Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 May pp. 20-25
  • “Zahova A Maeesoi” Pou Usah

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • “Zahova A Maeesoi” Pou Usah
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • A Lokuhpaw Akonglang
  • ZAHOVA TE VAECCAWKUNAW TYNSAH
  • LUKHEIT TE LUKHEIT ACCYH PYAKUH OH
  • LUKHEIT TE LUKHEIT SAWTUAKUH OH
  • Innbyng Hoysakhonaw Zia?—Phianaw 1
    Lungpaw Te Zungzae Hing!—Baebu Ccangpyanaw Nysahnaw
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 May pp. 20-25

HOKU LANGPAW ABALU 23

“Zahova A Maeesoi” Pou Usah

“Sungsakunaw tuh chinaw hawte a thawsae, tuh-e tuh maeesoi te maeephu aruapaw nynh thua.”—SOL. 8:6.

LAW 131 “ဘုရားသခင် တွဲဖက်​ထား”

အကြို​သုံးသပ်ချက်a

1. Baebu kya sungsahkunaw ccaccing kong pawtemou a langsah?

“အချစ်​မီးလျှံ​တွေ​ဟာ တောက်လောင်​နေတဲ့​မီး၊ ယေဟောဝါရဲ့ မီးလျှံ​ပဲ။ ချစ်ခြင်း​ကို လှိုင်းလုံး​ကြီး​တွေ မငြိမ်းသတ်နိုင်ဘူး။ မြစ်ချောင်း​တွေ​ကလည်း မျောပါ​သွား​အောင် မလုပ်နိုင်ဘူး။”b (သီ. ၈:၆၊ ၇) အချစ်စစ်​အကြောင်း လှလှပပ ဖော်ကျူး​ထားတာ​ပါပဲ။ မောင်နှံစုံတွေ အချင်းချင်း မ​ပြောင်း​မလဲ ချစ်​နိုင်​ကြောင်း ဒီစကားတွေက ဖော်ပြ​နေတယ်။

2. Zuhvaw hae nynh sungsahkunaw a zya khyh nawlang pawmou a cyih cih hae?

၂ မောင်နှံစုံတွေ အသက်ရှင်သရွေ့ ချစ်​မချစ်​ဆိုတာ သူတို့​ကိုယ်တိုင်​အပေါ် မူတည်တယ်။ ဥပမာ၊ မီးဖို​မှာ မပြတ် ထင်း​ထည့်​ပေးနေ​မှ မီး​ဆက်တောက်မယ်။ ထင်း​မထည့်​တော့ဘူးဆိုရင် မီးငြိမ်း​သွားမယ်။ ခင်ပွန်း​နဲ့ ဇနီး​ကြား​က အချစ်​လည်း အဲဒီလိုပဲ။ ခိုင်မြဲ​အောင် လုပ်နေ​မှ ခိုင်မြဲ​မှာ။ ဒါပေမဲ့ ငွေကြေး​အခက်အခဲ၊ ကျန်းမာရေး ပြဿနာ၊ သားသမီး ဝေယျာဝစ္စ​တွေ​ကြောင့် အချစ် လျော့သွားပြီလို့ ခံစား​လာ​ရ​တတ်တယ်။ ဒါဆိုရင် “ယေဟောဝါရဲ့ မီးလျှံ” ကို ဘယ်လို ဆက်​တောက်လောင်စေနိုင်မလဲ။ အိမ်ထောင်​နှောင်ကြိုး ခိုင်မြဲ​စေ​မယ့်၊ အိမ်ထောင် သာယာ​စေ​မယ့် နည်း​သုံးနည်းကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။c

ZAHOVA TE VAECCAWKUNAW TYNSAH

မောင်နှံစုံတွေ ဆုတောင်းနေချိန် တစ်ယောက်လက် တစ်ယောက် ကိုင်ထား။ ရုပ်ပုံငယ်မှာ ယောသပ်နဲ့ မာရိ ဆုတောင်းနေချိန် လက်ကိုင်ထား။

ယောသပ်နဲ့ မာရိ​လို​ပဲ မောင်နှံစုံတွေ​ဟာ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲ​ဖို့ လို (စာပိုဒ် ၃ ကို ကြည့်ပါ)

3. Zahova te vaeccawkunaw a tynnaw nynh zuhvaw hae mih sungsahkunaw a zya khyh nawlang pawtemou a bung hae? (Phunghotu 4:12) (Sahkhung kha do.)

