Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w25 May pp. 8-13
  • Zahova Kyate Soihbianaw Mue

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Zahova Kyate Soihbianaw Mue
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Abalu dihpaw hae
  • A Lokuhpaw Akonglang
  • ZAHOVA TUH THAWCCITE NGAETHYANAW A HOI
  • ZAHOVA NYNH NGAEHOINAW YN PYA
  • ZAHOVA NYNH THINGPHANGNAW YN ZYASAH
  • Ny Leipaw Hae A Ung Cipaw Zakawsangsakuhte Ung
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Amakhae Ah Thua Khyh Oh
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • Zahova Min Kha—Abapi Lang Ah Nung Oh
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
  • ‘Paw Pachia Mou . . . Na Beih Lang Oh Paw Kha Atunin Kya Pokuh Oh’
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)—2025
w25 May pp. 8-13

HOKU LANGPAW ABALU 20

LAW 7 ယေဟောဝါ၊ တို့​ခွန်အား

Zahova Kyate Soihbianaw Mue

“Ngaethyaumsahnaw Paaw te ngaengansahnaw balyn Pachia athuapaw. . . Pachia tuh thehoyte um saht.”—2 KOR. 1:3.

အာရုံစိုက်​ရာ

ဗာဗုလုန်​ရောက် ဂျူး​သုံ့ပန်း​တွေ​ကို ယေဟောဝါ နှစ်သိမ့်​အားပေး​ပုံ​ကနေ ဘာသင်ယူနိုင်သလဲ။

1. Zuhda see hae kong hotua.

ယေဟောဝါ​ဘုရားကို ဂျူးတွေ အကြိမ်ကြိမ် ပုန်ကန်​ကြတယ်။ ကိုယ်တိုင်နဲ့ ဘိုးဘေး​တွေ​ရဲ့ အပြစ်ကြောင့် ဗာဗုလုန်​ပြည်ကို သုံ့ပန်း​အဖြစ် ဖမ်းသွား​ခံရကြတယ်။ နေရင်းပြည်​လည်း ဖျက်ဆီး​ခံလိုက်ရပြီ။ (၂ ရာ. ၃၆:၁၅၊ ၁၆၊ ၂၀၊ ၂၁) သုံ့ပန်း​ဘဝ ရောက်သွားတဲ့ ဂျူးတွေ ဘယ်လို ခံစားကြရ​သလဲ။ သုံ့ပန်း​အဖြစ် ပါ​သွား​ပေမဲ့ ဗာဗုလုန်​ပြည်မှာ အတော်အတန် လွတ်လွတ်လပ်လပ် နေခွင့်​ရကြတယ်။ (ယေ. ၂၉:၄-၇) ဘယ်လောက်ပဲ လွတ်လပ်​ပါ​စေ အဆင်မပြေတာ​တွေ ရှိတယ်။ သုံ့ပန်း​ဘဝ​ဆိုတာ သူတို့ နေချင်​တဲ့ ဘဝမျိုး မဟုတ်တာ​လည်း သေချာတယ်။ “ဇိအုန်​ကို လွမ်းဆွတ်​တဲ့အခါ ဗာဗုလုန်​မြို့ရဲ့ မြစ်​ကမ်း​ဘေး​တွေ​မှာ ထိုင်ပြီး ငါတို့ ငိုကြတယ်” လို့ သစ္စာရှိ ဂျူး​သုံ့ပန်း​တစ်ယောက် ပြောတယ်။ (ဆာ. ၁၃၇:၁) ဂျူး​သုံ့ပန်း​တွေ စိတ်ဓာတ်ကျ​နေ​လို့ နှစ်သိမ့်မှု လိုနေတယ်။ ဘယ်ကနေ နှစ်သိမ့်မှု ရမလဲ။

2-3. (a) Zahova nynh Zuhda see hae hanglang pawmou a cyipya hae? (b) E abalu kya pawkongmou hokuh lang oh?

၂ ယေဟောဝါဟာ “နှစ်သိမ့်ခြင်း​အမျိုးမျိုးရဲ့ အရှင်” ဖြစ်တယ်။ (၂ ကော. ၁:၃) ကျေးကျွန်တွေကို ချစ်တယ်၊ နှစ်သိမ့်ပေး​ချင်တယ်။ သုံ့ပန်း​တချို့ နောင်တရပြီး မိမိဆီ ပြန်လှည့်လာ​မယ်​ဆိုတာ သိတယ်။ (ဟေရှာ. ၅၉:၂၀) ဒါကြောင့် ဂျူးတွေ သုံ့ပန်း​ဘဝ မရောက်ခင် အနှစ် ၁၀၀ ကျော်​က​တည်းက ပရောဖက် ဟေရှာယကို စွမ်းအားတော်နဲ့ လမ်းညွှန်​ပြီး ကျမ်း​တစ်စောင် ရေးခိုင်းတယ်။ ဟေရှာယကျမ်း​လို့ ခေါ်တယ်။ ဘာကြောင့် ရေး​ခိုင်း​သလဲ။ သုံ့ပန်း​ဘဝမှာ ဂျူးတွေ နှစ်သိမ့်မှု လိုမယ်​ဆိုတာ သိလို့ ဟေရှာယကျမ်း​က​တစ်ဆင့် နှစ်သိမ့်ပေး​ရအောင် ရေး​ခိုင်း​တာ​ပါ။ ‘ဘုရားသခင်က “ငါ့​လူတွေကို နှစ်သိမ့်ပေးကြ။ နှစ်သိမ့်ပေးကြ​ပါ” လို့ ပြောတယ်’ ဆိုပြီး ဟေရှာယ ဖော်ပြတယ်။—ဟေရှာ. ၄၀:၁၊ ၂။

