Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w25 April pp. 20-25
  • Amakhae Ah Thua Khyh Oh

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Amakhae Ah Thua Khyh Oh
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Abalu dihpaw hae
  • A Lokuhpaw Akonglang
  • ZAHOVA NYNH YN CCIAKHAE
  • ZAHOVA NYNH YN BUNG
  • ZAHOVA NYNH YN THUNGKHAW
  • ZAHOVA NYNH YN SOIHBIA
  • ZAHOVA NYNH YN BUNG ZUNGZAE
  • Ny Leipaw Hae A Ung Cipaw Zakawsangsakuhte Ung
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Uno Hae Te Vaeccawkuhpaw Tuh Thanenaw A Ung!
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • ‘Paw Pachia Mou . . . Na Beih Lang Oh Paw Kha Atunin Kya Pokuh Oh’
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
w25 April pp. 20-25

HOKU LANGPAW ABALU 17

LAW 99 မြောက်မြားလှတဲ့ ညီအစ်ကိုများ

Amakhae Ah Thua Khyh Oh

“Kae bawm cih.”—ISA. 41:10.

အာရုံစိုက်​ရာ

ကျွန်တော်တို့​ကို ယေဟောဝါ ကူညီ​ပေး​တဲ့ နည်း​လေးနည်း​က ဘာလဲ။

1-2. (a) Aening tuh amakhae ah thua khyh oh cipaw pawcce zyn kho a thua? (b) E abalu kya pawkongmou hokuh lang oh?

ဘဝ​အခက်​အခဲ​တွေ ရင်ဆိုင်​ရ​တဲ့​အခါ မုန်တိုင်း​ထန်​နေ​တဲ့ ပင်လယ်​ပြင်​ထဲ​က လှေငယ်​တစ်စင်း​မှာ တစ်ယောက်​တည်း ကူကယ်​ရာ​မဲ့​နေ​သလို​မျိုး ခံစား​မိ​နိုင်​တယ်။ ဒါ​ပေမဲ့ ကျွန်တော်တို့ ကူကယ်​ရာ​မမဲ့​ပါ​ဘူး။ ကျွန်တော်တို့ ရင်ဆိုင်​ရ​တဲ့ အခက်​အခဲ​တွေ​ကို ကောင်းကင်​ဘုံစံ​အဖ မြင်​ရုံ​သာ​မက “မင်း​ကို . . . ကူညီ​ပေး​မယ်” ဆိုပြီး ကတိ​ပေး​ထား​တယ်။—ဟေရှာ. ၄၁:၁၀။

၂ (၁) လမ်းပြ​ပေး​ခြင်း၊ (၂) ထောက်မ​ပေး​ခြင်း၊ (၃) ကာကွယ်​ပေး​ခြင်း၊ (၄) နှစ်သိမ့်​ပေး​ခြင်း​အားဖြင့် ယေဟောဝါ​ဘုရား ဘယ်လို ကူညီ​ပေး​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​မယ်။ ကျွန်တော်တို့ ဘာ​အခက်​အခဲ​ပဲ ကြုံ​လာ​ပါစေ မေ့​မထား​ဘူး၊ စွန့်ပစ်​မထား​ဘူး​လို့ ယေဟောဝါ ကတိ​ပေး​တယ်။ ဒါကြောင့် ဘယ်တော့​မှ ကူကယ်​ရာ​မမဲ့​ပါ​ဘူး။

ZAHOVA NYNH YN CCIAKHAE

3-4. Zahova nynh pawtemou yn cciakhae? (Sam 48:14)

၃ ဆာလံ ၄၈:၁၄ ကို ဖတ်ပါ။ ကျွန်တော်တို့ လမ်းပြ​မှု လိုအပ်​မှန်း ယေဟောဝါ သိ​တယ်။ ဒါကြောင့် လမ်းပြ​ပေး​တယ်။ ဘယ်လို လမ်းပြ​သလဲ။ တစ်နည်း​ကတော့ ကျမ်းစာ​အားဖြင့်​ပါ။ (ဆာ. ၁၁၉:၁၀၅) ဆုံးဖြတ်​ချက်​ကောင်း​တွေ ချ​နိုင်​ဖို့၊ အရည်​အသွေး​ကောင်း​တွေ ရှိ​လာ​ဖို့ ကျမ်းစာ​က​တစ်ဆင့် သွန်သင်​ပေး​တယ်။a ကျမ်းစာ​သွန်သင်​ချက်​တွေ​ကို ကျွန်တော်တို့ လိုက်လျှောက်​တဲ့​အခါ ပို​ပျော်ရွှင်​လာ​တယ်။ အနာဂတ်​မှာ ထာဝစဉ် အသက်​ရှင်​ဖို့ မျှော်လင့်​ချက် ရှိ​လာ​တယ်။ ဥပမာ၊ ခွင့်လွှတ်​တတ်​ဖို့၊ အရာရာ​မှာ ရိုးသား​ဖို့၊ အချင်းချင်း နှစ်နှစ်​ကာကာ ချစ်​ဖို့ ကျမ်းစာ​မှာ သွန်သင်​ထား​တယ်။ (ဆာ. ၃၇:၈။ ဟီ. ၁၃:၁၈။ ၁ ပေ. ၁:၂၂) အဲဒီ​အရည်​အသွေး​တွေ ကျွန်တော်တို့​မှာ ရှိ​လာ​တဲ့​အခါ ပို​ကောင်း​တဲ့ မိဘ၊ အိမ်ထောင်ဖက်၊ မိတ်ဆွေ ဖြစ်​လာ​ကြ​တယ်။

