ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၄/၁ စာ. ၄-၇
  • လူတိုင်းအတွက် ကျမ်းစာလေ့လာမှုအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတိုင်းအတွက် ကျမ်းစာလေ့လာမှုအစီအစဉ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာလေ့လာမှုအကြောင်း မေးတတ်တဲ့ မေးခွန်းများ
  • ယေဟောဝါသက်သေတွေ ကမ်းလှမ်းတဲ့ ကျမ်းစာလေ့လာမှုဆိုတာ ဘာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
    ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
  • လေ့လာခဲ့တာတွေကို သဘောကျသလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
  • သမ္မာကျမ်းစာ အကြောင်း သင်ပိုမို သိလိုပါသလော
    သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၄/၁ စာ. ၄-၇
ကျမ်းစာလေ့လာမှုအစီအစဉ်

မျက်နှာဖုံးဆောင်းပါး | ကျမ်းစာ လေ့လာချင်ပါသလား

လူတိုင်းအတွက် ကျမ်းစာလေ့လာမှုအစီအစဉ်

ယေဟောဝါသက်သေတွေကို သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းကြောင့် လူသိများကြတယ်။ ကျမ်းစာလေ့လာမှုအစီအစဉ်ကို ကမ္ဘာတစ်ဝန်းမှာ သူတို့ ပြုလုပ်နေတယ်ဆိုတာကိုလည်း သင် သိပါသလား။

လုပ်ငန်းခွင်မှာ ကျမ်းစာလေ့လာနေသူ

၂၀၁၄ ခုနှစ်မှာ နိုင်ငံနဲ့ကျွန်းပေါင်း ၂၄၀ မှာရှိတဲ့ ယေဟောဝါသက်သေ ၈ သန်းကျော်က လတိုင်း ကျမ်းစာလေ့လာမှုအစီအစဉ် ၉,၅၀၀,၀၀၀ ပြုလုပ်ခဲ့ကြတယ်။a ကျွန်ုပ်တို့နဲ့ ကျမ်းစာလေ့လာသူအရေအတွက်က နိုင်ငံ ၁၄၀ မှာရှိတဲ့ တစ်နိုင်ငံချင်းလူဦးရေထက် ပိုများနေပါတယ်။

ယေဟောဝါသက်သေတွေဟာ ကျမ်းစာလေ့လာမှုအစီအစဉ်လုပ်နိုင်အောင် ကျမ်းစာအုပ်တွေ၊ ကျမ်းစာအခြေပြုစာပေတွေ၊ မဂ္ဂဇင်းတွေကို ဘာသာစကားပေါင်း ၇၀၀ ခန့်နဲ့ စောင်ရေပေါင်း သန်း ၁၅၀၀ လောက် နှစ်စဉ် ပုံနှိပ်ထုတ်ဝေကြတယ်။ အဲဒါကြောင့် လူတွေဟာ သူတို့နှစ်သက်ရာ ဘာသာစကားနဲ့ ကျမ်းစာလေ့လာနိုင်တာဖြစ်တယ်။

“ကျောင်းစာသင်ပေးတဲ့ပုံစံမျိုးကို ကျွန်တော်မကြိုက်ဘူး။ ကျမ်းစာလေ့လာမှုကတော့ ပျော်စရာလည်းကောင်းသလို နှစ်သိမ့်မှုလည်း အများကြီးရတယ်။”—ကတ်လက်ဂို၊ တောင်အာဖရိကနိုင်ငံ။

“ကျမ်းစာလေ့လာမှုကြောင့် ကျွန်မ သိချင်တဲ့အချက်တွေအပြင် တခြားအချက်တွေကိုပါ သိရှိခဲ့ရတာ။”—ဘာဒ်တာ၊ မက္ကဆီကိုနိုင်ငံ။

“ကျွန်တော့်အိမ်မှာ ကျွန်တော် အားတဲ့အချိန် ကျမ်းစာလေ့လာမှုလာလုပ်ပေးတယ်ဆိုတော့ ဒီထက်ကောင်းတာ ဘာရှိအုံးမှာလဲ။”—အီဇီခီအဲလ်၊ ဘရားဇီးနိုင်ငံ။

“ကျွန်မ အားရင်အားသလို ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ၊ တစ်ခါတလေ ဒီထက်ပိုကြာကြာ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာတယ်။”—ဘန်အီယန်နာ၊ ဩစတြေးလျနိုင်ငံ။

