လုကာ
၃ ဆီဇာ* တိဗေရိ နန်းစံ ၁၅ နှစ်မှာ ပုန္တိပိလတ်က ယုဒပြည်ရဲ့ဘုရင်ခံ၊ ဟေရုဒ်က+ ဂါလိလဲနယ်စားမင်း၊ ဟေရုဒ်ရဲ့အစ်ကို ဖိလိပ္ပုက အိတုရဲနဲ့ တရာခေါနိတ် နယ်စားမင်း၊ လုသာနိက အဘိလင် နယ်စားမင်း၊ ၂ အန္နတ်က ပုရောဟိတ်ကြီး၊ ကယာဖက+ ပုရောဟိတ်မင်းဖြစ်တယ်။ အဲဒီအချိန်မှာ တောမှာရှိတဲ့+ ဇာခရိရဲ့သား ယောဟန်ဆီ ဘုရားသခင်ရဲ့မိန့်မှာချက် ရောက်လာတယ်။+
၃ ဒါကြောင့် ယောဟန်က နောင်တရတဲ့ အထိမ်းအမှတ်အဖြစ် နှစ်ခြင်းယူကြပါ၊ ဒါမှ အပြစ် ခွင့်လွှတ်ခံရလိမ့်မယ်ဆိုပြီး ဂျော်ဒန်မြစ်ဝှမ်းတစ်လျှောက် လှည့်လည်ဟောပြောတယ်။+ ၄ သူနဲ့ပတ်သက်ပြီး ပရောဖက်ဟေရှာယကျမ်းမှာ “‘ယေဟောဝါ* ဘုရားရဲ့ လမ်းကို အသင့်ပြင်ကြ။ လမ်းတွေ ဖြောင့်ဖြူးအောင် လုပ်ကြ’ ဆိုပြီး တောထဲမှာ လူတစ်ယောက် ကြွေးကြော်နေတယ်။+ ၅ ချိုင့်ဝှမ်းတွေကို မြေဖို့ပြီး တောင်တန်းတောင်ကုန်းတွေကို ဖြိုရမယ်။ ကောက်တဲ့လမ်းတွေကို ဖြောင့်ဖြူးစေပြီး လမ်းကြမ်းတွေကို ချောမွေ့စေရမယ်။ ၆ ဘုရားသခင် ဘယ်လို ကယ်တင်မယ်ဆိုတာ လူအားလုံး မြင်ရလိမ့်မယ်”+ လို့ရေးထားတယ်။
၇ ယောဟန်က နှစ်ခြင်းခံဖို့ ရောက်လာတဲ့ လူအုပ်ကို “မြွေဆိုးအမျိုးတို့၊ ရောက်လာတော့မယ့် အမျက်တော်ကနေ လွတ်အောင်ပြေးဖို့ ခင်ဗျားတို့ကို ဘယ်သူ သတိပေးလိုက်ပါလိမ့်။+ ၈ တကယ်နောင်တရတယ်ဆိုရင် လုပ်ရပ်နဲ့ သက်သေပြကြ။ ‘ငါတို့ဟာ အာဗြဟံရဲ့သားမြေးတွေ’ ဆိုပြီး ထင်မနေကြနဲ့။ ဒီမှာ ကျွန်တော်ပြောမယ်၊ ဘုရားသခင်က ဒီကျောက်ခဲတွေကိုတောင် အာဗြဟံရဲ့ သားမြေးတွေဖြစ်အောင် လုပ်နိုင်တယ်။ ၉ ပုဆိန်က သစ်ပင်ရင်းမှာ ရှိနေတယ်။ အသီးကောင်း မသီးတဲ့အပင် ရှိသမျှဟာခုတ်လှဲပြီး မီးထဲပစ်ချခံရမယ်”+ လို့ပြောတယ်။