၃ ဂျူး​သုံ့ပန်း​တွေ​လိုပဲ ကျွန်တော်တို့လည်း နှစ်သိမ့်မှု လို​ချိန်​တွေ ရှိတယ်။ ဂျူးသုံ့ပန်း​တွေ​ကို ယေဟောဝါ နှစ်သိမ့်ပေး​တဲ့ နည်း​သုံးနည်းကို ဒီဆောင်းပါးမှာ ဆွေးနွေး​ကြ​မယ်။ (၁) နောင်တရ​သူ​တွေကို ခွင့်လွှတ်​မယ်​လို့ ကတိ​ပေးခြင်း၊ (၂) မိမိလူမျိုးကို မျှော်လင့်ချက် ပေးခြင်း၊ (၃) စိုးရိမ်​ထိတ်လန့်​စိတ် လျော့​စေ​ခြင်း​ဆိုတဲ့ နည်း​သုံးနည်း​ပါ။ အဲဒီ​နည်း​တွေ သုံးပြီး ကျွန်တော်တို့ကိုလည်း ယေဟောဝါ ဘယ်လို နှစ်သိမ့်ပေး​ကြောင်း ဆွေးနွေး​ကြ​မယ်။

ZAHOVA TUH THAWCCITE NGAETHYANAW A HOI

4. Thawccinaw a hoi cipaw Zahova nynh pawtemou a langsah? (Isaiah 55:7)

၄ ယေဟောဝါဟာ “ကရုဏာကြီးတဲ့​အဖ” ဖြစ်တယ်။ (၂ ကော. ၁:၃) နောင်တရတဲ့ သုံ့ပန်း​တွေ​ကို ခွင့်လွှတ်​မယ်​လို့ ကတိ​ပေးတာကို ထောက်ရင် ကရုဏာကြီး​တာ ထင်ရှားတယ်။ (ဟေရှာယ ၅၅:၇ ကို ဖတ်ပါ။) “ထာဝစဉ် ခိုင်မြဲတဲ့ မေတ္တာမျိုး​နဲ့ ကရုဏာ​ပြမယ်” လို့ ပြောတယ်။ (ဟေရှာ. ၅၄:၈) ကရုဏာ ဘယ်လို ပြသလဲ။ မနာခံမှု​ရဲ့ ဆိုးကျိုးတွေ​ကို ဂျူး​တစ်မျိုးလုံး နှစ်နဲ့ချီ ခံရ​ဦး​မှာ ဖြစ်ပေမဲ့ ဗာဗုလုန်​ပြည်မှာ တစ်သက်လုံး နေ​ရမှာ မဟုတ်ဘူးလို့ ယေဟောဝါ ကတိပေးတယ်။ (ဟေရှာ. ၄၀:၂) နောင်တရတဲ့ ဂျူးတွေ ဒီ​ကတိ​ကြောင့် နှစ်သိမ့်မှု ရသွား​ကြ​မှာ​ပဲ။

5. Zahova tuh thawccinawte yn ngaethya cih cipaw Zuhda see hae laeze aening nynh pawcce zynngang kho lang?

၅ သင်ခန်းစာ။ ကျေးကျွန်တွေကို ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်​ပေးချင်တယ်။ ယေဟောဝါ ကရုဏာ​ထားပြီး ခွင့်လွှတ်ပေးမယ်​ဆိုတာကို ဂျူး​သုံ့ပန်း​တွေ​ထက် ကျွန်တော်တို့ ပို​စိတ်ချနိုင်တယ်။ ဘာကြောင့်လဲ။ ခွင့်လွှတ်​လို့ ရအောင် ယေဟောဝါ ဘာ​လုပ်ပေးခဲ့​သလဲ​ဆိုတာ သိထားလို့ပဲ။ ဟေရှာယ ကြိုဟော​ပြီး နှစ်​ရာချီ​အ​ကြာမှာ ချစ်သား​ယေရှုကို မြေကြီးပေါ် ယေဟောဝါ စေလွှတ်ခဲ့တယ်။ နောင်တရတဲ့ အပြစ်သား​အားလုံး​အတွက် ရွေးဖိုး​ပေးဖို့​ပါ။ အဲဒီ​ရွေးဖိုး​ကို အခြေခံပြီး အပြစ်တွေကို အပြီး​တိုင် “ပယ်ဖျက်” လိုက်တယ်။ (တ. ၃:၁၉။ ဟေရှာ. ၁:၁၈။ ဧ. ၁:၇) ယေဟောဝါဟာ တကယ် ခွင့်လွှတ်တဲ့ ကရုဏာရှင်​ပါပဲ။

