Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w25 April pp. 14-19
  • Uno Hae Te Vaeccawkuhpaw Tuh Thanenaw A Ung!

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Uno Hae Te Vaeccawkuhpaw Tuh Thanenaw A Ung!
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Abalu dihpaw hae
  • A Lokuhpaw Akonglang
  • UNO HAE TE PAWCCE VAECCAWKUH NAWLANG CYI LANG A CCANG
  • LUKHEIT TE LUKHEIT PHU-ESAKUH OH
  • “NAE LUNG PHIAKUH NANGSAH
  • SUNGSAKUNAW KHA “CYISAHNAWTE LANGSAH OH”
  • “Pachia Te Naekuhte Ungpaw Tuh Thanenaw A Ung!”
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Ny Leipaw Hae A Ung Cipaw Zakawsangsakuhte Ung
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Amakhae Ah Thua Khyh Oh
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • ‘Paw Pachia Mou . . . Na Beih Lang Oh Paw Kha Atunin Kya Pokuh Oh’
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
w25 April pp. 14-19

HOKU LANGPAW ABALU 16

LAW 87 လာကြ၊ လန်းဆန်းမှု ရယူ​ကြ

Uno Hae Te Vaeccawkuhpaw Tuh Thanenaw A Ung!

“Uno hae nynh lungngingte pynkheihlan um tuh pawcih baban mou hoy zah lungrythua lan a um!”—SAM. 133:1.

အာရုံစိုက်​ရာ

ညီအစ်ကို/မ​တွေ​နဲ့ ဘယ်လို ပို​ရင်းနှီး​လာ​နိုင်​သလဲ။ ပို​ရင်းနှီး​လာ​တဲ့​အခါ ဘာ​အကျိုး​ရ​သလဲ။

1-2. Zahova nynh pawmou abapi lang a nung, aening kha pawmou yn cyisah ry?

တခြားသူ​တွေ​ကို ကျွန်တော်တို့ ဘယ်လို ဆက်ဆံ​သလဲ​ဆိုတာ ယေဟောဝါ​ဘုရား သိပ်​အလေး​ထား​တယ်။ လူလူချင်း​ကို ကိုယ်​နဲ့ ထပ်တူ ချစ်​ဖို့ ယေရှု သွန်သင်​တယ်။ (မ. ၂၂:၃၇-၃၉) ဒါကြောင့် ယုံကြည်ခြင်း မတူ​သူ​တွေ​ကို​တောင် ကျွန်တော်တို့ မေတ္တာ​ပြ​ရ​မယ်။ ဒီလို​မေတ္တာ​ပြ​တာ​ဟာ “လူဆိုး​လူကောင်း​အပေါ် နေ​ထွက်​စေ” တဲ့၊ “ဖြောင့်မတ်​သူ၊ မဖြောင့်မတ်​သူ​တွေ​အပေါ် မိုး​ရွာ​စေ” တဲ့ ယေဟောဝါ​ကို အတု​ယူ​ရာ​ရောက်​တယ်။—မ. ၅:၄၅။

၂ လူ​အားလုံး​ကို ယေဟောဝါ ချစ်​ပေ​မဲ့ မှန်ရာ​လုပ်​သူ​တွေ​ကို အထူး​တလည် ချစ်​မြတ်နိုး​တယ်။ (ယော. ၁၄:၂၁) ယေဟောဝါ​က မိမိ​ကို အတု​ယူ​စေ​ချင်​တယ်။ ဒါကြောင့် ညီအစ်ကို/မ​တွေ​ကို “နှစ်နှစ်​ကာကာ ချစ်​ကြ​ပါ၊” “ချစ်ခင်​မြတ်နိုး​ပါ” ဆိုပြီး ကျမ်းစာ​မှာ တိုက်တွန်း​ထား​တယ်။ (၁ ပေ. ၄:၈။ ရော. ၁၂:၁၀) နှစ်နှစ်​ကာကာ ချစ်​တယ်၊ ချစ်ခင်​မြတ်နိုး​တယ်​ဆိုတာ သိပ်​ချစ်​ရ​တဲ့ မိသားစုဝင် ဒါမှ​မဟုတ် သိပ်​ခင်​ရ​တဲ့ မိတ်ဆွေ​အပေါ် ထား​တဲ့ ခံစားချက်မျိုး ဖြစ်​တယ်။