၃ “ယေဟောဝါရဲ့ မီးလျှံ” ဆက်​တောက်လောင်​နေဖို့​ဆိုရင် ခင်ပွန်း​ကော ဇနီးပါ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲ​ဖို့ ကြိုးစားရမယ်။ ဘာကြောင့်လဲ။ ယေဟောဝါနဲ့ ဆက်ဆံရေးကို တန်ဖိုးထားတဲ့ မောင်နှံစုံတွေ​ဟာ ဘုရား အကြံ​ပေးတဲ့​အတိုင်း လက်တွေ့​ကျင့်​တယ်။ အိမ်ထောင်ဖက်အပေါ် အချစ် လျော့သွား​စေနိုင်​တဲ့ ပြဿနာတွေ ရှောင်တယ်၊ ဖြေရှင်း​တယ်။ (ဒေသနာ ၄:၁၂ ကို ဖတ်ပါ။) ယေဟောဝါကို အတုယူပြီး ကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ ခွင့်လွှတ်​ခြင်း စတဲ့ အရည်အသွေးတွေ ပြဖို့ ကြိုးစားတယ်။ (ဧ. ၄:၃၂–၅:၁) ဒီ​အရည်အသွေးတွေ​သာ ရှိရင် အချစ်​တွေ အမြဲ ရှင်သန်​နေ​မှာ။ “ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိသူကို ချစ်ဖို့၊ လေးစားဖို့ ဘယ်​ခက်ပါ့မလဲ” လို့ အိမ်ထောင်သက် ၂၅ နှစ် ကျော်ပြီ ဖြစ်တဲ့ ညီအစ်မ လီနာ ပြောတယ်။

4. Messiah nungpaw lang Josef te Mary kha Zahova nynh pawcce a po hae?

၄ ဒါဝိဒ်ရဲ့ မျိုးရိုး​မှာ ရွေး​စ​ရာ အများကြီး ရှိတဲ့​အထဲက ယောသပ်နဲ့ မာရိ​ကို မေရှိယရဲ့ မိဘ​အဖြစ် ယေဟောဝါ ရွေး​တယ်။ ဘာကြောင့်လဲ။ နှစ်ယောက်စလုံး မိမိနဲ့ ဆက်ဆံရေး ကောင်း​လို့၊ အိမ်ထောင်မှာ မိမိကို ဦးစားထား​မယ်​ဆိုတာ ယေဟောဝါ သိနေလို့ပဲ။ ယောသပ်နဲ့ မာရိ​ဆီကနေ မောင်နှံစုံတွေ ဘာသင်ယူနိုင်သလဲ။

5. Josef kyate vawpaw hae pawmou ccangkuh kho athua?

၅ ယေဟောဝါ ညွှန်ကြား​ရင် ညွှန်ကြားတဲ့​အတိုင်း ယောသပ် ချက်ချင်း လုပ်တယ်။ ဒါကြောင့် ခင်ပွန်း​ကောင်း ဖြစ်​နေတာ။ မိသားစုနဲ့​ပတ်သက်ပြီး ဘုရားဆီကနေ ညွှန်ကြားချက် အနည်းဆုံး သုံးကြိမ် ရတယ်။ အပြောင်းအလဲကြီးတွေ လုပ်​ရပေမဲ့ အကြိမ်တိုင်း ချက်ချင်း နာခံ​တယ်။ (မ. ၁:၂၀၊ ၂၄။ ၂:၁၃-၁၅၊ ၁၉-၂၁) အဲဒီလို နာခံ​လို့ မာရိ​ကို ကာကွယ်​စောင့်ရှောက်​နိုင်​ခဲ့​တာ။ ယောသပ်ရဲ့ လုပ်ရပ်ကို ကြည့်ပြီး မာရိ ဘယ်လောက်တောင် မြတ်နိုး​လေးစားလာလိုက်မလဲ။ ခင်ပွန်း​တို့၊ မိသားစုကို စောင့်ရှောက်ဖို့ ကျမ်းစာ အကြံပြုချက်တွေ ရှာဖွေခြင်းအားဖြင့် ယောသပ်​ကို အတုယူပါ။d အပြောင်းအလဲတွေ လုပ်ရ​ရင်တောင် ကျမ်းစာ အကြံပြုချက်​အတိုင်း လက်တွေ့​ကျင့်​တာက ဇနီးကို ချစ်​ရာ​ရောက်တယ်။ အိမ်ထောင်​နှောင်ကြိုး ခိုင်မြဲ​စေတယ်။ “ယေဟောဝါရဲ့ ညွှန်ကြားချက်ကို ကျွန်မ​ယောက်ျား ရှာဖွေ၊ လိုက်နာ​လို့ သူ့ကို ပို​လေးစား​လာ​မိတယ်။ သူ့​ဆုံးဖြတ်ချက်တွေကို စိတ်ချတယ်” လို့ အိမ်ထောင်သက် အနှစ် ၂၀ ကျော်ပြီ ဖြစ်တဲ့ ဗန်ဝါတူး​က ညီအစ်မ​တစ်ယောက် ပြောတယ်။

