ကမ္ဘာဦး
၉ ဘုရားသခင်က နောဧနဲ့သားတွေကို ကောင်းချီးပေးတယ်– “သားသမီးတွေ အများကြီးမွေးပြီး ကမ္ဘာမြေကို ပြည့်စေကြ။+ ၂ ကုန်းသတ္တဝါတွေ၊ ပျံတတ်တဲ့သတ္တဝါတွေ၊ တွားသွားသတ္တဝါတွေ၊ ပင်လယ်ငါးတွေက မင်းတို့ကို အမြဲကြောက်ရွံ့နေလိမ့်မယ်။ တိရစ္ဆာန်တွေကို မင်းတို့လက်ထဲ ငါအပ်လိုက်ပြီ။+ ၃ မြေပေါ်က သက်ရှိတိရစ္ဆာန်တွေကို စားနိုင်တယ်။+ စိမ်းလန်းတဲ့အပင်တွေလိုပဲ တိရစ္ဆာန်တွေကိုလည်း မင်းတို့စားဖို့ ငါပေးတယ်။+ ၄ သွေးဟာ အသက်ဖြစ်လို့+ သွေးပါတဲ့အသားကိုတော့ မစားနဲ့။+ ၅ ဒါ့အပြင် တစ်ယောက်ယောက်က မင်းတို့ကို သတ်ခဲ့ရင် အသက်ဖြစ်တဲ့ သူ့ရဲ့သွေးကို ငါပြန်တောင်းမယ်။ တိရစ္ဆာန်က သတ်ရင် အဲဒီတိရစ္ဆာန် သေရမယ်။ လူလူချင်းသတ်ရင် သတ်တဲ့သူ သေရမယ်။+ ၆ လူကို ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတာဖြစ်လို့+ လူလူချင်းသတ်ရင် သတ်တဲ့သူကို ပြန်သတ်ရမယ်။+ ၇ မင်းတို့ကတော့ သားသမီးတွေ အများကြီးမွေးပြီး ကမ္ဘာမြေကို ပြည့်စေကြပါ။”+
၈ အဲဒီနောက် ဘုရားသခင်က နောဧနဲ့သားတွေကို ပြောတယ်– ၉ “အခု၊ မင်းတို့နဲ့ နောင်သားစဉ်မြေးဆက်တွေ၊ ၁၀ သင်္ဘောထဲကထွက်လာတဲ့ ငှက်တွေ၊ တိရစ္ဆာန်တွေ၊ ကုန်းသတ္တဝါတွေကို+ ငါကတိပေးတယ်။+ ၁၁ သက်ရှိအားလုံးကို ဘယ်တော့မှ ရေလွှမ်းမိုးဘေးနဲ့ မဖျက်ဆီးတော့ဘူး။ ကမ္ဘာမြေကိုလည်း ဘယ်တော့မှ ရေလွှမ်းမိုးဘေးနဲ့ မဖျက်ဆီးတော့ဘူးလို့ ငါကတိပေးတယ်။”+
၁၂ ဘုရားသခင် ဆက်ပြောတယ်– “မင်းတို့ကိုရော သတ္တဝါအားလုံးကိုပါ ငါပေးထားတဲ့ကတိဟာ နောင်လူမျိုးဆက်တွေအထိ အမြဲတည်နေမယ်။ အဲဒီကတိအတွက် အထောက်အထားကတော့၊ ၁၃ မိုးတိမ်မှာ ငါထားတဲ့ သက်တံပဲ။ အဲဒီသက်တံဟာ ကမ္ဘာမြေကိုပေးထားတဲ့ ကတိအတွက် အထောက်အထား ဖြစ်လိမ့်မယ်။ ၁၄ ကောင်းကင်မှာ မိုးတိမ်တွေ တက်လာတဲ့အခါတိုင်း