6. Zahova ngaethyanaw kong pekipaw tuh pawcce soihbianaw a ungsah? (Sahkhung kha do.)

၆ နောင်တ​ယူပြီးနောက်​မှာ​တောင် အတိတ်က အမှားတွေ​အတွက် အပြစ်ရှိတယ်လို့ တချို့ တနုံ့နုံ့ ခံစားရနိုင်တယ်။ အထူးသဖြင့် ကိုယ့်​အမှား​ကြောင့် ဆိုးကျိုးတွေ ခံစား​နေ​ရရင်​ပေါ့။ အဲဒီလို​ခံစား​နေ​ရတယ်​ဆိုရင် ဟေရှာယ ၅၅:၇ မှာ ပါတဲ့ ယေဟောဝါရဲ့ စကားတွေက နှစ်သိမ့်မှု ဖြစ်စေနိုင်တယ်။ အမှား ဝန်ခံပြီး​ပြီ၊ အမှား ဆက်​မလုပ်တော့ဘူး​ဆိုရင် ယေဟောဝါ ခွင့်​လွှတ်လိုက်ပြီ​ဆိုတာ စိတ်ချနိုင်တယ်။ ယေဟောဝါက ခွင့်လွှတ်​ပြီ​ဆိုရင် ကျွန်တော်တို့ရဲ့ အပြစ်တွေ​အကြောင်း မစဉ်း​စား​တော့​ဘူး။ (ယေ​ရမိ ၃၁:၃၄ နဲ့ နှိုင်းယှဉ်ပါ။) ယေဟောဝါ​တောင် မစဉ်း​စား​တော့​ရင် ကျွန်တော်တို့လည်း မစဉ်း​စား​သင့်​တော့​ဘူး။ ကျွန်တော်တို့ ဘာ​အမှားတွေ လုပ်ခဲ့တယ်​ဆိုတာ​ထက် လက်ရှိ ဘာတွေ လုပ်နေတယ်​ဆိုတာက​သာ ယေဟောဝါ​အတွက် အရေးကြီးတာ​ပါ။ (ယေဇ. ၃၃:၁၄-၁၆) အမှား​ကြောင့် ခံစားရတဲ့ ဆိုးကျိုး​မှန်သမျှကို ကရုဏာကြီးတဲ့​အဖ မကြာခင် အပြီး​တိုင် ဖယ်ရှား​ပေးပါတော့မယ်။

ညီအစ်ကိုတစ်ယောက် ယုံကြည်စိတ်ချမှုအပြည့်နဲ့ လမ်းလျှောက်နေ။ ရုပ်ပုံ– သူ အရင်က လုပ်ခဲ့တာတွေနဲ့ လက်ရှိ လုပ်နေတာတွေကို နှိုင်းယှဉ်ပြထား။ အရင်က လုပ်ခဲ့တဲ့ အမှားတွေ– ၁။ အကြမ်းဖက် ဗီဒီယိုဂိမ်း ကစားနေ။ ၂။ အရက် အလွန်အကျွံ သောက်နေ၊ ဆေးလိပ်သောက်နေ။ ၃။ ကွန်ပျူတာမှာ မသင့်တော်တာတွေ ကြည့်နေ။ လက်ရှိ လုပ်နေတာတွေ– ၁။ အစည်းအဝေးခန်းမ သန့်ရှင်းရေး လုပ်နေ။ ၂။ သက်ကြီး ညီအစ်မနဲ့ စကားပြောနေ။ ၃။ အမှုဆောင်မှာ ပါဝင်နေ။

ကျွန်တော်တို့ ဘာ​အမှားတွေ လုပ်ခဲ့တယ်​ဆိုတာ​ထက် လက်ရှိ ဘာတွေ လုပ်နေတယ်​ဆိုတာက​သာ ယေဟောဝါ​အတွက် အရေးကြီး (စာပိုဒ် ၆ ကို ကြည့်ပါ)


