zakawsangsahkunaw a hoikuh tou cipaw pawtemou nykuh kho lang? (Sahkhung kha do.)

၁၁ မိမိ စည်းစိမ်​အာဏာ တိုးလာတာ ယေဟောဝါ​ကြောင့်​ဆိုတာ ဩဇိ မေ့သွားတယ်။ ဘာ​သင်ခန်းစာ ရသလဲ။ ကိုယ် ရထားတဲ့ ကောင်းချီးတွေ၊ အခွင့်ထူးတွေ​ဟာ ယေဟောဝါ ပေးထားလို့​ဆိုတာ သတိရပါ။ ဘာတွေ လုပ်နိုင်ခဲ့တယ်​ဆိုပြီး ဂုဏ်မောက်​မယ့်​အစား အဲဒီလို လုပ်နိုင်အောင် ကူညီပေးတဲ့ ယေဟောဝါကို ကျေးဇူးတင်​သင့်​တယ်။b (၁ ကော. ၄:၇) ကိုယ် မ​စုံလင်​ဘူး၊ ဆုံးမမှု လိုတယ်ဆိုတာ နှိမ့်ချမှု ရှိရှိ လက်ခံပါ။ “ကျွန်တော့်​အမှားကို တခြားသူတွေ ထောက်ပြ​လာတဲ့အခါ ဒေါသ မ​ထွက်​ဖို့၊ စိတ်ဓာတ်မကျဖို့ ကြိုးစားတယ်။ တစ်ခါတလေ မိုက်မိုက်မဲမဲ လုပ်မိတဲ့ အမှားတွေ​နဲ့ပတ်သက်ပြီး ဆုံးမ​ခံရတဲ့အခါ ကြိုးစားပြီး ပြင်တယ်။ ယေဟောဝါ​အတွက် အကောင်းဆုံး ပေးဖို့ ဆက်ကြိုးစားတယ်” လို့ အသက် ၆၀ ဝန်းကျင် ညီအစ်ကို​တစ်ယောက် ပြောတယ်။ ယေဟောဝါကို ကြောက်ရွံ့ရိုသေမယ်၊ ဆက်​နှိမ့်ချ​မယ်​ဆိုရင် ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်​ရမယ်။—ပညာ. ၂၂:၄။

PAWCCE ZAHOVA KHA POU CCUNG LANG

12. Zahova kha ka ccung cipaw Josiah nynh pawtemou a langsah? (2 Sherianaw 34:1-3)

၁၂ ယောရှိရဲ့ ဆုံးဖြတ်ချက်ကောင်း​ကနေ သင်ယူ​နိုင်​ရာ။ ယောရှိ အသက် ၁၆ နှစ်မှာ ယေဟောဝါကို စ​ရှာတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါအကြောင်း သိအောင် လုပ်ခြင်း၊ ဘုရား လုပ်​စေချင်​တာ လုပ်ခြင်းအားဖြင့်​ပါ။ ဒါပေမဲ့ ဘဝဟာ ဖယောင်း​ခင်း​လမ်း ဖြစ်​မနေဘူး။ အယူမှား ဝတ်ပြုရေး ပျံ့နှံ့​နေ​လို့ အများ​နဲ့ တစ်ယောက် ဖြစ်နေတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေးဘက် ရပ်တည်ဖို့ သတ္တိ ရှိမှ ရမယ်။ တကယ်လည်း သတ္တိ ရှိတယ်။ အသက် ၂၀ မပြည့်ခင်​မှာ​ပဲ တိုင်းပြည်​ကနေ အယူမှား ဝတ်ပြုရေးကို စ​ဖယ်ရှားတယ်။—၂ ရာဇဝင်ချုပ် ၃၄:၁-၃ ကို ဖတ်ပါ။

13. Zahova kalang pyng pyakuh langze na hingnaw kya pawhaemou a rulaekuh cih?

၁၃ ယောရှိ​လိုပဲ သင်လည်း ငယ်​သေးတယ်​ဆိုရင်တောင် ယေဟောဝါ​ဘုရားအကြောင်း၊ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း လေ့လာ​နိုင်တယ်။ လေ့လာတာ​နဲ့အမျှ ဘုရားဆီ ဆက်ကပ်အပ်နှံချင်​လာမယ်။ ဘုရားဆီ ဆက်ကပ်အပ်နှံ​တဲ့အခါ သင့်​ဘဝမှာ ဘာတွေ ပြောင်းလဲသွားမလဲ။ “ဆက်ကပ်အပ်နှံ​လိုက်တဲ့ နေ့​က​စပြီး ယေဟောဝါကို ဝတ်ပြုဖို့၊ ဘုရားကို ပျော်အောင် ထားဖို့​က ကျွန်တော့်​ဘဝမှာ နံပါတ်​တစ် ဖြစ်လာတယ်” လို့ အသက် ၁၄ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ လုခ် ပြောတယ်။ (မာ. ၁၂:၃၀) သင်လည်း ဒီလို စိတ်ပိုင်းဖြတ်ထား​ရင် ကောင်းချီးတွေ ရမှာ သေချာတယ်။

