ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ကောရိန္သု ၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ကောရိန္သု မာတိကာ

      • ဘဏ္ဍာစိုးမှန်ရင် သစ္စာရှိရ (၁-၅)

      • ခရစ်ယာန်အမှုဆောင်တွေ နှိမ့်ချ (၆-၁၃)

        • ‘ကျမ်းစာမှာ ရေးထားတာထက် မလွန်ရ’ (၆)

        • ခရစ်ယာန်တွေဟာ ပွဲဝင်သူတွေဖြစ် (၉)

      • ဖခင်တစ်ယောက်လို ပေါလု ဂရုစိုက် (၁၄-၂၁)

၁ ကောရိန္သု ၄:၁

ကျမ်းညွှန်းများ

  • +မ ၁၃:၁၁; ရ ၁၆:၂၅၊ ၂၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၂၀၁၂၊ စာ. ၁၁-၁၂

    ၈/၁/၂၀၀၀၊ စာ. ၁၄-၁၅

၁ ကောရိန္သု ၄:၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၂၀၁၂၊ စာ. ၁၂-၁၃

    ၁၂/၁/၁၉၈၉၊ စာ. ၂၂-၂၃

၁ ကောရိန္သု ၄:၄

အောက်ခြေမှတ်ချက်များ

  • *

    နောက်ဆက်တွဲ က၅ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ပ ၂၁:၂; ရ ၁၄:၁၀; ဟီ ၄:၁၃

၁ ကောရိန္သု ၄:၅

ကျမ်းညွှန်းများ

  • +မ ၇:၁
  • +ပ ၁၀:၉; ၂က ၁၀:၁၈; ၁တိ ၅:၂၄၊ ၂၅

၁ ကောရိန္သု ၄:၆

ကျမ်းညွှန်းများ

  • +၁က ၁:၁၂
  • +ရ ၁၂:၃; ၂က ၁၂:၂၀; ၃ယ ၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၄/၁၅/၂၀၀၈၊ စာ. ၇

    ၁၁/၁/၁၉၉၀၊ စာ. ၂၆-၂၇

၁ ကောရိန္သု ၄:၇

ကျမ်းညွှန်းများ

  • +ယဟ ၃:၂၇

၁ ကောရိန္သု ၄:၈

ကျမ်းညွှန်းများ

  • +ဗ ၂၀:၄၊ ၆
  • +၂တိ ၂:၁၂; ဗ ၃:၂၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၂၀၀၈၊ စာ. ၂၂

    ၁/၁၅/၁၉၉၄၊ စာ. ၁၇-၁၈

၁ ကောရိန္သု ၄:၉

ကျမ်းညွှန်းများ

  • +ဟီ ၁၀:၃၃
  • +ရ ၈:၃၆; ၁က ၁၅:၃၂; ၂က ၆:၄၊ ၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၅/၁၅/၂၀၀၉၊ စာ. ၂၄

    ၁၀/၁/၁၉၉၀၊ စာ. ၃၀

    နိုင်ငံတော်ဓမ္မအမှု၊

    ၈/၂၀၀၁၊ စာ. ၁

၁ ကောရိန္သု ၄:၁၀

ကျမ်းညွှန်းများ

  • +၁က ၃:၁၈

၁ ကောရိန္သု ၄:၁၁

ကျမ်းညွှန်းများ

  • +၂က ၁၁:၂၇; ဖိ ၄:၁၂
  • +တ ၁၄:၁၉; ၂၃:၂; ၂က ၁၁:၂၄

၁ ကောရိန္သု ၄:၁၂

ကျမ်းညွှန်းများ

  • +တ ၁၈:၃; ၂၀:၃၄; ၁သ ၂:၉
  • +ရ ၁၂:၁၄; ၁ပေ ၃:၉
  • +မ ၅:၄၄

၁ ကောရိန္သု ၄:၁၃

ကျမ်းညွှန်းများ

  • +၁ပေ ၂:၂၃

၁ ကောရိန္သု ၄:၁၅

ကျမ်းညွှန်းများ

  • +ဂ ၄:၁၉; ၁သ ၂:၁၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၈/၁/၁၉၉၃၊ စာ. ၁၅