7. Alepaw senaw phisikuh sei langze Khrihccaw Piccang hae kalang hopya lang hae pawnynhmou yn bung kho?

၇ ကြီးလေးတဲ့​အပြစ် ဖုံးထား​လို့ အမှားအမှန်​သိစိတ် ဒုက္ခပေး​နေ​ရင် ဘာလုပ်သင့်သလဲ။ အကြီးအကဲတွေဆီ အကူအညီ တောင်းဖို့ ကျမ်းစာ အားပေးတယ်။ (ယာ. ၅:၁၄၊ ၁၅) အပြစ်​ဝန်ခံပြီး အကူအညီ တောင်းဖို့​ဆိုတာ လွယ်တော့ မလွယ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ကူညီဖို့ အကြီးအကဲတွေကို ယေဟောဝါ သုံးတယ်၊ ယေဟောဝါ​လိုပဲ သူတို့ မေတ္တာကရုဏာ​ရှိတယ်​ဆိုတာ သတိရပါ။ ဒီအချက်ကို သတိရရင်၊ တကယ် နောင်တရ​ရင် အကြီးအကဲတွေဆီ အကူအညီ တောင်း​မှာ ဖြစ်တယ်။ လုပ်ခဲ့​မိ​တဲ့ အမှားတွေကြောင့် စိတ်ဒုက္ခ​ရောက်​ခဲ့​တဲ့ ညီ​အ​စ်ကို အာသာa အကြောင်း သုံးသပ်ကြည့်ပါ။ အကြီးအကဲတွေကို သုံးပြီး ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ “တစ်နှစ်လောက် ညစ်ညမ်း​ရုပ်ပုံ၊ ဗီဒီယိုတွေ ကျွန်တော် ကြည့်​ခဲ့တယ်။ ဒါပေမဲ့ သိစိတ်​အကြောင်း ဟောပြောချက်​တစ်ခု ကြားပြီးနောက် ဇနီး​နဲ့ အကြီးအကဲတွေကို ဝန်ခံ​လိုက်တယ်။ အဲဒီ​တော့မှ​ပဲ စိတ်​ပေါ့​သွားတယ်။ ဒါပေမဲ့ ကိုယ့်​လုပ်ရပ်ကို စိတ်ပျက်​မိ​နေတုန်းပဲ။ ကျွန်တော့်ကို ယေဟောဝါ မ​ပစ်ပယ်​ဘူး​ဆိုပြီး အကြီးအကဲတွေ အားပေးကြတယ်။ ကျွန်တော့်ကို ယေဟောဝါ ချစ်လို့ ဆုံးမ​တာ။ အကြီးအကဲတွေ​ရဲ့ နှစ်သိမ့်​စကားကြောင့် ကျွန်တော် စိတ်​ထိမိ​သွားတယ်။ ကိုယ့်ကို ယေဟောဝါ တကယ် ခွင့်လွှတ်​မှန်း စိတ်ချ​သွားတယ်” လို့ အာသာ ပြောတယ်။ အခုဆိုရင် မှန်မှန်ရှေ့ဆောင်၊ အသင်းတော် အမှုထမ်းအဖြစ် အမှုဆောင်​နေပြီ။ နောင်တ​စစ်​ရရင် ကရုဏာရှင် ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိကြောင်း သိရတာ နှစ်သိမ့်မှု ဖြစ်စေတယ်။

ZAHOVA NYNH NGAEHOINAW YN PYA

8. (a) Zahova nynh Zuhda see hae kha paw ngaehoinaw mou a pya hae? (b) Isaiah 40:29-31 liate, Pachia nynh a pya hae paw ngaehoinaw keiccu a ngaesikuh hae paw Zuhda hae pawtemou a ung hae?

၈ လူ့အမြင်အရ ကြည့်ရင် ဂျူး​သုံ့ပန်း​တွေ မျှော်လင့်ချက် မဲ့​နေ​ပုံ​ပဲ။ ဗာဗုလုန်​ကမ္ဘာ့အာဏာစက်ဟာ သုံ့ပန်း​တွေ​ကို ပြန်လွှတ်ပေးရိုး ထုံးစံ မရှိဘူး။ (ဟေရှာ. ၁၄:၁၇) ဒါပေမဲ့ ယေဟောဝါ မျှော်လင့်ချက် ပေးတယ်။ သုံ့ပန်း​ဘဝကနေ လွတ်ပြီး ပြည်တော်ပြန်​ခွင့်​ရမယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ ယေဟောဝါရဲ့ စကားတွေ ပြည့်စုံ​မလာအောင် ဘာကမှ မတားဆီးနိုင်ဘူး။ (ဟေရှာ. ၄၄:၂၆။ ၅၅:၁၂) ယေဟောဝါရဲ့ အမြင်မှာ ဗာဗုလုန်​ဟာ ဖုန်​မှု​န့်​သာ​သာ​ပဲ။ (ဟေရှာ. ၄၀:၁၅) ဗာဗုလုန်​ပြည်​ကနေ မိမိလူမျိုးကို ကယ်လွှတ်​ဖို့​ဆိုတာ အလွယ်လေးပဲ။ ဖုန်​မှု​န့်​တွေ လွင့်​သွား​အောင် လေ​တစ်ချက် မှုတ်လိုက်ရုံလောက်​ကို လွယ်​တာ။ ဘုရားပေး မျှော်လင့်ချက်ကြောင့် နောင်တရတဲ့ ဂျူးတွေ ဘယ်လို ခံစားရသလဲ။ နှစ်သိမ့်မှု ရသွားကြတယ်။ ဒါ့အပြင် “ယေဟောဝါကို မျှော်လင့်တဲ့​သူ​တွေ​ကတော့ ခွန်အား ပြန်​ပြည့်​လာ​လိမ့်မယ်” လို့ ဟေရှာယ ပြောတယ်။ (ဟေရှာယ ၄၀:၂၉-၃၁ ကို ဖတ်ပါ။) မှန်ပါတယ်၊ မျှော်လင့်ချက်ကြောင့် အားတက်သွား​တဲ့ ဂျူးတွေ​ဟာ “တောင်ပံ​ဖြန့်​ပြီး ပျံဝဲ” တဲ့ “လင်းယုန်” လို ဖြစ်လာကြတယ်။

