HOKU LANGPAW ABALU 17
Tualeipaw Ruunaw Hae Teing Kho Nawlang Zahova Nynh Yn Bung
“Miding tuh vawsawnaw patae a teing, thuasalama BAWIPAW nynh khah-e vawsawnaw balyn kyate a luesah.”—SAM. 34:19.
LAW 44 နိမ့်ကျသူရဲ့ ဆုတောင်းစကား
အကြိုသုံးသပ်ချက်a
1. Pawmou ah zyn kho oh?
ဘုရားလူမျိုး ဖြစ်လို့ ကိုယ့်ကို ယေဟောဝါ ချစ်မှန်း၊ အကောင်းဆုံး အသက်တာ ပိုင်ဆိုင်စေချင်မှန်း ကျွန်တော်တို့ စိတ်ချကြတယ်။ (ရော. ၈:၃၅-၃၉) ကျမ်းစာမူတွေကို လိုက်လျှောက်ရင် အမြဲ အကျိုးရမယ်ဆိုတာလည်း ယုံကြတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ဒါပေမဲ့ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ ဘာလုပ်မလဲ။
2. Paw ruunaw vawsawnaw hae mou ah tung kho oh, pawtemou a tuakuh kho?
၂ ယေဟောဝါရဲ့ ကျေးကျွန်အားလုံး အခက်အခဲတွေ ကြုံကြရတယ်။ မိသားစုဝင် တစ်ယောက်ယောက်ကြောင့် စိတ်ဆင်းရဲရတာ၊ ကျန်းမာရေး ပြဿနာ အကြီးအကျယ် ကြုံရလို့ ဆန္ဒရှိသလောက် အမှုတော်မှာ မပါဝင်နိုင်တော့တာ၊ သဘာဝ ဘေးသင့်တာ၊ ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရတာ ဖြစ်နိုင်တယ်။ ဒါတွေ ကြုံရတဲ့အခါ ‘ငါ့ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ငါ ဘာအမှား လုပ်မိလို့လဲ။ ယေဟောဝါ ကောင်းချီး မပေးတော့လို့များလား’ လို့ တွေးမိနိုင်တယ်။ စိတ်ဓာတ်မကျပါနဲ့။ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန် တော်တော်များများ အဲဒီလို ခံစားခဲ့ကြရတယ်။—ဆာ. ၂၂:၁၊ ၂။ ဟဗ. ၁:၂၊ ၃။
3. Sam 34:19 kyate pawmou ah ny oh?
၃ ဆာလံ ၃၄:၁၉ ကို ဖတ်ပါ။ ဆာလံကျမ်းထဲက အချက် နှစ်ချက်ကို သတိပြုပါ။ (၁) ဖြောင့်မတ်သူတွေ အခက်အခဲ ကြုံကြရတယ်။ (၂) အခက်အခဲတွေကနေ ယေဟောဝါ ကယ်တင်တယ်။ ဘယ်လို ကယ်တင်ပေးသလဲ။ တစ်နည်းကတော့ ကိစ္စရပ်တွေကို အရှိကို အရှိအတိုင်း လက်ခံတတ်ဖို့ ကူညီပေးခြင်းပါ။ မိမိကို ဝတ်ပြုရင် ပျော်ရွှင်မယ်လို့ ကတိပေးပေမဲ့ အပူအပင် ကင်းတဲ့ဘဝ ရမယ်လို့တော့ အာမ မခံထားဘူး။ (ဟေရှာ. ၆၆:၁၄) ဘုရား ရည်ရွယ်ထားတဲ့ ဘဝမျိုး ထာဝစဉ် ပိုင်ဆိုင်ရမယ့် အနာဂတ်ကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ (၂ ကော. ၄:၁၆-၁၈) ဒီအတောအတွင်း တစ်ရက်ပြီး တစ်ရက် ရှေ့ဆက်နိုင်ဖို့ ကူညီပေးတယ်။—မြည်. ၃:၂၂-၂၄။