6. Mary kyate zu hae pawmou ccangkuh kho athua?

၆ မာရိဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ယောသပ်​ကို မှီမနေဘူး။ ကိုယ်တိုင် ကြိုးစားတယ်။ ကျမ်းစာ နှံ့စပ်​တယ်။e အချိန်ယူ တွေးတော​ဆင်ခြင်​တယ်။ (လု. ၂:၁၉၊ ၅၁) ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိလို့ မာရိ ဇနီး​ကောင်း ဖြစ်​နေတာ။ ဒီနေ့ခေတ် ဇနီး တော်တော်​များများ မာရိ​ကို အတုယူ​ကြတယ်။ “အိမ်ထောင် မကျခင်က ကိုယ့်​ဘာသာ ဆုတောင်း၊ ကျမ်းစာ ဖတ်၊ တွေးတော​ဆင်ခြင်​တယ်။ အိမ်ထောင်လည်း ကျ​ရော ခင်ပွန်း​က​ပဲ ဆုတောင်းပေး၊ ဝတ်ပြုရေးမှာ ဦးဆောင်​ပေးတာ​ဆိုတော့ ဒီကဏ္ဍတွေမှာ သူ့ကို မှီလာမိတယ်။ ဒါပေမဲ့ ဘုရားရေးရာနဲ့​ပတ်သက်လာရင် ကိုယ့်​ဝန်​ကိုယ် ထမ်းရ​မယ်​ဆိုတာ ကျွန်မ သဘောပေါက်လာတယ်။ ဒါကြောင့် အခုဆိုရင် တစ်ယောက်တည်း ဆုတောင်း၊ ကျမ်းစာ ဖတ်၊ တွေးတော​ဆင်ခြင်​ဖို့ အချိန် ဖယ်​ထား​လိုက်ပြီ” လို့ ညီအစ်မ အဲမီကို ပြောတယ်။ (ဂလ. ၆:၅) ဇနီး​တို့၊ ယေဟောဝါနဲ့ ဆက်ဆံရေး ပို​ခိုင်မြဲ​လေ သင့်ကို ခင်ပွန်း ချစ်လေ၊ သင့်အတွက် ဂုဏ်ယူ​လေ ဖြစ်​နေ​မှာ။—ပညာ. ၃၁:၃၀။

7. Pyngkheih lang beihnawte asekuhte Josef te Mary kyate zuhvaw hae pawmou ccangkuh kho athua?

၇ ယောသပ်နဲ့ မာရိဟာ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲ​ဖို့ မောင်နှံစုံလိုက်​လည်း ကြိုးစားတယ်။ မိသားစုလိုက် ယေဟောဝါကို ဝတ်ပြုဖို့ အရေးကြီးမှန်း သဘောပေါက်တယ်။ (လု. ၂:၂၂-၂၄၊ ၄၁။ ၄:၁၆) နောက်ပိုင်း၊ မိသားစု ကြီးလာလို့ အခက်အခဲတွေ ရှိနိုင်ပေမဲ့ မိသားစုလိုက် ဝတ်ပြုမှု​မှာ ဆက်​ပါဝင်တယ်။ ဒီနေ့ခေတ် မောင်နှံစုံတွေ​အတွက် စံနမူနာကောင်းပါပဲ။ သားသမီး ရှိတဲ့ မောင်နှံစုံတွေ​ဟာ အစည်းအဝေး တက်ဖို့၊ မိသားစု ဝတ်ပြုမှု လုပ်ဖို့ အခက်အခဲ ရှိနိုင်တယ်။ ဒါ့အပြင် မောင်နှံစုံလိုက် လေ့လာဖို့၊ ဆုတောင်းဖို့ အရင်ကထက် အချိန် ပိုညှိရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို အတူတကွ ဝတ်ပြုတဲ့အခါ ဘုရားနဲ့​ကော အိမ်ထောင်ဖက်​နဲ့​ပါ ပိုရင်းနှီး​လာမှာ ဖြစ်လို့ ဝတ်ပြုရေးကို ဦးစားထားပါ။

8. Vaeccawkunaw ahoy leipaw zuhvaw hae nynh innbyng pungkunaw kyate thanenaw houh mue nawlang pawmou cyi kho athua?

၈ သင့်​အိမ်ထောင်မှာ ဆက်ဆံရေး တင်းမာ​နေ​ရင်​ကော။ အတူတူ ထိုင်ပြီး မိသားစု ဝတ်ပြုမှု လုပ်ဖို့ စဉ်းတောင် စဉ်းစားချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါး၊ ခပ်တိုတို အကြောင်းအရာကနေ စ​လေ့လာကြည့်ပါ။ လေ့လာဖို့ နှစ်ယောက်စလုံး သဘောတူတဲ့ အကြောင်းအရာ ဖြစ်ပါစေ။ ဒါက အိမ်ထောင်​နှောင်ကြိုး ခိုင်မြဲလာစေနိုင်တယ်။ မောင်နှံစုံလိုက် ယေဟောဝါကို ဝတ်ပြု​ချင်စိတ် တိုးလာစေနိုင်တယ်။