“အခမဲ့ကျမ်းစာသင်ပေးတယ်ဆိုတော့ တကယ့်ကို မယုံနိုင်စရာပဲ။”—အာမီ၊ ဘီနင်နိုင်ငံ။

“ကျွန်မကိုကျမ်းစာသင်ပေးတဲ့သူကစိတ်ရှည်ပြီးသိပ်ကြင်နာတတ်လို့ ကျွန်မတို့ ပိုခင်မင် လာကြတယ်။”—ခဲရဲန်၊ မြောက်အိုင်ယာလန်နိုင်ငံ။

“ကျမ်းစာလေ့လာပြီး ယေဟောဝါသက်သေ ဖြစ်မလာတဲ့သူတွေလည်း ရှိပါတယ်။”—ဒန်တန်၊ အင်္ဂလန်နိုင်ငံ။

ကျမ်းစာလေ့လာမှုအကြောင်း မေးတတ်တဲ့ မေးခွန်းများ

ကျမ်းစာကို ဘယ်လိုလေ့လာကြသလဲ

ကျမ်းစာထဲမှာပါတဲ့ အကြောင်းအရာတွေကို အမျိုးအစားခွဲပြီး အကြောင်းအရာနဲ့ဆက်နွှယ်နေတဲ့ ကျမ်းချက်တွေကို ဆွေးနွေးသုံးသပ်ကြတယ်။ ဥပမာ၊ ကျမ်းစာမှာ ဒီလိုမျိုးမေးခွန်းတွေကို ဖြေဆိုပေးထားတယ်– ဘုရားသခင်က ဘယ်သူလဲ။ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ နာမည် ရှိသလား။ ဘယ်နေရာမှာ နေသလဲ။ ကိုယ်တော်နဲ့ ကျွန်ုပ်တို့ ခင်မင်ရင်းနှီးလို့ရသလား။ ဒါဆိုရင် ဒီအဖြေတွေကို ကျမ်းစာထဲမှာ ဘယ်လိုရှာရမလဲ။

အဖြေတွေရှာတွေ့နိုင်အောင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ကို ကျွန်ုပ်တို့ အသုံးပြုကြတယ်။b အဲဒီစာအုပ်က ကျမ်းစာအခြေခံသွန်သင်ချက်တွေကို လူတွေနားလည်ဖို့ အထူးထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီမှာ ဘုရားသခင်၊ ယေရှုခရစ်၊ ဆင်းရဲဒုက္ခ၊ သေလွန်သူတွေ အသက်ပြန်ရှင်လာခြင်း၊ ဆုတောင်းခြင်းစတဲ့ အကြောင်းအရာမျိုးစုံ ပါဝင်တယ်။

ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ကျမ်းစာလေ့လာနိုင်မလဲ

သင် အဆင်ပြေမယ့် အချိန်နဲ့နေရာမှာ လေ့လာနိုင်ပါတယ်။

တစ်ခါလေ့လာရင် ဘယ်လောက်ကြာသလဲ

လူများစွာက တစ်ပတ်ကို တစ်နာရီ ဒါမှမဟုတ် ဒီထက်မကအချိန်ပေးပြီး ကျမ်းစာလေ့လာကြတယ်။ ဒါပေမဲ့ လေ့လာချိန်ကို အတိအကျမသတ်မှတ်ထားပါဘူး။ ကြာချိန်ကို ညှိနှိုင်းပေးလို့ရပါတယ်။ တချို့ကျတော့ တစ်ပတ်မှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် လေ့လာကြတယ်။

ကျမ်းစာလေ့လာရင် ဘယ်လောက်ပေးရမှာလဲ

ကျမ်းစာလေ့လာမှုအစီအစဉ်နဲ့ အသုံးပြုတဲ့စာအုပ်တွေက အခမဲ့ဖြစ်ပါတယ်။ ဒါက “သင်တို့သည် အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ပေးကမ်းကြလော့” ဆိုတဲ့ ယေရှုရဲ့ စကားနဲ့ကိုက်ညီပါတယ်။—မဿဲ ၁၀:၈။

လေ့လာမှုအစီအစဉ် အစအဆုံး ဘယ်လောက်ကြာမှာလဲ

ကြာချိန်ကို သင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်မှာ အခန်း ၁၉ ခန်းပါတဲ့အတွက် သင် နှစ်သက်တဲ့ အခန်းတချို့ ဒါမှမဟုတ် အားလုံးကို လေ့လာနိုင်ပါတယ်။

ကျမ်းစာလေ့လာရင် ယေဟောဝါသက်သေဖြစ်ဖို့လိုသလား

မလိုပါဘူး။ လူတိုင်း ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိမှန်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့လည်း ကျမ်းစာအခြေခံသွန်သင်ချက်တွေကို သိရှိလာသူတစ်ဦးက ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