4. E abalu kya pawkongmou hokuh lang oh?
၄ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကျွန်တော်တို့ ရင်ဆိုင်ရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရား အမြဲ ထောက်မပေးမယ်။ (ဆာ. ၅၅:၂၂) ကျမ်းစာခေတ်နဲ့ ဒီနေ့ခေတ် သစ္စာရှိ ကျေးကျွန်တွေရဲ့ စံနမူနာကနေ ဘာသင်ယူနိုင်ကြောင်း လေ့လာကြည့်ကြစို့။ လေ့လာတဲ့အခါ ‘ငါသာ သူတို့နေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ။ ယေဟောဝါကို ပိုယုံကြည်ကိုးစားဖို့ သူတို့ရဲ့ ပုံသက်သေက ဘယ်လို ကူညီပေးသလဲ။ ငါ့ဘဝမှာ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။
BAEBU SHE DOSUINKUH LANGPAW HAE
ကလိမ်ကျတဲ့ ဦးကြီး လာဗန်ဆီမှာ အလုပ်လုပ်ပေးရတဲ့ အနှစ် ၂၀ လုံးလုံး ယာကုပ်ကို ယေဟောဝါ ကောင်းချီးပေး (စာပိုဒ် ၅ ကို ကြည့်ပါ)
5. Laban keiccu Jakop paw piahccahnaa mou a tung? (Sahkhung kha do.)
၅ ကျမ်းစာခေတ်က ယေဟောဝါရဲ့ ကျေးကျွန်တွေလည်း မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံကြရတယ်။ ဥပမာ၊ လာဗန်ရဲ့ သမီးတစ်ယောက်ကို ယူဖို့ ယာကုပ်ကို ဖခင်ဖြစ်သူ ပြောတယ်။ ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးမယ်လို့လည်း ပြောတယ်။ လာဗန်လည်း ယေဟောဝါကို ကိုးကွယ်တဲ့သူပဲ။ (က. ၂၈:၁-၄) ဒါကြောင့် ဖခင် ပြောတဲ့အတိုင်း ခါနန်ပြည်ကနေ ထွက်ပြီး လာဗန် ရှိတဲ့နေရာကို ယာကုပ် ခရီးနှင်တယ်။ လာဗန်မှာ လေအာနဲ့ ရာခေလဆိုတဲ့ သမီးနှစ်ယောက် ရှိတယ်။ သမီးငယ် ရာခေလကို ယာကုပ် ချစ်သွားတယ်။ ဒါကြောင့် ရာခေလကို လက်ထပ်ဖို့ ခုနစ်နှစ် အလုပ်လုပ်ပေးမယ်လို့ လာဗန်ကို ကတိပေးလိုက်တယ်။ (က. ၂၉:၁၈) ဒါပေမဲ့ ယာကုပ် မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ လာဗန် လှည့်စားပြီး သမီးကြီး လေအာနဲ့ ပေးစားလိုက်တယ်။ တစ်ပတ်ကြာပြီးနောက် ရာခေလနဲ့ ပေးစားပေမဲ့ နောက်ထပ် ခုနစ်နှစ် အလုပ်လုပ်ခိုင်းတယ်။ (က. ၂၉:၂၅-၂၇) စီးပွားရေးကိစ္စတွေမှာလည်း ကလိမ်ကျတယ်။ အနှစ် ၂၀ လုံးလုံး ယာကုပ်ကို ခေါင်းပုံဖြတ်တယ်။—က. ၃၁:၄၁၊ ၄၂။
6. Ccangpaw paw piahccahnaa hae mou Jakop a tung?
၆ တခြားပြဿနာတွေလည်း ယာကုပ် ကြုံရတယ်။ ယာကုပ်ရဲ့ မိသားစုက ကြီးတယ်။ သားတွေ မတည့်ကြဘူး။ ညီအရင်း ယောသပ်ကိုတောင် ကျွန်အဖြစ် ရောင်းစားကြတယ်။ သား ရှိမောင်နဲ့ လေဝိရဲ့ လုပ်ရပ်ကြောင့် မိသားစုနာမည် ပျက်ရတယ်။ ယေဟောဝါနာမ ထိခိုက်တယ်။ ဒါ့အပြင် ချစ်ဇနီး ရာခေလ ဒုတိယသား မွေးရင်း မီးတွင်းထဲမှာ ဆုံးသွားတယ်။ တိုင်းပြည်မှာ အငတ်ဘေး ဆိုက်လို့ အသက်ကြီးခါမှ ယာကုပ် အီဂျစ်ပြည်ကို ပြောင်းရွှေ့ရတယ်။—က. ၃၄:၃၀။ ၃၅:၁၆-၁၉။ ၃၇:၂၈။ ၄၅:၉-၁၁၊ ၂၈။
