ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၂ စာ. ၈၆-စာ. ၈၈ ပိုဒ်. ၃
  • စကားလုံးများကို ရှင်းလင်းစွာ ပြောဆိုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စကားလုံးများကို ရှင်းလင်းစွာ ပြောဆိုခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းသောစကားများကို နေ့စဉ်အသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ‘ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အသံကိုတိုးတက်စေခြင်းနှင့် မိုက်ခွက်များ အသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • သမ္မာတရားနှင့်ဆိုင်သော နှစ်သက်ဖွယ်ရာ စကားများကို ပြောခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၂ စာ. ၈၆-စာ. ၈၈ ပိုဒ်. ၃

သင်ခန်းစာ ၂

စကားလုံးများကို ရှင်းလင်းစွာ ပြောဆိုခြင်း

သင်ဘာပြုလုပ်ဖို့လိုအပ်သနည်း။

စကားလုံးများကို ပရိသတ် အလွယ်တကူနားလည်နိုင်စေရန် ပြောဆိုပါ။ ဤတွင် (၁) စကားပြောအင်္ဂါရပ်များကို ဆီလျော်စွာအသုံးပြုခြင်း (၂) စကားလုံးဖွဲ့စည်းတည်ဆောက်ပုံကို နားလည်ခြင်း ပါဝင်သည်။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သင်သည် ဂရုတစိုက် ပီပီသသအသံထွက်သည့်အခါ သင်ပြောဆိုရာကို အခြားသူများ နားလည်နိုင်ပေသည်။ ရှင်းရှင်းလင်းလင်း ပြောဆိုသောစကားလုံးများကို အလေးထားဖို့ ပို၍အကြောင်းများသည်။

ထိရောက်စွာဆက်သွယ်နိုင်ရန် ရှင်းရှင်းလင်းလင်းပြောဆိုရသည်။ သင်ပြောလိုသည့်အရာသည် စိတ်ဝင်စားဖွယ်ကောင်းပြီး အရေးပင်ပါပေမည်၊ သို့သော် သင့်စကားကို အလွယ်တကူနားမလည်ပါက အကျိုးများယုတ်သွားမည်။

လူတို့သည် မိမိတို့ အမှန်တကယ်နားမလည်သည့်စကားဖြင့် လှုံ့ဆော်မခံရကြပါ။ လူတစ်ဦးတွင် အသံသြဇာရှိပြီး အလွယ်တကူကြားနိုင်သော်လည်း သူ၏စကားသည် ဗလုံးဗထွေးဖြစ်နေလျှင် အခြားသူများကို လုပ်ဆောင်မှုပြုရန် လှုံ့ဆော်မှုဖြစ်စေမည်မဟုတ်ပေ။ သူသည် နားထောင်သူများနားမလည်သည့် နိုင်ငံခြားဘာသာစကားဖြင့် ပြောနေသည့်နှယ် ဖြစ်ချေမည်။ (ယေ. ၅:၁၅) ကျမ်းစာက ကျွန်ုပ်တို့အား ဤသို့သတိပေးသည်– “တံပိုးခရာသည်လည်း မမှန်သောအသံနှင့်မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှာ မိမိကိုယ်ကိုပြင်ဆင်မည်နည်း။ ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သောစကားကို နှုတ်ဖြင့်မမြွက်လျှင်၊ မြွက်သောစကားကို အဘယ်သို့သိနိုင်မည်နည်း။ အာကာသကောင်းကင်ကိုပြောသောသူကဲ့သို့ဖြစ်လိမ့်မည်။”—၁ ကော. ၁၄:၈၊ ၉။

အဘယ်အရာက စကားသံမပြတ်သားဘဲဖြစ်စေသနည်း။ နှုတ်ခမ်းကို မပွင့်တပွင့်ဟ၍ဖြစ်မည်။ တောင့်တင်းသောမေးရိုးကြွက်သားများနှင့် လှုပ်ရုံမျှလှုပ်သောနှုတ်ခမ်းများသည် စကားကိုမသဲမကွဲဖြစ်စေနိုင်သည်။

