ယောဘ
၂၉ ယောဘ ဆက်ပြောတာက–
၂ “ကုန်လွန်သွားတဲ့ လတွေ၊
ဘုရားသခင် ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့ နေ့တွေကို ပြန်လိုချင်လိုက်တာ။
၃ အဲဒီအချိန်တုန်းက ဘုရားက ကျုပ်ရဲ့ခေါင်းပေါ်မှာ မီးခွက် ထွန်းပေးတဲ့အတွက်
မှောင်မိုက်ထဲမှာ အလင်းနဲ့ လျှောက်ခဲ့ရတယ်။+
၄ အဲဒီတုန်းက ကျုပ်ဟာ အရွယ်ကောင်းလေးပါ။
ကျုပ်တဲမှာ ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့တယ်။+
၅ ကျုပ်နဲ့အတူ အနန္တတန်ခိုးရှင် ရှိခဲ့တယ်။
သားသမီးတွေလည်း ခြံရံနေတယ်။
၈ လူငယ်တွေက ကျုပ်ကိုတွေ့တာနဲ့ လမ်းဖယ်ပေးကြတယ်။
အသက်ကြီးသူတွေတောင် ထရပ်ကြတယ်။+
၉ ခေါင်းဆောင်တွေဆို စကားဆက်မပြောတော့ဘဲ
ပါးစပ်ကို လက်နဲ့ပိတ်ထားကြတယ်။
၁၀ အရေးပါအရာရောက်သူတွေလည်း နှုတ်ဆိတ်နေကြတယ်။
သူတို့လျှာဟာ အာခေါင်မှာ ကပ်နေတယ်။
၁၁ ကျုပ်အကြောင်းကို ကြားသူတိုင်း အကောင်းပြောကြတယ်။
ကျုပ်ကို မြင်သူတိုင်းလည်း ကျုပ်ဘက်ကနေ ထောက်ခံကြတယ်။
၁၃ ဒုက္ခနွံထဲ နစ်နေသူက ကျုပ်ကို ကောင်းချီးပေးတယ်။+
မုဆိုးမတွေကို ကျုပ်ရွှင်လန်းစေခဲ့တယ်။+
၁၄ ကျုပ်က ဖြောင့်မတ်ခြင်းကို ဝတ်ဆင်တယ်။
တရားမျှတခြင်းဟာ ကျုပ်ရဲ့ဝတ်ရုံလို၊ ခေါင်းပေါင်းလိုပါပဲ။
၁၅ ကျုပ်ဟာ မျက်မမြင်အတွက် မျက်စိ၊
ခြေမသန်သူအတွက် ခြေထောက် ဖြစ်ခဲ့တယ်။
၁၆ ဆင်းရဲသားတွေအတွက် ဖခင်သဖွယ် ဖြစ်ခဲ့တယ်။+
သူစိမ်းတွေရဲ့ အမှုအခင်းတွေကိုလည်း စုံစမ်းစစ်ဆေးပေးခဲ့တယ်။+
၁၈ ‘ကျုပ်ဟာ ကိုယ့်အသိုက်အမြုံမှာပဲ သေဆုံးရလိမ့်မယ်။+
ကျုပ်ရဲ့နေ့ရက်တွေ သဲပွင့်တွေလို များပြားလိမ့်မယ်။
၁၉ ကျုပ်ရဲ့အမြစ်တွေ ရေထဲမှာ ဖြာထွက်ပြီး
သစ်ကိုင်းတွေလည်း တစ်ညလုံး နှင်းတွေ စိုနေလိမ့်မယ်။
၂၀ ကျုပ်ရဲ့ဂုဏ်ကျက်သရေ ဘယ်တော့မှ မညှိုးနွမ်းဘူး။
လက်ထဲက လေးဟာ တရစပ် ပစ်ခတ်နေရလိမ့်မယ်’ လို့ ကျုပ်ပြောခဲ့ဖူးတယ်။
၂၁ ကျုပ်ပြောမယ့်စကားကို လူတွေ မျှော်လင့်ကြတယ်။
ကျုပ်ရဲ့အကြံဉာဏ်ကို တိတ်တိတ်နေပြီး စောင့်မျှော်ကြတယ်။+
၂၂ ကျုပ်ပြောပြီးတဲ့နောက် သူတို့ ဘာမှထပ်မပြောတော့ဘူး။
ကျုပ်ရဲ့စကားတွေ သူတို့နားထဲ ညင်ညင်သာသာ ရောက်သွားတယ်။
၂၃ မိုးကိုမျှော်သလို ကျုပ်ကို မျှော်ကြတယ်။
နွေဦးမိုးကို သောက်သုံးသလို ကျုပ်ရဲ့စကားတွေကို သောက်သုံးကြတယ်။+
၂၄ ကျုပ်ပြုံးပြတဲ့အခါ မယုံနိုင်အောင် ဖြစ်ကုန်တယ်။
ကျုပ်ရဲ့မျက်နှာအလင်းက သူတို့ကို စိတ်အေးစေတယ်။*
၂၅ ကျုပ်က ခေါင်းဆောင်အနေနဲ့ သူတို့ကို လမ်းညွှန်ပေးခဲ့တယ်။