7. Zahova nynh Jakop kha maehoi pawtemou a pya?
၇ အခက်အခဲတွေ ယာကုပ် ကြုံရပေမဲ့ ယေဟောဝါအပေါ်၊ ဘုရားကတိတွေအပေါ် တစ်ခါမှ အယုံအကြည် မပျက်ခဲ့ဘူး။ ယေဟောဝါလည်း ယာကုပ်ကို မျက်နှာသာ ပြတယ်။ လာဗန် ကလိမ်ကျပေမဲ့ ယာကုပ် ကြီးပွားလာအောင် ကောင်းချီးပေးတယ်။ သေပြီလို့ ထင်တဲ့ သားယောသပ်နဲ့ ပြန်ဆုံတွေ့ရတဲ့အခါ ယေဟောဝါကို ယာကုပ် သိပ်ကျေးဇူးတင်နေမှာပဲ။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခြင်းက အခက်အခဲတွေကို အောင်အောင်မြင်မြင် ခံရပ်နိုင်ဖို့ ယာကုပ်ကို ကူညီပေးတယ်။ (က. ၃၀:၄၃။ ၃၂:၉၊ ၁၀။ ၄၆:၂၈-၃၀) ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမယ်ဆိုရင် မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံတဲ့အခါ အောင်အောင်မြင်မြင် ရင်ဆိုင်နိုင်မယ်။
8. Siapharang David nynh pawmou a cyi ry?
၈ ဘုရင် ဒါဝိဒ်ဟာ ယေဟောဝါရဲ့ ဝတ်ပြုရေးအတွက် စိတ်ရှိသလောက် လုပ်ခွင့် မရခဲ့ဘူး။ တကယ်ဆိုရင် ယေဟောဝါအတွက် ဗိမာန်တော်ကို သိပ်ဆောက်ပေးချင်တာ။ ဒီအကြောင်း ပရောဖက် နာသန်ကို ပြောပြတော့ “စစ်မှန်တဲ့ ဘုရားသခင်ဟာ မင်းကြီးနဲ့အတူ ရှိတဲ့အတွက် ဆန္ဒရှိတဲ့အတိုင်းသာ လုပ်ပါ” လို့ ပြန်ပြောတယ်။ (၁ ရာ. ၁၇:၁၊ ၂) ဒါဝိဒ် သိပ်အားတက်သွားမှာပဲ။ ဒါနဲ့ စီမံကိန်း စဖို့ အစီအစဉ်တွေ ဆွဲတော့တယ်။
9. Tualeipaw thungpang a thae tuh David nynh pawtemou a liaru?
၉ မကြာခင်မှာပဲ ပရောဖက် နာသန်ဆီက မျှော်လင့်မထားတဲ့ သတင်း ကြားလိုက်ရတယ်။ ဗိမာန်တော်ကို ဒါဝိဒ် ဆောက်ခွင့်မရဘူး၊ ဒါဝိဒ်ရဲ့ သားတွေထဲက တစ်ယောက် ဆောက်ရမယ်လို့ “အဲဒီညမှာပဲ” နာသန်ကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (၁ ရာ. ၁၇:၃၊ ၄၊ ၁၁၊ ၁၂) ဒီသတင်း ကြားပြီးနောက် ဒါဝိဒ် ဘာလုပ်သလဲ။ အစီအစဉ် ပြောင်းလိုက်တယ်။ စီမံကိန်းအတွက် သားတော် ရှောလမုန် လိုအပ်မယ့် ငွေကြေးနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ စုဆောင်းပေးတယ်။—၁ ရာ. ၂၉:၁-၅။