LUKHEIT TE LUKHEIT ACCYH PYAKUH OH

9. Zu te vaw nynh pawcce lukheit te lukheit accyh pyakuh lang?

၉ အချင်းချင်း အချိန်ပေးတာကလည်း မောင်နှံစုံတွေ အချစ် လျော့မသွားဖို့ ကူညီပေးနိုင်တယ်။ အတူတူ ရှိနေတော့ အိမ်ထောင်ဖက်ရဲ့ အတွေး၊ ခံစားချက်တွေကို သတိထား​မိ​ဖို့ လွယ်တယ်။ (က. ၂:၂၄) အိမ်ထောင်သက် ၁၅ နှစ် ကျော်ပြီ ဖြစ်တဲ့ လီလီယာ​နဲ့ ရုစလန် အိမ်ထောင်ကျပြီး မကြာခင်​မှာ သတိထား​မိ​သွားတာ ရှိတယ်။ “အချင်းချင်း အချိန်ပေး​ဖြစ်မယ် ထင်ခဲ့တာ။ တကယ်တမ်းကျတော့ ထင်​သ​လောက် မ​ပေး​ဖြစ်ကြ​ဘူး။ တစ်ရက် တစ်ရက် အပြင်​အလုပ်၊ အိမ်အလုပ်နဲ့ပဲ အချိန်ကုန်​သွားတယ်။ သားသမီးတွေ ရလာတော့ ပို​ဆိုး​တာ​ပေါ့။ အိမ်ထောင်ဖက်အတွက် အချိန်​မပေးရင် အနေဝေးလာနိုင်တယ်” လို့ လီလီယာ ပြောတယ်။

10. Efesa 5:15, 16 kya-e Baebu phunglang hawte zuhvaw hae nynh pawmou a cyi kho hae?

၁၀ အချင်းချင်း အချိန်ပေးနိုင်အောင် မောင်နှံစုံတွေ ဘာလုပ်နိုင်သလဲ။ အချိန်ဖယ်​ထားနိုင်တယ်။ (ဧဖက် ၅:၁၅၊ ၁၆ ကို ဖတ်ပါ။) “လုပ်စရာ ရှိတာ​တွေ လုပ်ဖို့ ဇယား​ဆွဲတဲ့​အခါ ဇနီး​နဲ့ သုံး​မယ့် အချိန်ကို​ပါ ဇယား​ထဲ ထည့်​ဆွဲတယ်။ အဲဒီအချိန်​က ကျွန်တော့်အတွက် ဦးစားပေး​ပဲ” လို့ နိုင်ဂျီးရီးယား​နိုင်ငံက ညီအစ်ကို အူဇွန်ဒူ ပြောတယ်။ (ဖိ. ၁:၁၀) မော်လ်ဒိုဗာ​နိုင်ငံက တိုက်နယ်ကြီးကြပ်မှူး​ဇနီး အနာစတာစီယာ​လည်း အချိန်ကို အကျိုးရှိရှိ သုံးတယ်။ “ကျွန်မ​ယောက်ျား သူ့​တာဝန်နဲ့​သူ အလုပ်​ရှုပ်​နေတုန်း ကျွန်မ လုပ်စရာ ရှိတာ လုပ်ထားနှင့်တယ်။ သူ အားပြီဆိုတာနဲ့ ကျွန်မ​လည်း အားပြီပဲ။ ဒီတော့ နောက်ပိုင်း၊ အချင်းချင်း အချိန်​ပေးနိုင်တာ​ပေါ့” လို့ ပြောတယ်။ ဒါပေမဲ့ အိမ်ထောင်ဖက်​ကို အချိန် မပေးနိုင်တဲ့​အထိ လုပ်စရာတွေ များ​နေ​ရင်​ကော။

ပန်းခြံထဲမှာ မောင်နှံတစ်စုံ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နေ။ ရုပ်ပုံငယ်မှာ အာကုလနဲ့ ပြစ်ကိလ အတူတူ တဲရှင်ချုပ်နေ။

မောင်နှံစုံလိုက် ဘာတွေ အတူတူ လုပ်နိုင်သလဲ (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)

