တိတု
၁ ဘုရားသခင်ရဲ့ကျွန်၊ ယေရှုခရစ်ရဲ့ တမန်တော်ဖြစ်တဲ့ ပေါလု စာရေးလိုက်ပါတယ်။ ငါဟာ ဘုရားသခင် ရွေးချယ်သူတွေရဲ့ ယုံကြည်ခြင်းမျိုးကို ပိုင်ဆိုင်တဲ့သူ၊ ဘုရားတရား ကိုင်းရှိုင်းတတ်အောင် သင်ပေးတဲ့ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိထားသူပါ။ ၂ အဲဒါတွေဟာ ထာဝရအသက် မျှော်လင့်ချက်ကို+ အခြေခံတယ်။ မုသာမသုံးတဲ့ ဘုရားသခင်က+ ငါတို့ကို အဲဒီမျှော်လင့်ချက်ပေးမယ်လို့ ဟိုးအရင်ကတည်းက ကတိပေးခဲ့တယ်။ ၃ အချိန်တန်တဲ့အခါ သတင်းကောင်းဟောပြောခြင်းအားဖြင့် တရားစကားကို ကြားသိစေခဲ့တယ်။ ကယ်တင်ရှင် ဘုရားသခင်က အဲဒီတာဝန် အပ်နှင်းထားတဲ့အတွက်+ အမိန့်တော်အရ ငါဟောပြောနေတယ်။ ၄ ငါနဲ့ ယုံကြည်ခြင်းတူရုံမက သားအရင်းလိုဖြစ်နေတဲ့ တိတုဆီ စာရေးလိုက်တယ်။
အဖဘုရားသခင်နဲ့ ကယ်တင်ရှင် ခရစ်တော်ယေရှုဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခံစားရပါစေ။
၅ ခရိကျွန်းမှာ မင်းကိုထားခဲ့တဲ့ အကြောင်းရင်းက ချွတ်ယွင်းချက်တွေကို တည့်မတ်ပေးဖို့၊ ငါညွှန်ကြားထားတဲ့အတိုင်း မြို့တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်ပေးဖို့ပဲ။ ၆ အကြီးအကဲဟာ ပြစ်တင်စွပ်စွဲစရာ ဘာမှမရှိတဲ့သူ၊ ဇနီးတစ်ဦးတည်းရှိသူ ဖြစ်ရမယ်။ သားသမီးတွေလည်း ယုံကြည်သူတွေ ဖြစ်ရမယ်။ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့သူ၊ ဆုံးမရခက်သူတွေလို့ နာမည်မထွက်ရဘူး။+ ၇ ဘုရားသခင်ရဲ့ ဘဏ္ဍာစိုးဖြစ်တဲ့ ကြီးကြပ်မှူးဟာ ပြစ်တင်စွပ်စွဲစရာ ဘာမှမရှိတဲ့သူ ဖြစ်ရမယ်။ ထင်ရာစိုင်းသူ၊+ ဒေါသထွက်လွယ်သူ၊+ သောက်ကြူးသူ၊ ရိုက်နှက်တတ်သူ၊ မသမာနည်းနဲ့ လောဘတကြီး အမြတ်ထုတ်သူ မဖြစ်ရဘူး။ ၈ ဧည့်ဝတ်ကျေပွန်သူ၊+ ကောင်းမြတ်တဲ့အရာကို နှစ်သက်သူ၊ ချင့်ချိန်တတ်သူ၊+ ဖြောင့်မတ်သူ၊ သစ္စာစောင့်သိသူ၊+ ချုပ်တည်းခြင်းရှိသူ+ ဖြစ်ရမယ်။ ၉ သွန်သင်ခြင်းနည်းပညာကို အသုံးပြုတဲ့အခါ စစ်မှန်တဲ့ တရားစကားကို လက်ကိုင်ပြုသူ ဖြစ်ရမယ်။+ ဒါမှ သူဟာ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်တွေနဲ့+ အားပေးနိုင်ရုံမက အဲဒီသွန်သင်ချက်ကို အတိုက်အခံလုပ်သူတွေကိုလည်း ပဲ့ပြင်နိုင်လိမ့်မယ်။+
၁၀ ပုန်ကန်တတ်သူ၊ အချည်းနှီးစကားကို ပြောသူ၊ လှည့်စားတတ်သူတွေ အများကြီးရှိနေတယ်။ အထူးသဖြင့်၊ အရေဖျားဖြတ်ရမယ်ဆိုတဲ့ ပညတ်ကို+ စွဲစွဲမြဲမြဲ လိုက်နာသူတွေပဲ။ ၁၁ သူတို့က မသမာနည်းနဲ့ အမြတ်ထုတ်ချင်လို့ မသွန်သင်အပ်တဲ့အရာတွေ သွန်သင်ပေးပြီး မိသားစုတချို့ရဲ့ ယုံကြည်ခြင်းကို ပျက်စီးအောင် လုပ်နေတယ်။ ဒါကြောင့် သူတို့ရဲ့ နှုတ်ကို ပိတ်ရမယ်။ ၁၂ သူတို့ထဲက ပရောဖက်တစ်ယောက်က “ခရိကျွန်းသား၊ မုသားစွဲလမ်း၊ သားရဲကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူပျင်းယုတ်” လို့ ပြောခဲ့တယ်။
၁၃ အဲဒီစကားဟာ အမှန်ပဲ။ ဒါကြောင့် သူတို့ကို ပြင်းပြင်းထန်ထန် ဆုံးမပဲ့ပြင်ပါ။ ဒါမှ သူတို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာလိမ့်မယ်။ ၁၄ ဂျူးဒဏ္ဍာရီတွေ၊ အမှန်တရား ပစ်ပယ်သူတွေရဲ့ ပညတ်တွေကို အရေးမစိုက်ဘဲ နေကြလိမ့်မယ်။ ၁၅ စင်ကြယ်သူတွေအတွက် အရာအားလုံးဟာ စင်ကြယ်တယ်။+ ညစ်ညူးပြီး ယုံကြည်ခြင်း မရှိသူတွေအတွက်တော့ ဘာတစ်ခုမှ မစင်ကြယ်ဘူး။ သူတို့ရဲ့ စိတ်ထားနဲ့အမှားအမှန်သိစိတ်က ညစ်ညူးနေလို့ပဲ။+ ၁၆ ဘုရားသခင်ကို သိတယ်လို့ လူကြားကောင်းအောင် ပြောပေမဲ့ သူတို့ရဲ့ လုပ်ရပ်ကတော့ ဘုရားသခင်ကို ငြင်းပယ်တယ်ဆိုတာ ပြတယ်။+ ဘာလို့လဲဆိုတော့ သူတို့ဟာ ရွံရှာဖွယ်ကောင်းသူ၊ နာခံမှုမရှိသူ၊ ကောင်းမွန်ရာတွေ လုပ်ဆောင်ဖို့ လုံးဝ မသင့်တော်သူတွေ ဖြစ်နေလို့ပဲ။