၁ ကောရိန္သု ၄:၁၆

ကျမ်းညွှန်းများ

  • +၁က ၁၁:၁; ဖိ ၃:၁၇; ၁သ ၁:၆

၁ ကောရိန္သု ၄:၁၇

ကျမ်းညွှန်းများ

  • +၂တိ ၁:၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၄/၂၀၁၈၊ စာ. ၁၄

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁/၂၀၁၇၊ စာ. ၃၀-၃၁

၁ ကောရိန္သု ၄:၁၉

အောက်ခြေမှတ်ချက်များ

  • *

    နောက်ဆက်တွဲ က၅ ကိုကြည့်။

၁ ကောရိန္သု ၄:၂၁

ကျမ်းညွှန်းများ

  • +၂က ၁၃:၁၀

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ကော. ၄:၁မ ၁၃:၁၁; ရ ၁၆:၂၅၊ ၂၆
၁ ကော. ၄:၄ပ ၂၁:၂; ရ ၁၄:၁၀; ဟီ ၄:၁၃
၁ ကော. ၄:၅မ ၇:၁
၁ ကော. ၄:၅ပ ၁၀:၉; ၂က ၁၀:၁၈; ၁တိ ၅:၂၄၊ ၂၅
၁ ကော. ၄:၆၁က ၁:၁၂
၁ ကော. ၄:၆ရ ၁၂:၃; ၂က ၁၂:၂၀; ၃ယ ၉
၁ ကော. ၄:၇ယဟ ၃:၂၇
၁ ကော. ၄:၈ဗ ၂၀:၄၊ ၆
၁ ကော. ၄:၈၂တိ ၂:၁၂; ဗ ၃:၂၁
၁ ကော. ၄:၉ဟီ ၁၀:၃၃
၁ ကော. ၄:၉ရ ၈:၃၆; ၁က ၁၅:၃၂; ၂က ၆:၄၊ ၉
၁ ကော. ၄:၁၀၁က ၃:၁၈
၁ ကော. ၄:၁၁၂က ၁၁:၂၇; ဖိ ၄:၁၂
၁ ကော. ၄:၁၁တ ၁၄:၁၉; ၂၃:၂; ၂က ၁၁:၂၄
၁ ကော. ၄:၁၂တ ၁၈:၃; ၂၀:၃၄; ၁သ ၂:၉
၁ ကော. ၄:၁၂ရ ၁၂:၁၄; ၁ပေ ၃:၉
၁ ကော. ၄:၁၂မ ၅:၄၄
၁ ကော. ၄:၁၃၁ပေ ၂:၂၃
၁ ကော. ၄:၁၅ဂ ၄:၁၉; ၁သ ၂:၁၁
၁ ကော. ၄:၁၆၁က ၁၁:၁; ဖိ ၃:၁၇; ၁သ ၁:၆
၁ ကော. ၄:၁၇၂တိ ၁:၁၃
၁ ကော. ၄:၂၁၂က ၁၃:၁၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ (bi7) ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ကောရိန္သု ၄:၁-၂၁

၁ ကောရိန္သု

၄ ကျွန်တော်တို့ကို  ခရစ်တော်ရဲ့ အစေအပါးတွေ၊  ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့  လျှို့ဝှက်ချက်တွေကို+ စောင့်ရှောက်ရတဲ့  ဘဏ္ဍာစိုးတွေအဖြစ် ယူမှတ်ကြပါ။ ၂ ဘဏ္ဍာစိုးတာဝန်  ရထားပြီဆိုရင်  သစ္စာရှိရမယ်။ ၃ ခင်ဗျားတို့ စစ်ဆေးတာဖြစ်စေ၊ ရုံးတော်က  စစ်ဆေးတာဖြစ်စေ  ကျွန်တော့်အတွက်တော့ သိပ်အရေးမကြီးဘူး။ တကယ်တော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်တောင် စစ်ဆေးတာ မဟုတ်ဘူး။ ၄ ကျွန်တော်  မကောင်းတာတစ်ခုမှ မလုပ်ခဲ့ဘူးဆိုတဲ့အတွေးနဲ့ စိတ်ကြည်ပါတယ်။ အဲဒီလိုဖြစ်လို့ ကျွန်တော် ဖြောင့်မတ်သွားတာ မဟုတ်ဘူး။ ကျွန်တော့်ကို စစ်ဆေးတဲ့သူဟာ ယေဟောဝါပဲ။*+ ၅ ဒါကြောင့်  သခင်ရောက်လာချိန်မတိုင်ခင် ဘယ်သူ့ကိုမှ ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့။+ သခင် ရောက်လာတဲ့အခါ မှောင်မိုက်ထဲမှာရှိတဲ့ လျှို့ဝှက်ချက်တွေကို အလင်းထဲ ယူဆောင်လာပြီး  လူတွေရဲ့ စိတ်ထဲက အကြံအစည်တွေကို  ဖော်ထုတ်လိမ့်မယ်။ အဲဒီအချိန်မှာ လူတိုင်းဟာ ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကို ထိုက်တန်သလို ခံရလိမ့်မယ်။+

