ထွက်မြောက်ရာ
၃၀ “နံ့သာပေါင်းမီးရှို့ဖို့ ပလ္လင်တစ်ခုကို+ ရှားသားနဲ့ လုပ်ရမယ်။+ ၂ အလျားတစ်တောင်၊ အနံတစ်တောင်ရှိတဲ့ စတုရန်းပုံ ဖြစ်ရမယ်။ အမြင့်နှစ်တောင် ရှိရမယ်။ ဦးချိုအတက်တွေက ပလ္လင်နဲ့တစ်ဆက်တည်း ရှိရမယ်။+ ၃ ပလ္လင်မျက်နှာပြင်၊ ဘေးပတ်လည်နဲ့ ဦးချိုအတက်တွေကို ရွှေစင်နဲ့ ရွှေချပြီး အပေါ်နားပတ်လည်မှာ ရွှေအနားကွပ် လုပ်ရမယ်။ ၄ ပလ္လင်ရဲ့ဘေးနှစ်ဖက် အနားကွပ်အောက်မှာ ထမ်းပိုးလျှိုစရာ ရွှေကွင်းနှစ်ကွင်းစီ တပ်ရမယ်။ ၅ ထမ်းပိုးတွေကို ရှားသားနဲ့လုပ်ပြီး ရွှေချရမယ်။ ၆ သက်သေခံချက်သေတ္တာနဲ့ သေတ္တာအဖုံးရှေ့၊ မင်းကို ငါတွေ့ဆုံမယ့်နေရာနားက+ ကန့်လန့်ကာရှေ့မှာ+ ပလ္လင်ကို ထားရမယ်။
၇ “အာရုန်က+ မနက်တိုင်း မီးခွက်တွေ+ ပြင်ဆင်တဲ့အခါ ပလ္လင်ပေါ်မှာ+ နံ့သာပေါင်းကို+ မီးရှို့ရမယ်။ ၈ နေဝင်ချိန်မှာ မီးခွက်ထွန်းတဲ့အခါ နံ့သာပေါင်းကို မီးရှို့ရမယ်။ မင်းတို့လူမျိုးအစဉ်အဆက် ယေဟောဝါရှေ့မှာ အမြဲမီးရှို့ရမယ်။ ၉ တားမြစ်ထားတဲ့ နံ့သာပေါင်း၊+ မီးရှို့ရာအလှူ၊ ကောက်နှံအလှူကို ပလ္လင်ပေါ်မှာ မပူဇော်ရဘူး။ သွန်းလောင်းရာအလှူကိုလည်း မလောင်းရဘူး။ ၁၀ အာရုန်က အပြစ်ဖြေရာအလှူရဲ့+ သွေးကို ဦးချိုအတက်တွေမှာ သုတ်လိမ်းပြီး ပလ္လင်ကို တစ်နှစ်တစ်ခါ သန့်စင်ရမယ်။+ မင်းတို့ လူမျိုးအစဉ်အဆက် တစ်နှစ်တစ်ခါ အဲဒီလိုလုပ်ရမယ်။ ဒါဟာ ယေဟောဝါရှေ့မှာ အသန့်ရှင်းဆုံးပဲ။”
၁၁ အဲဒီနောက် ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၁၂ “အစ္စရေးတွေကို လူဦးရေစာရင်း ကောက်တဲ့အခါ+ ကပ်ဘေး မကျရောက်စေဖို့ တစ်ယောက်စီက ကိုယ့်အသက်အတွက် ရွေးဖိုးကို ယေဟောဝါဆီ ပေးရမယ်။ ၁၃ လူဦးရေစာရင်းဝင်သူတွေက သန့်ရှင်းရာဌာနတော်ရဲ့ စံအလေးချိန်အတိုင်း+ ရှယ်ကယ်* တစ်ဝက်ကို ယေဟောဝါအတွက် အလှူအဖြစ် ပေးရမယ်။ တစ်ရှယ်ကယ်က ဂေရ* ၂၀ နဲ့ ညီမျှတယ်။+ ၁၄ အသက် ၂၀ နဲ့ ၂၀ အထက် လူဦးရေစာရင်းဝင်သူတိုင်း ယေဟောဝါအတွက် ပေးလှူရမယ်။+ ၁၅ ကိုယ့်အသက်အတွက် အပြစ်ဖြေဖို့ ယေဟောဝါကို ပေးလှူတဲ့အခါ သူဌေးက ရှယ်ကယ်တစ်ဝက်ထက် ပိုမပေးရဘူး။ ဆင်းရဲသားလည်း ရှယ်ကယ်တစ်ဝက်အောက် လျော့မပေးရဘူး။ ၁၆ အပြစ်ဖြေရာငွေကို အစ္စရေးတွေဆီကနေ ယူပြီး တွေ့ဆုံရာတဲတော်လုပ်ငန်းအတွက် ပေးရမယ်။ အဲဒါက အစ္စရေးတွေကို ယေဟောဝါ အမှတ်ရနေဖို့၊ မင်းတို့ရဲ့ အသက်အတွက် အပြစ်ဖြေပေးဖို့ ဖြစ်လိမ့်မယ်။”
၁၇ ယေဟောဝါက မောရှေကို ဆက်မိန့်မှာတယ်– ၁၈ “ဆေးကြောဖို့အတွက် ကြေးနီအင်တုံကြီးနဲ့ အင်တုံတင်ဖို့ ကြေးနီစင်ကို လုပ်ရမယ်။+ တွေ့ဆုံရာတဲတော်နဲ့ ပူဇော်ရာပလ္လင်ကြားမှာ ထားပြီး ရေဖြည့်ရမယ်။+ ၁၉ အာရုန်နဲ့ သူ့သားတွေက အဲဒီမှာ ခြေလက်ဆေးရမယ်။+ ၂၀ တွေ့ဆုံရာတဲတော်ထဲ ဝင်တဲ့အခါ၊ ယေဟောဝါအတွက် မီးရှို့ပူဇော်ဖို့ ပူဇော်ရာပလ္လင်အနား သွားပြီး အမှုဆောင်တဲ့အခါ သေဘေးနဲ့လွတ်အောင် ခြေလက်ဆေးရမယ်။ ၂၁ ဒါဟာ အာရုန်နဲ့သားမြေးတွေ အမျိုးအစဉ်အဆက် လိုက်နာရမယ့် အမြဲတည်တဲ့စည်းမျဉ်းပဲ။”+
၂၂ ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂၃ “အကောင်းဆုံး အမွှေးနံ့သာတွေဖြစ်တဲ့ မုရန်သစ်စေးခဲ ရှယ်ကယ် ၅၀၀၊ သစ်ကြံပိုးမွှေး ရှယ်ကယ် ၂၅၀၊ ကြိမ်မွှေး ရှယ်ကယ် ၂၅၀၊ ၂၄ ကရဝေး ရှယ်ကယ် ၅၀၀ နဲ့ သံလွင်ဆီ တစ်ဟိန်* ကိုယူပါ။ သန့်ရှင်းရာဌာနတော်ရဲ့ စံအလေးချိန်အတိုင်း+ ချိန်တွယ်ရမယ်။ ၂၅ အဲဒီအမွှေးနံ့သာတွေကို သမအောင်ရောစပ်ပြီး သန့်ရှင်းတဲ့ဘိသိက်ဆီ ဖော်စပ်ရမယ်။+ ဒါဟာ သန့်ရှင်းတဲ့ဘိသိက်ဆီပဲ။
