ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၁၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ရှမွေလ မာတိကာ

      • နောက်တက်မယ့်မင်းအဖြစ် ဒါဝိဒ်ကို ရှမွေလ ဘိသိက်ပေး (၁-၁၃)

        • ‘ယေဟောဝါ နှလုံးသားကို ကြည့်’ (၇)

      • ရှောလုဆီမှာ စွမ်းအားတော် မရှိ (၁၄-၁၇)

      • ရှောလုအတွက် ဒါဝိဒ် စောင်းတီးပေး (၁၈-၂၃)

၁ ရှမွေလ ၁၆:၁

ကျမ်းညွှန်းများ

  • +၁ရှ ၁၅:၃၅
  • +၁ရှ ၁၅:၂၃၊ ၂၆
  • +၁ဘု ၁:၃၉
  • +ရု ၄:၁၇; ၁ရ ၂:၁၂
  • +က ၄၉:၁၀; ၁ရှ ၁၃:၁၄; ဆ ၇၈:၇၀; တ ၁၃:၂၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁/၂၀၁၀၊ စာ. ၂၃

၁ ရှမွေလ ၁၆:၂

ကျမ်းညွှန်းများ

  • +၁ရှ ၂၂:၁၇

၁ ရှမွေလ ၁၆:၃

ကျမ်းညွှန်းများ

  • +ဆ ၈၉:၂၀

၁ ရှမွေလ ၁၆:၄

ကျမ်းညွှန်းများ

  • +ရု ၄:၁၁; ၁ရှ ၂၀:၆

၁ ရှမွေလ ၁၆:၆

ကျမ်းညွှန်းများ

  • +၁ရှ ၁၇:၂၈; ၁ရ ၂:၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁/၂၀၁၀၊ စာ. ၂၃

၁ ရှမွေလ ၁၆:၇

ကျမ်းညွှန်းများ

  • +၁ရှ ၁၀:၂၁၊ ၂၃
  • +၁ဘု ၈:၃၉; ၁ရ ၂၈:၉; ဆ ၇:၉; ပ ၂၄:၁၂; ယေ ၁၇:၁၀; တ ၁:၂၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁/၂၀၁၀၊ စာ. ၂၃

    ၁၁/၁၅/၂၀၀၄၊ စာ. ၂၀

    ၃/၁၅/၂၀၀၃၊ စာ. ၁၅

    ၆/၁၅/၁၉၉၉၊ စာ. ၂၂

    ၁၁/၁/၁၉၉၀၊ စာ. ၂၄-၂၅

၁ ရှမွေလ ၁၆:၈

ကျမ်းညွှန်းများ

  • +၁ရှ ၁၇:၁၃; ၁ရ ၂:၁၃

၁ ရှမွေလ ၁၆:၉

ကျမ်းညွှန်းများ

  • +၂ရှ ၁၃:၃

၁ ရှမွေလ ၁၆:၁၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁/၂၀၀၅၊ စာ. ၉

    ၉/၁၅/၂၀၀၂၊ စာ. ၃၁

၁ ရှမွေလ ၁၆:၁၁

ကျမ်းညွှန်းများ

  • +၁ရှ ၁၇:၁၄
  • +၂ရှ ၇:၈; ဆ ၇၈:၇၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၉/၁/၂၀၁၁၊ စာ. ၂၈-၂၉

    ၁၀/၁/၂၀၀၅၊ စာ. ၉

    ၉/၁၅/၂၀၀၂၊ စာ. ၃၁

၁ ရှမွေလ ၁၆:၁၂

ကျမ်းညွှန်းများ

  • +၁ရှ ၁၇:၄၂
  • +၁ရှ ၁၃:၁၄; ဆ ၈၉:၂၀; တ ၁၃:၂၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လူထုအတွက် စာစောင်)၊

    အမှတ် ၅ ၂၀၁၆၊ စာ. ၉

၁ ရှမွေလ ၁၆:၁၃

ကျမ်းညွှန်းများ

  • +၁ရှ ၁၆:၁; ၁ဘု ၁:၃၉
  • +တလ ၁၁:၁၇; သူ ၃:၉၊ ၁၀; ၁ရှ ၁၀:၆; ၂ရှ ၂၃:၂
  • +၁ရှ ၁:၁၊ ၁၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လူထုအတွက် စာစောင်)၊

    အမှတ် ၅ ၂၀၁၆၊ စာ. ၉

၁ ရှမွေလ ၁၆:၁၄

ကျမ်းညွှန်းများ

  • +၁ရှ ၁၈:၁၂; ၂၈:၁၅
  • +၁ရှ ၁၈:၁၀; ၁၉:၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၃/၂၀၂၂၊ စာ. ၅