စကားပြောမြန်လွန်းလျှင်လည်း စကားကိုနားလည်ရခက်စေနိုင်မည်။ ယင်းသည် အသံသွင်းစက်တစ်လုံးကို သွင်းထားသည့်နှုန်းထက် ပို၍မြန်သောနှုန်းဖြင့် ဖွင့်ခြင်းနှင့်တူသည်။ စကားလုံးများထွက်လာမည်ဖြစ်သော်လည်း အကျိုးအတော်များများမဲ့သွားသည်။

အချို့သောကိစ္စရပ်များတွင် စကားမပြတ်သားခြင်းမှာ စကားပြောအင်္ဂါများတွင် ဖွဲ့စည်းတည်ဆောက်ပုံချွတ်ယွင်းခြင်းနှင့် ဆက်စပ်နေသည်။ သို့ရာတွင် ထိုသို့သောချွတ်ယွင်းမှုပြဿနာရှိနေသူတို့ပင် ဤသင်ခန်းစာ၌ရှိသော အကြံပေးချက်များကို လိုက်နာလေ့ကျင့်ခြင်းဖြင့် များစွာတိုးတက်နိုင်ပါသည်။

သို့သော် အကြိမ်ကြိမ် စကားလုံးများကို မပြတ်မသားပြောမိခြင်းသည် စကားလုံးများကို နားလည်ရခက်သွားစေသည်အထိ ဗလုံးဗထွေး မရပ်မနားရော၍ပြောလိုက်ခြင်းကြောင့်ဖြစ်သည်။ ဤပြဿနာသည် အက္ခရာသံများ၊ အဓိပ္ပာယ်ထူးရှိသော စာလုံးများကို ကျော်ဖတ်ခြင်း သို့မဟုတ် စကားလုံးအဆုံးသတ်များကိုချန်ဖတ်ခြင်းနှင့် ပတ်သက်သည်။ လူတစ်ဦးသည် ပိုင်းခြားခြင်းမရှိဘဲ စကားလုံးများကို လုံး၍ပြောဆိုသည့်အခါ ကြားနာသူများသည် ယူဆချက်အချို့နှင့် စကားစုအချို့ကိုသာ ကျက်မိနိုင်ပြီး ကျန်အရာများကိုမူ မှန်းကြည့်ရတော့မည်။ ရှင်းလင်းပီသစွာ မပြောဆိုခြင်းက လူတစ်ဦး၏သွန်သင်ခြင်းတွင် ထိရောက်မှုနည်းသွားစေနိုင်သည်။

ရှင်းလင်းစွာပြောဆိုနိုင်ပုံ။ စကားလုံးများကို ရှင်းလင်းစွာပြောဆိုနိုင်ရန် အဓိကအချက်တစ်ခုမှာ သင့်ဘာသာစကားရှိ စကားလုံးများဖွဲ့စည်းထားပုံကို နားလည်ထားခြင်းဖြစ်သည်။ ဘာသာစကားအများစုတွင် စကားလုံးများကို အက္ခရာသံများဖြင့် ဖွဲ့စည်းထားသည်။ အက္ခရာသံများကို အသံတစ်သံထွက်စေသော စာလုံးတစ်လုံး သို့မဟုတ် တစ်လုံးထက်မကဖြင့်ဖွဲ့စည်းထားသည်။ ထိုကဲ့သို့သောဘာသာစကားများ၌ အက္ခရာသံတစ်ခုစီသည် သင်စကားပြောဆိုသည့်အခါ သာမန်အားဖြင့် အသံထွက်မည်ဖြစ်သော်လည်း အားလုံးမှာ လေးနက်သံ အတိုင်းအတာတစ်မျိုးတည်းဖြင့်တော့မဟုတ်ချေ။ အကယ်၍ သင့်စကား၏ရှင်းလင်းမှုကို တိုးတက်စေလိုပါက ဖြည်းဖြည်းမှန်မှန်နှင့် အက္ခရာသံတိုင်း အသံထွက်ရန် အတတ်နိုင်ဆုံးကြိုးစားပါ။ အစပိုင်းတွင် ယင်းသည် တိကျလွန်းပုံပေါက်နိုင်သော်လည်း သင်အလေ့အကျင့်ပြုလုပ်သည်နှင့်အမျှ တဖြည်းဖြည်း စကားပြန်လည်ချောမောလာပေမည်။ သွက်လက်မှုအတွက် သင်သည် အချို့သောစကားလုံးများကို ပူးတွဲပြောဆိုပေမည်၊ သို့သော် စကားလုံးများ၏ဆိုလိုရင်းကို ဝေဝါးစေသည့် မည်သည့်အန္တရာယ်မဆိုရှိနေလျှင် ယင်းကိုရှောင်ကြဉ်သင့်သည်။

