Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w25 April pp. 8-13
  • “Pachia Te Naekuhte Ungpaw Tuh Thanenaw A Ung!”

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • “Pachia Te Naekuhte Ungpaw Tuh Thanenaw A Ung!”
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Abalu dihpaw hae
  • A Lokuhpaw Akonglang
  • “PACHIA PE UNGPAW TUH” LUNGPAWNAW NYNH THUA
  • “PACHIA PE UNGPAW TUH” HINGNAW A SUILANGTE NGAEHOINAW A UNGSAH
  • “PACHIA PE” KYA POU A UNGKUH KHO
  • SENAW RAESEI ZEMAH “PACHIA PE” A UNGKUH KHO
  • “PACHIA PE” KYA ZUNGZAE UNG
  • Uno Hae Te Vaeccawkuhpaw Tuh Thanenaw A Ung!
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Ny Leipaw Hae A Ung Cipaw Zakawsangsakuhte Ung
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • ‘Paw Pachia Mou . . . Na Beih Lang Oh Paw Kha Atunin Kya Pokuh Oh’
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Amakhae Ah Thua Khyh Oh
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
w25 April pp. 8-13

HOKU LANGPAW ABALU 15

LAW 30 ကျွန်တော့်​ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ

“Pachia Te Naekuhte Ungpaw Tuh Thanenaw A Ung!”

“Kae ka hanlan tuh, Pachia kalan naekupaw hynh ahoy.”—Sam. 73:28.

အာရုံစိုက်​ရာ

ယေဟောဝါ​နဲ့ ဘယ်လို ပို​ရင်းနှီး​လာ​နိုင်​သလဲ။ ပို​ရင်းနှီး​လာ​တဲ့​အခါ ဘာ​အကျိုး​ရ​သလဲ။

1-2. (a) Lukheit te lukheit naekuh lang pawmou cyi? (b) E abalu kya pawkongmou hokuh lang oh?

သင့်​မှာ သိပ်​ရင်းနှီး​တဲ့ မိတ်ဆွေ ရှိ​သလား။ သူ​နဲ့ ဘယ်လို ရင်းနှီး​သွား​သလဲ။ အချိန်​ပေး​ပေါင်းသင်း​ရင်း သူ ဘာ​အခက်​အခဲ​တွေ ကြုံ​နေ​ရ​သလဲ၊ ဘာ​ကြိုက်​သလဲ၊ ဘာ​မကြိုက်​သလဲ သိ​လာ​တာ ဖြစ်​နိုင်​တယ်။ အတု​ယူ​စရာ အရည်​အသွေး​တွေ သတိ​ထား​မိ​လာ​တယ်။ ဒီလို​နဲ့ သူ့​ကို သိပ်​ခင်​သွား​တယ်။

၂ တစ်ယောက်ယောက်​နဲ့ ရင်းနှီး​ဖို့​ဆိုရင် အချိန်​ပေး​ပေါင်းသင်း​ရ​တယ်။ ယေဟောဝါ​ဘုရား​နဲ့ ရင်းနှီး​ဖို့​ဆိုရင်​လည်း အဲဒီလို​ပဲ။ ယေဟောဝါ​နဲ့ ဘယ်လို ပို​ရင်းနှီး​လာ​နိုင်​သလဲ​ဆိုတာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​သွား​ပါ​မယ်။ အကောင်းဆုံး မိတ်ဆွေ ယေဟောဝါ​နဲ့ ပို​ရင်းနှီး​လာ​တဲ့​အခါ ဘာ​အကျိုး​ရှိ​သလဲ အရင်ဆုံး သုံးသပ်​ကြည့်​ရ​အောင်။

3. Zahova te naekuhte ungnaw keiccu a muekuhpaw thanenaw hae kha pawcce tua lang a ccang?

၃ ယေဟောဝါ​နဲ့ ရင်းနှီး​တာ အကျိုး​ရှိ​မှန်း သင် သဘော​တူ​မှာ​ပါ။ ဒါ​ပေမဲ့ ဘယ်လို အကျိုး​ရှိ​တယ်​ဆိုတာ တွေးတော​တဲ့​အခါ ပို​ရင်းနှီး​ချင်​လာ​မယ်။ (ဆာ. ၆၃:၆-၈) ဥပမာ၊ အစား​အစာ ချင့်ချိန်​စား​တာ၊ ကိုယ်​လက်​လေ့ကျင့်ခန်း လုပ်​တာ၊ အိပ်ရေး​ဝဝ အိပ်​တာ၊ ရေ လုံလုံ​လောက်လောက် သောက်​တာ အကျိုး​ရှိ​မှန်း လူ​တွေ သိ​ကြ​တယ်။ ဒါ​ပေမဲ့ တော်တော်​များများ​က သိပ်​အလေးအနက်​မထား​ကြ​ဘူး။ အကျိုး​ကျေးဇူး​ကို တွေး​မိ​သူ​တွေ​ကတော့ ကျန်းမာရေး​လိုက်စား​ကြ​တယ်။ အဲဒီလို​ပဲ ယေဟောဝါ​နဲ့ ရင်းနှီး​တာ အကျိုး​ရှိ​မှန်း သိ​ပေမဲ့ အကျိုး​ကျေးဇူး​တွေ​ကို တွေးတော​မှ ပိုပိုပြီး​ရင်းနှီး​ချင်​လာ​မှာ ဖြစ်​တယ်။—ဆာ. ၁၁၉:၂၇-၃၀။