    ကင်းမျှော်စင်၊

    ၃/၁၅/၂၀၀၅၊ စာ. ၂၁

    ၁/၁/၁၉၉၀၊ စာ. ၂၆-၂၇

၁ ရှမွေလ ၁၆:၁၆

ကျမ်းညွှန်းများ

  • +ပ ၂၂:၂၉

၁ ရှမွေလ ၁၆:၁၈

ကျမ်းညွှန်းများ

  • +၁ရှ ၁၆:၁၂
  • +၁ရှ ၁၇:၃၂၊ ၃၆၊ ၄၅၊ ၄၆
  • +၁ရှ ၁၈:၁၂

၁ ရှမွေလ ၁၆:၁၉

ကျမ်းညွှန်းများ

  • +၁ရှ ၁၇:၁၅

၁ ရှမွေလ ၁၆:၂၁

ကျမ်းညွှန်းများ

  • +ပ ၂၂:၂၉

၁ ရှမွေလ ၁၆:၂၃

ကျမ်းညွှန်းများ

  • +၁ရှ ၁၆:၁၄; ၁၈:၁၀; ၁၉:၉

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ရှ. ၁၆:၁၁ရှ ၁၅:၃၅
၁ ရှ. ၁၆:၁၁ရှ ၁၅:၂၃၊ ၂၆
၁ ရှ. ၁၆:၁၁ဘု ၁:၃၉
၁ ရှ. ၁၆:၁ရု ၄:၁၇; ၁ရ ၂:၁၂
၁ ရှ. ၁၆:၁က ၄၉:၁၀; ၁ရှ ၁၃:၁၄; ဆ ၇၈:၇၀; တ ၁၃:၂၂
၁ ရှ. ၁၆:၂၁ရှ ၂၂:၁၇
၁ ရှ. ၁၆:၃ဆ ၈၉:၂၀
၁ ရှ. ၁၆:၄ရု ၄:၁၁; ၁ရှ ၂၀:၆
၁ ရှ. ၁၆:၆၁ရှ ၁၇:၂၈; ၁ရ ၂:၁၃
၁ ရှ. ၁၆:၇၁ရှ ၁၀:၂၁၊ ၂၃
၁ ရှ. ၁၆:၇၁ဘု ၈:၃၉; ၁ရ ၂၈:၉; ဆ ၇:၉; ပ ၂၄:၁၂; ယေ ၁၇:၁၀; တ ၁:၂၄
၁ ရှ. ၁၆:၈၁ရှ ၁၇:၁၃; ၁ရ ၂:၁၃
၁ ရှ. ၁၆:၉၂ရှ ၁၃:၃
၁ ရှ. ၁၆:၁၁၁ရှ ၁၇:၁၄
၁ ရှ. ၁၆:၁၁၂ရှ ၇:၈; ဆ ၇၈:၇၀
၁ ရှ. ၁၆:၁၂၁ရှ ၁၇:၄၂
၁ ရှ. ၁၆:၁၂၁ရှ ၁၃:၁၄; ဆ ၈၉:၂၀; တ ၁၃:၂၂
၁ ရှ. ၁၆:၁၃၁ရှ ၁၆:၁; ၁ဘု ၁:၃၉
၁ ရှ. ၁၆:၁၃တလ ၁၁:၁၇; သူ ၃:၉၊ ၁၀; ၁ရှ ၁၀:၆; ၂ရှ ၂၃:၂
၁ ရှ. ၁၆:၁၃၁ရှ ၁:၁၊ ၁၉
၁ ရှ. ၁၆:၁၄၁ရှ ၁၈:၁၂; ၂၈:၁၅
၁ ရှ. ၁၆:၁၄၁ရှ ၁၈:၁၀; ၁၉:၉
၁ ရှ. ၁၆:၁၆ပ ၂၂:၂၉
၁ ရှ. ၁၆:၁၈၁ရှ ၁၆:၁၂
၁ ရှ. ၁၆:၁၈၁ရှ ၁၇:၃၂၊ ၃၆၊ ၄၅၊ ၄၆
၁ ရှ. ၁၆:၁၈၁ရှ ၁၈:၁၂
၁ ရှ. ၁၆:၁၉၁ရှ ၁၇:၁၅
၁ ရှ. ၁၆:၂၁ပ ၂၂:၂၉
၁ ရှ. ၁၆:၂၃၁ရှ ၁၆:၁၄; ၁၈:၁၀; ၁၉:၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ရှမွေလ ၁၆:၁-၂၃