3. Sungsakunaw a lungthung nawlang pawmou cyi lang?

၃ ချစ်ခြင်း​မေတ္တာ​ဟာ ပန်းပင်​နဲ့ တူ​တယ်။ ကြီးထွား​လာ​ဖို့ ဂရု​တစိုက် ပြုစု​ပေး​ရ​တယ်။ “ညီရင်း​အစ်ကို​မေတ္တာ​နဲ့ အချင်းချင်း ချစ်မြဲ ချစ်​နေ​ကြ​ပါ” လို့ တမန်တော် ပေါလု ပြော​တယ်။ (ဟီ. ၁၃:၁) ယေဟောဝါ​က တခြားသူ​တွေ​အပေါ် ထား​တဲ့ ကျွန်တော်တို့​ရဲ့ မေတ္တာ​ကို တိုး​သည်​ထက် တိုး​အောင် လုပ်​စေ​ချင်​တယ်။ ညီအစ်ကို/မ​တွေ​နဲ့ ဘာကြောင့် ပို​ရင်းနှီး​အောင် လုပ်​သင့်​သလဲ၊ ဘယ်လို​နည်း​နဲ့ အမြဲ ရင်းနှီး​နေ​နိုင်​မလဲ​ဆိုတာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ရ​အောင်။

UNO HAE TE PAWCCE VAECCAWKUH NAWLANG CYI LANG A CCANG

4. Sam 133:1 liate, uno hae laku lungngingnaw kha phutesanaw a zya khyh nawlang pawmou cyi kho thua? (Sahkhung kha do.)

၄ ဆာလံ ၁၃၃:၁ ကို ဖတ်ပါ။ ယေဟောဝါ​ကို ချစ်​မြတ်နိုး​သူ​တွေ​နဲ့ ရင်းနှီး​နေ​တာ “ကောင်း​လိုက်​တာ၊” “ကြည်နူး​စရာ ကောင်း​လိုက်​တာ” ဆိုပြီး ဆာလံ​ကျမ်း​ရေး​သူ ပြော​တာ​ကို ကျွန်တော်တို့ သဘော​တူ​ကြ​ပါ​တယ်။ ဒါ​ပေမဲ့ နေ့တိုင်း မြင်​နေ​ရတဲ့ အရိပ်​အာဝါသ​ကောင်း​တဲ့ သစ်ပင်ကြီး​ကို အမှုမဲ့​အမှတ်မဲ့ ဖြစ်​တတ်​သလို​ပဲ ညီအစ်ကို/မ​တွေ​ကြား​က စည်းလုံးမှု​ကို အမှုမဲ့​အမှတ်မဲ့ ဖြစ်​မိ​နိုင်​တယ်။ တစ်ပတ်​တစ်ပတ် ညီအစ်ကို/မ​တွေ​နဲ့ တွေ့ဆုံ​ရ​တဲ့ အကြိမ်ရေ မနည်း​ဘူး။ ဒါကြောင့် သူတို့​ကို တန်ဖိုး​ထား​တဲ့​စိတ် လျော့​သွား​နိုင်​တယ်။ တန်ဖိုး​ထား​တဲ့​စိတ် လျော့​မသွား​အောင် ဘာ​လုပ်​နိုင်​သလဲ။ အသင်းတော်​အတွက်၊ ကျွန်တော်တို့​အတွက် သူတို့​တစ်ယောက်စီ ဘယ်လောက် တန်ဖိုး​ရှိ​တယ်​ဆိုတာ အချိန်​ယူ စဉ်းစား​နိုင်​တယ်။

ရုပ်ပုံ– ၁။ သိပ်လှပတဲ့ သစ်ပင်ကြီးကို ညီအစ်မတစ်ယောက် ငေးကြည့်နေ။ ၂။ ခရိုင်​အစည်းအဝေးမှာ ညီအစ်မ​တစ်ယောက်ကို သူ ဖက်​နေ။ အစည်းအဝေးမှာ တခြား​ညီအစ်ကို/မတွေ အချင်းချင်း ပြုံးပြုံးရွှင်ရွှင် စကားပြော​နေ။

ညီအစ်ကို/မတွေ​ကြား​က စည်းလုံးမှု​ကို အမှုမဲ့​အမှတ်မဲ့ မဖြစ်ပါစေနဲ့ (စာပိုဒ် ၄ ကို ကြည့်ပါ)