၄ ကျွန်တော်တို့​နဲ့ အခက်​အခဲ တူ​သူ​တွေ၊ ခံစား​ချက် တူ​သူ​တွေ​အကြောင်း​လည်း ကျမ်းစာ​မှာ ယေဟောဝါ ထည့်သွင်း​ဖော်ပြ​ထား​တယ်။ (၁ ကော. ၁၀:၁၃။ ယာ. ၅:၁၇) အဲဒီလို​ဖြစ်ရပ်​မှန် မှတ်တမ်း​တွေ ဖတ်​ပြီး သင်ခန်းစာ ယူ​တဲ့​အခါ အနည်းဆုံး နည်း​နှစ်နည်း​နဲ့ အကျိုး​ရ​တယ်။ ပထမ၊ ကိုယ်​တစ်ယောက်​တည်း အခက်​အခဲ ကြုံ​ရ​တာ မဟုတ်​ဘူး၊ တခြားသူ​တွေ​လည်း ကိုယ့်​လို ကြုံ​ဖူး​တယ်၊ ယေဟောဝါ ကူညီ​ပေး​လို့ ခံရပ်​နိုင်​ခဲ့​ကြ​တယ်​ဆိုတာ သိ​လာ​တယ်။ (၁ ပေ. ၅:၉) ဒုတိယ၊ အခက်​အခဲ​တွေ​ကို ဘယ်လို ခံရပ်​ရ​မလဲ​ဆိုတာ သိ​လာ​တယ်။—ရော. ၁၅:၄။

5. Zahova nynh a hung hae mangte mou yn cciakhae?

၅ ယုံကြည်​သူ​ချင်း​တွေ​ကို သုံး​ပြီး​တော့​လည်း ယေဟောဝါ လမ်းပြ​တယ်။b တိုက်နယ်​ကြီးကြပ်​မှူး​တွေ​က အသင်းတော်​တွေ​ဆီ မှန်မှန် လည်ပတ်​ပြီး အားပေး​တယ်။ သူတို့​ရဲ့ ဟောပြော​ချက်​တွေ​က ကျွန်တော်တို့​ကို ယုံကြည်​ခြင်း ခိုင်ခံ့​စေ​တယ်၊ စည်းလုံး​စေ​တယ်။ (တ. ၁၅:၄၀–၁၆:၅) အသင်းတော် အကြီး​အကဲ​တွေ​က​လည်း ညီအစ်ကို/မ​တစ်ယောက်​ချင်း​စီ​ကို စိတ်ဝင်​တစား ကူညီ​ပေး​တယ်။ (၁ ပေ. ၅:၂၊ ၃) မိဘ​တွေ​က သားသမီး​တွေ ယေဟောဝါ​ကို ချစ်​တတ်​ဖို့၊ ဆုံးဖြတ်​ချက်​ကောင်း​တွေ ချ​တတ်​ဖို့၊ အမူ​အကျင့်​ကောင်း​တွေ ရှိ​ဖို့၊ ကျမ်းစာ​ဖတ်​ဖို့၊ အစည်း​အဝေး တက်​ဖို့၊ ဟောပြော​ခြင်း​လုပ်ငန်း​မှာ မှန်မှန် ပါဝင်​ဖို့ သင်ကြား​ပေး​တယ်။ (ပညာ. ၂၂:၆) ရင့်ကျက်​တဲ့ ညီအစ်မ​တွေ​က ညီအစ်မ​ငယ်​တွေ​ကို စံနမူနာ​ကောင်း ပြ​တယ်၊ လက်တွေ့​ကျကျ အကြံ​ပေး​တယ်၊ အားပေး​တယ်။—တိ. ၂:၃-၅။

6. Zahova cciakhaenaw hanglang lungtuanaw kha pawtemou langsah kho lang?

၆ ယေဟောဝါ အကောင်းဆုံး လမ်းပြ​ပေး​တာ ရှင်း​နေ​ပါ​တယ်။ လမ်းပြ​မှု​အတွက် ကျေးဇူး​တင်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။ “ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်​ကိုးစား​ပါ။ ကိုယ့်​ရဲ့ သိ​နားလည်​နိုင်​စွမ်း​ကို အားမကိုး​နဲ့” လို့ ပညာ​အလိမ္မာ ၃:၅၊ ၆ မှာ ဆို​ထား​တယ်။ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ရင် ယေဟောဝါ​က “[ကျွန်တော်တို့]ရဲ့ လမ်း​ခရီး​တွေ​ကို ဖြောင့်ဖြူး​စေ​မယ်။” ဆိုလို​တာ​က ပြဿနာ တော်တော်​များများ​ကို ရှောင်​နိုင်​ဖို့၊ ပို​ပျော်ရွှင်​တဲ့ အသက်တာ ပိုင်ဆိုင်​နိုင်​ဖို့ ကူညီ​ပေး​မယ်။ ကျွန်တော်တို့​ကို ယေဟောဝါ သိပ်​ချစ်​လွန်း​လို့ တစ်ယောက်​ချင်း​စီ​ရဲ့ လိုအပ်​ချက်​နဲ့​အညီ အကြံ​ပေး​လမ်းပြ​နေ​တာ ကျေးဇူး​တင်​စရာ​ပါ​ပဲ။—ဆာ. ၃၂:၈။