ထပ်သိချင်ရင် ဘယ်နေရာမှာ ရှာရမလဲ

Jw.org/mya ဝက်ဘ်ဆိုက်မှာ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တွေနဲ့ လုပ်ဆောင်ပုံတွေအကြောင်း သတင်းအမှန်တွေ တင်ပေးထားပါတယ်။

ကျမ်းစာလေ့လာဖို့ ဘယ်လိုတောင်းခံနိုင်မလဲ

ကျမ်းစာလေ့လာမှုကို နည်းအမျိုးမျိုးနဲ့ တောင်းခံနိုင်ပါတယ်။ အွန်လိုင်းမှာ ဖောင်ဖြည့်ပြီး တောင်းလို့ရသလို စာရေးဆက်သွယ်ပြီးတော့လည်း တောင်းနိုင်ပါတယ်။
  • www.pr2711.com/mya ဝက်ဘ်ဆိုက်မှာ အွန်လိုင်းဖောင်ဖြည့်ပြီး တောင်းဆိုပါ။

  • ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၂ မှာပါတဲ့ လိပ်စာတွေထဲက သင်နဲ့အနီးစပ်ဆုံးလိပ်စာဆီ စာရေးတောင်းခံပါ။

  • သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ဆက်သွယ်ပါ။

a ပုံမှန်အားဖြင့် ကျမ်းစာကို တစ်ယောက်ချင်းနဲ့ဖြစ်စေ၊ အုပ်စုငယ်နဲ့ဖြစ်စေ လေ့လာကြပါတယ်။

b ယေဟောဝါသက်သေတွေက ဒီစာအုပ်ကို ဘာသာစကားပေါင်း ၂၆၀ ကျော်နဲ့ အုပ်ရေ သန်း ၂၃၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

မိသားစုအတွက် အကူအညီ

ဖွင့်ထားတဲ့ ကျမ်းစာအုပ်

“ကျွန်တော့်မိန်းမ ကျမ်းစာလည်းလေ့လာရော သူ သိသိသာသာ ပြောင်းလဲလာမှန်း ကျွန်တော် သတိထားမိတယ်။ မိသားစုလည်း သာယာချမ်းမြေ့လာတယ်။ သူ ဘာတွေများ လေ့လာနေသလဲဆိုတာ စပ်စုချင်တာနဲ့ ကျွန်တော်ပါ ကျမ်းစာလေ့လာဖြစ်သွားတယ်။ ကျမ်းစာလေ့လာတာကြောင့် ကျွန်တော် အရင်ကထက် လိမ္မာလာတဲ့အပြင် မိသားစုလည်း စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်း ဖြစ်လာတယ်။”—အီဇီခီအဲလ်။

အီဇီခီအဲလ်

“ကျမ်းစာလေ့လာခဲ့တာကြောင့် အလွန်အကျွံ အရက်သောက်တာ၊ မူးယစ်ဆေးသုံးစွဲတာတွေကို ကျွန်မ ဖြတ်နိုင်ခဲ့တဲ့အပြင် ဒေါသလည်း မကြီးတော့ဘူး။ အိမ်ကိုလည်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ထားတတ်လာတယ်။ မိသားစုကို ပိုတန်ဖိုးထားတတ်လာတဲ့အပြင် သူတို့ကို စိတ်ချမ်းသာအောင်လည်း ထားပေးတယ်။ အခုဆို ကျွန်မ သိပ်ပျော်နေပြီ။”—ခဲရဲန်။

ခဲရဲန်

“ကျွန်မ ကျမ်းစာလေ့လာတာကို တချို့က နှာခေါင်းရှုံ့ကြပေမဲ့ ကျွန်မအမျိုးသားကတော့ ကျွန်မဘက်မှာ အမြဲနေပြီး အခုလိုပြောတယ်– ‘ဘယ်သူတွေ ဘာပြောပြော ငါ ဂရုမစိုက်ဘူး။ မင်း အရင်ကထက် ပိုကောင်းလာတယ်။ ဒါ ငါ့အတွက် အရေးကြီးဆုံးပဲ။ ဆက်ပြီး ကျမ်းစာလေ့လာသွားပါ။’ ဒါကြောင့် ကျွန်မတို့မိသားစုဘဝလေးဟာ ပိုပြီး ပျော်ရွှင်ချမ်းမြေ့လာတယ်။”—ဘန်အီယန်နာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