ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၀၇ စာ. ၂၂
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြမ်းတမ်းရမ်းကားမှုရန်မှ ကလေးများ
  • မိတ်ဆွေကောင်းကောင်း၊ အသက်ရှည်ရှည်
  • အကြွေးနစ်နေသော ဗြိတိန်နိုင်ငံသားများ
  • ညပိုင်းပျံသန်းခြင်းနှင့် ကမ္ဘာချီပူနွေးမှု
  • ရာသီဥတု မည်သို့ ဖြစ်ပျက်နေသနည်း
    နိုးလော့!—၂၀၀၄
  • ကမ္ဘာဂြိုဟ် ခြိမ်းခြောက်ခံနေရသလော
    နိုးလော့!—၂၀၀၈
  • အကြမ်းဖက်မှု နေရာတိုင်း၌ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နိုးလော့!—၂၀၀၇
န ၇/၀၇ စာ. ၂၂

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

◼ “အမေရိကန်နိုင်ငံ၏ အသေအပျောက်အများဆုံး ပြစ်မှုများထဲမှတစ်ခုမှာ အရက်မူးနေစဉ် ကားမောင်းခြင်းဖြစ်သည်” ဟုသယ်ယူပို့ဆောင်ရေး ယာယီအတွင်းရေးမှူးဖြစ်သူ မာရီယာစီနိုက ပြောခဲ့သည်။ အမေရိကန်နိုင်ငံတွင် ၂၀၀၅ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့်သေဆုံးမှုများအားလုံး၏ ၃၉ ရာခိုင်နှုန်းမှာ အရက်ကြောင့်ဖြစ်သည်။—အမေရိကန် သယ်ယူပို့ဆောင်ရေးဌာန။

◼ “ယနေ့ သမုဒ္ဒရာများ၏ တစ်စတုရန်းမိုင်တိုင်းတွင် ပလတ်စတစ်အမှိုက်စ ၄၆,၀၀၀ ထက်မက မျောလျက်ရှိသည်။”—ယူအဲန် ပတ်ဝန်းကျင်ထိန်းသိမ်းမှုအစီအစဉ်။

◼ “အမေရိကန်အလုပ်သမားများသည် အလုပ်ခွင်တွင် တစ်နှစ်လျှင် နာရီပေါင်း သန်းငါးရာကျော် [ကွန်ပျူတာ]ဂိမ်းများကစားကြရာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ ထုတ်ကုန်များ ဆုံးရှုံးလျက်ရှိသည်။” ယင်းတွင် “အလုပ်ခွင်၌ ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုရန် ဝက်ဘ်ဆိုက်များကို စူးစမ်းသည့်” အချိန်မပါဝင်ချေ။

ကြမ်းတမ်းရမ်းကားမှုရန်မှ ကလေးများ

“ကလေးများစွာအတွက်မူ ကြမ်းတမ်းရမ်းကားမှုသည် နေ့စဉ်အသက်တာတွင် သာမန်ကိစ္စမျှသာဖြစ်နေသည်” ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆို၏။ မကြာသေးမီက ယူအဲန်အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောကြားချက်အရ “၂၀၀၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းမှ ကလေး ၅၃,၀၀၀ ခန့်သည် အသတ်ခံရ၍ သေဆုံးခဲ့ကြ၏။” ထို့ ပြင် ကလေးသူငယ် သန်းပေါင်းများစွာမှာ အတင်းအဓမ္မစေခိုင်းမှု၊ ပြည့်တန်ဆာလုပ်ငန်း သို့မဟုတ် အပြာရုပ်ပုံများအတွက် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရကြသည်။ ဤဘေးဆိုးများကို ရှောင်ရှားနိုင်မည်လော။ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ဤသို့ဖော်ပြထားသည်– “အိမ်၌သာမက အခြားအခြေအနေများ၌ပါ အကာအကွယ်ဖြစ်စေနိုင်သည့် အကြောင်းရင်းများတွင် မိဘများ၏ ကောင်းမွန်သောအုပ်ထိန်းမှု၊ မိဘများနှင့် ကလေးများစပ်ကြားရှိ ခိုင်မြဲသောချစ်ခင်တွယ်တာမှု၊ ကြမ်းတမ်းမှုမရှိသော အကျိုးပြုဆုံးမပဲ့ပြင်မှုတို့ပါဝင်သည်။”