၁ ရှမွေလ

၁၆ ယေဟောဝါက ရှမွေလကို “ရှောလုအတွက် မင်း ဘယ်လောက်ကြာကြာ ပူဆွေးနေမှာလဲ။+ အခု၊ သူ့ကို အစ္စရေးဘုရင်အဖြစ်ကနေ ငါပယ်လိုက်ပြီ။+ ဒါကြောင့် သိုးချိုထဲ ဆီဖြည့်ပြီး+ ဘက်သလီဟင်မြို့သား ယေရှဲဆီကို သွားပါ။+ သူ့သားတစ်ယောက်ကို ဘုရင်အဖြစ် ငါရွေးချယ်ထားတယ်”+ လို့ပြောတယ်။ ၂ အဲဒီအခါ ရှမွေလက “သွားလို့ ဖြစ်ပါ့မလား။ ရှောလုမင်းကြားရင် ကျွန်တော့်ကို သတ်မှာပေါ့”+  လို့ ပြောတော့ ယေဟောဝါက “နွားမပျိုတစ်ကောင်ကို ယူသွားပါ။ ‘ယေဟောဝါဘုရားဆီ ပူဇော်သက္ကာ ဆက်သဖို့ လာတာ’ လို့ပြောလိုက်။ ၃ ယေရှဲကိုလည်း ဖိတ်ခေါ်လိုက်ပါ။ ဘာဆက်လုပ်ရမယ်ဆိုတာငါပြောပြမယ်။ ငါပြမယ့်သူကို ငါ့ကိုယ်စား ဘိသိက်ပေးရမယ်”+ လို့မှာတယ်။

၄ ရှမွေလလည်း ယေဟောဝါ မှာတဲ့အတိုင်း လုပ်တယ်။ ဘက်သလီဟင်မြို့ကို+ ရောက်တဲ့အခါ မြို့အကြီးအကဲတွေ သူ့ကိုတွေ့တော့ ထိတ်လန့်သွားပြီး “သခင်လာတာ ကောင်းသော လာခြင်းလား” လို့မေးကြတယ်။ ၅ ရှမွေလက “ကောင်းသော လာခြင်းပါ။ ယေဟောဝါဘုရားဆီ ပူဇော်သက္ကာဆက်သဖို့ လာတာ။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစေကြ။ ခင်ဗျားတို့လည်း လာရမယ်” လို့ပြောတယ်။ ပြီးတော့ ယေရှဲနဲ့ သားတွေကို သန့်ရှင်းစေပြီး ပူဇော်ပွဲကိုလာဖို့ ဖိတ်ခေါ်တယ်။ ၆ သူတို့ ရောက်လာတဲ့အခါ ရှမွေလက ဧလျာဘကို+ မြင်တော့ “သူဟာ ယေဟောဝါဘုရား ဘိသိက်ပေးထားသူ ဖြစ်မယ်” လို့ပြောတယ်။ ၇ ဒါပေမဲ့ ယေဟောဝါက “သူ့ရုပ်ရည်၊ အရပ်အမောင်းကို မကြည့်နဲ့။+ သူ့ကို ငါမရွေးဘူး။ ဘုရားသခင်က လူတွေကြည့်သလို မကြည့်ဘူး။ လူတွေက အပြင်ပန်းကိုပဲ ကြည့်တတ်တယ်။ ယေဟောဝါကတော့ နှလုံးသားကို ကြည့်တယ်”+ လို့ရှမွေလကို ပြောတယ်။ ၈ ယေရှဲက အဘိနဒပ်ကို+ ခေါ်လာတော့ ရှမွေလက “သူ့ကိုလည်း ယေဟောဝါဘုရား မရွေးဘူး” လို့ပြောတယ်။ ၉ အဲဒီနောက် ရှမ္မာကို+ ခေါ်လာတော့ “သူ့ကိုလည်း ယေဟောဝါဘုရား မရွေးဘူး” လို့ပြောတယ်။ ၁၀ ယေရှဲက သားခုနစ်ယောက်စလုံးကို ခေါ်လာပြပေမဲ့ ရှမွေလက “သူတို့တစ်ယောက်ကိုမှ ယေဟောဝါဘုရား မရွေးဘူး” လို့ပြောတယ်။

၁၁ နောက်ဆုံး၊ ရှမွေလက “ခင်ဗျားရဲ့သားတွေ ဒါအကုန်ပဲလား” လို့ မေးတော့ ယေရှဲက “အငယ်ဆုံးတစ်ယောက်+ ကျန်ပါသေးတယ်။ သိုးကျောင်းနေပါတယ်”+ လို့ဖြေတယ်။ ဒါနဲ့ ရှမွေလက “သူ့ကို ခေါ်ခိုင်းလိုက်။ သူမရောက်မချင်း ငါတို့ ထိုင်ပြီးစားသောက်လို့ မဖြစ်ဘူး” လို့ပြောတယ်။ ၁၂ ယေရှဲလည်း အငယ်ဆုံးသားကို လူလွှတ်ပြီး ခေါ်ခိုင်းလိုက်တယ်။ သူဟာ အသားအရေ စိုပြည်နီမြန်းတယ်။ မျက်လုံးလှတယ်။ ရုပ်ဖြောင့်တယ်။+ ယေဟောဝါက “ဟုတ်တယ်၊ သူပဲ။ သူ့ကို ဘိသိက်ပေးလိုက်”+ လို့ပြောတယ်။ ၁၃ အဲဒီအခါ ရှမွေလက ဆီထည့်ထားတဲ့ သိုးချိုကို ယူပြီး+ ဒါဝိဒ်ကို အစ်ကိုတွေရှေ့မှာ ဘိသိက်ပေးလိုက်တယ်။ အဲဒီနေ့ကစပြီး ယေဟောဝါရဲ့ စွမ်းအားတော်က ဒါဝိဒ်ကို ခွန်အားပေးတယ်။+ ရှမွေလလည်း ရာမမြို့ကို ပြန်သွားတယ်။+