14. Ngawphue hae abang nynh Siapharang Josiah kha pawtemou a doliakuh hae.

၁၄ ယေဟောဝါရဲ့ ကျေးကျွန် လူငယ်တွေ ဘာအခက်အခဲ ကြုံ​နိုင်​သလဲ။ အသက် ၁၂ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ ဂျိုဟန် ရွယ်တူချင်း​ဖိအား ကြုံရတယ်။ အီး စီးကရက် သောက်ဖို့ အတန်းဖော်တွေ ဖိအားပေး​ကြတယ်။ ဒါပေမဲ့ သောက်​ရင် ကျန်းမာရေး​ကော ဘုရားနဲ့ ဆက်ဆံရေးပါ ထိခိုက်မယ်​ဆိုပြီး ဂျိုဟန် ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးတယ်။ ကျောင်းမှာ ဖိအား​တွေ ရင်ဆိုင်နိုင်ဖို့ ဘာက ကူညီပေးကြောင်း အသက် ၁၄ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ ရေချယ် ဒီလိုပြောတယ်– “ဘာ​ပြောပြော၊ ဘာလုပ်လုပ် ကျမ်းစာ​အကြောင်း၊ ယေဟောဝါအကြောင်း ဆက်စပ်ပြီး တွေး​လိုက်တယ်။ ဥပမာ၊ သမိုင်းကြောင်း​တစ်ခုခု လေ့လာတဲ့အခါ ကျမ်းမှတ်တမ်း ဒါမှမဟုတ် ပရောဖက်ပြုချက်​တစ်ခု တွေးကြည့်တယ်။ တစ်ယောက်ယောက်​နဲ့ စကားပြောတဲ့အခါ ထည့်​ပြော​လို့ ကောင်း​မယ့် ကျမ်းပိုဒ် တစ်ပိုဒ်​ဖြစ်ဖြစ် စဉ်းစား​ကြည့်တယ်။” ဘုရင် ယောရှိ ကြုံတဲ့ အခက်အခဲ​နဲ့ သင့်​အခက်အခဲ တူချင်မှ တူ​မယ်။ ဒါပေမဲ့ ဘုရင် ယောရှိ​လို ပညာရှိ​နိုင်တယ်။ သစ္စာရှိ​နိုင်တယ်။ ငယ်ငယ်ကတည်းက အခက်အခဲ​လေး​တွေ ဖြေရှင်းတတ်ရင် ကြီးလာလို့ အခက်အခဲ​ကြီး​တွေ ကြုံရတဲ့အခါ ဖြေရှင်းတတ်​သွားမယ်။

15. Zyntyn kho nawlang Siapharang Josiah kha pawnynhmou a bung? (2 Sherianaw 34:14, 18-21)

၁၅ ဘုရင် ယောရှိ အသက် ၂၆ နှစ်မှာ ဗိမာန်တော်ကို စ​ပြုပြင်တယ်။ ပြုပြင်​ရင်း “မောရှေက​တစ်ဆင့် ပေးခဲ့တဲ့ ယေဟောဝါရဲ့ ပညတ်​ကျမ်း” ကို တွေ့သွားတယ်။ ပညတ်​ကျမ်းမှာ ရေးထားတာ​တွေ ဖတ်ပြတာ ကြားပြီးနောက် အဲဒီမှာ ပါတဲ့​အတိုင်း လုပ်ဖို့ ချက်ချင်း စီစဉ်တယ်။ (၂ ရာဇဝင်ချုပ် ၃၄:၁၄၊ ၁၈-၂၁ ကို ဖတ်ပါ။) သင်​ကော ကျမ်းစာ မှန်မှန် ဖတ်ချင်​သ​လား။ ဖတ်နေတယ်​ဆိုရင် ဖတ်ရတာ ပျော်ရဲ့လား။ သင့်အတွက် အထောက်အကူ ဖြစ်စေမယ့် ကျမ်းပိုဒ်တွေ မှတ်ထားသလား။ စိတ်ဝင်စားစရာ အချက်တွေ တွေ့တဲ့အခါ နေ့စဉ်​မှတ်တမ်း​ထဲ ချ​ရေးတယ်လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ လုခ် ပြောတယ်။ ဒီလို​ချရေးတာက ကိုယ် ဘာတွေ ဖတ်​ခဲ့တယ်၊ ဘာ​သင်ခန်းစာ​တွေ ရခဲ့တယ်ဆိုတာ မှတ်မိစေ​တယ်။ ကျမ်းစာကို ပိုသိ၊ ပို​မြတ်နိုးလေ ယေဟောဝါ​အတွက် ပိုအမှုဆောင်ချင်လေ ဖြစ်လာမယ်။ မှန်ရာ လုပ်ဖို့ ဘုရင် ယောရှိ​ကို ဘုရား​စကားက ကူညီ​ပေးသလို သင့်ကိုလည်း ကူညီပေးလိမ့်မယ်။