မိတ်ဆွေကောင်းကောင်း၊ အသက်ရှည်ရှည်

မိတ်ဆွေကောင်းများနှင့် ပေါင်းသင်းဆက်ဆံခြင်းက လူတစ်ဦး၏သက်တမ်းကို ပိုရှည်စေနိုင်ခြေရှိသည်ဟု Journal of Epidemiology and Community Health မဂ္ဂဇင်းကဆို၏။ လူ့သက်တမ်းအပေါ် ပေါင်းသင်းဆက်ဆံမှု၏ အကျိုးသက်ရောက်ပုံကိုလေ့လာရန် အသက် ၇၀ နှစ်နှင့်အထက်ရှိသူ ဩစတြေးလျနိုင်ငံသား ၁,၅၀၀ ခန့်အား ဆယ်နှစ်တာကာလအတွင်း စမ်းသပ်မှုပြုလုပ်ခဲ့သည်။ မိတ်ဆွေများနှင့် ရင်းနှီးစွာပေါင်းသင်းသူများသည် မိတ်ဆွေအနည်းငယ်သာရှိသူများထက် သေဆုံးမှု ၂၂ ရာခိုင်နှုန်းလျော့နည်းသည်။ ထို့ ပြင် “စိတ်ဓာတ်ကျဆင်းမှု၊ မိမိ၏စွမ်းဆောင်နိုင်စွမ်းအပေါ်ယုံကြည်မှု၊ မိမိကိုယ်ကိုတန်ဖိုးထားလေးစားမှု၊ ပြဿနာများဖြေရှင်းနိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု သို့မဟုတ် မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုတို့” နှင့်ပတ်သက်လာလျှင် ရင်းနှီးနွေးထွေးသောပေါင်းသင်းမှုက အသက်ကြီးသူများအပေါ် ကောင်းကျိုးသက်ရောက်သည်ဟု အဆိုပါမဂ္ဂဇင်းမှ သတင်းကဆိုသည်။

အကြွေးနစ်နေသော ဗြိတိန်နိုင်ငံသားများ

“ဘဏ်စာရင်းဖွင့်ထားသော လူကြီးသုံးပုံတစ်ပုံကျော်သည် အကြွေးမတင်စေရန် ဘဏ်မှငွေပိုထုတ်ယူခွင့်ကို အားထားနေရသည်” ဟုလန်ဒန်မြို့ထုတ် The Daily Telegraph သတင်းစာကဆို၏။ အမြဲပင် ငွေပိုထုတ်ယူနေသော ဗြိတိန်နိုင်ငံသား ၃.၅ သန်းအတွက်မူ ငွေပိုထုတ်ယူခွင့်သည် အရေးပေါ်အတွက်မဟုတ်ဘဲ “အမှန်တကယ်လိုအပ်ရာ” ဖြစ်နေသည်။ ငွေချေးအသင်း၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ကိသ်တန်ဒါက “လူ့အဖွဲ့အစည်းအား ဝါးမျိုနေသည့် ကိုယ့်အလိုဆန္ဒကို ချက်ချင်းဖြည့်ဆည်းလိုသောယဉ်ကျေးမှု” အပေါ် အပြစ်ဖို့လိုက်သည်။ “သန်းနှင့်ချီသောသူများသည် မိမိတို့တွင်အမှန်တကယ်ရှိသည်ထက် ပိုသုံးနေကြပြီး ငွေကြေးနှင့်ပတ်သက်သည့် အခြေခံအသိပညာပင် မရှိကြရာ ကျွန်ုပ်တို့၏လူနေမှုဘဝပုံစံအတွက် မည်မျှကုန်ကျသည်ကို ကျွန်ုပ်တို့ထဲမှအများစုသည် စိုးစဉ်းမျှမသိသည့်သဘော သက်ရောက်နေသည်” ဟုတန်ဒါက သတိပေး၏။

ညပိုင်းပျံသန်းခြင်းနှင့် ကမ္ဘာချီပူနွေးမှု

ခရီးသည်တင် ဂျက်လေယာဉ်များမှထွက်သည့် ငွေ့ရည်ဖွဲ့ ရေခိုးရေငွေ့တန်းများသည် ကောင်းကင်ယံတွင်ကျန်ရစ်ကာ လေထုအပူချိန်ကို ထိခိုက်စေသည်ဟု Scientific American မဂ္ဂဇင်းကဆို၏။ နေ့အချိန်တွင် ဤရေခိုးရေငွေ့တန်းများသည် ဝင်ရောက်လာသော နေရောင်ကို အလင်းပြန်စေပြီး လေထုကိုအေးမြစေသည်။ ညအချိန်တွင်မူ ယင်းတို့သည် အပူကိုစုပ်ယူထားသည်။ “ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ပျံသန်းမှုသည် လေကြောင်းပျံသန်းမှုစုစုပေါင်း၏ လေးပုံတစ်ပုံမျှသာရှိသော်လည်း ရေခိုးရေငွေ့တန်းများက ရာသီဥတုပူနွေးမှု ၆၀ မှ ၈၀ ရာခိုင်နှုန်းကြားကို ဖြစ်ပေါ်စေကြောင်း” အင်္ဂလိပ်သုတေသီများတွေ့ရှိခဲ့သည်ဟု အဆိုပါမဂ္ဂဇင်းမှ သတင်းကဆို၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