5. Uno hae lukheit te lukheit langsahpaw sungsakunaw muihze paw thanenaw mou a ung kho?

၅ ဦးဆုံး​အကြိမ် အစည်း​အဝေး လာ​တက်​သူ​တချို့​ဟာ ညီအစ်ကို/မ အချင်းချင်း ပြ​တဲ့ မေတ္တာ​ကို မြင်​ပြီး စိတ်​ထိမိ​သွား​တတ်​တယ်။ ဒီ​တစ်ချက်​နဲ့​တင် အမှန်​တရား တွေ့​ပြီ​လို့ ကောက်ချက်​ချ​သွား​တတ်​တယ်။ “အချင်းချင်း ချစ်​မယ်​ဆိုရင် ခင်ဗျားတို့​ဟာ ကျွန်တော့်​တပည့်​တွေ​ပဲ​ဆိုတာ လူ​တွေ သိ​လိမ့်​မယ်” လို့ ယေရှု ပြော​တယ်။ (ယော. ၁၃:၃၅) ယေဟောဝါ​သက်သေ​တွေ​နဲ့ ကျမ်းစာ​လေ့လာ​တဲ့ တက္ကသိုလ်​ကျောင်းသူ ချိုင်တရာ​အကြောင်း သုံးသပ်​ကြည့်​ပါ။ ခရိုင်​အစည်း​အဝေး ဖိတ်​ခံ​ရ​လို့ လာ​တက်​တယ်။ အစည်းအဝေးကြီး ပထမ​ရက် တက်​ပြီး​နောက်​မှာ​ပဲ ကျမ်းစာ​သင်​ပေး​သူ​ကို ဒီလို​ပြော​တယ်– “ကျွန်မ​ကို မိဘ​တွေ တစ်ခါ​မှ မဖက်​ဖူး​ဘူး။ ဒါ​ပေမဲ့ အစည်းအဝေးကြီး တစ်ရက်​တည်း​မှာ​တင် ကျွန်မ​ကို ပွေ့ဖက်​နှုတ်ဆက်​ကြ​တာ ၅၂ ယောက်​တောင်​မှ။ ညီအစ်ကို/မ​တွေ​က​တစ်ဆင့် ယေဟောဝါ​ရဲ့ မေတ္တာ​ကို ခံစား​လိုက်​ရ​တယ်။ ဒီ​မိသားစုကြီး​မှာ ကျွန်မ ရှိ​ချင်​တယ်။” ချိုင်တရာ ဆက်​တိုးတက်​လာ​ပြီး ၂၀၂၄ ခုနှစ်​မှာ နှစ်ခြင်း​ခံ​တယ်။ မှန်​ပါ​တယ်၊ ကျွန်တော်တို့ အချင်းချင်း ပြ​တဲ့ မေတ္တာ အပါ​အဝင် အကျင့်​ကောင်း​တွေ​ကို လူသစ်​တွေ မြင်​တဲ့​အခါ ယေဟောဝါ​ကို ဝတ်ပြု​ချင်​လာ​ကြ​တယ်။—မ. ၅:၁၆။

6. Uno hae te houh vaeccawkuhpaw nynh pawtemou thungkhawnaw lang a thua?

၆ ညီအစ်ကို/မ​တွေ​နဲ့ ပို​ရင်းနှီး​လာ​တာ​က ကျွန်တော်တို့​အတွက် အကာ​အကွယ် ဖြစ်​စေ​နိုင်​တယ်။ “နေ့တိုင်း အချင်းချင်း အားပေး​တိုက်တွန်း​ကြ​ပါ။ အဲဒီလို​မလုပ်​ရင် အပြစ်​ရဲ့ လှည့်စား​နိုင်​စွမ်း​ကြောင့် ခေါင်းမာ​လာ​မှာ စိုး​ရ​တယ်” လို့ ပေါလု ပြော​တယ်။ (ဟီ. ၃:၁၃) ခြေလှမ်း​မှား​လု​မတတ် ဖြစ်​နေ​တဲ့​အခါ ကျွန်တော်တို့​ကို ကူညီ​ပေး​ဖို့ အကင်း​ပါး​တဲ့ ညီအစ်ကို/မ​တစ်ယောက်​ကို ယေဟောဝါ လှုံ့ဆော်​ပေး​နိုင်​တယ်။ (ဆာ. ၇၃:၂၊ ၁၇၊ ၂၃) ဒီလို​အားပေး​ကူညီ​မှု​မျိုး​ဟာ သိပ်​အကျိုး​ရှိ​တယ်။

