ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၈/၁ စာ. ၃-၄
  • ကမ္ဘာဂြိုဟ်၏ သက်တမ်း ကုန်ဆုံးနေပြီလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာဂြိုဟ်၏ သက်တမ်း ကုန်ဆုံးနေပြီလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အန္တရာယ်ကြုံနေသော ကမ္ဘာဂြိုဟ်
  • အကောင်းမြင်သင့်သည့် အကြောင်းရင်းတစ်ခု
  • ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု
    နိုးလော့!—၂၀၂၃
  • ရာသီဥတု ဖောက်ပြန်မှုနဲ့ အနာဂတ်အကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကမ္ဘာမြေကြီးသည် အနာဂတ်လူမျိုးဆက်ကို ဆက်လက်ထောက်ပံ့ နိုင်ပါမည်လော
    နိုးလော့!—၂၀၀၈
  • အထိမခံသောကမ္ဘာဂြိုဟ်—အနာဂတ် မည်သို့ရှိသနည်း
    နိုးလော့!—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၈/၁ စာ. ၃-၄

ကမ္ဘာဂြိုဟ်၏ သက်တမ်း ကုန်ဆုံးနေပြီလော

အောက်ပါမေးခွန်းအတွက် အဖြေမှန်ကား အဘယ်အရာ ဖြစ်သည်ဟု သင်ထင်သနည်း။

မကြာမီ အနာဂတ်တွင် ကမ္ဘာ့အခြေအနေများသည်

(က) တိုးတက်လာမည်လော။

(ခ) ယခုအတိုင်းရှိမည်လော။

(ဂ) ပို၍ဆိုးလာမည်လော။

အနာဂတ်နှင့်ပတ်သက်၍ အကောင်းမြင်ရန် သင်ကြိုးစားနေပါသလော။ ထိုသို့ရှုမြင်ခြင်းက အကျိုးကျေးဇူးများစွာရှိပါသည်။ အကောင်းမြင်သဘောထားရှိသူတို့သည် စိတ်ပိုင်းနှင့်ရုပ်ပိုင်းအခြေအနေ သာ၍ကောင်းမွန်ကြောင်း လေ့လာမှုများက ဖော်ပြသည်။ ဘဝနှင့်ပတ်သက်၍ အကောင်းမြင်သောအမျိုးသားများသည် အဆိုးမြင်သူတို့ထက် နှလုံးသွေးလွှတ်ကြောရောဂါ အလွန်အဖြစ်နည်းသည်ဟုပင် အသေအချာဆန်းစစ်လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ ထိုတွေ့ရှိချက်များက လွန်ခဲ့သောရာစုနှစ်များစွာမှ ဤကျမ်းစကားနှင့် ကိုက်ညီသည်– “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။”—သု. ၁၇:၂၂။

သို့သော် ကမ္ဘာဂြိုဟ်၏အနာဂတ်နှင့်ပတ်သက်၍ သိပ္ပံပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်များကြောင့် လူများစွာမှာ စိတ်ရွှင်လန်းရန်နှင့် အကောင်းမြင်ရန် အခက်တွေ့နေကြ၏။ သတင်းများတွင်တွေ့ရသော ကြောက်မက်ဖွယ်ကြိုတင်ခန့်မှန်းချက်အချို့ကိုသာ သုံးသပ်ကြည့်ပါ။

အန္တရာယ်ကြုံနေသော ကမ္ဘာဂြိုဟ်

စီးပွားရေး ဆက်တိုးတက်နေရန်သာ အာရုံစိုက်ပြီး လူ့ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုကို လျစ်လျူရှုထားသောကြောင့် “ကမ္ဘာ့ရာသီဥတုနှင့် ဂေဟစနစ် (ဝန်းကျင်နှင့်သက်ရှိတို့ ဆက်နွှယ်သည့်စနစ်) ကို လုံးဝပြောင်းလဲသွားစေနိုင်သည့် ဖြစ်ရပ်များ” ဖြစ်ပျက်တော့မည့်ပုံရှိသည်ဟု စတော့ခ်ဟုမ်း ပတ်ဝန်းကျင်အဖွဲ့အစည်းက ၂၀၀၂ ခုနှစ်တွင် သတိပေးလိုက်သည်။ ကမ္ဘာချီဆင်းရဲမွဲတေမှု၊ တရားမမျှတမှု၊ ပတ်ဝန်းကျင်သယံဇာတများ ပျက်စီးနေမှုတို့ကြောင့် လူ့အဖွဲ့အစည်းသည် “ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ဘေးကင်းလုံခြုံရေးတို့တွင် အန္တရာယ်တစ်ခုပြီးတစ်ခု” ဆက်တိုက်ကြုံတွေ့နိုင်သည်ဟု ထိုမှတ်တမ်းက ဆက်ဆိုသည်။

၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂသည် အနှစ်တစ်ထောင်ဂေဟစနစ် စုပေါင်းအကဲဖြတ်ချက် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် ၉၅ နိုင်ငံမှ ပညာရှင် ၁,၃၆၀ ကျော်တို့က ကမ္ဘာ့ပတ်ဝန်းကျင်ကို လေးနှစ်တာလေ့လာခဲ့သည့် ရလဒ်ဖြစ်သည်။ ထိုအစီရင်ခံစာတွင် ဤသို့ပြင်းထန်စွာသတိပေးလိုက်၏– “လူတို့သည် ကမ္ဘာ့သဘာဝဖြစ်စဉ်များကို အလွန်အမင်းအသုံးချနေသောကြောင့် အနာဂတ်လူမျိုးဆက်အား ကမ္ဘာ့ဂေဟစနစ်၏ ထောက်မနိုင်စွမ်းကို ဆက်၍ပေါ့ပေါ့တန်တန်ထား၍ မဖြစ်နိုင်တော့ပေ။” အဖြစ်ဆိုးများကို တားဆီးရန် “မူဝါဒ၊ အဖွဲ့အစည်းနှင့် အပြုအမူတို့တွင် အပြောင်းအလဲကြီးများ” လိုအပ်မည်ဖြစ်သော်လည်း “လက်ရှိအချိန်အထိ ယင်းတို့ကို မစတင်သေးပါ” ဟု ထိုအစီရင်ခံစာက ဆက်ဖော်ပြသည်။

ကုလသမဂ္ဂလူ့အိုးအိမ်အစီအစဉ်မှ အမှုဆောင်ဒါရိုက်တာ အန်နာတီဘိုင်ယူကာက သုတေသီများစွာ ယုံကြည်နေသည့်အရာကို ဤသို့ဖော်ပြသည်– “အခြေအနေများတိုးတက်လာရန် ဘာမျှမလုပ်ဆောင်ဘဲ ယခုအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ကျွန်ုပ်တို့ရှေ့တွင် ဘေးအန္တရာယ်များ စောင့်ကြိုနေသည်။”

အကောင်းမြင်သင့်သည့် အကြောင်းရင်းတစ်ခု

ဤမဂ္ဂဇင်းကိုထုတ်ဝေသော ယေဟောဝါသက်သေများလည်း ကမ္ဘာကို အကျိုးသက်ရောက်စေမည့် အပြောင်းအလဲကြီးများ ဖြစ်ပျက်တော့မည်ဟု ယုံကြည်ကြသည်။ သို့သော် ထိုအပြောင်းအလဲများသည် ဘေးအန္တရာယ်များကို ဖြစ်ပေါ်စေမည့်အစား ကမ္ဘာပေါ်တွင် တစ်ခါမျှမဖြစ်ဖူးသည့် အကောင်းဆုံးအခြေအနေများကို ဖြစ်စေမည်ဟု သူတို့ယုံကြည်စိတ်ချကြသည်။ အဘယ်ကြောင့် ထိုသို့အကောင်းမြင်ကြသနည်း။ အကြောင်းမှာ ဘုရားသခင့်နှုတ်မြွက်တော်တွင်ပါသော ကတိတော်များကို သူတို့ယုံကြည်သောကြောင့်ဖြစ်သည်။ ထိုကတိတစ်ခုကို သတိပြုကြည့်ပါ– “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁။

အဆိုပါမျှော်လင့်ချက်သည် အိပ်မက်တစ်ခုမျှသာလော။ ထိုမေးခွန်းကို မဖြေဆိုမီ ဤအချက်ကို အသေအချာစဉ်းစားကြည့်ပါ– ယနေ့ ကမ္ဘာနှင့်လူသားထုကို ထိခိုက်နေသည့် အဓိကပြဿနာများစွာကို သမ္မာကျမ်းစာတွင် နှစ်ထောင်ပေါင်းများစွာကြိုတင်၍ တိတိကျကျဟောထားသည်။ နောက်ဆောင်းပါးတွင် ကိုးကားထားသောကျမ်းချက်များကို ကျေးဇူးပြု၍ဖတ်ပါ၊ ထို့နောက် ထိုကျမ်းချက်များတွင် ကြိုဟောထားရာများနှင့် ကမ္ဘာတွင်ဖြစ်ပျက်နေသောအရာများကို နှိုင်းယှဉ်ကြည့်ပါ။ ထိုသို့ပြုလုပ်သည်နှင့်အမျှ ကျမ်းစာသည် အနာဂတ်ဖြစ်ရပ်များကို တိကျစွာကြိုဟောကြောင်း သင်ပို၍ယုံကြည်စိတ်ချလာပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