ZAHOVA NYNH YN BUNG

7. Zahova nynh pawtemou yn bung? (Filipi 4:19)

၇ ဖိလိပ္ပိ ၄:၁၉ ကို ဖတ်ပါ။ ကျွန်တော်တို့​ကို ယေဟောဝါ လမ်းပြ​တဲ့​အပြင် ထောက်မ​ပေး​တယ်။ ဘယ်လို ထောက်မ​သလဲ။ တစ်နည်း​ကတော့ စားဝတ်​နေရေး​အတွက် ကျွန်တော်တို့ ကြိုးစား​ပမ်းစား အလုပ်​လုပ်​တဲ့​အခါ ကောင်းချီး​ပေး​ခြင်း​အားဖြင့်​ပါ။ (မ. ၆:၃၃။ ၂ သက်. ၃:၁၂) စားဝတ်​နေရေး​အတွက် စိုးရိမ်​တာ သဘာဝ ဖြစ်​ပေ​မဲ့ ယေဟောဝါ​က အစိုးရိမ်​မလွန်​စေ​ချင်​ဘူး။ (မ. ၆:၂၅) ဘာကြောင့်​လဲ။ ကျွန်တော်တို့​ကို ဘယ်တော့​မှ ပစ်​ထား​မှာ မဟုတ်​လို့​ပဲ။ (မ. ၆:၈။ ဟီ. ၁၃:၅) ထောက်မ​မယ်​ဆိုတဲ့ ကတိ ယေဟောဝါ တည်​မယ်​ဆိုတာ အကြွင်းမဲ့ စိတ်ချ​နိုင်​ပါ​တယ်။

8. David kha Zahova nynh pawtemou a bung?

၈ ဒါဝိဒ်​ကို ယေဟောဝါ ဘယ်လို ထောက်မ​သလဲ။ ရှောလု​မင်း​လက်​ကနေ ထွက်ပြေး​တိမ်းရှောင်​ရ​တဲ့ နှစ်​တွေ​အတွင်း ဒါဝိဒ်​နဲ့ အပေါင်းပါ​တွေ အသက်​ဆက်​နိုင်​ဖို့ လိုအပ်​တာ​တွေ ဖြည့်ဆည်း​ပေး​ခြင်း​အားဖြင့် ထောက်မ​တယ်။ “ဖြောင့်မတ်​သူ စွန့်ပစ်​ခံ​ရ​တာ၊ သူ့​သားသမီး​တွေ တောင်းစား​နေ​ရ​တာ​ကို လူငယ်​ဘဝ​ကနေ အခု အသက်​ကြီး​ချိန်​အထိ ငါ တစ်ခါ​မှ မတွေ့​ဖူး​ဘူး” ဆိုပြီး အဲဒီ​နှစ်​တွေ​အတွင်း ယေဟောဝါ ထောက်မ​ပေး​ပုံ​ကို ဒါဝိဒ် ပြန်​စဉ်းစား​ရင်း ပြော​တယ်။ (ဆာ. ၃၇:၂၅) သစ္စာ​ရှိ ကျေးကျွန်​တွေ ခက်ခဲ​နေ​ချိန်​မှာ ယေဟောဝါ ထောက်မ​ပေး​တယ်​ဆိုတာ​ကို သင်​လည်း ကိုယ်တွေ့​သိ​မှာ​ပါ။

9. Ruunaw vawsawnaw tung ccyh kya Zahova nynh pawtemou yn bung? (Sahkhung kha do.)

၉ ဘေး​ဒုက္ခ​ရောက်​ချိန်​မှာ​လည်း မိမိ​လူမျိုး​ကို ယေဟောဝါ ထောက်မ​တယ်။ ဥပမာ၊ ပထမ​ရာစု​တုန်း​က ဂျေရု​ဆလင်​မြို့​မှာ အငတ်​ဘေး ကျရောက်​လာ​တော့ တခြား​ဒေသ​မှာ ရှိ​တဲ့ ညီအစ်ကို/မ​တွေ​က ကယ်ဆယ်​ရေး အထောက်​အပံ့​တွေ ပို့​ကြ​တယ်။ (တ. ၁၁:၂၇-၃၀။ ရော. ၁၅:၂၅၊ ၂၆) ဒီနေ့​အချိန်​မှာ​လည်း အကူ​အညီ လိုအပ်​သူ​တွေ​ကို ညီအစ်ကို/မ​တွေ စေတနာ​အပြည့်​နဲ့ ကူညီ​ကြ​တယ်။ ဘေး​ဒုက္ခ​ရောက်​ချိန်​မှာ ဘေးသင့်​ဒေသ​က ညီအစ်ကို/မ​တွေ​အတွက် စား​စရာ၊ ရေ၊ အဝတ်​အစား၊ ဆေးဝါး​တွေ ထောက်ပံ့​ဖို့ မိမိ​လူမျိုး​ကို ယေဟောဝါ လှုံ့ဆော်​ပေး​တယ်။ အိမ်​တွေ၊ ခန်းမ​တွေ ပျက်စီး​သွား​ရင် ဆောက်လုပ်​ရေး​အဖွဲ့​တွေ​က ပြုပြင်​ပေး​တယ်။ ပိုင်ဆိုင်​ရာ​တွေ ဒါမှ​မဟုတ် ချစ်​ရ​သူ​တွေ ဆုံးရှုံး​သွား​ရင် ညီအစ်ကို/မ​တွေ​က ကျမ်းစာ သုံး​ပြီး အားပေး​နှစ်သိမ့်​ကြ​တယ်။c