16. Josiah pawcce alepaw seinaw a raesei, pawmou ccangkuh kho lang?

၁၆ ယောရှိရဲ့ ဆုံးဖြတ်ချက်​အမှားကနေ သင်ယူ​နိုင်ရာ။ ယောရှိ အသက် ၃၉ နှစ်လောက်မှာ အမှား​တစ်ခုကြောင့် အသက်ပါ ရင်း​လိုက်ရတယ်။ ဘုရား​လမ်းညွှန်မှု ရှာ​မယ့်​အစား ကိုယ့်​အား​ကိုယ် ကိုး​လိုက်လို့​ပါ။ (၂ ရာ. ၃၅:၂၀-၂၅) ဘာ​သင်ခန်းစာ ရသလဲ။ အသက် ဘယ်လောက် ကြီးကြီး၊ ကျမ်းစာ အသိပညာ ဘယ်လောက် ရှိရှိ ယေဟောဝါကို ဆက်​ရှာရမယ်။ ဘယ်လိုနည်းနဲ့လဲ။ ဘုရား​လမ်းညွှန်မှု ရဖို့ မှန်မှန် ဆုတောင်းခြင်း၊ ကျမ်းစာ မှန်မှန် လေ့လာခြင်း၊ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ​ဆီ​က အကြံဉာဏ် တောင်းခြင်းအားဖြင့်​ပါ။ ဒါဆိုရင် ကြီးလေးတဲ့ အမှားတွေ ရှောင်နိုင်​လို့ ပျော်ရလိမ့်မယ်။—ယာ. ၁:၂၅။

NGAWPHUE HAE—LUNGPAW LANG UNGPAW HINGNAW NA MUE KHO OH

17. Judah siapharang luthung kyate paw azicipaw ccangkunaw hae mou a muekuh?

၁၇ တချို့​အရာတွေက ငယ်တုန်းရွယ်တုန်းပဲ လုပ်နိုင်တာ။ လူငယ်တွေ ပညာရှိ ဆုံးဖြတ်ချက် ချနိုင်တယ်၊ ဘုရား နှစ်သက်တဲ့ အသက်တာနဲ့ နေနိုင်တယ်​ဆိုတာ ဘုရင် ယောရှ၊ ဩဇိ၊ ယောရှိ​တို့​ရဲ့ မှတ်တမ်းက သက်သေပါပဲ။ သူတို့တွေ အစ ကောင်းပေမဲ့ အနှောင်း မလှကြဘူး။ ဒါပေမဲ့ သင်ခန်းစာ ယူ​တတ်​မယ်​ဆိုရင် သူတို့ လုပ်မိတဲ့ အမှားမျိုး ရှောင်နိုင်မယ်။ ကောင်းကွက်တွေ အတုယူ​နိုင်မယ်။ အောင်မြင်​ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်​နိုင်မယ်။

စစ်မြေပြင်မှာ ဂေါလျတ်ကို ဒါဝိဒ် လောက်လွှဲနဲ့ ရွယ်နေ။

လူငယ်လေး ဒါဝိဒ် ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် ကြိုးစား။ ယေဟောဝါကို ပျော်အောင် ထား။ ကိုယ်တိုင်လည်း ပျော်စရာ ဘဝ ပိုင်ဆိုင်​ရ (စာပိုဒ် ၁၈ ကို ကြည့်ပါ)