4. Sam 73:28 kya, Baebu zeitupaw nynh pawmou a ho?

၄ ဆာလံ ၇၃:၂၈ ကို ဖတ်ပါ။ ဆာလံ ၇၃ ကျမ်း​ရေးသူ​ဟာ ယေဟောဝါ​ရဲ့ ဗိမာန်တော်​မှာ ဂီတ​ပညာရှင်​အဖြစ် အမှု​ဆောင်​တဲ့ လေဝိ​အမျိုးသား ဖြစ်​တယ်။ ယေဟောဝါ​ကို သစ္စာ​ရှိရှိ ဝတ်ပြု​တာ နှစ်ပေါင်း​များစွာ ကြာ​ပြီ ဖြစ်​နိုင်​တယ်။ ဒါ​ပေမဲ့ “ဘုရား​သခင့် အနီး​အပါး​မှာ နေ​ရ​တာ အကျိုး​ရှိ​ပါ​တယ်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိ​ပေး​ခဲ့​ရ​တယ်။ အကျိုး​ရှိ​တယ်​ဆိုတာ တခြားသူ​တွေ​ကို​လည်း ဆာလံ​ကျမ်း​ရေးသူ သိ​စေ​ချင်​တယ်။ အကျိုး​ကျေးဇူး​တချို့​က ဘာလဲ။

“PACHIA PE UNGPAW TUH” LUNGPAWNAW NYNH THUA

5. (a) Zahova te houh naekuhze pawcce houhh lungpaw kho a thua? (b) Phungtangbya 2:6-16 liate, Zahova nynh yn pyapaw hawnaw nynh pawtemou thanenaw yn pya, yn thungkhaw cipaw hotua.

၅ ယေဟောဝါ​နဲ့ ပို​ရင်းနှီး​လေ ပို​ပျော်ရွှင်​ရ​လေ​ပဲ။ (ဆာ. ၆၅:၄) ဘာကြောင့်​လဲ။ တစ်ချက်​အနေ​နဲ့ ယေဟောဝါ​က ကျမ်းစာ​က​တစ်ဆင့် လက်တွေ့ကျ ဉာဏ်​ပညာ ပေး​တယ်။ အဲဒီ​ဉာဏ်​ပညာ​က ကျွန်တော်တို့​ကို ထိခိုက်​စေ​မယ့်​အရာ​တွေ​ကနေ၊ အမှား​လုပ်​မိ​မယ့်​အဖြစ်​ကနေ ကာကွယ်​ပေး​တယ်။ (ပညာအလိမ္မာ ၂:၆-၁၆ ကို ဖတ်ပါ။) ဒါကြောင့်​လည်း “ဉာဏ်​ပညာ​ကို ရှာ​တွေ့​တဲ့​သူ​နဲ့ ပိုင်းခြား​သိမြင်​နိုင်​စွမ်း​ကို ရ​ယူ​တဲ့သူ​ဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ကျမ်းစာ​မှာ ဖော်ပြ​ထား​တာ။—ပညာ. ၃:၁၃။