ရုပ်ပုံ– မာလာဝီ​နိုင်ငံမှာ သဘာဝဘေး ကျ​ရောက်ပြီးနောက် ညီအစ်ကို/မတွေကို အဖွဲ့အစည်းက ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေး၊ ကျမ်းစာ သုံးပြီး နှစ်သိမ့်​ပေး။ ၁။ ရေကြီး​နေ။ ၂။ ညီအစ်ကို/မတွေကို ညီအစ်ကို ဂေ့ချ် ဖလီဂါလ် စကားပြော​နေ။ ၃။ အစားအသောက်ထုပ်​တွေ​ကို ညီအစ်ကိုတွေ ကား​ပေါ်​ကနေ ချ​နေ။

ဘေး​ဒုက္ခရောက်ချိန်မှာ ယေဟောဝါ ဘယ်လို ထောက်မပေးသလဲ (စာပိုဒ် ၉ ကို ကြည့်ပါ)e


10-11. Siainn uhtupaw Borys tungboinaw kyate pawmou ccangkuh kho lang?

၁၀ မိမိ​ကို ဝတ်မပြု​သေး​သူ​တွေ​ကို​လည်း ယေဟောဝါ ထောက်မ​တယ်။ ဒါကြောင့် ကျွန်တော်တို့​လည်း ယုံကြည်​ခြင်း မတူ​သူ​တွေ​ကို မေတ္တာ​ပြ​ဖို့ အခွင့်​အရေး ရှာ​ကြ​တယ်။ (ဂလ. ၆:၁၀) ဒီလို​မေတ္တာ​ပြ​တာ​ဟာ သက်သေခံ​ချက်​ကောင်း ဖြစ်​လာ​လေ့​ရှိ​တယ်။ ယူကရိန်း​နိုင်ငံ​က ကျောင်းအုပ်​ဆရာကြီး ဘိုးရစ္စ​ရဲ့ တွေ့ကြုံ​မှု​ကို သုံးသပ်​ကြည့်​ပါ။ ဆရာကြီး​ဟာ ယေဟောဝါ​သက်သေ မဟုတ်​ပေ​မဲ့ သက်သေခံ​ကျောင်းသား​တွေ​အပေါ် ကောင်း​တယ်။ သက်သေခံ​တွေ​ရဲ့ ယုံကြည်ချက်​ကို လေးစား​တယ်။ နိုင်ငံ​အတွင်း​က ပို​ဘေးကင်း​တဲ့​ဒေသ​ကို ဆရာကြီး စစ်ဘေး​ရှောင်​ဖို့ ဆုံးဖြတ်​တော့ ညီအစ်ကို​တွေ ကူညီ​ပေး​ကြ​တယ်။ နောက်ပိုင်း​မှာ ယေရှု​ရဲ့ သေခြင်း​အောက်မေ့​ရာ အစီ​အစဉ်​ကို ဆရာကြီး လာ​တက်​တယ်။ “ကျွန်တော့်​ကို မေတ္တာ​ထား ဂရု​စိုက်​ပေး​ကြ​လို့ ယေဟောဝါ​သက်သေ​တွေ​ကို သိပ်​ကျေးဇူး​တင်​တယ်” ဆိုပြီး နောက်ကြောင်း ပြန်​တွေး​ရင်း ဆရာကြီး ပြော​တယ်။

၁၁ ယုံကြည်​ခြင်း တူတူ၊ မတူတူ အကူ​အညီ လိုအပ်​သူ​တွေ​ကို မေတ္တာ​ပြ​ခြင်း​အားဖြင့် သနား​ကြင်နာ​တတ်​တဲ့ အဖ​ဘုရား​ကို ကျွန်တော်တို့​အားလုံး အတု​ယူ​နိုင်​တယ်။ (လု. ၆:၃၁၊ ၃၆) ကျွန်တော်တို့ ပြ​တဲ့ မေတ္တာ​ကြောင့် လူ​တွေ ခရစ်တော်​ရဲ့​တပည့် ဖြစ်​လာ​ဖို့ မျှော်လင့်​ပါ​တယ်။ (၁ ပေ. ၂:၁၂) ဒါ​ပေမဲ့ သူတို့ ခရစ်တော်​ရဲ့​တပည့် ဖြစ်​လာ​သည်​ဖြစ်စေ၊ ဖြစ်​မလာ​သည်​ဖြစ်စေ ပေးကမ်း​ခြင်း​ကြောင့် ကျွန်တော်တို့ ပို​ပျော်ရွှင်​ရ​မှာ​ကတော့ အသေ​အချာ​ပါ​ပဲ။—တ. ၂၀:၃၅။

