ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၅ စာ. ၁၆
  • မိကျောင်းမေးရိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိကျောင်းမေးရိုး
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိကျောင်းကို အနီးကပ်လေ့လာခြင်း
    နိုးလော့!—၁၉၉၇
  • မိကျောင်းတစ်ကောင်ကို ပြုံးပြနိုင်မည်လော
    နိုးလော့!—၂၀၀၅
  • မာတိကာ
    နိုးလော့!—၂၀၁၅
  • စကားလုံးများကို ရှင်းလင်းစွာ ပြောဆိုခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နိုးလော့!—၂၀၁၅
န ၇/၁၅ စာ. ၁၆
မိခင် မိကျောင်းမကြီးက မိကျောင်းပေါက်ကလေးကို ကိုက်မိခြင်းမရှိဘဲ ပါးစပ်နဲ့ သယ်ဆောင်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

မိကျောင်းမေးရိုး

လက်ရှိ တိရစ္ဆာန်တွေထဲမှာ မိကျောင်းရဲ့ ကိုက်ချက်က အပြင်းဆုံးဆိုတာကို လေ့လာတွေ့ရှိချက်တွေအရ သိရတယ်။ ဥပမာ၊ ဩစတြေးလျတိုက်ရဲ့ အနီးတစ်ဝိုက်မှာ တွေ့ရတဲ့ ရေငန်မိကျောင်းဟာ ခြင်္သေ့ ဒါမှမဟုတ် ကျားတစ်ကောင်ရဲ့ ကိုက်ချက်ထက် သုံးဆ ပိုပြင်းထန်တယ်။ ဒါပေမဲ့ မိကျောင်းရဲ့ မေးရိုးက လူ့လက်ချောင်းထိပ်တွေထက် အာရုံခံစားလွယ်တယ်။ အရမ်းထူထဲတဲ့ မိကျောင်းသားရေနဲ့ ဖုံးထားတဲ့ မေးရိုးက အဲဒီလောက် အာရုံခံစားလွယ်တယ် ဆိုတာ ဟုတ်ပါ့မလား။

မိကျောင်းရဲ့ မေးရိုးမှာ အာရုံခံအင်္ဂါ ထောင်နဲ့ချီ ရှိတယ်။ “မေးရိုးမှာ ရှိတဲ့ အပေါက်ကနေတစ်ဆင့် အာရုံခံစားနိုင်တာ ဖြစ်တယ်” လို့ အဲဒီအကြောင်းကို လေ့လာတဲ့ သုတေသီ ဒန်ကန် လိချ်က ပြောတယ်။ အဲဒါက မေးရိုးမှာ ရှိတဲ့ အာရုံကြောမျှင်တွေကို ကာကွယ်ပေးသလို အာရုံခံစားလွယ်စေတယ်။ ပြီးတော့ သူ့ရဲ့ အာရုံခံနိုင်စွမ်းက ဘယ်လောက် ကောင်းသလဲဆိုရင် တချို့နေရာတွေမှာ ကိရိယာနဲ့တောင် တိုင်းတာလို့ မရနိုင်ဘူး။ ဒါကြောင့် မိကျောင်းဟာ ပါးစပ်ထဲမှာ အစာလား၊ အမှိုက်လား ဆိုတာကို ခွဲခြားသိရှိနိုင်တယ်။ ဒါ့အပြင် မိကျောင်းမက သူ့ရဲ့ သားပေါက်လေးကို ပါးစပ်ထဲ ထည့်ပြီး ခေါ်ဆောင်သွားတဲ့အခါ မတော်တဆ ကိုက်မိတာမျိုး မဖြစ်စေဘူး။ မိကျောင်းရဲ့ မေးရိုးက အစွမ်းခွန်အားကြီးပေမဲ့ တစ်ချိန်တည်းမှာ အာရုံခံစားလွယ်တာဟာ တကယ့်ကို အံ့ဩစရာကောင်းလှတယ်။

သင် ဘယ်လို ထင်ပါသလဲ။ မိကျောင်းရဲ့ မေးရိုးဟာ သူ့အလိုလို ဖြစ်လာတာလား၊ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