6. Sam Baebu zeitupaw tuh pawcce a lungpaw vae khyh?

၆ ယေဟောဝါ​ရဲ့ မိတ်ဆွေ​တွေ စိတ်ပျက်​ဝမ်းနည်း​တဲ့​အချိန်​လည်း ရှိ​တတ်​ပါ​တယ်။ ဥပမာ၊ ဆာလံ ၇၃ ကျမ်း​ရေးသူ​ဟာ အပျက်​သဘောထား ဝင်​ပြီး မပျော်​မရွှင်​ဖြစ်​လာ​တယ်။ ဘုရား​ကို​ကော ဘုရား​စံနှုန်း​တွေ​ကို​ပါ အလေး​မထား​သူ​တွေ ကြီးပွား​ကောင်းစား​နေ​တာ​ကို မြင်​တော့ စိတ်​အနှောင့်​အယှက်​ဖြစ်​မိ​တယ်၊ မနာလို​မရှုဆိတ် ဖြစ်​မိ​တယ်။ လူဆိုး​တွေ၊ မောက်မာ​သူ​တွေ ကျန်းမာ​သန်စွမ်း​ပြီး အပူ​အပင်​ကင်းကင်း နေ​ရ​တယ်၊ စည်းစိမ်​တိုး​ပြီး​ရင်း တိုး​နေ​တယ်​ဆိုပြီး ငြူစူ​မိ​တယ်။ (ဆာ. ၇၃:၃-၇၊ ၁၂) ယေဟောဝါ​ကို ဝတ်ပြု​နေ​တာ အကျိုး​ရှိ​ရဲ့​လား​လို့ တွေး​တဲ့​အထိ ဖြစ်​လာ​တယ်။ “ငါ့​စိတ်​ကို ဖြူစင်​အောင်​ထား​လည်း အလကား​ပဲ။ ငါ့​လက်​ကို အပြစ်​မဲ့​ခြင်း​နဲ့ ဆေး​ရင်​လည်း အလကား​ပဲ” လို့ စိတ်ပျက်​လက်ပျက် ပြော​တယ်။—ဆာ. ၇၃:၁၃။

7. Lungro ngaethya vaeze pawtemou lungpaw kho lang? (Sahkhung kho do.)

၇ ဆာလံ​ကျမ်း​ရေးသူ စိတ်ပျက်​ဝမ်းနည်း​နေ​ပေမဲ့ “ဘုရား​သခင်​ရဲ့ ခမ်းနား​တဲ့ သန့်ရှင်း​ရာ​ဌာနတော်​ထဲ” သွား​တယ်။ အဲဒီ​အချိန်​မှာ သူ့​သဘောထား​ကို ယေဟောဝါ တည့်မတ်​ပေး​လိုက်​တယ်။ (ဆာ. ၇၃:၁၇-၁၉) ဘာ​သင်ခန်းစာ ရ​သလဲ။ ကျွန်တော်တို့ စိတ်ပျက်​ဝမ်းနည်း​နေ​တဲ့​အခါ အကောင်းဆုံး မိတ်ဆွေ ယေဟောဝါ သိ​တယ်။ ဒါကြောင့် ဘာ​လုပ်​ရ​မလဲ သိ​ဖို့ ကူညီ​ပေး​ပါ​ဆိုပြီး ဆုတောင်း​နိုင်​တယ်။ ကျမ်းစာ​က​တစ်ဆင့် ပေး​တဲ့ အကြံဉာဏ်၊ ညီအစ်ကို/မ​တွေ​ဆီ​က​တစ်ဆင့် ပေး​တဲ့ အားပေး​မှု​က စိတ်ပျက်​ဝမ်းနည်း​စရာ​တွေ ရှိ​တဲ့​ကြား​က ယေဟောဝါ​ကို ဆက်​ဝတ်ပြု​ဖို့ ခွန်အား​ရှိ​စေ​တယ်။ စိုးရိမ်​စိတ်​တွေ သိပ်​များ​နေ​ရင်​တောင် ယေဟောဝါ နှစ်သိမ့်​ပေး​ပြီး စိတ်​သက်သာ​ရာ​ရ​စေ​မယ်။—ဆာ. ၉၄:၁၉။a

ကြေးနီ​ပလ္လင်​နဲ့ ဗိမာန်တော်​မုခ်ဦး​ကြားမှာ လေဝိ​အမျိုးသား ရပ်နေ။

ဆာလံ ၇၃ ကို ရေးတဲ့ လေဝိ​အမျိုးသား​ဟာ “ဘုရား​သခင်​ရဲ့ ခမ်းနား​တဲ့ သန့်ရှင်း​ရာ​ဌာနတော်” ထဲ​မှာ ရပ်နေ (စာပိုဒ် ၇ ကို ကြည့်ပါ)


“PACHIA PE UNGPAW TUH” HINGNAW A SUILANGTE NGAEHOINAW A UNGSAH

8. Zahova te naekuhte ungnaw keiccu ccangpaw thanenaw hae tuh pawmou?

၈ ယေဟောဝါ​နဲ့ ရင်းနှီး​ခြင်း​ရဲ့ အကျိုး​ကျေးဇူး နောက်ထပ်​နှစ်ခု ရှိ​တယ်။ ပထမ၊ ဘဝ​အဓိပ္ပာယ် ရှိ​စေ​တယ်။ ဒုတိယ၊ အနာဂတ် မျှော်လင့်ချက် ခိုင်မာ​စေ​တယ်။ (ယေ. ၂၉:၁၁) အဲဒီ​အကျိုး​ကျေးဇူး​တွေ​အကြောင်း အသေးစိတ် ဆန်းစစ်​ကြည့်​ရ​အောင်။