7. Sungsakunaw te lungngingnaw pawtemou a pialekuh? (Kolose 3:13, 14)

၇ အချင်းချင်း မေတ္တာ​ပြ​ဖို့ ကြိုးစား​နေ​တဲ့ အဖွဲ့​အစည်း​ဝင် ဖြစ်​နေ​လို့ ကျွန်တော်တို့ ကောင်းချီး​များစွာ ခံစား​ရ​တယ်။ (၁ ယော. ၄:၁၁) ဥပမာ၊ “ဆက်ပြီး သည်းခံ” ဖို့ မေတ္တာ​က လှုံ့ဆော်​ပေး​တဲ့​အတွက် ညီအစ်ကို/မ​တွေ ပို​စည်းလုံး​လာ​တယ်။ (ကောလောသဲ ၃:၁၃၊ ၁၄ ကို ဖတ်ပါ။ ဧ. ၄:၂-၆) ဒါကြောင့် ကမ္ဘာ​ပေါ်​က တခြား​ဘယ်​အဖွဲ့​အစည်း​မှာ​မှ မခံစား​ရ​တဲ့ ငြိမ်သက်​စည်းလုံး​မှု​ကို အသင်းတော် အစည်း​အဝေး​တွေ​မှာ ခံစား​နေ​ရ​တယ်။

LUKHEIT TE LUKHEIT PHU-ESAKUH OH

8. Laephi pyngpi kya uno hae kha Zahova nynh pawliate mou mih lung a ngingsah hae?

၈ ကမ္ဘာတစ်ဝန်းမှာ ညီအစ်ကို/မတွေ မစုံလင်ပေမဲ့ စည်းလုံးနေတာ ယေဟောဝါကြောင့်ပါပဲ။ (၁ ကော. ၁၂:၂၅) အချင်းချင်း ချစ်​ဖို့ “ဘုရားသခင်​ကိုယ်တိုင်” သင်ပေး​တယ်​လို့ ကျမ်းစာ ဆို​တယ်။ (၁ သက်. ၄:၉) ဘယ်လို သင်ပေး​သလဲ။ အချင်းချင်း ပို​ရင်းနှီး​လာ​ဖို့ ဘာ​လုပ်​ရ​မယ်​ဆိုတာ ကျမ်းစာ​ကတစ်ဆင့် သွန်သင်​ပေး​တယ်။ ယေဟောဝါ​သက်သေ​တွေ​ဟာ ကျမ်းစာ​သွန်သင်ချက်​တွေ​ကို စေ့စေ့​စပ်စပ် လေ့လာ​ဆန်းစစ်​ခြင်း၊ လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် “ဘုရားသခင်​ကိုယ်တိုင်” သင်ပေး​တာ​ကို ခံယူ​နေ​ကြ​တယ်။—ဟီ. ၄:၁၂။ ယာ. ၁:၂၅။

9. Rom 12:9-13 kya lukheit te lukheit phu-esahnawte asekuhte pawtemou a ho?

၉ ညီအစ်ကို/မ​တွေ​နဲ့ ပို​ရင်းနှီး​လာ​ဖို့ ကျမ်းစာ​က ဘယ်လို သွန်သင်​သလဲ။ ရောမ ၁၂:၉-၁၃ မှာ ပါ​တဲ့ ပေါလု​ရဲ့ စကား​တွေ​ကို သုံးသပ်​ကြည့်​ပါ။ (ဖတ်ပါ။) “ကိုယ်တိုင်​အစ​ပြု​ပြီး အချင်းချင်း​ကို ဂုဏ်တင်​ပါ” လို့ ပြော​တယ်။ ဘာ​ကို ဆိုလို​သလဲ။ ခွင့်လွှတ်​ခြင်း၊ ဧည့်ဝတ်​ပြု​ခြင်း၊ ရက်ရော​ခြင်း​အားဖြင့် ကိုယ်တိုင်​အစ​ပြု​ပြီး “ချစ်ခင်​မြတ်နိုး” ကြောင်း ပြ​ဖို့ ပြော​နေ​တာ​ပါ။ (ဧ. ၄:၃၂) ကိုယ်​နဲ့ ပို​ရင်းနှီး​လာ​အောင် ညီအစ်ကို/မ​တွေ ကြိုးစား​တာ​ကို စောင့်​နေ​ဖို့ မလို​ဘူး။ “ကိုယ်တိုင်​အစ​ပြု​ပြီး” ပို​ရင်းနှီး​ဖို့ ကြိုးစား​ရ​မယ်။ ဒါ​ဆိုရင် ယေရှု ပြော​သလို​ပဲ “ရယူ​ခြင်း​ထက် ပေးကမ်း​ခြင်း” ကြောင့် “ပို​ပျော်ရွှင်” ရ​မယ်။—တ. ၂၀:၃၅။