ZAHOVA NYNH YN THUNGKHAW

12. Zahova nynh a minphuing hae kha aphute thungkhawnaw kong te asekuhte pawtemou bya a kingku? (Sam 91:1, 2, 14)

၁၂ ဆာလံ ၉၁:၁၊ ၂၊ ၁၄ ကို ဖတ်ပါ။ မိမိ​နဲ့ ဆက်ဆံရေး ထိခိုက်​စေ​မယ့် အန္တရာယ်​တွေ​ကနေ မိမိ​လူမျိုး​ကို ကာကွယ်​မယ်​လို့ ယေဟောဝါ ကတိ​ပေး​ထား​တယ်။ စာတန်​ကြောင့် စစ်မှန်​တဲ့ ဝတ်ပြု​ရေး ပျက်စီး​ယိုယွင်း​သွား​တာ​မျိုး ဘယ်တော့​မှ အဖြစ်​မခံ​ဘူး။ (ယော. ၁၇:၁၅) “ကြီးစွာ​သော​ဒုက္ခ” အတွင်း​မှာ​ကော လူမျိုး​တော်​ကို အုပ်စု​လိုက်​အနေ​နဲ့ ဘယ်လို ကာကွယ်​ပေး​မလဲ။ မိမိ​နဲ့ ဆက်ဆံရေး ထိခိုက်​စေ​မယ့် အန္တရာယ်​တွေ​ကနေ​သာမက အသက်​အန္တရာယ်​ကနေ​ပါ ကာကွယ်​ပေး​မယ်။ ဒီ​ကတိ​ကို အပြည့်​အဝ စိတ်ချ​နိုင်​ပါ​တယ်။—ဗျာ. ၇:၉၊ ၁၄။

13. Zahova nynh lukheit cci kha pawtemou yn thungkhaw?

၁၃ တစ်ယောက်​ချင်း​စီ​ကို​ကော ယေဟောဝါ ဘယ်လို ကာကွယ်​သလဲ။ အမှား​အမှန် ပိုင်းခြား​သိမြင်​နိုင်​ဖို့ ကျမ်းစာ​က​တစ်ဆင့် ကူညီ​ပေး​တယ်။ (ဟီ. ၅:၁၄) ကျမ်းစာ​မူ​တွေ လိုက်နာ​တဲ့​အခါ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး၊ ကျန်းမာ​ပျော်ရွှင်​ရေး​ကို ထိခိုက်​စေ​မယ့် အန္တရာယ်​တွေ​ကနေ ကျွန်တော်တို့ ကာကွယ်​ခံ​ကြ​ရ​တယ်။ (ဆာ. ၉၁:၄) အသင်းတော်​က​တစ်ဆင့်​လည်း ယေဟောဝါ ကာကွယ်​ပေး​တယ်။ (ဟေရှာ. ၃၂:၁၊ ၂) ယေဟောဝါ​ကို ချစ်​တဲ့၊ ကျမ်းစာ​မူ​တွေ လိုက်နာ​တဲ့ ညီအစ်ကို/မ​တွေနဲ့​အတူတူ စည်းဝေး​တာ၊ အမှု​ဆောင်​တာ၊ စုဆုံ​ပေါင်းသင်း​တာ​က ကျွန်တော်တို့​ကို အားရှိ​စေ​တယ်။ အမှား​လုပ်​ချင်​စိတ်​ကို တွန်းလှန်​ဖို့ အကူ​အညီ ဖြစ်​စေ​တယ်။—ပညာ. ၁၃:၂၀။

14. (a) Zahova nynh tuh-ounaw takyh kyate pawcce yn thungkhaw khyh? (b) Sam 9:10 kya paw bakingnaw mou a ung? (Akawlang-e ccaesahnaw.)

၁၄ ရှေး​အချိန်​မှာ ကျေးကျွန်​တွေ​ကို နှိပ်စက်​ညှဉ်းပန်း​မှု၊ အသက်​အန္တရာယ်​ကနေ ယေဟောဝါ ကာကွယ်​ပေး​ချိန်​တွေ ရှိ​တယ်။ ဒါ​ပေမဲ့ အမြဲ​တော့ ကာကွယ်​မပေး​ဘူး။ ဘာကြောင့်​လဲ။ စာတန် မှား​တယ်​ဆိုတာ သက်သေ​ပြ​နိုင်​ဖို့​ပါ။ (ယောဘ ၂:၄-၆။ မ. ၂၃:၃၄) ဒါ့​အပြင် “လူ​အားလုံး​ဟာ မျှော်လင့်​မထား​တဲ့​အချိန်​မှာ မျှော်လင့်​မထား​တဲ့ ဖြစ်ရပ်​တွေ ကြုံ​ရ​တတ်​လို့​ပဲ” လို့ ကျမ်းစာ ဆို​တယ်။ (ဒေ. ၉:၁၁) ဒီနေ့​ခေတ်​မှာ​လည်း စမ်းသပ်​မှု​တိုင်း​ကနေ ကျွန်တော်တို့​ကို ယေဟောဝါ ကာကွယ်​ပေး​မယ်​လို့ ပြော​လို့​မရဘူး။ ဒါ​ပေမဲ့ မိမိ​ကို ချစ်​မြတ်နိုး​သူ​တွေ​ကို ဘယ်တော့​မှ မစွန့်ပစ်​ဘူး​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။d—ဆာ. ၉:၁၀။

