ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၆ စာ. ၇
  • ပင်လယ်ယောက်သွားတွေရဲ့ ချည်မျှင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်လယ်ယောက်သွားတွေရဲ့ ချည်မျှင်
  • နိုးလော့!—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၆
  • ပိုင်းလော့ ဝေလငါးရဲ့ အလိုအလျောက် သန့်စင်နိုင်စွမ်းရှိတဲ့ အရေခွံ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ခရင်းကောင်ရဲ့ ကော်စေး
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ရှေးအချိန်က အသုံးပြုခဲ့ကြတဲ့ အရောင်များနဲ့ အထည်အလိပ်များအကြောင်း တစေ့တစောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၆ စာ. ၇
ပင်လယ်ယောက်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပင်လယ်ယောက်သွားတွေရဲ့ ချည်မျှင်

ခရင်းကောင်တွေလိုပဲ ပင်လယ်ယောက်သွား (marine mussels) တွေဟာ ကျောက်ဆောင်၊ သစ်သားနဲ့ သင်္ဘောကိုယ်ထည်တွေမှာ တွယ်နေတတ်တယ်။ ခရင်းကောင်တွေကတော့ မျက်နှာပြင်တစ်ခုမှာ အခိုင်အမာ တွယ်ကပ်နေကြပေမဲ့ ပင်လယ်ယောက်သွားတွေကတော့ ပါးလျတဲ့ချည်မျှင်ကွန်ယက်မှာ တွဲလွဲနေကြတယ်။ အဲဒီလိုနေလို့ အလွယ်တကူ အစာစား၊ လှုပ်ရှားနိုင်ကြပေမဲ့ သူတို့ရဲ့ချည်မျှင်က ပါးလျတဲ့အတွက် ပင်လယ်လှိုင်းဒဏ်ကို ခံနိုင်ပါ့မလား။ ယောက်သွားတွေ ပင်လယ်ထဲ မျောပါမသွားအောင် ချည်မျှင်မှာ ဘယ်လို တွယ်နေကြသလဲ။

သုံးသပ်ကြည့်ပါ– ယောက်သွားတွေရဲ့ ချည်မျှင် တစ်ပိုင်းဟာ မာတောင့်နေပြီး နောက်တစ်ပိုင်းက ပျော့ပျောင်းတယ်။ ပညာရှင်တွေ တွက်ကြည့်တဲ့အခါ မာကျောမှု ၈၀ ရာခိုင်နှုန်း၊ ပျော့ပျောင်းမှု ၂၀ ရာခိုင်နှုန်း ဖြစ်နေတာ တွေ့ရတယ်။ အဲဒီအချိုးကြောင့် ချည်မျှင်မှာ ယောက်သွားတွေ မြဲမြဲတွယ်နေနိုင်တာ ဖြစ်တယ်။ အဲဒီအပြင် ပင်လယ်လှိုင်းပုတ်ဒဏ်ကို အလိုက်သင့် ခံနိုင်ကြတယ်။

ပါမောက္ခ ဂိုင်း ဂျီနင်က အဲဒီတွေ့ရှိချက်ကို “အံ့အားသင့်စရာ” လို့ခေါ်ပြီး ဒီလိုဆက်ပြောတယ်- “ဒီစီစဉ်ဖွဲ့စည်းထားပုံရဲ့ အံ့ဩစရာက တင်းမာတဲ့အပိုင်းနဲ့ ပျော့ပျောင်းတဲ့အပိုင်းကို ပညာသားပါပါ ပေါင်းစပ်ထားတာပဲ။” ယောက်သွားရဲ့ ချည်မျှင်ဒီဇိုင်းကိုကြည့်ပြီး အရိုးနဲ့အရွတ်ဆက်ဖို့၊ ခွဲစိတ်ကုသပြီး ပြန်ချုပ်ဖို့၊ အဆောက်အအုံတွေ၊ ရေငုပ်သင်္ဘောတွေမှာ အသုံးပြုဖို့ စတဲ့ မတူညီတဲ့ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေ ယူမှတ်ကြတယ်။ အမေရိကန်ပြည်ထောင်စု၊ စန်တာ ဘာဘရာမြို့၊ ကယ်လီဖိုးနီးယား တက္ကသိုလ်က ပါမောက္ခ ဟာဘက် ဝိတ်က “သဘာဝလောကထဲမှာ ကျွန်တော်တို့ သင်ယူလို့မကုန်နိုင်တဲ့ အံ့ဖွယ်ရာတွေ တစ်ပုံတစ်ပင်ရှိတယ်” ဆိုပြီး ပြောခဲ့တယ်။

သင် ဘယ်လိုထင်ပါသလဲ။ ပင်လယ်ယောက်သွားတွေရဲ့ ချည်မျှင်ဟာ သူ့အလိုလိုဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