11. Akuila te Prisilla nynh pawhaemou pyngkheih lang a cyikheih hae?

၁၁ ပထမရာစုတုန်းက လူချစ်လူခင် ပေါတဲ့ အာကုလ​နဲ့ ပြစ်ကိလ​တို့ ဇနီးမောင်နှံ​ဆီကနေ မောင်နှံစုံတွေ သင်ယူနိုင်တယ်။ (ရော. ၁၆:၃၊ ၄) သူတို့​အိမ်ထောင်ရေး​အကြောင်း ကျမ်းစာမှာ အသေးစိတ် ဖော်ပြ​မ​ထားပေမဲ့ သူတို့ အတူတူ အလုပ်လုပ်တယ်၊ ဟောပြောတယ်၊ တခြားသူတွေကို ကူညီ​တယ်​ဆိုပြီး ဖော်ပြထားတယ်။ (တ. ၁၈:၂၊ ၃၊ ၂၄-၂၆) ကျမ်းစာမှာ သူတို့​အကြောင်း ပါတဲ့​နေရာ​တိုင်း အမြဲ အတွဲ​လိုက် ဖော်ပြ​ခံရတယ်။

12. Zuhvaw te accyh houh mang kho nawlang zu te vawpaw nynh pawmou cyi kho athua? (Sahkhung kha do.)

၁၂ အာကုလ​နဲ့ ပြစ်ကိလ​ကို မောင်နှံစုံတွေ ဘယ်လို အတုယူနိုင်သလဲ။ နှစ်ယောက်သား လုပ်စရာ ရှိတာ​တွေ စဉ်းစား​ကြည့်လိုက်ပါ။ တစ်ယောက်စီ ခွဲ​မလုပ်ဘဲ မောင်နှံစုံလိုက် လုပ်နိုင်တာ​တွေ ပါသလား။ ဥပမာ၊ အာကုလ​နဲ့ ပြစ်ကိလ အတူတူ ဟောပြောတယ်။ သင်တို့​ကော မောင်နှံစုံလိုက် အတူတူ ဟောပြောနိုင်ဖို့ စီစဉ်​ထားသလား။ အာကုလ​နဲ့ ပြစ်ကိလ အတူတူ အလုပ်လုပ်တယ်။ သင်တို့​ကတော့ အလုပ် မတူတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အိမ်အလုပ် အတူတူ လုပ်နိုင်တယ် မဟုတ်လား။ (ဒေ. ၄:၉) တစ်ယောက်ကို တစ်ယောက် အလုပ်​ဝိုင်းကူ​တဲ့အခါ အတွဲ​ညီတယ်လို့ ပို​ခံစား​လာရမယ်။ စကားပြောဖို့ အခွင့်အရေး ပိုရလာမယ်။ ရောဘတ်​နဲ့ လင်း​ဒါဟာ အိမ်ထောင်သက် အနှစ် ၅၀ ကျော်ပြီ။ “ပွင့်ပွင့်လင်းလင်း ပြော​ရရင် ကျွန်တော်တို့ အတူတူ အပန်းဖြေဖို့ အချိန် သိပ်​မရဘူး။ ဒါပေမဲ့ ကျွန်တော် ပန်းကန် ဆေး​ရင် ကျွန်တော့်​မိန်းမ​က ပန်းကန် သုတ်တယ်။ ကျွန်တော် ခြံ​ထဲ​မှာ မြက်​ရှင်းရင် သူ ဘေး​ကနေ လာ​ဝိုင်းလုပ်​တယ်။ ဘာ​လေး​ပဲ ဖြစ်ဖြစ် အတူတူ ဝိုင်းလုပ်တော့ သိပ်ပျော်တယ်။ ပိုရင်းနှီး​လာတယ်။ အချစ်​တွေ တိုးလာတယ်” လို့ ရောဘတ် ပြောတယ်။

13. Lung lokuh nawlang, zu te vawpaw nynh pawmou cyi lang a ccang?

၁၃ အတူတူ နေရုံနဲ့ နှစ်​ကိုယ့်​တစ်စိတ် မဖြစ်​ဘူး​ဆိုတာ သတိရပါ။ “ဒီနေ့ခေတ်မှာ လူတွေ သိပ်​အာရုံများ​ကြတယ်။ တစ်​မိုး​အောက် နေရုံနဲ့ အချင်းချင်း အချိန်ပေးနေတယ်လို့ ထင်​ဖို့ သိပ်လွယ်တယ်။ ဒါပေမဲ့ အိမ်ထောင်ဖက်​ဘေးမှာ လူ​ရောက်​နေရုံနဲ့ မပြီးဘူး။ အာရုံပါ ရောက်နေဖို့ လိုမှန်း ကျွန်မ သိလာတယ်” လို့ ဘရားဇီး​နိုင်ငံက ဇနီးသည်​တစ်ယောက် ပြောတယ်။ ဘရူနိုနဲ့ ဇနီး တေးစ် အချင်းချင်း​ကို အာရုံစိုက်ဖို့ ဘာလုပ်သလဲ သတိပြုပါ။ “ကျွန်တော်တို့ အတူတူ ရှိနေချိန်​တွေ​ဆိုရင် ဖုန်းတွေကို ခပ်လှမ်းလှမ်းမှာ ထားလိုက်တယ်။ အဲဒီအချိန်ကတော့ တကယ့် နှစ်ယောက်တည်း ကမ္ဘာ​ပဲ” လို့ ဘရူနို ပြောတယ်။