9. Zahova pe ungpaw tuh pawcce hingnaw a suilang a ungsah?

၉ ယေဟောဝါ​နဲ့ ရင်းနှီး​တာ​က ဘဝ​အဓိပ္ပာယ် ရှိ​စေ​တယ်။ ဒီနေ့​ခေတ် လူ​တော်တော်​များများ​က ဘုရား​သခင် ရှိ​တယ်​ဆိုတာ မယုံ​ဘူး။ လူ​ရယ်​လို့ ဘာကြောင့် ဖြစ်​လာ​သလဲ မသိ​ဘူး။ တစ်ချိန်​မှာ လူသား​မျိုးနွယ် ပျောက်ကွယ်​သွား​မယ်​လို့ ထင်​နေ​ကြ​တယ်။ ကျွန်တော်တို့​ကတော့ “ဘုရား​သခင် တည်ရှိ​တယ်” ဆိုတာ ကျမ်းစာ​က​တစ်ဆင့် သိ​ထား​ကြ​တယ်။ “မိမိ​ကို ထက်ထက်​သန်သန် ရှာဖွေ​သူ​ကို ဆုချ​တဲ့​အရှင်” ဖြစ်​လို့ ဘုရား​သခင်​အတွက် ကျွန်တော်တို့ လုပ်ဆောင်​သမျှ အချည်းနှီး မဖြစ်​ဘူး​ဆိုတာ စိတ်ချ​ကြ​တယ်။ (ဟီ. ၁၁:၆) ဒါ့​အပြင် ယေဟောဝါ​က မိမိ​ကို ဝတ်ပြု​ဖို့ လူတွေ​ကို ပုံစံ​ပြု​ဖန်ဆင်း​ထား​တယ်။ ဒါကြောင့် ယေဟောဝါ​ကို ဝတ်ပြု​တဲ့​အခါ ပုံစံ​ပြု​ထား​တာ​နဲ့ အံဝင်​နေ​တဲ့​အတွက် လောလောဆယ်​မှာ​လည်း ကျွန်တော်တို့ ပျော်ရွှင်​ကြ​ရ​တယ်။—တရား. ၁၀:၁၂၊ ၁၃။

10. Zahova kha doliakuhte a ngaehoikuh hae paw kong Sam 37:29 kya pawtemou a ho?

၁၀ အနာဂတ်​လို့ ပြော​လိုက်​ရင် လူ​များစွာ​က လက်ရှိ​ဘဝ​အတွက်​ပဲ စဉ်းစား​တယ်။ အလုပ်​လုပ်​မယ်၊ အိမ်ထောင်​သားမွေး​ပြု​မယ်၊ အိုစာ​မင်းစာ စုဆောင်း​မယ်​ဆိုတာ​လောက်​ပဲ အတွေး​ထဲ ရှိ​တယ်။ ဘုရား​သခင် ဘာ​ကတိ​တွေ ပေး​ထား​သလဲ မသိ​ကြ​ဘူး။ ကျွန်တော်တို့​ကတော့ ယေဟောဝါ​ကို မျှော်လင့်​အားကိုး​တယ်။ (ဆာ. ၂၅:၃-၅။ ၁ တိ. ၆:၁၇) ကိုယ် မိတ်ဖွဲ့​ထား​တဲ့​ဘုရား ယေဟောဝါ​ကို ယုံကြည်​အားကိုး​တယ်။ ကတိတော်​တွေ ပြည့်စုံ​လာ​မယ်​ဆိုတာ စိတ်ချ​တယ်။ အနာဂတ်​လို့ ပြော​လိုက်​ရင် ပရဒိသု​မှာ ယေဟောဝါ​ကို ထာဝစဉ် ဝတ်ပြု​ဖို့​အထိ စဉ်းစား​ကြ​တယ်။—ဆာလံ ၃၇:၂၉ ကို ဖတ်ပါ။