9. Zahova a ho hawte yn cihkuh ccahccing cih cipaw Zuhda see hae nynh pawcce a zyn kho hae?

၉ မိမိ ပြောတဲ့​အတိုင်း တကယ် ဖြစ်​လာမယ်​ဆိုတာ ယုံကြည်စိတ်ချနိုင်​တဲ့ အထောက်အထားတွေ​လည်း ဂျူး​သုံ့ပန်း​တွေ​ကို ယေဟောဝါ ပေးတယ်။ ဘာ​အထောက်အထားတွေ​လဲ။ သူတို့​ခေတ်မှာ ပြည့်စုံ​သွားပြီး ဖြစ်တဲ့ ကြိုဟောချက်​တွေကို စဉ်းစားကြည့်ပါ။ ဥပမာ၊ မြောက်ပိုင်း အစ္စရေး​ဆယ်နွယ်နိုင်ငံ​ကို အဆီးရီးယား​တွေ သိမ်း​ပြီး လူတွေကို သုံ့ပန်း​အဖြစ် ခေါ်သွားတာ သူတို့ သိတယ်။ (ဟေရှာ. ၈:၄) ဗာဗုလုန်တွေ​လက်ချက်​နဲ့ ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရပြီး မြို့သားတွေ သုံ့ပန်း​အဖြစ် ပါ​သွားတာ မြင်ရတယ်။ (ဟေရှာ. ၃၉:၅-၇) ဇေဒကိမင်း မျက်စိ​ဖောက်​ခံရပြီး ဗာဗုလုန်​ကို ခေါ်သွား​ခံရတာ​လည်း သူတို့ သိနေတာ​ပဲ။ (ယေ. ၃၉:၇။ ယေဇ. ၁၂:၁၂၊ ၁၃) ယေဟောဝါ ကြိုဟော​သမျှ ပြည့်စုံ​ခဲ့တယ်။ (ဟေရှာ. ၄၂:၉။ ၄၆:၁၀) ဒါကြောင့် လွတ်မြောက်​စေမယ်​ဆိုတဲ့ ကြိုဟောချက်​လည်း ပြည့်စုံ​လာမယ်​ဆိုတာ အခိုင်အမာ စိတ်ချ​သွား​ကြ​မှာ​ပဲ။

10. Nyathyanin laku ngaehoinaw a tyn kho nawlang pawnynhmou yn bung cih?

၁၀ သင်ခန်းစာ။ စိတ်ပျက်​အားငယ်ချိန်​မှာ အနာဂတ် မျှော်လင့်ချက်က နှစ်သိမ့်ပေး​နိုင်တယ်၊ ခွန်အား​ပြန်​ပြည့်​စေနိုင်တယ်။ ခေတ်ဆိုးခေတ်ကျပ်​ကြီး​ထဲမှာ ကျွန်တော်တို့ အသက်ရှင်​ကြရတယ်။ အင်အားကြီး ရန်သူတွေ ဆန့်ကျင်တာ ကြုံရတယ်။ ဒါပေမဲ့ စိတ်ပျက်​အားငယ်​စရာ မလိုဘူး။ သိပ်ကောင်းတဲ့ မျှော်လင့်ချက် ယေဟောဝါ ပေးထားလို့ပဲ။ ငြိမ်သက်​လုံခြုံတဲ့ အသက်တာနဲ့ ထာဝစဉ် နေထိုင်​ရမယ်ဆိုတဲ့ အံ့ဖွယ်​မျှော်လင့်ချက်ပါ။ အဲဒီ​မျှော်လင့်ချက်ကို တောက်ပ​နေ​စေ​ရမယ်။ မျှော်လင့်ချက် မှေးမှိန်​နေ​ရင် မြင်ကွင်း သိပ်​လှ​ပေမဲ့ ဖုန်​တက်နေတဲ့ ပြတင်းပေါက်​မှန်​ကနေ ကြည့်​လို့ မှုန်ဝါးဝါး​ပဲ မြင်နေရတာ​နဲ့ တူသွားမယ်။ “ပြတင်းပေါက်​မှန် ကြည်​အောင်၊” တစ်နည်းအားဖြင့် မျှော်လင့်ချက် တောက်ပ​နေ​အောင် ဘာလုပ်ရမလဲ။ ကမ္ဘာသစ်​အသက်တာကို မှန်မှန် အချိန်ယူ တွေးတောပါ။ မျှော်လင့်ချက်​အကြောင်း ဆောင်းပါးတွေ ဖတ်ပါ။ ဗီဒီယိုတွေ ကြည့်ပါ။ သီချင်းတွေ နားထောင်ပါ။ ပြည့်စုံစေချင်​လှ​ပြီ ဖြစ်တဲ့ ကတိတွေ​အကြောင်း ယေဟောဝါဆီ ဆုတောင်း​ပြောပြပါ။