၁၀ လူတွေက “ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ” လို့မေးတဲ့အခါ၊ ၁၁ “အင်္ကျီနှစ်ထည်ရှိတဲ့သူက မရှိတဲ့သူကို ဝေမျှပေးလိုက်ပါ။ စားစရာရှိတဲ့သူကလည်း မရှိတဲ့သူကို ဝေမျှပေးပါ”+ ဆိုပြီး ယောဟန်ဖြေတယ်။ ၁၂ အခွန်ခံတွေတောင် နှစ်ခြင်းခံဖို့ ရောက်လာပြီး+ “ဆရာ၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ” လို့မေးတော့၊ ၁၃ ယောဟန်က “အခွန်ကို သတ်မှတ်နှုန်းထက် ပိုမကောက်ကြပါနဲ့”+ လို့ဖြေတယ်။ ၁၄ စစ်မှုထမ်းတွေကလည်း “ကျွန်တော်တို့ကော ဘာလုပ်ရမလဲ” လို့မေးတဲ့အခါ “လူတွေကို ငွေမညှစ်ပါနဲ့။ မတရား မစွပ်စွဲပါနဲ့။+ ရတဲ့လစာနဲ့ ရောင့်ရဲကြပါ” လို့ဖြေတယ်။
၁၅ လူတွေက ခရစ်တော်ကို မျှော်လင့်နေတဲ့အတွက် ယောဟန်ကို “သူဟာ ခရစ်တော်များလား” ဆိုပြီး စဉ်းစားနေကြတယ်။+ ၁၆ ယောဟန်က “ကျွန်တော်က ခင်ဗျားတို့ကို ရေနဲ့ နှစ်ခြင်းပေးတယ်။ ဒါပေမဲ့ ကျွန်တော့်ထက် ကြီးမြတ်တဲ့သူ ရောက်လာတော့မယ်။ သူ့ဖိနပ်ကြိုးကို ဖြေပေးဖို့တောင် ကျွန်တော် မထိုက်တန်ဘူး။+ သူက ခင်ဗျားတို့ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ရော မီးနဲ့ပါ နှစ်ခြင်းပေးလိမ့်မယ်။+ ၁၇ စပါးလှေ့တဲ့ ဂေါ်ပြားကို သူကိုင်နေပြီ။ ကောက်နယ်တလင်းကို ပြောင်အောင် ရှင်းတော့မယ်။ ဂျုံစပါးတွေကို ကျီထဲစုသိမ်းပြီး အဖျင်းတွေကိုတော့ မငြိမ်းနိုင်တဲ့မီးနဲ့ ရှို့လိမ့်မယ်” လို့ပြောတယ်။
၁၈ ယောဟန်က လူတွေကို အမျိုးမျိုးအားပေးပြီး သတင်းကောင်း ဆက်ဟောပြောတယ်။ ၁၉ နယ်စားမင်း ဟေရုဒ်ကိုတော့ အစ်ကို့ဇနီး ဟေရောဒိကို သိမ်းပိုက်တဲ့အတွက်၊ ဆိုးသွမ်းတဲ့လုပ်ရပ်တွေအတွက် ပြစ်တင်ဆုံးမတယ်။ ၂၀ အဲဒီအခါ ဟေရုဒ်က ယောဟန်ကို ထောင်ချလိုက်တယ်။+ ဒါဟာ အဆုံးရွားဆုံးအပြစ်ကို ကျူးလွန်လိုက်တာပဲ။
၂၁ လူတွေ နှစ်ခြင်းခံတဲ့အခါ ယေရှုလည်း နှစ်ခြင်းခံတယ်။+ သူဆုတောင်းနေချိန်မှာ ကောင်းကင်ပွင့်လာပြီး၊+ ၂၂ သန့်ရှင်းသော စွမ်းအားတော်က ချိုးငှက်သဏ္ဌာန်နဲ့ သူ့အပေါ် ဆင်းသက်လာတယ်။ ပြီးတော့ “မင်းဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” ဆိုတဲ့အသံ ကောင်းကင်ကနေ ထွက်လာတယ်။+