11. Pachia pe ung keiccu a muekuhpaw thanenaw tuh pawmou, naekuh nawlang ah zuakuh oh ze Zahova tuh pawtemou a ung?

၁၁ ယေဟောဝါ​နဲ့ ရင်းနှီး​ခြင်း​ရဲ့ အကျိုး​ကျေးဇူး​တွေ ရှိ​သေး​တယ်။ ဥပမာ၊ မိမိ​နဲ့ ရင်းနှီး​သူ​တွေ အပြစ်​လုပ်​မိ​ပေ​မဲ့ နောင်တ​ယူ​တဲ့​အခါ ခွင့်လွှတ်​မယ်​လို့ ယေဟောဝါ ကတိ​ပေး​ထား​တယ်။ (ဟေရှာ. ၁:၁၈) ဒါကြောင့် အပြစ်​ဝန်ထုပ်ကြီး ပိုက်​ထား​စရာ မလို​တော့​ဘူး။ (ဆာ. ၃၂:၁-၅) ဒါ့​အပြင် ရင်းနှီး​ဖို့ ကျွန်တော်တို့ ကြိုးစား​တဲ့​အခါ ယေဟောဝါ ဝမ်းသာ​တယ်။ (ပညာ. ၂၃:၁၅) ယေဟောဝါ​နဲ့ ရင်းနှီး​ခြင်း​ရဲ့ တခြား​အကျိုး​ကျေးဇူး​တွေ​ကို​လည်း သင် စဉ်းစား​မိ​မှာ သေချာ​ပါ​တယ်။ ဒါ​ဆိုရင် ပို​ရင်းနှီး​လာ​ဖို့ ဘာ​လုပ်​နိုင်​သလဲ။

“PACHIA PE” KYA POU A UNGKUH KHO

12. Zahova te naekuh kho nawlang pawhaemou na cyi vae?

၁၂ သင်​ဟာ နှစ်ခြင်း​ခံ​ပြီး​သား ခရစ်ယာန်​တစ်ယောက်​ဆိုရင် ယေဟောဝါ​နဲ့ ရင်းနှီး​ဖို့ အတော်လေး လုပ်​ခဲ့​ပြီး​ပါ​ပြီ။ ယေဟောဝါ​ဘုရား၊ ခရစ်တော် ယေရှု​နဲ့​ပတ်သက်​တဲ့ အမှန်​တရား လေ့လာ​ခဲ့​တယ်။ အပြစ်​တွေ​အတွက် နောင်တ​ယူ​ခဲ့​တယ်။ ယေဟောဝါ​ကို အခိုင်​အမာ ယုံကြည်​သက်ဝင်​တယ်။ အလိုတော်​အတိုင်း အတတ်​နိုင်​ဆုံး နေထိုင်​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​နဲ့ ပို​ရင်းနှီး​ဖို့​ဆိုရင် ဒါတွေ ဆက်​လုပ်​နေ​ရ​မယ်။—ကော. ၂:၆။

13. Zahova te pou naekuh kho nawlang pawhaemou cyi lang?

၁၃ ယေဟောဝါ​နဲ့ ဆက်​ရင်းနှီး​နေ​ဖို့ ဘာတွေ လုပ်​ရ​မလဲ။ (၁) ဆက်ပြီး ကျမ်းစာ​ဖတ်ရှု​လေ့လာ​ရ​မယ်။ ကျမ်းစာ​ဖတ်​တဲ့​အခါ ယေဟောဝါ​အကြောင်း အခြေခံ အချက်​အလက်​တွေ သိ​ဖို့​လောက်​ပဲ ပန်းတိုင်​မထား​သင့်​ဘူး။ ကိုယ့်​ကို ယေဟောဝါ ဘာ​လုပ်​စေ​ချင်​သလဲ သိ​ဖို့၊ ကျမ်းစာ​မူ​တွေ​အတိုင်း အသက်​ရှင်​ဖို့ ပန်းတိုင်​ထား​သင့်​တယ်။ (ဧ. ၅:၁၅-၁၇) (၂) ကိုယ့်​ကို ယေဟောဝါ နည်းလမ်း​ပေါင်းစုံ​နဲ့ ဘယ်လို မေတ္တာ​ပြ​သလဲ​ဆိုတာ တွေးတော​ခြင်း​အားဖြင့် ယုံကြည်​ခြင်း ခိုင်ခံ့​အောင် လုပ်​ရ​မယ်။ (၃) ယေဟောဝါ​ကို စိတ်​ထိခိုက်​စေ​မယ့်​အရာ​တွေ၊ စိတ်​ထိခိုက်​အောင် လုပ်​သူ​တွေ​ကို အမြဲ ရှောင်​ရ​မယ်။—ဆာ. ၁:၁။ ၁၀၁:၃။

14. 1 Korin 10:31 nynh aho hawte, nintakyh hingnaw kya Zahova kha pawtemou a lung pawsah kho lang? (Sahkhung kha do.)