11. Kumsae ccinaw accing ahoipaw unonung lukheit thawzung bua hoi kho nawlang pawnynhmou a bung?

၁၁ နာတာရှည်​ရောဂါတွေ စုံ​နေတဲ့ ညီအစ်မ ဂျွိုင်း​ကို မျှော်လင့်ချက်က ဘယ်လို ခွန်အား​ပြန်​ပြည့်​စေ​ခဲ့​ကြောင်း သုံးသပ်ကြည့်ပါ။ “ကျွန်မ​ခံစားချက်တွေကို ယေဟောဝါ​ဘုရား နားလည်​ပေးမယ်​ဆိုတာ ယုံလို့ စိတ်​မွန်းကျပ်​လာတဲ့အခါ ခံစားရ​သမျှ​ကို အိတ်သွန်ဖာမှောက် ဆုတောင်း​ပြောပြတယ်။ အဲဒီလို​ပြောပြ​လိုက်တဲ့အခါ ‘သာမန်ထက် ထူးကဲတဲ့ တန်ခိုး’ ယေဟောဝါ ပေးတယ်” ဆိုပြီး ပြောတယ်။ (၂ ကော. ၄:၇) ‘“နေမကောင်းဘူး” လို့ ပြည်သူ​ပြည်သားတွေ မ​ညည်း​ရတော့​မယ့်’ ကမ္ဘာသစ်​မှာ ရောက်နေတယ်လို့ ညီအစ်မ မြင်ယောင်​ကြည့်တယ်။ (ဟေရှာ. ၃၃:၂၄) ကျွန်တော်တို့လည်း ယေဟောဝါကို ရင်ဖွင့်​မယ်၊ မျှော်လင့်ချက်ကို တောက်ပ​နေ​စေမယ်​ဆိုရင် ခွန်အား​ပြန်​ပြည့်​လာပါလိမ့်မယ်။

12. Zahova a ho hawte yn ccing cih cipaw pawcce ah zyn kho oh? (Sahkhung kho do.)

၁၂ မိမိ ပြောတဲ့​အတိုင်း တကယ် ဖြစ်​လာမယ်​ဆိုတာ ယုံကြည်စိတ်ချနိုင်​တဲ့ အထောက်အထားတွေ ဂျူး​သုံ့ပန်း​တွေ​ကို ယေဟောဝါ ပေး​သလို ကျွန်တော်တို့ကိုလည်း ပေးတယ်။ ကျွန်တော်တို့​ခေတ်မှာ ပြည့်စုံ​နေတဲ့ ကြိုဟောချက်​တွေကို စဉ်းစားကြည့်ပါ။ ဥပမာ၊ “ခိုင်မာ​ခြင်း​တစ်ဝက်၊ ကျိုးပဲ့​လွယ်ခြင်း​တစ်ဝက် ရောနှော​နေ” တဲ့ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို မြင်ရတယ်။ (ဒံ. ၂:၄၂၊ ၄၃) ‘တစ်နေရာပြီး တစ်နေရာ ငလျင်​လှုပ်​တဲ့’ သတင်းတွေ ကြားရတယ်။ “လူမျိုး​အားလုံး” ဆီ သတင်းကောင်း ရောက်နေတယ်။ (မ. ၂၄:၇၊ ၁၄) ဒီ​ကြိုဟောချက်​တွေ​နဲ့ တခြား​ကြိုဟောချက်​တွေ ပြည့်စုံ​နေတာ မြင်ရလို့ ကျွန်တော်တို့ မျှော်လင့်​နေတာ​တွေ​လည်း တကယ် ဖြစ်​လာမယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။

ကျမ်းစာကြိုဟောချက်တွေကို ညီအစ်မတစ်ယောက် ဖတ်ရှုဆင်ခြင်နေ။ ရုပ်ပုံ– ၁။ စာပေ လက်တွန်းလှည်းနားမှာ မောင်နှံတစ်စုံ ရပ်နေပြီး အမျိုးသားတစ်ယောက်ကို စကားပြောနေ။ ၂။ သဘာဝဘေးကြောင့် ပျက်စီးသွားတာတွေကို သားအဖနှစ်ယောက် ကြည့်နေ။ ၃။ ဒံယေလ အခန်းကြီး ၂ မှာ ပါတဲ့ နေဗုခဒ်နေဇာ အိပ်မက်ထဲက ရုပ်တုကြီးရဲ့ ခြေဖမိုးနဲ့ ခြေဖဝါးကို ကျောက်တစ်လုံးက တိုက်ချပစ်။ ၄။ မြေကြီး ပရဒိသုမှာ လူတွေ ပျော်ရွှင်နေကြ။

ကြိုဟောချက်​တွေ ပြည့်စုံ​နေတာကို မြင်ရတဲ့အခါ ယေဟောဝါရဲ့ ကတိတွေကို ယုံ​လာ (စာပိုဒ် ၁၂ ကို ကြည့်ပါ)


ZAHOVA NYNH THINGPHANGNAW YN ZYASAH

13. (a) Zuhda hae a luemaw hae pawruunaw mou a tung cih hae? (b) Isaiah 41:10-13 liate, Zahova nynh Zuhda hae kha pawtemou a soihbia hae?

