ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၂ စာ. ၉
  • ဘာတွေ ပြောင်းလဲလာမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာတွေ ပြောင်းလဲလာမလဲ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတိုင်းအတွက် ကျမ်းစာလေ့လာမှုအစီအစဉ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သမ္မာကျမ်းစာ အကြောင်း သင်ပိုမို သိလိုပါသလော
    သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော
  • ကမ္ဘာ့အခြေအနေတွေက
    အနာဂတ်မှာ ဘာတွေဖြစ်လာမယ်လို့ သင်ထင်သလဲ
  • ဘုရားသခင်က စိတ်ပြောင်းလဲတတ်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၇/၁၂ စာ. ၉

ဘာတွေ ပြောင်းလဲလာမလဲ

“လူတစ်မျိုးနဲ့တစ်မျိုး တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။”

“ဘယ်ပြည်သူပြည်သားကမှ ‘ငါ နေမကောင်းဘူး’ လို့ပြောမှာမဟုတ်ဘူး။”

“သေခြင်း ရှိတော့မည်မဟုတ်။”

ဒီဖော်ပြချက်တွေက ကောင်းလွန်းတဲ့အတွက် မဖြစ်နိုင်ပုံပေါက်နေနိုင်တယ်။ ဒါပေမဲ့ ဒါက ဖြစ်ချင်တဲ့ဆန္ဒတွေလောက်သာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကိုပြောင်းလဲနိုင်စွမ်းမရှိတဲ့ လူ့ခေါင်းဆောင်တွေ ပေးထားတဲ့ ကတိတွေ မဟုတ်လို့ပါ။ ဖော်ပြထားတဲ့ ကတိတွေက သမ္မာကျမ်းစာထဲကဖြစ်တယ်။a

လူအများက သမ္မာကျမ်းစာဆိုတာ ရှေးစာအုပ်တစ်အုပ်ပါ၊ ဒီနေ့ခေတ်နဲ့မဆိုင်တော့ဘူးလို့ ထင်ကြတယ်။ သင်ကော အဲဒီလိုပဲ ယူဆပါသလား။ ယူဆတယ်ဆိုရင် ကျမ်းစာထဲမှာ ဘာတွေပါသလဲဆိုတာ လေ့လာကြည့်ပါ။ အမှန်တကယ်တော့ သမ္မာကျမ်းစာက လူ့သမိုင်းရဲ့အစကိုဖော်ပြတဲ့ တစ်ခုတည်းသောကျမ်းဂန်ဖြစ်ပြီး ဒီအကြောင်းအရာတွေကို ရှင်းပြထားတယ်–

● လူသားတွေဟာ ဘယ်လိုနည်းနဲ့ ဖျားနာ၊ အိုမင်း၊ သေဆုံးရတဲ့ဘဝကို ရောက်ခဲ့ရတဲ့အကြောင်း။—ရောမ ၅:၁၂။

● အဲဒီအခြေအနေကနေ လွတ်မြောက်ဖို့ ဘုရားသခင် ဘယ်လိုပြင်ဆင်ထားတဲ့အကြောင်း။—ယောဟန် ၃:၁၆။

● လူ့အစိုးရတွေက ဘာကြောင့် ကမ္ဘာကို ပြောင်းလဲအောင်မလုပ်နိုင်တဲ့အကြောင်း။—ယေရမိ ၁၀:၂၃။

● ကမ္ဘာ့အခြေအနေကို ပြောင်းလဲစေမယ်ဆိုတဲ့ ဘုရားသခင်ကတိတော်ကို ကျွန်ုပ်တို့ ဘာကြောင့်ယုံကြည်နိုင်ကြောင်း။—ယောရှု ၂၃:၁၄။

လူသားတွေတွေ့ကြုံနေရတဲ့ အစာရေစာငတ်မွတ်မှု၊ စစ်မှု၊ ဖျားနာမှုနဲ့ သေခြင်း ပပျောက်သွားအောင် ဘုရားသခင်တကယ်လုပ်ပေးမလား။ လုပ်ပေးမယ်လို့ ယုံကြည်နိုင်ပါတယ်။ ဒါကိုကတိပေးထားတဲ့ဘုရားသခင်က ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်လို့ပဲ–