၁၄ ၁ ကောရိန္သု ၁၀:၃၁ ကို ဖတ်ပါ။ ယေဟောဝါ​ကို စိတ်​ရွှင်လန်း​စေ​မယ့်​အရာ​တွေ လုပ်​ဖို့​လည်း အရေး​ကြီး​တယ်။ စိတ်​ရွှင်လန်း​စေ​မယ့်​အရာ​တွေ​လို့ ပြော​တဲ့​အခါ ဟောပြော​တာ၊ အစည်း​အဝေး တက်​တာ​လောက်​ပဲ ပါဝင်​တာ မဟုတ်​ဘူး။ နေ့စဉ်​အသက်တာ​မှာ လုပ်​သမျှ ပါဝင်​တယ်။ ဥပမာ၊ အရာရာ​မှာ ရိုးသား​တဲ့​အခါ၊ တခြားသူ​တွေ​ကို ဝေမျှ​ပေး​ကမ်း​တဲ့​အခါ ယေဟောဝါ စိတ်​ရွှင်လန်း​တယ်။ (၂ ကော. ၈:၂၁။ ၉:၇) ဒါ့​အပြင် ယေဟောဝါ​က အသက်​ဆု​လက်ဆောင်​ကို တန်ဖိုး​ထား​စေ​ချင်​တယ်။ ဒါကြောင့် ချင့်ချိန်​စားသောက်​ခြင်း၊ ကျန်းမာရေး​နဲ့ ညီညွတ်​အောင် နေထိုင်​ခြင်း​အားဖြင့် အသက်​ကို တန်ဖိုး​ထား​ကြောင်း ပြ​တဲ့​အခါ အသက်​ပေး​ရှင်​နဲ့ ပို​ရင်းနှီး​လာ​မယ်။ အသေး​အမွှား​လို့ ထင်​ရ​တဲ့ ကိစ္စ​တွေ​မှာ​တောင် စိတ်တော်​ရွှင်လန်း​စေ​ဖို့ ကြိုးစား​တဲ့​အခါ ကျွန်တော်တို့​ကို ယေဟောဝါ ပို​ချစ်​လာ​မယ်။—လု. ၁၆:၁၀။

ရုပ်ပုံ– ယေဟောဝါကို စိတ်​ရွှင်လန်းစေ​နိုင်​တဲ့ နည်း​တွေ။ ၁။ ယာဉ်​စည်းကမ်း လိုက်နာခြင်း– မီးပွိုင့်​မှာ မီးနီ​တဲ့အခါ ကားမောင်း​တဲ့ ညီအစ်ကို ကား​ရပ်။ ၂။ ကျန်းမာရေး ဂရုစိုက်ခြင်း– ညီအစ်ကို​တစ်ယောက် လမ်းလျှောက်ထွက်​နေ။ ၃။ ကျန်းမာရေး​နဲ့ ညီညွတ်​အောင် စားသောက်ခြင်း– ကျန်းမာရေး​နဲ့ ညီညွတ်တဲ့ အစားအစာ​မျိုးစုံ ထည့်ထားတဲ့ ပန်းကန်။ ၄။ တခြားသူတွေကို ဝေမျှပေး​ကမ်း​ခြင်း– လက်​မှာ ပတ်တီး​စည်းထား​တဲ့ သက်ကြီး​ညီအစ်မရဲ့ အိမ်ကို ညီအစ်မ​တစ်ယောက် ပန်း​နဲ့ စားစရာတွေ ယူလာပေး။

ယာဉ်​စည်းကမ်း လိုက်နာ​တာ၊ ကိုယ်​လက်​လေ့ကျင့်ခန်း လုပ်​တာ၊ ကျန်းမာရေး​နဲ့ ညီညွတ်​အောင် စားသောက်​တာ၊ တခြားသူ​တွေ​ကို ဝေမျှ​ပေးကမ်း​တာ​ဟာ ယေဟောဝါ​ကို စိတ်​ရွှင်လန်း​စေ​နိုင်​တဲ့ နည်းလမ်း​တချို့​ဖြစ် (စာပိုဒ် ၁၄ ကို ကြည့်ပါ)


15. Minccangpaw hae kha pawte pialekuh lang mou Zahova nynh a ngaehoi?

၁၅ ဖြောင့်မတ်​သူ​တွေ​ကို​ကော မဖြောင့်မတ်​သူ​တွေ​ကို​ပါ ယေဟောဝါ မေတ္တာ​ပြ​တယ်။ (မ. ၅:၄၅) ကျွန်တော်တို့​ကို​လည်း မေတ္တာ​ပြ​တတ်​စေ​ချင်​တယ်။ ဥပမာ၊ “ဘယ်သူ့ကို​မှ ထိခိုက်​နစ်နာ​အောင် မပြော​ဖို့၊ ရန်လို​တတ်​သူ မဖြစ်​ဖို့၊ အကျိုးသင့်​အကြောင်းသင့်​ရှိ​ဖို့၊ လူ​အားလုံး​နဲ့ ပြောဆို​ဆက်ဆံ​တဲ့​အခါ နူးညံ့​သိမ်မွေ့​ဖို့” သတိ​ပေး​ထား​တယ်။ (တိ. ၃:၂) ဒါကြောင့် ကိုယ်​နဲ့ ယုံကြည်​ခြင်း မတူ​တာ​နဲ့​ပဲ တခြားသူ​တွေ​ကို ကျွန်တော်တို့ အထင်​အမြင် မသေး​ကြ​ဘူး။ (၂ တိ. ၂:၂၃-၂၅) လူတိုင်း​ကို အမြဲ မေတ္တာ​ထား ဆက်ဆံ​တဲ့​အခါ ယေဟောဝါ​နဲ့ ပို​ရင်းနှီး​လာ​မယ်။