သတိပေးချက်တစ်ရပ်– အသံပီသမှုကို ပြုစုပျိုးထောင်ရန်အတွက် ပြောဆိုခြင်းနှင့်ဖတ်ရှုခြင်းကို တိကျလွန်းစွာ သင်လေ့ကျင့်ပေမည်။ သို့ရာတွင် ယင်းကို သင့်ပုံမှန်စကားပြောဆိုနည်းဖြစ်မသွားစေပါနှင့်။ ယင်းသည် တုထားပုံပေါက်ကာ သဘာဝကျမည်မဟုတ်ချေ။

အကယ်၍ သင့်စကားသည် မသဲကွဲပုံပေါက်ပါက သင့်ခေါင်းကိုမော့ထားပြီး မေးစေ့ကို သင့်ရင်ဘတ်နှင့်ခွာထားပါ။ ကျမ်းစာမှဖတ်ရှုနေချိန် သင့်အကြည့်ကို ပရိသတ်ထံမှ ကျမ်းစာအုပ်သို့ပြောင်းကြည့်သည့်အခါ အနည်းငယ်သာငုံ့ကြည့်ရုံနှင့်မြင်ရရန် ကျမ်းစာအုပ်ကို မြင့်မြင့်ကိုင်ထားပါ။ ယင်းက သင့်စကားလုံးများကို အထစ်အငေါ့မရှိထွက်လာစေမည်။

စိတ်တင်းကျပ်မှုကို ဖြေလျှော့ရန်သင်ယူခြင်းက သင့်စကားပြောဆိုမှုကိုလည်း တိုးတက်စေနိုင်သည်။ မျက်နှာကြွက်သားများ သို့မဟုတ် အသက်ရှူခြင်းကို ထိန်းချုပ်သည့်အရာများထဲတွင် တင်းကျပ်နေခြင်းသည် စကားပြောခြင်းယန္တရားအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်သည်မှာ အများသိဖြစ်သည်။ ထိုသို့သောတင်းကျပ်မှုသည် ရှောရှောရှူရှူနှင့် သဘာဝကျကျလုပ်ဆောင်သင့်သည့် သင့်စိတ်၊ အသံဆိုင်ရာအင်္ဂါများနှင့် ထွက်သက်ဝင်သက်ထိန်းချုပ်မှုတို့ကြားတွင် ရှိသင့်သော လိုက်ဖက်ညီညီပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေသည်။