၁။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းတဲ့ အရှင်ဖြစ်တယ်။

၂။ ကိုယ်တော်က ကျွန်ုပ်တို့ကို ဂရုစိုက်တယ်။

၃။ ကိုယ်တော့်မှာ ကမ္ဘာကို ပြောင်းလဲပေးနိုင်တဲ့တန်ခိုးရှိတယ်။

၄။ အဲဒီလိုလုပ်ဖို့ ကိုယ်တော်ရည်ရွယ်ထားတယ်။

ဒီအချက်လေးချက်ကိုလက်ခံဖို့ အကြောင်းကောင်းတွေရှိပါသလား။ ဒီမဂ္ဂဇင်းကို ထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေနဲ့အတူ ကျမ်းစာထဲကနေ အဖြေကို ကိုယ်တိုင်ရှာကြည့်ဖို့ ကျွန်ုပ်တို့ ဖိတ်ခေါ်ပါတယ်။

သင့်ဆီမှာ ကိုယ်ပိုင်ကျမ်းစာအုပ်ရှိပေမဲ့ ဖတ်ခဲတာ ဒါမှမဟုတ် လုံးလုံးမဖတ်ဖြစ်တာ ဖြစ်နိုင်တယ်။ ကျမ်းစာကို ဖတ်တဲ့သူတွေကလည်း နားလည်ဖို့ခက်လိုက်တာလို့ ပြောကြပြန်တယ်။ သင်လည်း အဲဒီလိုဖြစ်နေမယ်ဆိုရင် ယေဟောဝါသက်သေတွေနဲ့ အခမဲ့ကျမ်းစာလေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ ကမ္ဘာတစ်ဝန်းကသန်းနဲ့ချီတဲ့သူတွေဟာ ဒီအစီအစဉ်ကနေ အကျိုးရရှိနေကြပါတယ်။ ဘယ်လိုလုပ်ဆောင်ကြသလဲ။

ယေဟောဝါသက်သေတစ်ဦး ဒါမှမဟုတ် နှစ်ဦးဟာ တစ်ပတ်တစ်ခါ သင့်အိမ်ကို ဒါမှမဟုတ် သင်အဆင်ပြေမယ့် တစ်နေရာရာကိုလာပြီး ကျမ်းစာအကြောင်း ဆွေးနွေးပေးပါတယ်။ အဲဒီအတွက် အခကြေးငွေပေးစရာ မလိုပါဘူး။ အဲဒီလိုလေ့လာတဲ့အခါ ဒီမေးခွန်းတွေရဲ့အဖြေကို သင် သိလာပါလိမ့်မယ်– ကျွန်ုပ်တို့ ဘာကြောင့် ဆင်းရဲဒုက္ခခံစားနေရတာလဲ။ လူ့အုပ်စိုးရှင်တွေက ကမ္ဘာ့အခြေအနေကို ဘာကြောင့် မပြောင်းလဲနိုင်တာလဲ။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။ ဒီနိုင်ငံတော်က လူ့အုပ်စိုးရှင်တွေ မလုပ်နိုင်တဲ့အရာကို ဘယ်လိုပြီးမြောက်အောင် လုပ်ပေးမလဲ။b

ကျမ်းစာလေ့လာမှုအကြောင်း ဒီထက်ပိုပြီးသိချင်တယ်ဆိုရင် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ဆက်သွယ်ပါ။ ဒါမှမဟုတ် www.pr2711.com ၀က်ဘ်ဆိုက်မှာ ကြည့်ပါ။ ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၅ မှာပါတဲ့ သင့်လျော်ရာလိပ်စာကိုလည်း စာရေးနိုင်ပါတယ်။

[အောက်ခြေမှတ်ချက်များ]

a ခေါင်းစဉ်ကြီးအောက်က ကျမ်းစကားတွေဟာ ဟေရှာယ ၂:၄၊ ကဘ; ဟေရှာယ ၃၃:၂၄၊ ကဘ နဲ့ ဗျာ. ၂၁:၄ ကဖြစ်ပါတယ်။

b ဒီမဂ္ဂဇင်းရဲ့ အင်္ဂလိပ်လိုထုတ်တဲ့စာစောင် စာမျက်နှာ ၂၆၊ ၂၇ ပါ “သမ္မာကျမ်းစာရှုထောင့်– ကမ္ဘာကြီးကို ဘယ်သူပြောင်းလဲပေးမှာလဲ” ကိုလည်းကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