ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၃ စာ. ၁၆
  • နှံကောင်ရဲ့ ထူးခြားတဲ့ အကြားအာရုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှံကောင်ရဲ့ ထူးခြားတဲ့ အကြားအာရုံ
  • နိုးလော့!—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၃
  • သင့်အကြားအာရုံကို ကာကွယ်လော့!
    နိုးလော့!—၂၀၀၃
  • ထူးဆန်းလှတဲ့ သင့်ခန္ဓာကိုယ်အတွက် ကျေးဇူးတင်ပါ
    နိုးလော့!—၂၀၁၁
  • ပိုးဖလံရဲ့ ထူးခြားလှတဲ့ အကြားအာရုံ
    နိုးလော့!—၂၀၁၅
နိုးလော့!—၂၀၁၃
န ၁၀/၁၃ စာ. ၁၆

ဒါကသူ့အလိုလိုဖြစ်လာနိုင်ပါ့မလား

နှံကောင်ရဲ့ ထူးခြားတဲ့ အကြားအာရုံ

တောင်အမေရိက ခြုံပုတ်နေနှံကောင် (katydid) ရဲ့နားဟာ တစ်မီလီမီတာထက်သေးပေမဲ့ သူ့ရဲ့ လုပ်ဆောင်ပုံက လူ့ နားလုပ်ဆောင်ပုံနဲ့ တူတယ်။ ဒီနှံကောင်ဟာ ဟိုးအဝေးကြီးကနေတောင် အသံလှိုင်းကို ခွဲခြားသိနိုင်တယ်။ ဥပမာ၊ တခြားနှံကောင်ဆီကအသံလား၊ သားကောင်ဖမ်းဖို့လာနေတဲ့ လင်းနို့ရဲ့ အသံလားဆိုတာကို ခွဲခြားသိနိုင်တယ်။

နှံကောင်ရဲ့နား

သုံးသပ်ကြည့်ပါ– နှံကောင်ရဲ့နားက ရှေ့ခြေထောက်နှစ်ဖက်မှာ ရှိတယ်။ လူ့ နားလိုပဲ နှံကောင်ရဲ့နားက အသံလှိုင်းကိုဖမ်းပြီး ပိုင်းခြားသိနိုင်တယ်။ သိပ္ပံပညာရှင်တွေက နှံကောင်ရဲ့နားအတွင်းပိုင်းမှာရှိတဲ့ ထူးခြားတဲ့အင်္ဂါတစ်ခုကို တွေ့ ရှိခဲ့တယ်။ အဲဒါကတော့ လုံးလုံးရှည်ရှည် အရည်အိတ်လေးတစ်ခုဖြစ်တယ်။ အဲဒီအင်္ဂါကို အသံကြားနိုင်တဲ့ အရည်အိတ်ငယ်လို့ ခေါ်တယ်။ ဒီအရည်အိတ်ငယ်ဟာ နို့တိုက်သတ္တဝါတွေရဲ့ နားနဲ့ လုပ်ဆောင်ပုံချင်းတူပေမဲ့ အရွယ်အစားကတော့ အလွန်သေးငယ်ပါတယ်။ အဲဒီအရည်အိတ်ငယ်ကြောင့်ပဲ ထူးခြားတဲ့အကြားအာရုံရှိတာဖြစ်တယ်။

ဒီတွေ့ရှိချက်ကနေ အင်ဂျင်နီယာတွေဟာ “လက်ရှိထက်သေးငယ်ပြီး ပိုကြားနိုင်တဲ့ နားကြားကိရိယာတွေ တီထွင်ဖို့ အကူအညီဖြစ်စေတယ်” လို့ အင်္ဂလန်နိုင်ငံ ဘရစ်စတိုတက္ကသိုလ်က ဇီဝဗေဒပါမောက္ခ ဒံနီယယ် ရောဘတ်က ပြောတယ်။ ဆေးရုံတွေမှာအသုံးပြုတဲ့ တီဗွီဓာတ်မှန်အပါအဝင် နှုန်းလွန်အသံလှိုင်းနည်းပညာတွေ ပိုပြီးတိုးတက်လာမယ်လို့ သုတေသီတွေ ယုံကြည်ကြတယ်။

သင်ဘယ်လိုထင်ပါသလဲ။ နှံကောင်ရဲ့ ထူးခြားတဲ့အကြားအာရုံဟာ သူ့အလိုလိုဖြစ်လာတာလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲခံထားရတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