ZAHOVA NYNH YN SOIHBIA

15. Sawsang, Baebu ccaw ria, pungkuh vaeze soihbianaw pawtemou ah mue oh? (2 Korin 1:3, 4)

၁၅ ၂ ကောရိန္သု ၁:၃၊ ၄ ကို ဖတ်ပါ။ တစ်ခါ​တလေ ကျွန်တော်တို့ ပူဆွေး​ဝမ်းနည်း​ကြ​တယ်၊ စိုးရိမ်​သောက​ရောက်​ကြ​တယ်၊ စိတ်​ဖိစီး​ကြ​တယ်။ လောလောဆယ်​တောင် စိတ်​ဖိစီး​စရာ​တစ်ခုခု​ကြောင့် ကူကယ်​ရာ​မဲ့​နေ​တယ်​လို့ ခံစား​နေ​ရ​နိုင်​တယ်။ သင့်​ခံစား​ချက်​ကို နားလည်​ပေး​နိုင်​တဲ့​သူ ရှိ​သလား။ ရှိ​ပါ​တယ်။ ယေဟောဝါ​ဘုရား​ပါ။ ယေဟောဝါ​က သင် နာကျင်​ခံစား​နေ​ရ​တာ​ကို မြင်​တဲ့​အပြင် “ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး ခံ​ရ​တဲ့​အခါ . . . နှစ်သိမ့်​ပေး​တယ်။” ကျွန်တော်တို့ နှစ်သိမ့်​မှု ဘယ်လို ရ​သလဲ။ ရင်ဖွင့်​ဆုတောင်း​တဲ့​အခါ “လူ့​ဉာဏ်​နဲ့ မမီ​နိုင်​တဲ့ ဘုရား​သခင့်​ငြိမ်သက်​ခြင်း” ရ​တယ်။ (ဖိ. ၄:၆၊ ၇) ကျမ်းစာ​မှာ ပါ​တဲ့ ယေဟောဝါ​ရဲ့ စကား​တွေ​ကို ဖတ်​တဲ့​အခါ​လည်း နှစ်သိမ့်​မှု ရ​တယ်။ ကျွန်တော်တို့​ကို သိပ်​ချစ်​ကြောင်း ဖော်ပြ​ထား​တဲ့ စကား​တွေ၊ ပညာ​ရှိ အကြံ​ပေး​ချက်​တွေ၊ မျှော်လင့်​ချက်​တွေ ကျမ်းစာ​မှာ ပါ​လို့​ပဲ။ ဒါ့​အပြင် အစည်း​အဝေး တက်​တဲ့​အခါ ကျမ်းစာ​ထဲ​က အား​ရှိ​စရာ အကြောင်း​အရာ​တွေ ကြား​ရ​လို့၊ ကျွန်တော်တို့​ကို သိပ်​ချစ်​တဲ့ ညီအစ်ကို/မ​တွေ​နဲ့ ပေါင်းသင်း​ရ​လို့ နှစ်သိမ့်​မှု ရ​တယ်။

16. Unopaw Nathan te unonung Priscilla tungboinaw kyate pawmou ccangkuh kho lang?

၁၆ ကျမ်းစာ​က​တစ်ဆင့် ယေဟောဝါ နှစ်သိမ့်​အားပေး​ကြောင်း အမေရိကန်​ပြည်ထောင်စု​မှာ နေ​တဲ့ ညီအစ်ကို နေသန်​နဲ့ ညီအစ်မ ပရစ်စီးလာ​ရဲ့ တွေ့ကြုံ​မှု​ကနေ သိ​ရ​တယ်။ ဟောပြော​သူ ပို​လိုအပ်​တဲ့​ဒေသ​မှာ လွန်​ခဲ့​တဲ့ နှစ်​အတော်​ကြာ​တုန်း​က သူတို့ သွား​အမှု​ဆောင်​ကြ​တယ်။ “ယေဟောဝါ ကောင်းချီး​ပေး​မယ်​လို့ သေချာ​ပေါက် တွက်​ထား​ခဲ့​တာ” လို့ နေသန် ပြော​တယ်။ ဒါ​ပေမဲ့ နေရာ​အသစ်​ကို ရောက်​ပြီး​နောက် နှစ်ယောက်​စလုံး ကျန်းမာ​ရေး ပြဿနာ ပေါ်​လာ​တယ်။ သင့်တော်​တဲ့​အလုပ် ရှာ​မတွေ့​လို့ ငွေကြေး​ခက်ခဲ​လာ​တယ်။ နောက်ဆုံး​တော့ အိမ်​ပြန်​လာ​ရ​တယ်။ ပြန်​ရောက်​လာ​တော့​လည်း ငွေကြေး​ခက်ခဲ​တုန်းပဲ။ “မျှော်လင့်​ထား​တဲ့​နည်း​နဲ့ ယေဟောဝါ ဘာကြောင့် ကောင်းချီး​မပေး​သလဲ​လို့ တွေး​မိ​တယ်။ ကျွန်တော် အမှား​တစ်ခုခု လုပ်​ခဲ့​လို့​များ​လား​ဆိုတဲ့​အတွေး ဝင်​လာ​တဲ့​အထိ​ပဲ” လို့ နေသန် ပြော​တယ်။ ဒါ​ပေမဲ့ အကူ​အညီ လိုအပ်​ချိန်​မှာ ယေဟောဝါ စွန့်ပစ်​မထား​ခဲ့​မှန်း နေသန်​နဲ့ ပရစ်စီးလာ နောက်ပိုင်း​မှာ သဘောပေါက်​လာ​တယ်။ “အဲဒီ​အတော​အတွင်း ကျမ်းစာ​က မိတ်ဆွေ​ကောင်း​တစ်ယောက်​လို အားပေး​တယ်၊ လမ်းပြ​ပေး​တယ်။ အခက်​အခဲ​ကို အာရုံ​မစိုက်​ဘဲ ခံရပ်​နိုင်​ဖို့ ယေဟောဝါ ကူညီ​ပေး​ပုံ​ကို အာရုံ​စိုက်​တာ​က ရှေ့လျှောက် ကြုံ​လာ​ရ​သမျှ​ကို ယုံကြည်​ခြင်း​နဲ့ ရင်ဆိုင်​ဖို့ ကူညီ​ပေး​တယ်” လို့ နေသန် ပြော​တယ်။