10. Lukheit te lukheit phu-esahnaw kya pawliate mou lungtho kho lang? (Sahkhung kha do.)

၁၀ “ကိုယ်တိုင်​အစ​ပြု​ပြီး အချင်းချင်း​ကို ဂုဏ်တင်​ပါ” လို့ ပြော​ပြီး​တာ​နဲ့ “လုံ့လ​ဝီရိယ​ရှိပါ။ မပျင်းရိ​ပါ​နဲ့” လို့ ပေါလု ဆက်​ပြော​တာ စိတ်ဝင်စား​စရာ​ပါ​ပဲ။ လုံ့လ​ဝီရိယ​ရှိ​သူ​ဟာ တာဝန်​တစ်ခုခု ရ​တဲ့​အခါ ကြိုးစား​ပမ်းစား လုပ်​တယ်။ “လိုအပ်​နေ​သူ​တွေ​ကို ကူညီ​ပေး​နိုင်​စွမ်း ရှိ​တယ်​ဆိုရင် ကူညီ​ဖို့ မတွန့်ဆုတ်​ပါ​နဲ့” လို့ ပညာအလိမ္မာ ၃:၂၇၊ ၂၈ မှာ ဖော်ပြ​ထား​တယ်။ ဒါကြောင့် တစ်ယောက်ယောက် အကူ​အညီ လိုအပ်​နေ​တာ တွေ့​ရင် ကျွန်တော်တို့ ကူညီ​နိုင်​တာ ကူညီ​တယ်။ အချိန်​မဆွဲ​ဘူး။ တခြား​တစ်ယောက်ယောက် ကူညီ​ပေး​မှာ​ပါ​လို့ မတွေး​ဘူး။—၁ ယော. ၃:၁၇၊ ၁၈။

သက်ကြီး​ညီအစ်ကို​အိမ်​ရဲ့ ရေတံလျှောက်​ထဲက သစ်ရွက်​တွေ​ကို ညီအစ်ကို​တစ်ယောက် လှေကား​ထောင်​ပြီး ရှင်း​ပေးနေ။

အကူအညီ လိုအပ်​နေသူတွေကို ကိုယ်တိုင်​အစပြုပြီး ကူညီပေးသင့် (စာပိုဒ် ၁၀ ကို ကြည့်ပါ)


11. Pawnynhmou lukheit te lukheit houh yn vaeccawsakuh kho?

၁၁ အချင်းချင်း ဂုဏ်တင်​နိုင်​တဲ့ နောက်​တစ်နည်း​ကတော့ အချိန်​မဆွဲ​ဘဲ ခွင့်လွှတ်​ပေး​ခြင်း​ပါ​ပဲ။ “စိတ်ဆိုး​မပြေ​ဘဲ နေ​မဝင်​စေ​နဲ့” လို့ ဧဖက် ၄:၂၆ မှာ ဆို​ထား​တယ်။ ဘာကြောင့်လဲ။ အခန်းငယ် ၂၇ အရ စိတ်ဆိုး​မပြေ​ရင် မာရ်နတ်​ကို အခွင့်​အရေး ပေး​ရာ​ရောက်​သွား​နိုင်​လို့​ပါ။ အချင်းချင်း ခွင့်လွှတ်​ဖို့ ကျမ်းစာ​မှာ ယေဟောဝါ ခဏ​ခဏ ပြော​တယ်။ “ဆက်ပြီး . . . ကြည်ကြည်​ဖြူဖြူ ခွင့်လွှတ်​ကြ​ပါ” လို့ ကောလောသဲ ၃:၁၃ မှာ အားပေး​ထား​တယ်။ ခွင့်လွှတ်​ပေး​တာ​လောက် အချင်းချင်း​ကို ပို​ရင်းနှီး​စေ​တဲ့​အရာ သိပ်​မရှိ​ဘူး။ ခွင့်လွှတ်​တာ​က “အချင်းချင်း သင့်သင့်​မြတ်မြတ် ရှိ” စေ​တယ်။ “သန့်ရှင်းသော စွမ်းအားတော်​ကြောင့် ရ​လာ​တဲ့ စည်းလုံး​မှု​နှောင်ကြိုး​ကို” ထိန်းသိမ်း​ရာ​ရောက်​တယ်။ (ဧ. ၄:၃) ခွင့်လွှတ်​ခြင်း​ဟာ ညီအစ်ကို/မ​တွေ​ကြား​က စည်းလုံး​မှု၊ သင့်မြတ်​မှု​နဲ့ တိုက်ရိုက် ဆက်စပ်​နေ​တာ ရှင်း​နေ​ပါ​တယ်။