၁၃ လွတ်မြောက်မယ်​ဆိုတဲ့ မျှော်လင့်ချက် သုံ့ပန်း​တွေ​ကို ပေးပေမဲ့ လွတ်မြောက်ဖို့ နီး​လေ ခက်​လေ ဖြစ်မယ်​ဆိုတာ ယေဟောဝါ သိတယ်။ ဂျူး​သုံ့ပန်း​ဘဝ အဆုံးတိုင်​ခါ​နီး​မှာ ဗာဗုလုန်​တစ်ဝိုက်​က မြို့တွေ​ကို၊ အဲဒီနောက် ဗာဗုလုန်​ကို အင်အားကြီး မင်း​တစ်ပါး တိုက်ခိုက်​သိမ်းပိုက်​မယ်​ဆိုပြီး ကြိုဟောတယ်။ (ဟေရှာ. ၄၁:၂-၅) ဂျူးတွေ စိုးရိမ်​ထိတ်လန့်စရာ လိုသလား။ “မကြောက်နဲ့။ မင်းနဲ့​အတူ ငါ​ရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ ဘုရားသခင်ပါ” ဆိုပြီး ဟိုး​နှစ်ပေါင်းများစွာ​က​တည်းက ယေဟောဝါ ကြိုပြောထားတယ်။ (ဟေရှာယ ၄၁:၁၀-၁၃ ကို ဖတ်ပါ။) “ငါဟာ မင်းရဲ့ ဘုရားသခင်ပါ” ဆိုတာ ဘာကို ဆိုလိုသလဲ။ ယေဟောဝါဟာ ဘုရား ဖြစ်မှန်း ဂျူးတွေ သိပြီးသားပဲ။ ဒါကြောင့် မိမိကို ဝတ်ပြုဖို့ သတိပေး​နေတာ မဟုတ်ဘူး။ ဂျူးတွေ​နဲ့ အတူ မိမိ ရှိနေဆဲ​ပဲ​ဆိုတာ သတိပေး​နေတာပါ။—ဆာ. ၁၁၈:၆။

14. Zuhda see hae kha Zahova nynh pawziate mou thingphangnaw a zyasah hae?

၁၄ မိမိရဲ့ အံ့မခန်းဖွယ် တန်ခိုး၊ ဉာဏ်ပညာ​အကြောင်း အမှတ်ရ​စေ​ခြင်းအားဖြင့်​လည်း ဂျူး​သုံ့ပန်း​တွေ​ကို ယေဟောဝါ စိုးရိမ်​ထိတ်လန့်​စိတ် လျော့​စေ​တယ်။ ကောင်းကင်ကို မော့ကြည့်ဖို့ ယေဟောဝါ ပြောတယ်။ ကြယ်တွေ​ကို ဖန်ဆင်း​ခဲ့​ရုံ​မက ကြယ်​တစ်လုံးစီ​ရဲ့ နာမည်ကို သိကြောင်း သူတို့ကို ပြောပြတယ်။ (ဟေရှာ. ၄၀:၂၅-၂၈) ကြယ်​တစ်လုံးစီ​ရဲ့ နာမည်ကို သိရင် ကျေးကျွန်​တစ်ယောက်စီ​ရဲ့ နာမည်ကို သိမှာ အသေအချာ​ပါပဲ။ ကြယ်တွေ​ကို ဖန်ဆင်း​နိုင်စွမ်း ရှိရင် ကျေးကျွန်​တစ်ယောက်စီ​ကို ခွန်အား​ပေးနိုင်စွမ်း ရှိမှာ အသေအချာ​ပါပဲ။ ဂျူး​သုံ့ပန်း​တွေ စိုးရိမ်​ထိတ်လန့်စရာ​အကြောင်း မရှိဘူး။

15. Malang tung langpaw hae hanglang Zuhda see hae kha Pachia nynh pawtemou a paccyn pya hae?

၁၅ ရှေ့မှာ ကြုံရမယ့်​အရာတွေအတွက် ဂျူး​သုံ့ပန်း​တွေ​ကို ယေဟောဝါ ပြင်ဆင်​ပေးတယ်။ “အတွင်းခန်း​တွေ​ထဲ ဝင်​သွားပြီး တံခါးပိတ်​ထား​ကြ။ ငါ့အမျက် ပြေသွားချိန်အထိ ခဏလေး ပုန်းရှောင်​နေကြ​ပါ” လို့ ဟေရှာယ ၂၆:၂၀ မှာ ယေဟောဝါ ပြောတယ်။ ဗာဗုလုန်​ကို ဆိုင်းရပ်​မင်း တိုက်ခိုက်ချိန်​မှာ ဒီ​လမ်းညွှန်ချက်ကို ဂျူးတွေ လိုက်နာ​ခဲ့​ပုံ​ရတယ်။ ဗာဗုလုန်​ကို တိုက်ခိုက်ချိန်​မှာ “အိမ်ပြင်​မှာ တွေ့​သမျှ လူအားလုံးကို သတ်ပစ်ဖို့” စစ်သားတွေကို ဆိုင်းရပ်​မင်း အမိန့်ပေးတယ်​ဆိုပြီး ရှေး​ဂရိ​သမိုင်း​ပညာရှင်​တစ်ယောက် ဆိုတယ်။ ဗာဗုလုန်​မြို့သားတွေ စိုးရိမ်​ထိတ်လန့်​နေနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာ​တဲ့ ဂျူး​သုံ့ပန်း​တွေ​ကတော့ လွတ်မြောက်သွား​ပုံ​ရတယ်။