17. Unonung Helga tuh soihbianaw pawtemou a mue? (Sahkhung kha do.)

၁၇ ညီအစ်ကို/မ​တွေ​က​တစ်ဆင့်​လည်း ယေဟောဝါ နှစ်သိမ့်​အားပေး​ကြောင်း ဟန်ဂေရီ​နိုင်ငံ​မှာ နေ​တဲ့ ညီအစ်မ ဟယ်လ်ဂါ​ရဲ့ တွေ့ကြုံ​မှု​ကနေ သိ​ရ​တယ်။ နှစ်​များစွာ​အတွင်း အခက်​အခဲ​မျိုးစုံ ကြုံ​ရ​လို့ ဟယ်လ်ဂါ သောက​များ​ခဲ့​တယ်။ အဖြစ်​ဆိုး​လိုက်​တာ​လို့ ခံစား​ခဲ့​ရ​တယ်။ ဒါ​ပေမဲ့ ပြန်​တွေး​ကြည့်​လိုက်​တဲ့​အခါ ညီအစ်ကို/မ​တွေ​က​တစ်ဆင့် ယေဟောဝါ နှစ်သိမ့်​ပေး​ခဲ့​မှန်း သဘော​ပေါက်​လာ​တယ်။ “အလုပ်​ကြောင့်၊ မကျန်းမာ​တဲ့ သားလေး​ကို ပြုစု​ရ​တာ​ကြောင့်၊ တခြား​အကြောင်းရင်း​တွေ​ကြောင့် ကျွန်မ ခွန်အား​လျော့​လာ​တာ​နဲ့ ယေဟောဝါ အမြဲ ကူညီ​ပေး​တယ်။ နှစ်သိမ့်​ပေး​မယ်​ဆိုတဲ့​ကတိ တည်​တယ်။ ပြီး​ခဲ့​တဲ့ အနှစ် ၃၀ အတွင်း တစ်ရက်​လေး​မှ ကတိ​မပျက်ဘူး။ ညီအစ်ကို/မ​တွေ​ရဲ့ စာနာ​နားလည်​ပေး​တဲ့​စကား​တွေ၊ အားပေး​စကား​တွေ​ကတစ်ဆင့် ယေဟောဝါ အား​ရှိ​စေ​တာ အကြိမ်ကြိမ်​ပါ​ပဲ။ အလိုအပ်​ဆုံး​အချိန်​မှာ စာတို​တစ်စောင်၊ ကတ်​တစ်ကတ် အမြဲ ရ​တတ်​တယ်။ ချီးမွမ်း​စကား​လေး ကြား​ရ​တတ်​တယ်” လို့ ဟယ်လ်ဂါ ပြော​တယ်။

ရုပ်ပုံ– သက်ကြီး​ညီအစ်ကို​တစ်ယောက် နှစ်သိမ့်မှု ရ။ ၁။ ကလေးတွေ ဆွဲ​ပေးထားတဲ့ ပုံ​တွေ ကြည့်နေ။ ၂။ ညီအစ်ကို​တစ်ယောက် သူ့ဆီ စာပို့​နေ။ ၃။ မောင်နှံတစ်စုံ ပီဇာ​နဲ့ စားစရာတွေ ယူလာပေး​နေ။ ၄။ ညီအစ်ကို​တစ်ယောက် ဖုန်းဆက်​နေ။ ၅။ ညီအစ်ကိုကြီး​ကို ပေးဖို့ ကလေး​မ​လေး​တစ်ယောက် ပရဒိသု​ထဲက ခြင်္သေ့​ပုံ ဆွဲနေ။

တခြားသူတွေကို နှစ်သိမ့်ပေးဖို့ သင့်ကို ယေဟောဝါ ဘယ်လို သုံးနိုင်သလဲ (စာပိုဒ် ၁၇ ကို ကြည့်ပါ)