14. Hang khakheit pyngkheih lang, a cyikheih ry lei hae paw zuhvaw hae nynh pawmou a cyi kho hae?

၁၄ သင်​နဲ့ သင့်​အိမ်ထောင်ဖက်ဟာ တစ်ခုခု​ဆိုရင် တွဲမလုပ်ချင်တာမျိုး ဖြစ်နေရင်​ကော။ ဝါသနာ၊ အကြိုက် မတူလို့၊ အစေးမကပ်လို့ ဖြစ်နိုင်တယ်။ အစောပိုင်းမှာ ဖော်ပြတဲ့ မီးဖို ဥပမာ​ကို ပြန်စဉ်းစားကြည့်ပါ။ မီး​မွှေးမွှေးချင်းတော့ တဟုန်းဟုန်း ဘယ်တောက်ပါ့မလဲ။ အစပိုင်းမှာ ထင်း​ချောင်း အသေး​တွေ၊ နောက်ပိုင်းမှာ အကြီး​တွေ တဖြည်းဖြည်း ထည့်​ပေးရတယ်။ သင်တို့လည်း တစ်နေ့ အချိန် နည်းနည်းလောက်​ကနေ စပြီး တစ်ခုခု တွဲလုပ်ကြည့်ပါ။ နှစ်ယောက်စလုံး နှစ်သက်မယ့်၊ စကား​များ​စ​ရာ မလိုမယ့်အရာတော့ ဖြစ်ပါစေ။ (ယာ. ၃:၁၈) လုပ်ရပ် အသေးအမွှား​လေး​က​တောင် အချစ်​တွေ ပြန်​တောက်လောင်​လာစေနိုင်တယ်။

LUKHEIT TE LUKHEIT SAWTUAKUH OH

15. Zuhvaw hae sungsahkunaw a zya khyh nawlang sawtuanaw tuh pawcce azici?

၁၅ အိမ်ထောင်မှာ လေးစားမှု ရှိဖို့ သိပ်အရေးကြီးတယ်။ လေးစားမှု​ဟာ မီးတောက်​ဖို့ ကူညီပေးတဲ့ အောက်ဆီဂျင်​နဲ့ တူတယ်။ အောက်ဆီဂျင် မရှိရင် ခဏလေး​နဲ့ မီးငြိမ်း​သွားမယ်။ အဲဒီလိုပဲ၊ လေးစားမှု မရှိရင် မောင်နှံစုံ​ကြား​က အချစ်​တွေ မြန်မြန်ဆန်ဆန် အေးစက်​သွားနိုင်တယ်။ အချင်းချင်း လေးစားမယ်ဆိုရင်တော့ အချစ်​တွေ အမြဲ ရှင်သန်​နေမယ်။ ဒါပေမဲ့ လေးစားတယ်လို့ ကိုယ် ထင်​နေရုံနဲ့ မရဘူး။ လေးစား​ခံရတယ်လို့ အိမ်ထောင်ဖက် ခံစားရဖို့ လိုတယ်။ ပန်နီနဲ့ အဲရက်ဟာ အိမ်ထောင်သက် ၂၅ နှစ် ကျော်ပြီ။ “ကျွန်မတို့ အချင်းချင်း လေးစားမှု ရှိတော့ အိမ်က နွေးထွေးတဲ့ ရိပ်မြုံ​လေး ဖြစ်နေတယ်။ တစ်ယောက်​အမြင် တစ်ယောက် တန်ဖိုးထား​မှန်း သိနေလို့ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြော​ရဲ​တယ်” လို့ ပန်နီ ပြောတယ်။ ဒီတော့ တကယ် လေးစား​တန်ဖိုးထားတယ်လို့ အိမ်ထောင်ဖက် ခံစားရအောင် ဘာလုပ်နိုင်သလဲ။ အာဗြဟံ​နဲ့ စာရာ​အကြောင်း သုံးသပ်ကြည့်ပါ။

ဇနီးသည် ရင်ဖွင့်ပြောပြနေတာကို ခင်ပွန်း သေသေချာချာ နားထောင်နေ။ ရုပ်ပုံငယ်မှာ စာရာ ရင်ဖွင့်ပြောပြတာကို အာဗြဟံ သေသေချာချာ နားထောင်နေ။

ခံစားချက်တွေကို အာရုံစိုက် နားထောင်​ပေးခြင်းအားဖြင့် ဇနီးကို တန်ဖိုးထားကြောင်း ခရစ်ယာန် ခင်ပွန်း ပြဖို့ လို (စာပိုဒ် ၁၆ ကို ကြည့်ပါ)