ယောသပ်က ဟေလိရဲ့သား၊
၂၄ ဟေလိက မဿတ်ရဲ့သား၊
မဿတ်က လေဝိရဲ့သား၊
လေဝိက မေလခိရဲ့သား၊
မေလခိက ယန္နရဲ့သား၊
ယန္နက ယောသပ်ရဲ့သား၊
၂၅ ယောသပ်က မတ္တသိရဲ့သား၊
မတ္တသိက အာမုတ်ရဲ့သား၊
အာမုတ်က နာဟုံရဲ့သား၊
နာဟုံက ဧသလိရဲ့သား၊
ဧသလိက နဂဲရဲ့သား၊
၂၆ နဂဲက မာအတ်ရဲ့သား၊
မာအတ်က မတ္တသိရဲ့သား၊
မတ္တသိက ရှေမိန်ရဲ့သား၊
ရှေမိန်က ယောသက်ရဲ့သား၊
ယောသက်က ယောဒရဲ့သား၊
၂၇ ယောဒက ယောအာနန်ရဲ့သား၊
ယောအာနန်က ရေသရဲ့သား၊
ရေသက ဇေရုဗဗေလရဲ့သား၊+
ဇေရုဗဗေလက ရှာလသေလရဲ့သား၊+
ရှာလသေလက နေရိရဲ့သား၊
၂၈ နေရိက မေလခိရဲ့သား၊
မေလခိက အာဒိရဲ့သား၊
အာဒိက ကောသံရဲ့သား၊
ကောသံက ဧလမောဒံရဲ့သား၊
ဧလမောဒံက ဧရရဲ့သား၊
၂၉ ဧရက ယေရှုရဲ့သား၊
ယေရှုက ဧလျာဇာရဲ့သား၊
ဧလျာဇာက ယောရိမ်ရဲ့သား၊
ယောရိမ်က မဿတ်ရဲ့သား၊
မဿတ်က လေဝိရဲ့သား၊
၃၀ လေဝိက ရှုမောင်ရဲ့သား၊
ရှုမောင်က ယုဒရဲ့သား၊
ယုဒက ယောသပ်ရဲ့သား၊
ယောသပ်က ယောနံရဲ့သား၊
ယောနံက ဧလျာကိမ်ရဲ့သား၊
၃၁ ဧလျာကိမ်က မေလေရဲ့သား၊
မေလေက မဲနာရဲ့သား၊
မဲနာက မတ္တသရဲ့သား၊
မတ္တသက နာသန်ရဲ့သား၊+
နာသန်က ဒါဝိဒ်ရဲ့သား၊+
ယေရှဲက သြဗက်ရဲ့သား၊+
သြဗက်က ဗောဇရဲ့သား၊+
ဗောဇက စာလမုန်ရဲ့သား၊+
စာလမုန်က နာရှုန်ရဲ့သား၊+
၃၃ နာရှုန်က အမိနဒပ်ရဲ့သား၊
အမိနဒပ်က အာရနိရဲ့သား၊
အာရနိက ဟေဇရုံရဲ့သား၊
ဟေဇရုံက ဖာရက်ရဲ့သား၊+
ဖာရက်က ယုဒရဲ့သား၊+
ယာကုပ်က အိဇက်ရဲ့သား၊+
အိဇက်က အာဗြဟံရဲ့သား၊+
အာဗြဟံက တေရရဲ့သား၊+
တေရက နာခေါ်ရဲ့သား၊+
စေရတ်က ရာဂေါရဲ့သား၊+
ရာဂေါက ဖာလက်ရဲ့သား၊+
ဖာလက်က ဧဗာရဲ့သား၊+
ဧဗာက ရှေလရဲ့သား၊+
၃၆ ရှေလက ကာအိနန်ရဲ့သား၊
ကာအိနန်က အာဖာဇဒ်ရဲ့သား၊+
အာဖာဇဒ်က ရှေမရဲ့သား၊+
ရှေမက နောဧရဲ့သား၊+
နောဧက လာမက်ရဲ့သား၊+
မသုရှလက ဧနောက်ရဲ့သား၊
ဧနောက်က ယာရက်ရဲ့သား၊+
ယာရက်က မဟာလေလရဲ့သား၊+
မဟာလေလက ကာအိနန်ရဲ့သား၊+
ဧနုတ်က ရှေသရဲ့သား၊+
ရှေသက အာဒံရဲ့သား၊+
အာဒံက ဘုရားသခင်ရဲ့သား ဖြစ်တယ်။