၁၄ ရှောလုဆီကနေ ယေဟောဝါရဲ့ စွမ်းအားတော် ထွက်သွားတယ်။+ ဒါကြောင့် သူ့ရဲ့မကောင်းတဲ့စိတ်ထားက သူ့ကို ပြန်နှောင့်ယှက်တဲ့အခါ ယေဟောဝါ ခွင့်ပြုလိုက်တယ်။+ ၁၅ ရှောလုရဲ့ အမှုထမ်းတွေက “မင်းကြီး၊ မကောင်းတဲ့စိတ်ထားဟာ မင်းကြီးကို နှောင့်ယှက်နေပြီ။ ၁၆ ဒါကြောင့် ခစားနေတဲ့ မင်းမှုထမ်းတွေကို စောင်းတီးကျွမ်းကျင်သူတစ်ယောက်+ ရှာခိုင်းလိုက်ပါ။ မင်းကြီးကို  မကောင်းတဲ့စိတ်ထား နှောင့်ယှက်တဲ့အခါတိုင်း သူ စောင်းတီးပေးပါလိမ့်မယ်။ ဒါဆိုရင် မင်းကြီး နေသာထိုင်သာ ရှိလာမှာပါ” လို့ ပြောတယ်။ ၁၇ ဒါနဲ့ ရှောလုက “ကောင်းပြီ။ စောင်းတီးကျွမ်းကျင်သူကို ရှာပြီး ငါ့ဆီ ခေါ်ခဲ့ကြ” လို့ မင်းမှုထမ်းတွေကို အမိန့်ပေးတယ်။

၁၈ အခြွေအရံတစ်ယောက်က “ဘက်သလီဟင်မြို့သား ယေရှဲဆီမှာ စောင်းတီးကျွမ်းကျင်တဲ့  သားတစ်ယောက်ရှိတယ်။ သူဟာ ရဲရင့်တယ်။ စကားပြောကောင်းတယ်။ ရုပ်ဖြောင့်တယ်။+ ခွန်အားကြီးတဲ့ စစ်သည်လည်း ဖြစ်တယ်။+ သူနဲ့အတူ ယေဟောဝါဘုရား ရှိတယ်”+ လို့လျှောက်တင်တယ်။ ၁၉ ဒါနဲ့ ရှောလုက ယေရှဲဆီ တမန်တွေ လွှတ်ပြီး “သိုးကျောင်းနေတဲ့ မင်းရဲ့သား ဒါဝိဒ်ကို ငါ့ဆီ လွှတ်လိုက်”+ လို့မှာတယ်။ ၂၀ ယေရှဲလည်း စပျစ်ဝိုင်သားရေဘူးနဲ့ စားစရာတွေကို မြည်းပေါ် တင်၊ ဆိတ်ကလေးတစ်ကောင်ကိုယူ၊ သားဒါဝိဒ်ဆီ အပ်ပြီး ရှောလုဆီ လွှတ်လိုက်တယ်။ ၂၁ ဒါဝိဒ်က ရှောလုဆီ ရောက်လာပြီး ခစားတယ်။+ သူ့ကို ရှောလု သိပ်ချစ်သွားတယ်။ သူဟာ ရှောလုရဲ့လက်နက်ကိုင် ဖြစ်လာတယ်။ ၂၂ ရှောလုက ယေရှဲဆီ လူလွှတ်ပြီး “ဒါဝိဒ်ကို ငါသဘောကျတယ်။ ငါ့ဆီမှာ အမြဲခစားပါစေ” လို့မှာလိုက်တယ်။ ၂၃ ရှောလုကို မကောင်းတဲ့စိတ်ထား နှောင့်ယှက်တဲ့အခါတိုင်း ဒါဝိဒ်က စောင်းတီးပေးလေ့ရှိတယ်။ အဲဒီအခါ ရှောလု စိတ်သက်သာရာရပြီး နေသာထိုင်သာ ရှိလာတယ်။ သူ့ရဲ့မကောင်းတဲ့ စိတ်ထားလည်း ပျောက်သွားတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