18. Minccang paw hae kha pawtemou soihbia kho lang hae?

၁၈ နှစ်သိမ့်​ပေး​ရှင် ယေဟောဝါ​ကို အတု​ယူ​ခွင့် ကျွန်တော်တို့ ရ​ထား​တယ်။ ဒါ​ဆိုရင် တခြားသူ​တွေ​ကို ဘယ်လို နှစ်သိမ့်​ပေး​နိုင်​သလဲ။ သူတို့ ပြော​တာ စိတ်​ရှည်ရှည် နားထောင်​ပေး​နိုင်​တယ်။ ကြင်ကြင်​နာနာ စကား​ပြော​နိုင်​တယ်။ လက်တွေ့​ကျကျ ကူညီ​ပေး​နိုင်​တယ်။ (ပညာ. ၃:၂၇) ယေဟောဝါ​ကို ဝတ်မပြု​သေး​သူ​တွေ အပါ​အဝင် ဒုက္ခ​ရောက်​နေ​သူ​အားလုံး​ကို နှစ်သိမ့်​ပေး​ဖို့ ကျွန်တော်တို့ ကြိုးစား​ကြ​တယ်။ အသိ​တစ်ယောက်ယောက် ပူဆွေး​ဝမ်းနည်း​နေ​တယ်၊ ဖျားနာ​နေ​တယ်၊ စိုးရိမ်​သောက​ရောက်​နေ​တယ်​ဆိုရင် သူ့ဆီ သွား​လည်​တယ်။ သူ ပြော​တာ နားထောင်​ပေး​တယ်။ အား​ရှိ​စရာ ကျမ်းပိုဒ်​တွေ ဝေမျှ​တယ်။ “နှစ်သိမ့်​ခြင်း​အမျိုးမျိုး​ရဲ့ အရှင်” ယေဟောဝါ​ကို ဒီ​နည်း​တွေ​နဲ့ အတု​ယူ​တဲ့​အခါ ဘာ​အကျိုး​တွေ ရ​လာ​နိုင်​သလဲ။ ညီအစ်ကို/မ​တွေ အခက်​အခဲ ခံရပ်​နိုင်​သွား​တာ ဖြစ်​နိုင်​တယ်။ အမှန်​တရား​နဲ့​ပတ်သက်​ပြီး မယုံကြည်​သူ​တွေ သဘောထား ပြောင်း​လာ​တာ ဖြစ်​နိုင်​တယ်။—မ. ၅:၁၆။

ZAHOVA NYNH YN BUNG ZUNGZAE

19. Zahova nynh aening hanglang pawhaemou yn cyipya, pawtemou dosuinkuh kho lang?

၁၉ မိမိ​ကို ချစ်​မြတ်နိုး​သူ​အားလုံး​ကို ယေဟောဝါ သိပ်​ဂရု​စိုက်​တယ်။ အခက်​အခဲ ကြုံ​ချိန်​မှာ စွန့်ပစ်​မထား​ဘူး။ သား​သမီး​တွေ​ကို မေတ္တာ​ထား ဂရု​စိုက်​တဲ့ မိဘ​လို​ပဲ သစ္စာရှိ ကျေးကျွန်​တွေ​ကို ယေဟောဝါ ဂရု​စိုက်​တယ်။ ဘယ်လို​နည်း​နဲ့​လဲ။ လမ်းပြ​ပေး​ခြင်း၊ ထောက်မ​ပေး​ခြင်း၊ ကာကွယ်​ပေး​ခြင်း၊ နှစ်သိမ့်​ပေး​ခြင်း​အားဖြင့်​ပါ။ တခြားသူ​တွေ အခက်​အခဲ ကြုံ​ချိန်​မှာ အားပေး​ထောက်မ​မယ်​ဆိုရင် ကောင်းကင်​ဘုံစံ​အဖ​ကို အတု​ယူ​ရာ​ရောက်​တယ်။ ရှေ့လျှောက် ကျွန်တော်တို့ အခက်​အခဲ​တွေ၊ ဝမ်းနည်း​စရာ​တွေ ကြုံ​ရ​နိုင်​ပေမဲ့ ယေဟောဝါ အတူ​ရှိ​နေ​မယ်​ဆိုတာ စိတ်ချ​ထား​နိုင်​တယ်။ “မကြောက်​နဲ့။ မင်း​နဲ့​အတူ ငါ ရှိ​တယ်” လို့ ကတိ​ပေး​ထား​လို့​ပါ​ပဲ။ (ဟေရှာ. ၄၁:၁၀) အား​ရှိ​စရာ​ပဲ မဟုတ်​လား။ ကျွန်တော်တို့ ဘယ်တော့​မှ ကူကယ်​ရာ​မမဲ့​ပါ​ဘူး။

PAWTEMOU NA PHI CIH?

  • Zahova nynh pawtemou yn cciakhae?

  • Zahova nynh pawtemou yn bung?

  • Zahova nynh pawtemou yn thungkhaw zah yn soihbia?

LAW 100 ဧည့်ဝတ်​ကျေပွန်​ပါ

a ၂၀၁၁၊ ဧပြီ ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “ဘုရားသခင်ကို​ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေ​ချပါ” ဆောင်းပါးကို ကြည့်ပါ။

b ၂၀၂၄၊ ဖေဖော်ဝါရီ ကင်းမျှော်စင် မှာ ပါတဲ့ “ယေဟောဝါ လမ်းညွှန်​တဲ့​အတိုင်း ဆက်လျှောက်ပါ” ဆောင်းပါး၊ စာပိုဒ် ၁၁-၁၄ ကို ကြည့်ပါ။

c jw.org ရှာဖွေရန် အကွက်မှာ “ဘေးအန္တရာယ် ကယ်ဆယ်ရေး” ဆိုတာ ရိုက်ထည့်ပြီး လောလော​လတ်လတ် တွေ့ကြုံမှုတွေ ရှာနိုင်တယ်။

d ၂၀၁၇၊ ဖေဖော်ဝါရီ ကင်းမျှော်စင် မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

e ပုံအညွှန်း– မာလာဝီ​နိုင်ငံမှာ သဘာဝဘေး ကျ​ရောက်ပြီးနောက် ညီအစ်ကို/မတွေကို အဖွဲ့အစည်းက ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေး၊ ကျမ်းစာ သုံးပြီး နှစ်သိမ့်​ပေး။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share