10. Zahova nynh David kha pawtemou hythuanaw a pya?
၁၀ ဗိမာန်တော် ဆောက်လုပ်ရမှာ မဟုတ်ကြောင်း ယေဟောဝါ အသိပေးပြီးတာနဲ့ ချက်ချင်း ဒါဝိဒ်နဲ့ ပဋိညာဉ် ဖွဲ့တယ်။ ဒါဝိဒ်ရဲ့ မျိုးနွယ်က ဆင်းသက်လာသူ တစ်ယောက် ထာဝစဉ် အုပ်ချုပ်ရမယ်လို့ ကတိပေးတာပါ။ (၂ ရှ. ၇:၁၆) ကမ္ဘာသစ် ရောက်တဲ့အခါ အနှစ်တစ်ထောင် အုပ်စိုးရှင် ဘုရင် ယေရှုဟာ မိမိရဲ့မျိုးနွယ်က ဆင်းသက်လာမှန်း ဒါဝိဒ် သိလိုက်ရလို့ ဘယ်လောက်တောင် ပျော်လိုက်မလဲ။ ကိုယ်စိတ်ကူးထားတဲ့အတိုင်း ဘုရား အမှုမဆောင်နိုင်ရင်တောင် ကိုယ့်အတွက် ဘုရား ရည်ရွယ်ထားတဲ့ တခြားကောင်းချီးတွေ ရှိနေနိုင်တယ်ဆိုတာ သတိရပါ။
11. Ngaehoi ccyh kya Peenaw yn thua khyh zemah she kheitnaw Khrihccaw hae pawtemou hythuanaw a mue hae? (Locceihtu 6:7)
၁၁ ပထမရာစု ခရစ်ယာန်တွေလည်း မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံကြရတယ်။ ဥပမာ၊ ဘုရားနိုင်ငံတော် လာမယ်ဆိုတာ သိပေမဲ့ ဘယ်အချိန် လာမလဲ မသိကြဘူး။ (တ. ၁:၆၊ ၇) သူတို့ ဘာလုပ်သလဲ။ ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေကြတယ်။ တရားစကား ပိုပျံ့နှံ့လာတဲ့အတွက် ယေဟောဝါ ကူညီပေးနေကြောင်း မြင်တွေ့လာတယ်။—တမန်တော် ၆:၇ ကို ဖတ်ပါ။
12. Ccakhangnaw tung ccyh kya she kheitnaw Khrihccaw hae pawmou la cyi hae?
၁၂ တစ်ခါက “မြေတစ်ပြင်လုံးမှာ” အကြီးအကျယ် အငတ်ဘေး ဆိုက်တယ်။ (တ. ၁၁:၂၈) ပထမရာစု ခရစ်ယာန်တွေလည်း အငတ်ဘေး ကြုံရတယ်။ အငတ်ဘေး ဆိုးရွားလွန်းလို့ သိပ်ခက်ကြမှာပဲ။ မိသားစုကို ဘယ်လို ထောက်ပံ့ရမလဲဆိုပြီး အိမ်ထောင်ဦးစီးတွေ စိုးရိမ်မိနိုင်တယ်။ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ ပန်းတိုင်ထားတဲ့ လူငယ်တွေလည်း အခြေအနေကောင်းမှပဲ ပြန်အမှုဆောင်တော့မယ်လို့ စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေနဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲကြတယ်။ တတ်နိုင်သလောက် ဆက်ဟောပြောတယ်။ ပိုင်ဆိုင်ရာတွေကို ယုဒပြည်မှာရှိတဲ့ ညီအစ်ကို/မတွေနဲ့အတူ ဝမ်းမြောက်ဝမ်းသာ မျှဝေသုံးစွဲကြတယ်။—တ. ၁၁:၂၉၊ ၃၀။