16. Abraham kyate vawpaw hae nynh pawmou ccangkuh kho athua? (1 Peter 3:7) (Sahkhung kha do.)

၁၆ စာရာ​ကို အာဗြဟံ တန်ဖိုးထားတယ်။ စာရာ​ရဲ့ အမြင်၊ ခံစားချက်ကို ထည့်စဉ်းစား​ပေးတယ်။ တစ်​ခေါက်တော့ စာရာ စိတ်ထိခိုက်​နေတယ်။ မကျေနပ်ချက်​တွေ ပြောပြပြီး အာဗြဟံ​ကို အပြစ်တင်တယ်။ အာဗြဟံ စိတ်လိုက်မာန်ပါ တုံ့ပြန်​သ​လား။ မတုံ့ပြန်​ဘူး။ စာရာဟာ လက်အောက်ခံ​တတ်တဲ့ ဇနီး၊ အထောက်အမ​ကောင်း ဖြစ်မှန်း သိတယ်။ စာရာ့​စကား နားထောင်ပြီး ပြဿနာ ဖြေရှင်း​ပေးလိုက်တယ်။ (က. ၁၆:၅၊ ၆) ဘာသင်ယူနိုင်သလဲ။ ခင်ပွန်း​တို့၊ မိသားစု​အတွက် ဆုံးဖြတ်ချက် ချပိုင်ခွင့် သင်တို့မှာ ရှိပါတယ်။ (၁ ကော. ၁၁:၃) ဒါပေမဲ့ မဆုံးဖြတ်ခင် ဇနီးရဲ့ အမြင်ကို ထည့်စဉ်းစားတာ မေတ္တာရှိရာ​ရောက်တယ်။ အထူးသဖြင့်၊ ဆုံးဖြတ်ချက်က ဇနီး​အပေါ် သက်ရောက်မှု ရှိမယ်ဆိုရင်​ပေါ့။ (၁ ကော. ၁၃:၄၊ ၅) တစ်ခါတလေ ဇနီး ဖြစ်သူ စိတ်ဖိစီး​နေနိုင်တယ်။ ခံစားချက်တွေ ပြောပြချင်​နေနိုင်တယ်။ အာရုံစိုက် နားထောင်​ပေးခြင်းအားဖြင့် သူ့​ခံစားချက်ကို တန်ဖိုးထားကြောင်း ပြပါ။ (၁ ပေတရု ၃:၇ ကို ဖတ်ပါ။) အိန်ဂျလာနဲ့ ဒီမီထရီ​ဟာ အိမ်ထောင်သက် အနှစ် ၃၀ နီးပါး ရှိပြီ။ ကိုယ့်ကို ခင်ပွန်း တန်ဖိုးထားတယ်လို့ ခံစားရတဲ့ အကြောင်းရင်းကို ညီအစ်မ ဒီလို​ပြောပြတယ်– “ကျွန်မ စိတ်ဆိုး​နေတဲ့​အချိန် ဖြစ်ဖြစ်၊ စကား​ပြောချင်တဲ့​အချိန် ဖြစ်ဖြစ် ဒီမီထရီ အမြဲ နားထောင်ပေးတယ်။ စိတ်ဆိုးမာန်ဆိုး ပြောမိရင်တောင် သည်းခံတယ်။”

17. Sarah kyate zu hae nynh pawmou ccangkuh kho athua? (1 Peter 3:5, 6)

၁၇ အာဗြဟံ ဆုံးဖြတ်​တဲ့​အတိုင်း ပူးပေါင်း​ဆောင်ရွက်ခြင်းအားဖြင့် လေးစားကြောင်း စာရာ ပြတယ်။ (က. ၁၂:၅) တစ်ခါတုန်းက ဗြုန်းစားကြီး ရောက်လာတဲ့ ဧည့်သည်​တွေ​ကို အာဗြဟံ ဧည့်ခံချင်တယ်။ ဒါနဲ့ စာရာ​ကို လုပ်​လက်​စ အလုပ် ရပ်ပြီး မုန့် အများကြီး ဖုတ်ခိုင်းတယ်။ (က. ၁၈:၆) အာဗြဟံ ခိုင်းတဲ့​အတိုင်း စာရာ ချက်ချင်း ထလုပ်တယ်။ ဇနီး​တို့၊ ခင်ပွန်း ဆုံးဖြတ်​တဲ့​အတိုင်း ပူးပေါင်း​ဆောင်ရွက်ခြင်းအားဖြင့် စာရာ​ကို အတုယူပါ။ ဒါဆိုရင် အိမ်ထောင်​နှောင်ကြိုး ခိုင်မြဲလာမယ်။ (၁ ပေတရု ၃:၅၊ ၆ ကို ဖတ်ပါ။) ကိုယ့်ကို ဇနီး လေးစားတယ်လို့ ခံစားရတဲ့ အကြောင်းရင်းကို ရှေ့​စာပိုဒ်မှာ ဖော်ပြထားတဲ့ ဒီမီထရီ ဒီလို​ပြောပြတယ်– “သဘောထား မ​တိုက်ဆိုင်​ရင်တောင် ကျွန်တော် ဆုံးဖြတ်​တဲ့​အတိုင်း အိန်ဂျလာ ပူးပေါင်း​ဆောင်ရွက်ဖို့ ကြိုးစားတယ်။ ဆုံးဖြတ်ချက် မှားသွား​ရင်​လည်း အပြစ်မတင်ဘူး။” ညီအစ်ကို/မ​တို့​လည်း ကိုယ့်ကို တန်ဖိုးထား​လေးစား​သူကို ချစ်ဖို့ မခက်ဘူး မဟုတ်လား။