တိမ်တွေမှာ သက်တံပေါ်လာမယ်။ ၁၅ အဲဒီအခါ မင်းတို့ကိုရော သတ္တဝါအားလုံးကိုပါ ငါပေးထားတဲ့ကတိကို ဆက်ဆက်သတိရမယ်။ သက်ရှိတွေဟာ ရေလွှမ်းမိုးဘေးကြောင့် ဘယ်တော့မှ မပျက်စီးရတော့ဘူး။+ ၁၆ မိုးတိမ်မှာ သက်တံပေါ်လာတာကို မြင်တဲ့အခါ ကမ္ဘာမြေပေါ်က သတ္တဝါအားလုံးကို ငါပေးထားတဲ့ အမြဲတည်တဲ့ကတိကို သတိရမယ်။”
၁၇ “ဒါဟာ ကမ္ဘာမြေပေါ်က သက်ရှိအားလုံးကိုပေးထားတဲ့ ငါရဲ့ကတိအတွက် အထောက်အထားပဲ”+ လို့ နောဧကို ဘုရားသခင် ထပ်ပြောတယ်။
၁၈ သင်္ဘောထဲကထွက်လာတဲ့ နောဧရဲ့သားတွေက ရှေမ၊ ဟာမ၊ ယာဖက်။+ နောက်ပိုင်းမှာ ဟာမက သားခါနန်ကို ရတယ်။+ ၁၉ ကမ္ဘာမြေပေါ်က လူအားလုံးဟာ နောဧရဲ့သားသုံးယောက်ကနေ ဆင်းသက်လာပြီး နေရာအနှံ့ ပျံ့နှံ့သွားကြတယ်။+
၂၀ နောဧက လယ်ယာလုပ်ကိုင်ပြီး စပျစ်ခြံ စိုက်ပျိုးတယ်။ ၂၁ တစ်နေ့၊ သူ စပျစ်ဝိုင်သောက်ပြီး မူးလာတဲ့အခါ တဲထဲမှာ အဝတ်ဗလာ ဖြစ်နေတယ်။ ၂၂ ခါနန်ရဲ့အဖေ ဟာမက နောဧ အဝတ်ဗလာဖြစ်နေတာကို တွေ့သွားပြီး အပြင်မှာရှိတဲ့ အစ်ကိုနှစ်ယောက်ကို ပြောပြတယ်။ ၂၃ အဲဒီအခါ ရှေမနဲ့ ယာဖက်က အဝတ်ကိုယူ၊ ပခုံးပေါ်တင်၊ နောက်ပြန်လျှောက်ပြီး အဝတ်ဗလာဖြစ်နေတဲ့ အဖေ့ကို ဖုံးလိုက်တယ်။ သူတို့က မျက်နှာလွှဲထားတဲ့အတွက် အဖေ အဝတ်ဗလာဖြစ်နေတာကို မမြင်ဘူး။
၂၄ နောဧက အမူးပြေပြီး နိုးလာတော့ သားထွေးရဲ့လုပ်ရပ်ကို သိသွားတယ်။ ၂၅ ဒါနဲ့ နောဧက
“ခါနန်ဟာ ကျိန်စာသင့်ပါစေ။+
ညီအစ်ကိုတွေဆီမှာ အနိမ့်ကျဆုံးကျွန် ဖြစ်ပါစေ”+ လို့ပြောတယ်။
၂၇ ယာဖက်ကို ကျယ်ဝန်းတဲ့မြေ ဘုရားသခင် ပေးသနားပါစေ။
ယာဖက်ဟာ ရှေမရဲ့တဲတွေမှာ နေထိုင်ရပါစေ။
သူ့ဆီမှာလည်း ခါနန် ကျွန်ခံရပါစေ” လို့ ထပ်ပြောတယ်။
၂၈ နောဧက ရေလွှမ်းမိုးဘေးပြီးနောက် နှစ်ပေါင်း ၃၅၀ ဆက်အသက်ရှင်တယ်။+ ၂၉ အသက် ၉၅၀ မှာ နောဧ သေဆုံးသွားတယ်။