12. Zahova nynh ngaethyanaw hoi kho nawlang pawtemou yn bung?

၁၂ ကိုယ့်​ကို စိတ်​ထိခိုက်​အောင် လုပ်​သူ​ကို ခွင့်လွှတ်​ဖို့ ခက်​နိုင်​ပါ​တယ်။ ဒါ​ပေမဲ့ စွမ်းအားတော် အကူ​အညီ​နဲ့​သာ​ဆိုရင် ခွင့်လွှတ်​နိုင်​တယ်။ “ချစ်ခင်​မြတ်နိုး​ပါ၊” “လုံ့လ​ဝီရိယ​ရှိပါ” လို့ ပေါလု ပြော​ပြီး​နောက် “စွမ်းအားတော်​ရဲ့ စေ့ဆော်​မှု​နဲ့ စိတ်​ထက်သန်​နေ​ပါ” လို့ တိုက်တွန်း​တယ်။ ယေဟောဝါ လုပ်​စေ​ချင်​တာ မှန်​သမျှ လုပ်​ဖို့ သန့်ရှင်းသော စွမ်းအားတော်​က စိတ်​ထက်သန်​နေ​စေ​နိုင်​တယ်​လို့ ဆိုလို​တာ​ပါ။ ယေဟောဝါ လုပ်​စေ​ချင်တဲ့​အရာ​တွေ​ထဲ​မှာ ချစ်ခင်​မြတ်နိုး​ကြောင်း ပြတာ၊ ကြည်ကြည်​ဖြူဖြူ ခွင့်လွှတ်​တာ ပါ​တယ်။ အဲဒီ​ကဏ္ဍ​တွေ​မှာ စွမ်းအားတော်​က စိတ်​ထက်သန်​နေ​စေ​နိုင်​တယ်။ ဒါကြောင့်​လည်း ယေဟောဝါ​ဆီ​က ကျွန်တော်တို့ စွမ်းအားတော် တောင်းခံ​ကြ​တာ။—လု. ၁၁:၁၃။

“NAE LUNG PHIAKUH NANGSAH

13. Pawcce lungphiakuh kho a thua?

၁၃ အသင်းတော်​ကို နောက်ခံ​အမျိုးမျိုး​က “လူ​အမျိုးမျိုး” နဲ့ ဖွဲ့စည်း​ထား​တယ်။ (၁ တိ. ၂:၃၊ ၄) ဒါကြောင့် ဝတ်စား​ဖြီးလိမ်း​ပုံ၊ ကျန်းမာရေး ဂရု​စိုက်​ပုံ၊ ဖျော်ဖြေ​ရေး ရွေးချယ်ပုံ​လို​မျိုး ကိုယ်ရေး​ကိုယ်တာ​ကိစ္စ​တွေ​မှာ တစ်ယောက်​နဲ့​တစ်ယောက် အမြင်​မတူ​ကြ​ဘူး။ သတိ​မထား​ဘူး​ဆိုရင် အမြင်​ကွဲ​ရာ​ကနေ စိတ်ဝမ်း​ကွဲ​လာ​နိုင်​တယ်။ (ရော. ၁၄:၄။ ၁ ကော. ၁:၁၀) တခြားသူ​တွေ​ရဲ့ အမြင်​ထက် ကိုယ့်​အမြင် သာ​တယ်​လို့ သဘော​မထား​မိ​ဖို့ ဂရု​စိုက်​ရမယ်။ (ဖိ. ၂:၃) အချင်းချင်း ချစ်​ဖို့ “ဘုရားသခင်​ကိုယ်တိုင်” သင်ပေး​ထား​လို့​ပါ​ပဲ။