ဦးနှောက်မှညွှန်ကြားမှုကို အသင့်တုံ့ပြန်စေဖို့အတွက် မေးရိုးကြွက်သားများ လျော့နေစေဖို့လိုအပ်သည်။ နှုတ်ခမ်းများလည်း လျော့နေစေရမည်။ ပါးစပ်နှင့်လည်ချောင်းထဲ၌ ဖြစ်ပေါ်လာသည့် များပြားသောအသံကို အချောသတ် ပီပီသသထွက်စေရန်အလို့ငှာ ၎င်းတို့သည် လျင်မြန်စွာချုံ့ချဲ့ရန် အဆင်သင့်ရှိနေရမည်။ အကယ်၍ မေးရိုးနှင့်နှုတ်ခမ်းများတင်းနေပါက ပါးစပ်ကောင်းစွာမပွင့်သဖြင့် လေသည် သွားကြားမှတိုးထွက်လာရပေမည်။ ယင်းကြောင့် မပီမသ၊ ဗလုံးဗထွေး၊ မပြတ်မသားသောအသံ ဖြစ်ပေါ်လာမည်။ သို့သော် မေးရိုးနှင့်နှုတ်ခမ်းတို့ကို ဖြေလျှော့စွာထားရှိခြင်းဆိုရာ၌ ဖြစ်ကတတ်ဆန်းအသံထွက်ခြင်းကို မဆိုလိုပါ။ အသံထွက်မှုရှင်းရန် အသံအနေအထားနှင့်လည်း ဟန်ချက်ညီစေရမည်။

သင့်အခြေအနေကို ဆန်းစစ်လေ့လာရာတွင် အသံကျယ်ကျယ်ဖတ်ရှုခြင်းသည် အထောက်အကူရကြောင်းတွေ့ရပေမည်။ အံ့ဖွယ်ကောင်းသော စကားပြောအင်္ဂါများအား သင်အသုံးချနေပုံကို စေ့စေ့စပ်စပ်ဂရုပြုပါ။ စကားသံများကို အထစ်အငေါ့မရှိဘဲ ထွက်လာစေနိုင်ရန်အတွက် သင့်ပါးစပ်ကို လုံလောက်စွာ ဖွင့်ထားပါသလော။ လျှာသည် အလုပ်အများဆုံးထဲမှတစ်ခုဖြစ်သော်လည်း တစ်ခုတည်းသော စကားပြောအင်္ဂါမဟုတ်ကြောင်းကို သင်သတိရရမည်။ လည်ပင်း၊ အောက်မေးရိုး၊ နှုတ်ခမ်း၊ မျက်နှာကြွက်သားများနှင့် လည်ချောင်းကြွက်သားများတို့သည် တစ်စိတ်တစ်ပိုင်းပါဝင်ကြသည်။ သင်စကားပြောဆိုသည့်အခါ မျက်နှာလှုပ်ရှားမှုမရှိဘဲ ထိုသို့ပြောဆိုနေပုံပေါက်သလော။ ထိုသို့ဆိုလျှင်၊ သင့်စကားသည် မပြတ်သားဖို့ ပို၍အကြောင်းများသည်။

တိပ်ရီကော်ဒါရနိုင်ပါက၊ လယ်ကွင်းဓမ္မအမှု၌သင်ရှိသည့်အခါ တစ်ယောက်ယောက်ကိုပြောဆိုမည့်နည်းဖြင့် ပင်ကိုအတိုင်းစကားပြောဆိုနေစဉ် သင့်အသံကိုသွင်းထားပါ။ စကားလက်ဆုံပြောဆိုပုံကို မိနစ်များများ သွင်းထားပါ။ ထိုအသံသွင်းထားရာကို နားထောင်ခြင်းက စကားလုံးအချို့ကို ပီပီသသအသံထွက်ရာတွင် ရှိနိုင်မည့် မည်သည့်အခက်အခဲကိုမဆို ထောက်ပြရန် ကူညီပေးနိုင်သည်။ ဗလုံးဗထွေးပြောခြင်း၊ မပီမသပြောဆိုခြင်း သို့မဟုတ် စကားလုံးများကို ချုံ့ပစ်လိုက်ခြင်းတို့အား သတိထားပြီး အကြောင်းရင်းကို ကြိုးစားစိစစ်ပါ။ အထက်ပါဆွေးနွေးထားသည့်အချက်များအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် အားနည်းချက်ကို များသောအားဖြင့် ပြုပြင်နိုင်ပေသည်။