၆ ညီအစ်ကိုတို့၊ ကိုယ်တိုင်နဲ့ အာပေါလုကို+ နမူနာပြပြီး ဒီအကြောင်းတွေကို ကျွန်တော် ပြောနေတာဟာ ခင်ဗျားတို့အကျိုးအတွက်ပါ။ “ကျမ်းစာမှာ ရေးထားတာထက် မလွန်ရ” ဆိုတဲ့မူကို ခင်ဗျားတို့ သင်ယူနိုင်ဖို့ပဲ။ ဒါဆိုရင်  မာနထောင်လွှားတာ၊+   တစ်ယောက်ယောက်ကို မျက်နှာသာပိုပေးတာတွေ ရှိမှာမဟုတ်ဘူး။ ၇ သူတစ်ပါးထက် သာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ယူဆတာလဲ။ ခင်ဗျားတို့ ရထားသမျှဟာ ဘုရားသခင်ဆီကပဲ။+ ဘုရားသခင်ဆီက ရထားတာဆိုရင် မရထားသလိုမျိုး ဘာလို့ ဝါကြွားနေတာလဲ။

၈ ခင်ဗျားတို့  အခုကတည်းက လိုလေသေးမရှိ ပြည့်စုံနေကြပြီလား။ အခုကတည်းက ကြွယ်ဝနေကြပြီလား။ ကျွန်တော်တို့မပါဘဲ ဘုရင်အဖြစ် စိုးစံနေကြပြီလား။+ ကျွန်တော်တို့လည်း ခင်ဗျားတို့နဲ့အတူ စိုးစံရမှာဆိုတော့ ခင်ဗျားတို့ကို ဘုရင်အဖြစ် စိုးစံနေစေချင်တာပေါ့။+ ၉ ကျွန်တော်တို့ဟာ လောကရှေ့မှာ၊ ကောင်းကင်တမန်တွေ၊ လူတွေရှေ့မှာ ပွဲဝင်နေရသူတွေပါ။+ ဒါကြောင့် ဘုရားသခင်က ကျွန်တော်တို့ တမန်တော်တွေကို သေဒဏ်စီရင်ခံရသူတွေအဖြစ်+ နောက်ဆုံးမှ ပွဲထုတ်တယ်လို့ ကျွန်တော်ထင်တယ်။ ၁၀ ကျွန်တော်တို့ဟာ ခရစ်တော်ကြောင့် မိုက်မဲသူတွေလို့ သတ်မှတ်ခံရတယ်။+ ခင်ဗျားတို့ကတော့ ခရစ်တော်ကြောင့် သတိပညာရှိသူတွေလို့  ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ကြတယ်။ ကျွန်တော်တို့ဟာ အားနည်းသူတွေ၊ ခင်ဗျားတို့ကတော့ သန်စွမ်းသူတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ဟာ ရှုတ်ချခံရသူတွေ၊ ခင်ဗျားတို့ကတော့ အသရေရှိသူတွေ ဖြစ်နေတယ်။ ၁၁ အစာရေစာ ငတ်မွတ်တာ၊+ အဝတ်အစားမဲ့တာ၊ ရိုက်နှက်ခံရတာ၊+ အိုးမဲ့အိမ်မဲ့ဖြစ်တာတွေကို အခုချိန်အထိ ကျွန်တော်တို့ ခံနေရတုန်းပဲ။ ၁၂ ကိုယ်တိုင် ပင်ပန်းကြီးစွာလုပ်ကိုင်ရတယ်။+ စော်ကားခံရတဲ့အခါ ဆုမွန်ကောင်း တောင်းပေးလိုက်တယ်။+ ညှဉ်းဆဲခံရတဲ့အခါ စိတ်ရှည်ရှည်ထားပြီး သည်းခံလိုက်တယ်။+ ၁၃ ကုန်းချောခံရတဲ့အခါ ညင်ညင်သာသာပဲ ပြန်ပြောလိုက်တယ်။+ ကျွန်တော်တို့ဟာ အခုချိန်အထိ  ဒီလောကရဲ့  အမှိုက်သရိုက်လို၊ လူတကာစွန့်တဲ့ အညစ်အကြေးလို ဖြစ်နေတယ်။