SENAW RAESEI ZEMAH “PACHIA PE” A UNGKUH KHO

16. Sam 73 a zeitupaw tuh pawtemou a ung?

၁၆ လုပ်​ခဲ့​တဲ့​အမှား​တွေ​ကြောင့် ယေဟောဝါ​နဲ့ မရင်းနှီး​နိုင်​တော့​ဘူး​လို့ ခံစား​ရ​တဲ့​အချိန် ရှိ​နိုင်​တယ်။ ဆာလံ ၇၃ ကျမ်း​ရေးသူ​အကြောင်း သတိ​ရ​ပါ။ “ငါ့​မှာ​တော့ ခြေလှမ်း​တွေ မှား​လု​မတတ်၊ ခြေ​ချော်​လဲ​မတတ် ဖြစ်​ခဲ့​တယ်” လို့ ပြော​တယ်။ (ဆာ. ၇၃:၂) “ရှေ့တော်​မှာ အသိ​ဉာဏ် မရှိ​တဲ့ တိရစ္ဆာန်​လို” “စဉ်းစား​ဉာဏ်​မဲ့ပြီး” “စိတ်​အချဉ်​ပေါက်​နေ​ခဲ့” တယ်​လို့ ဝန်ခံ​တယ်။ (ဆာ. ၇၃:၂၁၊ ၂၂) ဒါ​ပေမဲ့ အပျက်​သဘောထား ဝင်​ခဲ့​လို့ ယေဟောဝါ မချစ်​တော့​ဘူး၊ ခွင့်​မလွှတ်​ဘူး​လို့ ဆာလံ​ကျမ်း​ရေးသူ တွေး​သလား။

17. (a) Lungro ngaethya ccyh kya Sam Baebu zeitupaw nynh pawmou a cyi? (b) Sam Baebu zeitupaw kyate pawmou ccangkuh kho lang? (Sahkhung kha do.)

၁၇ ယေဟောဝါ မချစ်​တော့​ဘူး​လို့ ဆာလံ​ကျမ်း​ရေးသူ ခံစား​ရ​ရင်​တောင် ခဏ​ပဲ ခံစား​လိုက်​ရမှာ​ပါ။ စိတ်​ချုံးချုံး​ကျ​နေ​ချိန်​မှာ​တောင် ယေဟောဝါ​နဲ့ ရင်းနှီး​နေ​ဖို့ လို​တယ်​ဆိုတာ အသိ​အမှတ်​ပြု​လို့​ပါ​ပဲ။ “အခု​တော့ ကိုယ်တော်​နဲ့​အတူ ကျွန်တော် အမြဲ ရှိ​နေ​ပါ​တယ်။ ကျွန်တော့်​ညာလက်​ကို ကိုယ်တော် ဆုပ်ကိုင်​ထား​တယ်။ ကိုယ်တော် အကြံ​ဉာဏ် ပေး​ပြီး လမ်းပြ​တယ်။ အဲဒီ​နောက် ကျွန်တော့်​ကို ဂုဏ်​ကျက်သရေ ရှိ​စေ​လိမ့်​မယ်” လို့ ပြော​တယ်။ (ဆာ. ၇၃:၂၃၊ ၂၄) ကျွန်တော်တို့​လည်း ယုံကြည်​ခြင်း အားနည်း​တဲ့​အခါ၊ အမှား​တွေ​ကြောင့် စိတ်ဓာတ်​ကျ​လာ​တဲ့​အခါ ကျောက်ဆောင်​နဲ့​တူ​တဲ့ ယေဟောဝါ​ကို အားကိုး​သင့်​တယ်။ (ဆာ. ၇၃:၂၆။ ၉၄:၁၈) ခဏတာ ခြေလှမ်း​မှား​သွား​ရင်တောင် ယေဟောဝါ “ခွင့်လွှတ်​ဖို့ အသင့်​ရှိ​တယ်” ဆိုတာ ယုံကြည်​စိတ်ချ​ရင်း ပြန်​လှည့်​လာ​နိုင်​တယ်။ (ဆာ. ၈၆:၅) အထူး​သဖြင့် စိတ်​ချုံးချုံး​ကျ​နေ​ချိန်​မှာ ယေဟောဝါ​နဲ့ ပို​ရင်းနှီး​နေ​ဖို့ ကြိုးစား​သင့်​တယ်။—ဆာ. ၁၀၃:၁၃၊ ၁၄။