သင်သည် စကားလုံးကို မသဲမကွဲပြောတတ်သလော။ သင့်ပါးစပ်ကို ယခင်ကထက် အနည်းငယ်ပို၍ဖွင့်ပြီး လေ့ကျင့်ကာ ပို၍ဂရုတစိုက်နှင့် ပီပီသသရွတ်ဆိုရန် ကြိုးစားပါ။ အဆုတ်ထဲအသက်ရှူသွင်းပြီး စကားကိုဖြည်းညင်းစွာပြောဆိုပါ။ ယင်းကိုလုပ်ဆောင်ခြင်းကြောင့် စကားလုံး မသဲမကွဲပြောတတ်သောသူများသည် ရှင်းရှင်းပီသမှုတွင် တိုးတက်ကောင်းမွန်လာစေနိုင်ခဲ့သည်။ အကယ်၍ သင်သည် မပီလျှင် စကားလုံးများတွင် စ, သံနှင့် ဇ, သံတို့ကို ထွက်သည့်အခါ သင့်လျှာကို ရှေ့သွားမှခွာထုတ်လိုက်ပါ။ သင့်ပြဿနာ လုံးလုံးပြေလည်ချင်မှ ပြေလည်မည်ဖြစ်သော်လည်း လက်မှိုင်မချလိုက်ပါနှင့်။ ယေဟောဝါသည် အီဂျစ်ပြည့်ရှင်ဖာရောနှင့် ဣသရေလလူမျိုးတို့ထံ အရေးကြီးသောသတင်းပို့ရန် စကားလုံး မသဲမကွဲပြောတတ်ဖွယ်ရှိသည့်မောရှေအား ရွေးချယ်ခဲ့ကြောင်းကို သတိရပါ။ (ထွ. ၄:၁၀-၁၂) သင်သာ တလိုတလားရှိပါက သင့်ကိုလည်း ကိုယ်တော်အသုံးပြုမည်ဖြစ်ပြီး သင့်ဓမ္မအမှုကိုအောင်မြင်စေရန် ကောင်းချီးပေးပါလိမ့်မည်။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • စကားလုံးတစ်လုံးစီကို မှန်ကန်သောအသံထွက်၊ လုံလောက်သောအသံပမာဏနှင့် တော်သင့်သောနှုန်းထားတို့ဖြင့် ရှင်းလင်းစွာပြောဆို ဖတ်ရွတ်ပါ။

  • သင်အားနားထောင်သူများအတွက် အဓိပ္ပာယ်ကို မသေချာစေသည့်နည်းဖြင့် စကားလုံးများကို ဗလုံးဗထွေးပြောခြင်း သို့မဟုတ် ရောလုံးပစ်လိုက်ခြင်း မပြုပါနှင့်။

  • သင်စကားပြောချိန်တွင် ခေါင်းမော့ထားကာ ပါးစပ်ကိုအလုံအလောက်ဖွင့်ထားပါ။

  • လည်ပင်း၊ မေးရိုး၊ နှုတ်ခမ်း၊ မျက်နှာ ကြွက်သားနှင့် လည်ချောင်းကြွက်သားတို့ကို လျော့နေစေရန် လေ့ကျင့်ပါ။

လေ့ကျင့်ခန်း– ပင်ကိုအတိုင်းစကားပြောပါ။ သင့်ပါးစပ်ကို မည်မျှကျယ်ကျယ်ဟထားသနည်း။ သင့်ပါးစပ်ကို အနည်းငယ်ပိုဖွင့်ပြီး မျက်နှာကြွက်သားများကို ပို၍အပြည့်အဝအသုံးပြုဖို့ လိုအပ်ပါသလော။ မဿဲ ၈:၂၃-၂၇ ကို အသံကျယ်ကျယ်ဖတ်ရှုသည့်အခါ ယင်းကိုလေ့ကျင့်ပါ။ သင့်ဦးခေါင်းကိုမော့ထားရန် သေချာစေပြီး မေးရိုးကြွက်သားများ လျော့နေစေရန် ကြိုးစားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