13. Ccakhangccinaw tung ccyh laku Khrihccaw hae paw hythuanaw mou a mue hae?
၁၃ အငတ်ဘေး ကာလအတွင်း ခရစ်ယာန်တွေ ဘာကောင်းချီး ခံစားရသလဲ။ ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းတွေ ရလို့ ယေဟောဝါ ကူညီပေးနေကြောင်း မြင်တွေ့ရတယ်။ (မ. ၆:၃၁-၃၃) ကူညီပေးနေတဲ့ ညီအစ်ကို/မတွေနဲ့လည်း ပိုရင်းနှီးလာကြမှာပဲ။ အလှူငွေ ထည့်ဝင်တဲ့သူရော ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်တဲ့သူတွေပါ ပေးကမ်းလို့ ပျော်ရွှင်ကြတယ်။ (တ. ၂၀:၃၅) အခြေအနေနဲ့အညီ အလိုက်သင့် ပြောင်းလဲသူတိုင်းကို ယေဟောဝါ ကောင်းချီးပေးတယ်။
14. Barnabas te zuitu Paul nynh pawmou a tung hae, pawmou a cyikuh? (Locceihtu 14:21, 22)
၁၄ ပထမရာစု ခရစ်ယာန်တွေ မကြာမကြာ နှိပ်စက်ညှဉ်းပန်းခံရတယ်။ တစ်ခါတလေ ထင်မှတ်မထားတဲ့အချိန်မှာ ဖြစ်တယ်။ လုတ္တရမြို့မှာ ဗာနဗနဲ့ တမန်တော် ပေါလု ဟောပြောရင်း ဘာဖြစ်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ အစပိုင်းမှာ လူတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ သတင်းစကားကို နားထောင်ကြတယ်။ ဒါပေမဲ့ နောက်တော့ ဆန့်ကျင်သူတွေ ရောက်လာပြီး “လူတွေကို သွေးထိုးတဲ့အတွက်” ပေါလုကို ကျောက်ခဲနဲ့ ပေါက်ကြတယ်။ သေပြီ အထင်နဲ့ ပစ်ထားခဲ့ကြတယ်။ (တ. ၁၄:၁၉) ဒါပေမဲ့ ဗာနဗနဲ့ ပေါလု တခြားနေရာမှာ ဆက်ဟောတယ်။ ဘာရလဒ် ရသလဲ။ သူတို့ရဲ့စကား၊ ပုံသက်သေကြောင့် ယုံကြည်သူချင်းတွေ အားရှိလာကြတယ်။ လူအတော်များများ တပည့် ဖြစ်လာကြတယ်။ (တမန်တော် ၁၄:၂၁၊ ၂၂ ကို ဖတ်ပါ။) ဆန့်ကျင်မှုတွေ ရုတ်တရက် ကြုံရပေမဲ့ ဗာနဗနဲ့ ပေါလု လက်မလျှော့လို့ တော်တော်များများ အကျိုးရသွားကြတယ်။ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အမှုတော်မှာ လက်မလျှော့ဘဲ ပါဝင်နေသရွေ့ ဘုရားကောင်းချီး ရမယ်ဆိုတာ စိတ်ချနိုင်တယ်။
ATU SHE DOSUINKUH LANGPAW HAE
15. Unopaw A. H. Macmillan kyate pawmou ccangkuh kho athua?