14. Pawcyi lang mou pou zuakuh lang a ccang, pawcce?

၁၄ တခြားသူ​တွေ​ကို အားရှိ​လန်းဆန်း​စေ​ဖို့ အမြဲ​ကြိုးစား​ခြင်း​အားဖြင့်​လည်း အသင်းတော်​မှာ စည်းလုံး​မှု တိုးများ​စေ​နိုင်​တယ်။ (၁ သက်. ၅:၁၁) မလှုပ်​မရှား​ဖြစ်​သူ၊ အသင်းတော်​ကနေ ဖယ်ရှား​ခံ​ရ​သူ တော်တော်​များများ မကြာ​သေး​ခင်​က အသင်းတော်​ထဲ ပြန်​ရောက်​လာ​တယ်။ သူတို့​ကို ကျွန်တော်တို့ လှိုက်လှိုက်​လှဲလှဲ ကြိုဆို​ကြ​တယ်။ (၂ ကော. ၂:၈) ဆယ်​နှစ်​လုံးလုံး မလှုပ်​မရှား​ဖြစ်​ပြီး​နောက် ဦးဆုံး​အကြိမ် အစည်း​အဝေး ပြန်​လာ​တက်​တဲ့ ညီအစ်မ​တစ်ယောက်​အကြောင်း စဉ်းစား​ကြည့်​ပါ။ “ညီအစ်ကို/မ​တွေ​က ကျွန်မ​ကို ပြုံးပြုံး​ရွှင်ရွှင် ကြိုဆို​ကြ​တယ်။ လက်ဆွဲ​နှုတ်ဆက်​ကြ​တယ်” လို့ ပြော​တယ်။ (တ. ၃:၁၉) ညီအစ်ကို/မ​တွေ​ရဲ့ လုပ်ရပ်​ဟာ ရိုးရိုး​လေး​ဆို​ပေမဲ့ ညီအစ်မ ဘယ်လောက် စိတ်​ထိမိ​သွား​သလဲ။ “ပျော်ရွှင်​ကြည်နူး​စရာ ရိပ်မြုံ​လေး​ဆီ ယေဟောဝါ လက်ဆွဲ​ခေါ်​လာ​ပေး​သလို ခံစား​ရ​တယ်” လို့ ပြော​တယ်။ ကြင်နာ​မှု​လုပ်ရပ်​တွေ​အားဖြင့် တခြားသူ​တွေ​ကို အားပေး​တတ်​မယ်​ဆိုရင် “ဝန်ပိ​လို့ ပင်ပန်း​နေ​သူ” ကို လန်းဆန်း​စေ​ရာ​မှာ ခရစ်တော် အသုံး​ပြု​သူ​တွေ ဖြစ်​လာ​နိုင်​တယ်။—မ. ၁၁:၂၈၊ ၂၉။

15. Khrihccawbuu kya lungngingnaw a lungthung sahpaw zia tuh pawmou? (Sahkhung kho do.)

၁၅ အပြော​အဆို​အားဖြင့်​လည်း အသင်းတော်​မှာ စည်းလုံး​မှု တိုးများ​စေ​နိုင်​တယ်။ “လျှာ​က အစာ​ကို မြည်း​တတ်​သလို နား​ကလည်း စကား​တွေ​ကို စစ်ဆေး​တတ်​တယ် မဟုတ်​လား” လို့ ယောဘ ၁၂:၁၁ မှာ ဖော်ပြ​ထား​တယ်။ သိပ်​တော်​တဲ့ စားဖိုမှူး​ဟာ အစား​အစာ မတည်ခင်း​ခင် အရင်ဆုံး မြည်းစမ်း​တတ်​သလို ကျွန်တော်တို့​လည်း တစ်ခုခု မပြောခင် အရင်ဆုံး စစ်ဆေး​သင့်​တယ်။ (ဆာ. ၁၄၁:၃) ကိုယ်​ပြော​မယ့် စကားဟာ “နားထောင်​သူ​အတွက် အကျိုးရှိ​စေ​တဲ့၊” တည်ဆောက်​မှု၊ လန်းဆန်း​မှု ဖြစ်​စေ​တဲ့​စကား​မျိုး ဖြစ်​သင့်​တယ်။—ဧ. ၄:၂၉။