၂၆ “တွေ့ဆုံရာတဲတော်နဲ့ သက်သေခံချက်သေတ္တာကို ဘိသိက်ဆီ လောင်းရမယ်။+ ၂၇ စားပွဲနဲ့ စားပွဲအသုံးအဆောင်၊ ဆီမီးတိုင်နဲ့ ဆီမီးတိုင်အသုံးအဆောင်၊ နံ့သာပေါင်းပလ္လင်၊ ၂၈ မီးရှို့ပူဇော်ရာပလ္လင်နဲ့ ပလ္လင်အသုံးအဆောင်၊ အင်တုံကြီးနဲ့ အင်တုံတင်တဲ့စင်ကိုလည်း ဘိသိက်ဆီ လောင်းရမယ်။ ၂၉ အဲဒီပစ္စည်းတွေကို အသန့်ရှင်းဆုံးဖြစ်အောင် ဆက်ကပ်ရမယ်။+ အဲဒီပစ္စည်းတွေကို ကိုင်တဲ့သူတိုင်း သန့်ရှင်းရမယ်။+ ၃၀ ပုရောဟိတ်တွေအဖြစ် ငါ့အတွက် အမှုဆောင်နိုင်ဖို့ အာရုန်နဲ့ သူ့သားတွေကိုလည်း ဘိသိက်ပေးပြီး+ သန့်ရှင်းမြင့်မြတ်စေရမယ်။+
၃၁ “‘မင်းတို့လူမျိုးအစဉ်အဆက်မှာ ဒီဆီကို သန့်ရှင်းတဲ့ဘိသိက်ဆီအဖြစ် ငါ့အတွက် အမြဲသုံးရမယ်။+ ၃၂ ဒီဆီကို လူတွေ မလိမ်းရဘူး။ ဒီဆီနဲ့တူအောင် မဖော်စပ်ရဘူး။ သန့်ရှင်းတဲ့ဆီ ဖြစ်တယ်။ မင်းတို့အတွက် သန့်ရှင်းတဲ့ဆီ အမြဲဖြစ်နေရမယ်။ ၃၃ ဒီဆီမွှေးနဲ့တူအောင် ဖော်စပ်တဲ့သူ၊ အခွင့်မရှိသူကို* ဒီဆီမွှေးလိမ်းပေးတဲ့သူဟာ ပယ်ရှင်းခံရမယ်’+ လို့ အစ္စရေးတွေကို ပြောပါ။”
၃၄ ယေဟောဝါက မောရှေကို ဆက်မိန့်မှာတယ်– “အမွှေးနံ့သာတွေဖြစ်တဲ့ သစ်စေးမွှေး၊ ခရုခွံမွှေး၊ ဂါဗနမ်သစ်စေးမွှေး၊ လောဗန်* စစ်စစ်ကို အချိုးကျယူပါ။+ ၃၅ အဲဒီအမွှေးနံ့သာတွေကို သမအောင်ရောစပ်၊ ဆားခတ်ပြီး+ သန့်ရှင်းတဲ့ နံ့သာပေါင်းစစ်စစ်ကို+ ဖော်စပ်ရမယ်။ ၃၆ အဲဒီအမွှေးနံ့သာတချို့ကို ညက်ညက်ထောင်းပြီး မင်းကို ငါတွေ့ဆုံမယ့် တွေ့ဆုံရာတဲတော်ထဲက သက်သေခံချက်သေတ္တာရှေ့မှာ ထားရမယ်။ အဲဒီနံ့သာပေါင်းဟာ မင်းတို့အတွက် အသန့်ရှင်းဆုံးဖြစ်ရမယ်။ ၃၇ ဒီနည်းနဲ့ဖော်စပ်တဲ့ နံ့သာပေါင်းကို ကိုယ်ပိုင်သုံးဖို့ မလုပ်ရဘူး။+ ယေဟောဝါအတွက် သန့်ရှင်းတဲ့အရာအဖြစ် ယူမှတ်ရမယ်။ ၃၈ ကိုယ်ရှူဖို့အတွက် အဲဒီနံ့သာပေါင်းနဲ့တူအောင် ဖော်စပ်တဲ့သူဟာ ပယ်ရှင်းခံရမယ်။”