ရုပ်ပုံ– ၁။ စိတ်ဓာတ်ကျ​နေတဲ့ ညီအစ်ကို​တစ်ယောက် အိပ်ရာပေါ် ထိုင်နေ။ ၂။ အသင်းတော် အစည်းအဝေးမှာ မောင်နှံတစ်စုံ နှုတ်ဆက်​တော့ ညီအစ်ကို ပြုံး​နေ။

ယုံကြည်​ခြင်း အားနည်း​နေ​တဲ့​အခါ အချိန်​ပို​ပေး​ပြီး ဆုတောင်း​ခြင်း၊ အစည်း​အဝေး မှန်မှန်​တက်​ခြင်း​အားဖြင့် ယေဟောဝါ​နဲ့ ပို​ရင်းနှီး​ဖို့ ကြိုးစား​သင့် (စာပိုဒ် ၁၇ ကို ကြည့်ပါ)


“PACHIA PE” KYA ZUNGZAE UNG

18. Zahova te pawcce zungzae hou naekuh kho a thua?

၁၈ ယေဟောဝါ​နဲ့ ဘယ်လောက်​အထိ​ပဲ ရင်းနှီး​နိုင်​တယ်၊ ယေဟောဝါ​အကြောင်း ဘယ်လောက်​အထိ​ပဲ သင်ယူ​နိုင်​တယ်​ဆိုတာ​မျိုး အကန့်​အသတ် မရှိ​ပါ​ဘူး။ “ဘုရား​သခင်​ရဲ့ ကောင်းချီး၊ ဉာဏ်​ပညာ၊ အသိ​ပညာ​တွေ​ဟာ ကြွယ်ဝ​များပြား​လိုက်​တာ။ တရား​စီရင်​ချက်​တွေ​ကို စိစစ်​လို့ မကုန်​နိုင်​ဘူး” လို့ ကျမ်းစာ ဆို​တယ်။ (ရော. ၁၁:၃၃) ဒါကြောင့် ယေဟောဝါ​အကြောင်း သင်ယူ​စရာ ထာဝစဉ် ရှိ​နေ​မယ်။ ယေဟောဝါ​နဲ့ ထာဝစဉ် ရင်းနှီး​သည်​ထက် ရင်းနှီး​နိုင်​မယ်။

19. Malang se te asekuhte Sam Baebu kya paw bakingnaw mou a ung?

၁၉ “ကိုယ်တော်​ရဲ့ လူ​တွေ၊ ကိုယ်တော့်​စားကျက်​ထဲက သိုး​တွေ ဖြစ်​တဲ့ ကျွန်တော်တို့​ဟာ ကိုယ်တော့်​ကို ထာဝစဉ် ကျေးဇူးတင်​ချီးမွမ်း​ပါ့​မယ်။ ချီးမွမ်း​စကား​တွေ​ကို လူမျိုး​အဆက်ဆက် ကြေညာ​ပါ့​မယ်” လို့ ဆာလံ ၇၉:၁၃ မှာ ဖော်ပြ​ထား​တယ်။ သင်​လည်း ယေဟောဝါ​နဲ့ ရင်းနှီး​သည်​ထက် ရင်းနှီး​လာ​တဲ့​အခါ ကောင်းချီး​တွေ ထာဝစဉ် ခံစား​ရ​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​နိုင်​ပါ​တယ်။ “ကိုယ်တော်​ဟာ ကျွန်တော့်​ကျောက်ဆောင်​ပါ။ ကျွန်တော့်​ဝေစု အမြဲ ဖြစ်​နေ​မှာ​ပါ” ဆိုပြီး ပြော​နိုင်​ပါ​စေ။—ဆာ. ၇၃:၂၆။

PAWTEMOU NA PHI CIH?

  • “Pachia Pe Ungpaw” kyate a muekuhpaw thanenaw hae kha pawcce tua lang a ccang?

  • “Pachia Pe Ungpaw” nynh pawtemou thanenaw a ungsah?

  • “Pachia Pe” kya pawtemou pou ung kho lang?

LAW 32 ယေဟောဝါဘက် ရပ်တည်ကြ

a စိတ်​ဖိစီး​မှု၊ စိုးရိမ်​ပူပန်​မှု၊ ဝမ်းနည်း​မှု​ဒဏ်​ကို နှစ်ရှည်​လများ ခံစား​နေ​ရ​သူ​တချို့​ဟာ ဆရာဝန် ပြ​ဖို့ လိုအပ်​နိုင်​တယ်။ ပို​သိချင်​ရင် ၂၀၂၃၊ အမှတ် ၁ ကင်းမျှော်စင် ကို ကြည့်​ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share