၁၄ အခုလိုရေးလိုက်တာက  ခင်ဗျားတို့ကို အရှက်ခွဲဖို့ မဟုတ်ပါဘူး။ ချစ်ရတဲ့သားသမီးတွေလို သဘောထားပြီး ဆုံးမချင်လို့ပါ။ ၁၅ ခင်ဗျားတို့ကို ခရစ်တော်နောက်လိုက်ဖို့ သင်ပေးတဲ့ အုပ်ထိန်းသူ အယောက် ၁၀,၀၀၀ ရှိကောင်းရှိမယ်။ ဒါပေမဲ့ ဖခင်အများကြီး  မရှိပါဘူး။  ကျွန်တော်ကတော့ ခင်ဗျားတို့ကို  သတင်းကောင်းဟောပြောပြီး ခရစ်တော်ယေရှုနောက်လိုက်ဖို့ သင်ပေးတဲ့ ဖခင်တစ်ယောက်လိုပါပဲ။+ ၁၆ ဒါကြောင့် ကျွန်တော့်ကို အတုယူကြဖို့ အားပေးချင်တယ်။+ ၁၇ ဒါကြောင့် တိမောသေကို ခင်ဗျားတို့ဆီ လွှတ်လိုက်တာပါ။ သူဟာ ကျွန်တော်ချစ်ရတဲ့ သားဖြစ်သလို သခင့်အတွက် သစ္စာရှိရှိ အမှုဆောင်နေသူလည်း ဖြစ်တယ်။ ခရစ်တော်ယေရှုအတွက် အမှုဆောင်တဲ့အခါ ကျွန်တော်ကျင့်သုံးတဲ့ နည်းလမ်းတွေကို သူပြောပြလိမ့်မယ်။+ အရပ်ရပ်က အသင်းတော်တိုင်းမှာ အဲဒီနည်းလမ်းတွေကိုပဲ ကျွန်တော် သွန်သင်ပေးခဲ့တယ်။

၁၈ တချို့က  ခင်ဗျားတို့ဆီ  ကျွန်တော်မလာလောက်ဘူးအထင်နဲ့ မာနထောင်လွှားနေတယ်။ ၁၉ ဒါပေမဲ့  ယေဟောဝါ*  အလိုတော်ရှိရင် မကြာခင် ကျွန်တော်အရောက်လာမှာပါ။ မာနထောင်လွှားသူတွေရဲ့ စကားကို ကျွန်တော် စိတ်မဝင်စားပါဘူး။ သူတို့နဲ့အတူ ဘုရားတန်ခိုးတော် ရှိနေမနေ အဲဒီအခါကျရင် ကျွန်တော် သိအောင်လုပ်မယ်။ ၂၀ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ အပြောနဲ့ မဆိုင်ဘူး။ တန်ခိုးတော်ရှိကြောင်းပြတဲ့ လုပ်ရပ်တွေနဲ့ပဲ ဆိုင်တာ။ ၂၁ ခင်ဗျားတို့ ဘာကို အလိုရှိသလဲ။ ခင်ဗျားတို့ဆီ ကြိမ်လုံးနဲ့ လာရမလား။+ ဒါမှမဟုတ် မေတ္တာနဲ့၊ နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့ လာရမလား။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