16. Malang hanglang pawcce myarya thingphang lang a ccang khyh? (Sahkhung kha do.)

၁၆ သင်ခန်းစာ။ လူ့​သမိုင်းမှာ တစ်ခါမှ မကြုံဖူး​သေး​တဲ့ ကြီးစွာသောဒုက္ခ မကြာခင် စတော့​မယ်။ ကြီးစွာသောဒုက္ခ စတဲ့အခါ လောကက လူတွေ စိုးရိမ်​ထိတ်လန့်​သွား​ကြ​မှာ။ ယေဟောဝါရဲ့ လူမျိုး ကျွန်တော်တို့​ကတော့ စိုးရိမ်​ထိတ်လန့်​မှာ မဟုတ်ဘူး။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဘုရား ဖြစ်မှန်း သိထားလို့​ပါပဲ။ “ကယ်တင်​မယ့်​အချိန် ရောက်ခါနီးပြီ ဖြစ်လို့ မတ်​မတ်​ရပ်ပြီး ခေါင်းမော့​ထား” နိုင်​ကြ​မယ်။ (လု. ၂၁:၂၈) နိုင်ငံပေါင်းစုံ မဟာမိတ် တိုက်ခိုက်​လာချိန်​မှာ​လည်း အခိုင်အမာ ရပ်တည်​နိုင်​ကြ​မယ်။ ကောင်းကင်တမန်တွေ သုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ်ပေးမယ်။ အသက်ကယ် လမ်းညွှန်ချက်တွေ ပေးမယ်။ လမ်းညွှန်ချက်တွေ ဘယ်လို ပေး​မလဲ​ဆိုတာတော့ မသိသေးဘူး။ အသင်းတော်တွေက​တစ်ဆင့် ပေးတာ ဖြစ်နိုင်တယ်။ ဒါကြောင့် “အတွင်းခန်း​တွေ” ဆိုတာ အသင်းတော်တွေကို ပြောတာ ဖြစ်နိုင်တယ်။ အသင်းတော်က လာတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာခြင်းအားဖြင့် ကျွန်တော်တို့ ငြိမ်သက်လုံခြုံ​နိုင်​ကြတယ်။ ရှေ့မှာ ကြုံရမယ့်​အရာတွေအတွက် ဘယ်လို ပြင်ဆင်​နိုင်သလဲ။ ညီ​အ​စ်ကို/မတွေ​နဲ့ နီးနီးကပ်ကပ် နေပါ။ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို နာခံဖို့ အသင့်ရှိ​ပါ။ အဖွဲ့အစည်းကို ယေဟောဝါ ဦးဆောင်​နေတယ်​ဆိုတာ စိတ်ချပါ။—ဟီ. ၁၀:၂၄၊ ၂၅။ ၁၃:၁၇။

ကြီးစွာသောဒုက္ခအတွင်း အခန်းတစ်ခန်းမှာ ​ညီအစ်ကို/မတွေ ကျမ်းစာ အတူတူ ဖတ်နေ။ ညကောင်းကင်ယံကို ညီအစ်ကိုတစ်ယောက် လက်ညှိုးထိုးပြလို့ သူတို့ ပြတင်းပေါက်ကနေ ကြည့်နေ။

ယေဟောဝါရဲ့ တန်ခိုး၊ ကယ်တင်​နိုင်စွမ်း​ကို တွေးတော​ဆင်ခြင်​တာက ကြီးစွာသောဒုက္ခအတွင်း ဘာတွေ ကြုံရမလဲ​ဆိုတာ အလွန်အမင်း မစိုးရိမ်​ဖို့ ကူညီပေး (စာပိုဒ် ၁၆ ကို ကြည့်ပါ)b


17. Zahova kyate soihbianaw pawtemou mue kho lang?

၁၇ သုံ့ပန်း​ဘဝမှာ အဆင်မပြေတာ​တွေ ရှိပေမဲ့ ဂျူးတွေကို ယေဟောဝါ နှစ်သိမ့်​အားပေးခဲ့တယ်။ ကျွန်တော်တို့ကိုလည်း နှစ်သိမ့်​အားပေးမယ်။ အနာဂတ်မှာ ဘာပဲ​ကြုံကြုံ ယေဟောဝါဆီက နှစ်သိမ့်မှု ဆက်​ရယူ​နေပါ။ ဘယ်လို ရ​ယူနိုင်သလဲ။ နောင်တရ​သူ​တွေကို ယေဟောဝါ တကယ် ခွင့်လွှတ်တယ်၊ ဂရုစိုက်တယ်​ဆိုတာ စိတ်ချပါ။ မျှော်လင့်ချက်ကို တောက်ပ​နေစေပါ။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဘုရား ဖြစ်လို့ ဘာကို​မှ စိုးရိမ်​ထိတ်လန့်​နေစရာ မလိုဘူး​ဆိုတာ သတိရပါ။

PAWTEMOU NA PHI CIH?

  • Isaiah 55:7 nynh pawtemou soihbianaw ae pya?

  • Isaiah 40:29-31 nynh pawtemou soihbianaw ae pya?

  • Isaiah 41:10-13 nynh pawtemou soihbianaw ae pya?

LAW 3 တို့​မျှော်လင့်​ကိုးစားရာ

a အမည်လွှဲများ။

b ပုံအညွှန်း– ညီ​အ​စ်ကို/မ​တစ်စု အတူတူ စုဝေး​နေ။ ယေဟောဝါ တန်ခိုး​ကြီးမား​တယ်၊ မိမိလူမျိုး ဘယ်နေရာမှာ ရှိနေပါစေ ကာကွယ်​နိုင်တယ်​ဆိုတာ သူတို့ စိတ်ချ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share