၁၅ ၁၉၁၄ မှာ တစ်ခုခု ထူးခြားတာ ဖြစ်မယ်လို့ ယေဟောဝါရဲ့ လူမျိုး မျှော်လင့်ထားကြတယ်။ ဥပမာ၊ ညီအစ်ကို အေ အိတ်ချ် မက်မီလန်ဟာ မကြာခင် ကောင်းကင်ဆုကျေးဇူး ရတော့မယ်လို့ တစ်ခေတ်တည်းသား ညီအစ်ကို/မတွေနည်းတူ ထင်ခဲ့တယ်။ ၁၉၁၄၊ စက်တင်ဘာလမှာ ဟောပြောချက် ပေးတုန်းက “ဒါ ကျွန်တော့်ရဲ့ နောက်ဆုံး ဟောပြောချက်တောင် ဖြစ်နိုင်တယ်” လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီအတိုင်း ဖြစ်မလာဘူး။ “ကောင်းကင်ကို ချက်ချင်း သွားရမယ်လို့ ကျွန်တော်တို့ ကောက်ချက်ချတာ စောသွားပုံပဲ။ တကယ်တော့ သခင့်အမှုတော်မှာ အလုပ်များနေဖို့ပဲ လိုတာပါ” လို့ ပြောတယ်။ တကယ်လည်း အလုပ်များနေခဲ့တယ်။ အမှုဆောင်မှာ ဇွဲရှိရှိ ပါဝင်တယ်။ ကြားနေမှုကြောင့် ထောင်ကျနေတဲ့ ညီအစ်ကိုတွေဆီ လည်ပတ်ပြီး အားပေးတယ်။ အသက်အရွယ် ကြီးရင့်ချိန်မှာတောင် အစည်းအဝေးတွေ မှန်မှန် တက်တယ်။ ဆုကျေးဇူးကို စောင့်နေစဉ်အတွင်း ဘုရားအမှုတော်မှာ အလုပ်များနေလို့ ညီအစ်ကို မက်မီလန် ဘာအကျိုးရသလဲ။ “ကျွန်တော့် ယုံကြည်ခြင်း တစ်ခါမှ ယိမ်းယိုင်မသွားဘူး” လို့ ၁၉၆၆၊ သူ မသေဆုံးခင်မှာ ပြောတယ်။ ကျွန်တော်တို့လည်း မှန်းထားတာထက် အခက်အခဲတွေ ပိုတာရှည်နေရင် ညီအစ်ကို မက်မီလန်ရဲ့ သဘောထားကို တုပနိုင်ပါတယ်။—ဟီ. ၁၃:၇။
16. Unopaw Herbert Jenning hae zuhvaw nynh tualeipaw paw ruunaw mou a tung hae? (James 4:14)
၁၆ ညီအစ်ကို/မ တော်တော်များများ ထင်မှတ်မထားတဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံရတယ်။ ဥပမာ၊ ဂါနာမှာ သာသနာပြုဘဝနဲ့ မောင်နှံစုံလိုက် ဘယ်လောက် ပျော်ခဲ့ကြောင်း ညီအစ်ကို ဟဲရ်ဘက် ဂျဲန်နစ်ဇ်ရဲ့ ဘဝအတ္ထုပ္ပတ္တိမှာ ဖော်ပြထားတယ်။b ဒါပေမဲ့ ညီအစ်ကိုမှာ စိတ်ကြွစိတ်ကျရောဂါ ရှိကြောင်း သိလိုက်ရတယ်။ “‘မနက်ဖြန် ဘာဖြစ်လာမယ်မှန်း မသိဘူး’ လို့ ယာကုပ် ၄:၁၄ မှာ ပြောထားတာ သိပ်မှန်တာပဲ။ ကျွန်တော် ရုတ်တရက်ကြီး ရောဂါ ထဖြစ်တာပဲ ကြည့်လေ” လို့ ညီအစ်ကို ဂျဲန်နစ်ဇ် ပြောတယ်။ (ဖတ်ပါ။) ‘ဂါနာနိုင်ငံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ထားပြီး . . . [ဆေးကုသမှု ခံယူဖို့] ကနေဒါကို ပြန်ခဲ့ရတယ်’ လို့ ပြောတယ်။ အခက်အခဲတွေ ရှိပေမဲ့ သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်အောင် ညီအစ်ကို ဂျဲန်နစ်ဇ်တို့ ဇနီးမောင်နှံကို ယေဟောဝါ ကူညီပေးတယ်။