18. Sungsahkunaw zungzae a tyn nawlang zuakuh langze zuhvaw hae paw thanenaw mou a mue cih hae?

၁၈ ခရစ်ယာန် အိမ်ထောင်သည်တွေ​ကြား​က အချစ်​ကို စာတန် ငြှိမ်းသတ်ချင်တယ်။ အိမ်ထောင်ဖက် အချင်းချင်း အချစ် လျော့သွား​ရင် ယေဟောဝါနဲ့​ပါ ဝေးလာမယ်ဆိုတာ သိနေတာကိုး။ ဒါပေမဲ့ အချစ်​စစ် မှန်ရင် ငြှိမ်းသတ်လို့ မရပါဘူး။ ဒါကြောင့် ရှောလမုန် သီချင်း​မှာ ဖော်ကျူး​ထားတဲ့ အချစ်​မျိုးနဲ့ ကိုယ့်​အိမ်ထောင်ဖက်​ကို ချစ်ပါ။ အိမ်ထောင်မှာ ယေဟောဝါကို ဦးစားထားပါ။ အချင်းချင်း အချိန်ပေးပါ။ အိမ်ထောင်ဖက်ရဲ့ ခံစားချက်ကို လေးစားပါ။ ဒါဆိုရင် သင့်​အိမ်ထောင်​ကြောင့် အချစ်စစ်​ရဲ့ ရင်းမြစ် ယေဟောဝါ ဘုန်းထင်ရှား​မယ်။ သင်တို့ရဲ့ အချစ်​တွေ မပြတ် တောက်လောင်​နေပါလိမ့်မယ်။

PAWTEMOU NA PHI CIH?

  • Zahova te vaeccawkunaw a tynnaw nynh innbyng kha pawtemou a hoisah kho?

  • Lukheit te lukheit accyh pyakuh kho nawlang zuhvaw hae nynh pawmou a cyi kho hae?

  • Zuhvaw hae lukheit te lukheit paw liatemou sawtuakuhte a ccuepekuh kho hae?

LAW 132 တို့​တစ်​သား​တစ်ကိုယ်တည်း ဖြစ်ပြီ

a အိမ်ထောင်​ဆိုတာ ခင်ပွန်း​နဲ့ ဇနီး အပြန်အလှန် ပုံအော ချစ်​နိုင်ဖို့ ယေဟောဝါဘုရား ပြင်ဆင်ပေးထားတဲ့ အစီအစဉ်ပါ။ ဒါပေမဲ့ တစ်ခါတလေ အချစ် လျော့သွားတတ်တယ်။ မောင်နှံစုံတွေ အချစ် မ​လျော့ဖို့၊ အိမ်ထောင် သာယာ​ဖို့ ဒီဆောင်းပါး​က ကူညီပေးပါမယ်။

b အချစ်စစ် အချစ်​မှန်​ဟာ ယေဟောဝါဆီကနေ အစပြုလို့ မပြောင်းလဲ​တဲ့ အချစ်၊ ခိုင်မြဲတဲ့ အချစ်​ကို “ယေဟောဝါရဲ့ မီးလျှံ” လို့ ခေါ်တာ။

c အိမ်ထောင်ဖက်ဟာ မယုံကြည်သူ ဖြစ်နေရင်​တောင် ဒီ​အကြံပြုချက်တွေက သင့်​အိမ်ထောင်​နှောင်ကြိုး ခိုင်မြဲ​ဖို့ ကူညီပေးနိုင်ပါတယ်။—၁ ကော. ၇:၁၂-၁၄။ ၁ ပေ. ၃:၁၊ ၂။

d ဥပမာ၊ jw.org နဲ့ JW Library® မှာ တင်ထားတဲ့ “မိသားစု​အတွက် အကူအညီ” ဆောင်းပါးတွဲ​တွေ​ထဲက လက်တွေ့ကျ အကြံပြုချက်တွေကို ကြည့်ပါ။

e ၂၀၁၆၊ ဖေဖော်ဝါရီလ ကင်းမျှော်စင် စာ. ၁၃၊ ပိုဒ်. ၁၇ ကို ကြည့်ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share