ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၀၆ စာ. ၅
  • တောက်ပသောအနာဂတ် ရှိလိမ့်မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တောက်ပသောအနာဂတ် ရှိလိမ့်မည်လော
  • နိုးလော့!—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာဂြိုဟ်၏ သက်တမ်း ကုန်ဆုံးနေပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယုံကြည်ခြင်းနှင့်သင့်အနာဂတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ငါ့အနာဂတ်ဟာ ဘယ်လိုများပါလိမ့်
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • သင့်အနာဂတ်
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၆
န ၁/၀၆ စာ. ၅

တောက်ပသောအနာဂတ် ရှိလိမ့်မည်လော

လူတို့၏ စိတ်အာရုံကို အနာဂတ်က ဖမ်းစားထားသည်။ နောက်တစ်လ၊ နောက်တစ်နှစ် သို့မဟုတ် နောက်ဆယ်နှစ်တွင် အဘယ်အရာဖြစ်လာမည်ကို စိတ်မဝင်စားသူတစ်ဦးဦး ရှိသလော။ ထိုထက်ကျယ်ပြန့်စွာ ပြောရလျှင် နောက် ၁၀ နှစ်၊ အနှစ် ၂၀ သို့မဟုတ် အနှစ် ၃၀ လောက်တွင် ဤကမ္ဘာကြီးသည် မည်သို့သောကမ္ဘာမျိုး ဖြစ်နေမည်နည်း။

အနာဂတ်နှင့်ပတ်သက်၍သင့်တွင် အကောင်းမြင်သည့်သဘောရှိသလော။ သန်းနှင့်ချီသောလူများတွင် ထိုသဘောထားရှိကြသည်။ ထိုသို့သောသူများထဲတွင် အခြေအနေများ တိုးတက်ကောင်းမွန်လာမည်ဟု မိမိတို့ယုံကြည်ရန် ခိုင်မာသောအကြောင်းပြချက်ရှိသည်ဟု ဆိုကြသူများနှင့် အခြားဖြစ်နိုင်ရာတစ်ခုကို စဉ်းစားလျှင် စိတ်မောစရာကောင်းလွန်း၍သာ တောက်ပသောအနာဂတ်ကို မျှော်လင့်ကြသူများဟူ၍ အုပ်စုနှစ်စုခွဲနိုင်သည်။

အခြားတစ်ဖက်တွင်မူ အနာဂတ်တွင် ပိုကောင်းလာမည့်လမ်းမမြင်ဟု လူအချို့ ခံစားကြရသည်။ ထိုသူတို့ထဲတွင် . . . ကမ္ဘာပျက်ကိန်းအကြောင်း ကြေညာရခြင်းကို ပျော်မွေ့ပုံရသည့် အနာဂတ်ဟောကိန်းထုတ်သူများ ပါဝင်သည်။ သူတို့၏ အနာဂတ်ကိုရှုမြင်ပုံအရ လွတ်မြောက်သူအနည်းငယ်သာရှိမည်။

သင်ကော အနာဂတ်နှင့်ပတ်သက်၍ မည်သို့ရှုမြင်သနည်း။ အဘယ်အရာကို သင်ကြိုမြင်နေသနည်း– ကမ္ဘာပျက်မည့် စိတ်ပျက်မှိုင်တွေဖွယ် အလားအလာလော၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလော။ ဒုတိယတစ်ခုကို သင်မျှော်လင့်ပါက ထိုမျှော်လင့်ချက်သည် စိတ်ကူးသက်သက်ပေါ် အခြေပြုသလော သို့မဟုတ် ယုံကြည်စိတ်ချထိုက်သော သက်သေအထောက်အထားပေါ်တွင်လော။

ကမ္ဘာပျက်ကိန်းအကြောင်း ဟောသူများ ယုံကြည်သကဲ့သို့ လူသားတစ်ရပ်လုံးသည် ချုပ်ငြိမ်းပျောက်ကွယ်သွားမည့် အနာဂတ်သို့ဦးတည်နေသည်ဟု နိုးလော့! မဂ္ဂဇင်းထုတ်ဝေသူများ မယုံကြည်ပါ။ ယင်းအစား ရှေ့တွင် အလွန်ကောင်းမွန်လှသော အနာဂတ်ရှိကြောင်း ယုံကြည်ရန် သမ္မာကျမ်းစာ၌ ခိုင်မာသောအကြောင်းပြချက်ပေးထားပါသည်။

[Picture Credit Line on page 5]

U.S. Department of Energy photograph

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