17. Unopaw Jenning hae ziazae keiccu ming ccangpaw hae paw thanenaw mou a mue hae?
၁၇ ဘဝအတ္ထုပ္ပတ္တိမှာ ကိုယ့်အခြေအနေကို ညီအစ်ကို ဂျဲန်နစ်ဇ် အရှိအတိုင်း ပြောပြထားလို့ တခြားသူတွေ အကျိုးရကြတယ်။ “ဒီဆောင်းပါးက ကျွန်မကို လှုံ့ဆော်မှု ဖြစ်စေတယ်။ . . . ရောဂါ ကုသဖို့ ညီအစ်ကို ဂျဲန်နစ်ဇ် တာဝန်တစ်ခုကို စွန့်လွှတ်ခဲ့တဲ့အကြောင်း ဖတ်ရတော့ ကျွန်မလည်း ကိုယ့်အခြေအနေကို ဟန်ချက်ညီညီ မြင်တတ်လာတယ်” လို့ ညီအစ်မတစ်ယောက် ပြောတယ်။ ညီအစ်ကိုတစ်ယောက်လည်း “အသင်းတော် အကြီးအကဲအဖြစ် ၁၀ နှစ်ကြာ ထမ်းဆောင်ပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးကြောင့် ဒီအခွင့်ထူးကို စွန့်လွှတ်ခဲ့ရတယ်။ အသုံးမကျဘူးဆိုတဲ့ ခံစားချက်ကြောင့် ယေဟောဝါလူမျိုးတော်ရဲ့ ထူးခြားတဲ့ အောင်မြင်မှုတွေအကြောင်း ပြန်ပြောလေ့ရှိတဲ့ ဘဝအတ္ထုပ္ပတ္တိတွေ သိပ်မဖတ်ချင်ဘူး။ ဒါပေမဲ့ ညီအစ်ကို ဂျဲန်နစ်ဇ်ရဲ့ မဆုတ်မနစ် ဇွဲရှိမှုက ကျွန်တော့်ကို စိတ်အားတက်စေတယ်” လို့ ပြောတယ်။ ဘဝက မျှော်လင့်သလို ဖြစ်မလာရင်တောင် သစ္စာရှိရှိ ခံရပ်မယ်ဆိုရင် တခြားသူတွေအတွက် အားပေးမှု ဖြစ်နိုင်ကြောင်း ဒီတွေ့ကြုံမှုက အမှတ်ရစေတယ်။—၁ ပေ. ၅:၉။
ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုရင် မျှော်လင့်မထားတဲ့ အခက်အခဲတွေကြောင့် ယေဟောဝါနဲ့ ပိုတောင် ရင်းနှီးလာနိုင် (စာပိုဒ် ၁၈ ကို ကြည့်ပါ)
18. Bua tangthuipaw sahkhung liate, Nigeria ram kya-e luhmaenung unonung ziazae kyate pawmou ccangkuh kho lang?
၁၈ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ညီအစ်ကို/မ တော်တော်များများ ဒုက္ခရောက်ကြတယ်။ ဥပမာ၊ နိုင်ဂျီးရီးယားနိုင်ငံက မုဆိုးမ ညီအစ်မတစ်ယောက်မှာ စားစရာနဲ့ ပိုက်ဆံ နည်းနည်းပဲ ကျန်တော့တယ်။ တစ်မနက်၊ လက်ကျန်ဆန် ချက်စားပြီးရင် ဘာစားရမလဲလို့ သမီးဖြစ်သူ မေးတယ်။ ပိုက်ဆံနဲ့ စားစရာ မကျန်တော့ပေမဲ့ ဇရတ္တမြို့က မုဆိုးမကို တုပဖို့ မိခင် ပြောတယ်။ ဒါနဲ့ နောက်ဆုံး တစ်နပ် စားပြီး ကျန်တဲ့ ကိစ္စ ယေဟောဝါ လက်ထဲ အပ်ထားလိုက်တယ်။ (၁ ဘု. ၁၇:၈-၁၆) နေ့လယ်စာအတွက် မစဉ်းစားရသေးခင်မှာပဲ ညီအစ်ကို/မတွေက ကယ်ဆယ်ရေး အထောက်အပံ့တွေ လာပို့ပေးကြတယ်။ နှစ်ပတ်ကျော်အတွက် လုံလောက်တဲ့ အစားအစာတွေ ပါတယ်။ ‘သားအမိနှစ်ယောက် ပြောနေတာတွေကို ယေဟောဝါ နားထောင်နေခဲ့တာပဲ’ လို့ ညီအစ်မ ပြောတယ်။ ယေဟောဝါကိုသာ ယုံကြည်ကိုးစားမယ်ဆိုရင် မျှော်လင့်မထားတဲ့ အခက်အခဲတွေကြောင့် ယေဟောဝါနဲ့ ပိုတောင် ရင်းနှီးလာနိုင်တယ်။—၁ ပေ. ၅:၆၊ ၇။