ဧည့်သည်​တွေ​အတွက် ချက်ပြုတ်​ထားတာ​တွေ​ကို မ​တည်ခင်း​ခင် ညီအစ်ကို​တစ်ယောက် မြည်း​ကြည့်နေ။

တခြားသူတွေကို တစ်ခုခု မပြောခင် အရင်ဆုံး ဆန်းစစ်ပါ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


16. Abapi langte a hunghaemou thawzung a ungsahpaw ziate ho lang a ccang?

၁၆ အထူး​သဖြင့် ခင်ပွန်း​သည်​တွေ၊ မိဘ​တွေ​ဟာ အားပေး​မှု ဖြစ်​စေ​တဲ့​နည်းနဲ့ ပြောဆို​သင့်​တယ်။ (ကော. ၃:၁၉၊ ၂၁။ တိ. ၂:၄) အကြီး​အကဲ​တွေ​လည်း ယေဟောဝါ​ရဲ့ သိုး​တွေ​ကို လန်းဆန်း​မှု၊ နှစ်သိမ့်​မှု ဖြစ်​စေ​တဲ့​နည်း​နဲ့ ပြောဆို​သင့်​တယ်။ (ဟေရှာ. ၃၂:၁၊ ၂။ ဂလ. ၆:၁) “သင့်တော်​တဲ့​အချိန်​မှာ ပြော​လိုက်​တဲ့​စကား​ဟာ သိပ်​ကောင်း​တယ်” လို့ ကျမ်းစာ ဆို​တယ်။—ပညာ. ၁၅:၂၃။

SUNGSAKUNAW KHA “CYISAHNAWTE LANGSAH OH”

17. Uno hae kha amepaw sungsakunawte pawtemou sungsah thya lang hae?

၁၇ “မေတ္တာ​ကို အပြော​လောက်​သာ မဟုတ်​ဘဲ လုပ်ရပ်​နဲ့ တကယ် ပြ​ကြ​ပါ” လို့ တမန်တော် ယောဟန် အားပေး​တယ်။ (၁ ယော. ၃:၁၈) ညီအစ်ကို/မ​တွေ​ကို ကျွန်တော်တို့ မေတ္တာ​စစ်​နဲ့ ချစ်​ချင်​ကြ​တယ်။ မေတ္တာ​စစ်​နဲ့ ဘယ်လို ချစ်​တတ်​လာ​နိုင်​သလဲ။ အချိန်​ပေး​ပေါင်းသင်း​လေ ပို​ရင်းနှီး​လေ၊ ပို​ချစ်​လေ​ပဲ။ ဒါကြောင့် အစည်း​အဝေး​မှာ၊ အမှုဆောင်​မှာ အချိန်​ပေး​ပေါင်းသင်း​ဖို့ အခွင့်​အရေး ရှာ​ပါ။ အချိန်​ပေး​ပြီး သွား​လည်​ပါ။ ဒါ​ဆိုရင် အချင်းချင်း ချစ်​ဖို့ “ဘုရားသခင်​ကိုယ်တိုင်” သင်ပေး​တာ​ကို ခံယူ​ကြောင်း ပြ​ရာ​ရောက်​တယ်။ (၁ သက်. ၄:၉) ဒါ့​အပြင် “ညီအစ်ကို​တွေ စည်းစည်း​လုံးလုံး အတူ​နေထိုင်​ကြ​တာ ကောင်း​လိုက်​တာ။ ကြည်နူး​စရာ ကောင်း​လိုက်​တာ” လို့ ဆက်​ပြော​နိုင်​ပါ​လိမ့်​မယ်။—ဆာ. ၁၃၃:၁။

PAWTEMOU NA PHI CIH?

  • Uno hae te houh vaeccawkuhnaw tuh pawcce thanenaw a ung?

  • Maw nynh masaty lang lukheit te lukheit pawtemou phu-esah kho lang?

  • Khrihccawbuu kya lungngingnaw pawtemou lungthosah kho lang?

LAW 90 အချင်းချင်း အားပေးကြ

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share