18. Lungpaw lang ungpaw hingnaw a muekuh kho cipaw paw Baebu kong hae nynh mou a langsah? (Sahkhung kha do.)

၁၈ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တဲ့၊ ဘုရား​မျက်နှာသာ ရခဲ့တဲ့၊ ကျေနပ်​ပျော်ရွှင်ဖွယ် ဘဝ ပိုင်ဆိုင်​ခဲ့​တဲ့ တခြား​လူငယ်တွေ​အကြောင်း ကျမ်းစာမှာ ပါ​သေးတယ်။ ဥပမာ၊ ဒါဝိဒ်ဟာ လူငယ်​အရွယ်မှာ ဘုရား​မိတ်ဆွေ ဖြစ်လာတယ်။ နောက်ပိုင်း၊ သစ္စာရှိ ဘုရင် ဖြစ်လာတယ်။ တစ်ခါတလေ အမှား လုပ်မိ​ပေမဲ့ သစ္စာရှိ ကျေးကျွန်​အဖြစ် ဘုရား ရှုမြင်တယ်။ (၁ ဘု. ၃:၆။ ၉:၄၊ ၅။ ၁၄:၈) ဒါဝိဒ်​အကြောင်း လေ့လာတဲ့အခါ သင်လည်း ဘုရားအတွက် သစ္စာရှိရှိ အမှုဆောင်ချင်​လာမယ်။ မာကု၊ တိမောသေ​တို့​လည်း ငယ်ငယ်ကတည်းက​နေ သက်ဆုံးတိုင် သစ္စာရှိရှိ ဘုရား​အမှု ဆောင်ကြတယ်။ သူတို့​ကြောင့် ဘုရား သိပ်ပျော်တယ်။ သူတို့လည်း ကျေနပ်​ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်​ကြတယ်။

19. Pawte cihpaw hingnaw mou na mue kho?

၁၉ ကိုယ့်​နောင်ရေး​ဟာ အသက်တာကို လက်ရှိ​အချိန်မှာ ဘယ်လို သုံး​နေသလဲ​ဆိုတဲ့ အပေါ် မူတည်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို အားကိုးပါ။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ဘုရား ကူညီပေးလိမ့်မယ်။ (ပညာ. ၂၀:၂၄) ကျေနပ်​ပျော်ရွှင်စရာ ဘဝ သင် ပိုင်ဆိုင်​ရလိမ့်မယ်။ မိမိ​အတွက် သင် လုပ်ပေးသမျှ ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ သတိရပါ။ ချစ်​ဖခင် ယေဟောဝါ​အတွက် အမှုဆောင်တာ​လောက် ပိုကောင်းတဲ့ အသက်တာ မရှိနိုင်တော့ဘူး။

PAWTEMOU NA PHI CIH?

  • Siapharang Joash a hingnaw kyate pawmou ccangkuh kho lang?

  • Siapharang Uzziah a hingnaw kyate pawmou ccangkuh kho lang?

  • Siapharang Josiah a hingnaw kyate pawmou ccangkuh kho lang?

LAW 144 ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့

a လူငယ်တို့၊ ဘုရား​မိတ်ဆွေ ဆက်ဖြစ်နေဖို့၊ မှန်ရာ လုပ်ဖို့ အမြဲ မလွယ်မှန်း ယေဟောဝါ သိတယ်။ ကောင်းကင်ဘုံစံ ဖခင် နှစ်သက်တဲ့ ပညာရှိ ဆုံးဖြတ်ချက်​မျိုး ဘယ်လို ချနိုင်မလဲ။ ယုဒ​ဘုရင် ဖြစ်လာကြတဲ့ လူငယ် သုံးယောက်​အကြောင်း၊ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကနေ ဘာတွေ သင်ယူ​နိုင်​ကြောင်း လေ့လာ​သွား​ကြ​မယ်။

b jw.org မှာ တင်ထားတဲ့ “အွန်လိုင်းမှာ နာမည်ကြီးဖို့ ဘယ်လောက် အရေးကြီးသလဲ” ဆောင်းပါး​ထဲက “‘နှိမ့်ချချင်ဟန်ဆောင်တဲ့ ဝါကြွား​မှု’ ကို သတိထားပါ” လေးထောင့်ကွက်​ကို ကြည့်ပါ။

c ပုံအညွှန်း– ညီအစ်မငယ်​တစ်ယောက်ကို ရင့်ကျက်တဲ့ ညီအစ်မ အကြံ​ကောင်း ပေးနေ။

d ပုံအညွှန်း– စည်းဝေးပွဲ အစီအစဉ်​တစ်ခုမှာ လူတွေ့​မေး​ခံရတဲ့ ညီအစ်မ​တစ်ယောက် ယေဟောဝါကို အားကိုး။ လုပ်နိုင်တာ​အတွက် ယေဟောဝါကို ဂုဏ်တင်။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share