19. Aleksey Yershov nynh pawmou a tung?
၁၉ လွန်ခဲ့တဲ့ နှစ်တွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကို ညီအစ်ကို/မတွေ မထင်မှတ်ဘဲ ကြုံတွေ့ကြရတယ်။ ရုရှားနိုင်ငံက ညီအစ်ကို အလက်ဆီ ရာရှော့ဖ်အကြောင်း စဉ်းစားကြည့်ပါ။ ၁၉၉၄၊ ညီအစ်ကို ရာရှော့ဖ် နှစ်ခြင်းခံချိန်မှာ ယေဟောဝါသက်သေတွေ ဘာသာရေး လွတ်လပ်ခွင့် တော်တော်လေး ရကြတယ်။ နောက်ပိုင်း၊ ရုရှားနိုင်ငံရဲ့ အခြေအနေ ပြောင်းလဲသွားတယ်။ ၂၀၂၀ မှာ ညီအစ်ကို ရာရှော့ဖ်ရဲ့အိမ် ဝင်စီးခံရပြီး ရှာဖွေခံရတယ်။ ပိုင်ဆိုင်ရာတွေ အသိမ်းခံရတယ်။ လအတော်ကြာမှာ ရာဇဝတ်မှုနဲ့ တရားစွဲခံရတယ်။ တစ်နှစ်ကျော်လောက် ကျမ်းစာ စိတ်ဝင်စားချင်ယောင်ဆောင်သူ တစ်ယောက် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို အခြေခံပြီး တရားစွဲတာ။ သစ္စာဖောက်ခံလိုက်ရတာပါပဲ။
20. Zahova te vaeccawkunaw a tyn nawlang unopaw Yershov nynh pawmou a cyi?
၂၀ အဆိုးထဲက အကောင်းပါပဲ။ ညီအစ်ကို ရာရှော့ဖ် နှိပ်စက်ညှဉ်းပန်းမှု ကြုံရပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မာလာတယ်။ “ကျွန်တော်နဲ့ ဇနီးက အရင်ကထက် ပိုဆုတောင်းဖြစ်တယ်။ ယေဟောဝါရဲ့ အကူအညီ မပါရင် ဒီအခြေအနေမျိုးမှာ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ . . . ကိုယ်ပိုင်လေ့လာမှုက စိတ်ဓာတ်ကျစရာတွေကို ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။ ရှေးအချိန်က သစ္စာရှိသူတွေရဲ့အကြောင်းကို ပြန်စဉ်းစားတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ယေဟောဝါကို အားကိုးတာက သိပ်အရေးကြီးတယ်ဆိုတာ ကျမ်းစာမှတ်တမ်းတွေမှာ ပါတယ်” လို့ ပြောတယ်။
21. E abalu kya pawkongmou ah ny vae oh?
၂၁ ဒီဆောင်းပါးမှာ ဘာတွေ သိခဲ့ရပြီလဲ။ တစ်ခါတလေ မျှော်လင့်မထားတာတွေ ကျွန်တော်တို့ ကြုံရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရား အမြဲ ထောက်မပေးတယ်။ အဓိက ကျမ်းချက်မှာ ပြောသလို “ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီး ကြုံရပေမဲ့ ယေဟောဝါက အခက်အခဲမှန်သမျှကနေ သူ့ကို ကယ်တင်တယ်။” (ဆာ. ၃၄:၁၉) အခက်အခဲတွေကို မဟုတ်ဘဲ ယေဟောဝါရဲ့ ထောက်မပေးနိုင်စွမ်းကို ဆက်အာရုံစိုက်ကြပါစို့။ ဒါဆိုရင် “ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ” ဆိုပြီး တမန်တော် ပေါလုလို ပြောနိုင်ကြပါလိမ့်မယ်။—ဖိ. ၄:၁၃။
LAW 38 ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်
a ဒီလောကစနစ်မှာ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ သစ္စာရှိ ဝတ်ပြုသူတွေကို ယေဟောဝါ ထောက်မပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ရှေးခေတ် ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ထောက်မပေးခဲ့သလဲ။ ဒီနေ့အချိန်မှာ ဘယ်လို ထောက်မပေးနေသလဲ။ ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရား ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ကြောင်း ကျမ်းစာခေတ်နဲ့ ဒီနေ့ခေတ် ပုံနမူနာတချို့ကို သုံးသပ်ကြည့်ကြစို့။
b ၂၀၀၀၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် စာ. ၂၄-၂၈ ကို ကြည့်ပါ။