ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၁ စာ. ၁၀-၁၁
  • ကိုယ်ဝန်ဖျက်ချခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ်ဝန်ဖျက်ချခြင်း
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်ရွေးချယ်ပိုင်ခွင့်လား ဒါမှမဟုတ် ကျင့်ဝတ်နဲ့ဆိုင်သလား
  • သင် ကိုယ်ဝန်ဖျက်ချခဲ့ဖူးရင်ကော
  • ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကိုယ်ဝန်ဖျက်ချခြင်း—ပြဿနာကင်းသော ဖြေရှင်းနည်းမဟုတ်
    နိုးလော့!—၂၀၀၉
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကိုယ်ဝန်ဖျက်ချ (ပျက်ကျ) ခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၁ စာ. ၁၀-၁၁
ယောက်ျားရဲ့ဆန္ဒကို လွန်ဆန်ပြီး ကိုယ်ဝန်မဖျက်ချဖို့ ဆုံးဖြတ်တဲ့ အမျိုးသမီး

ဉာဏ်ပညာရှိတဲ့ အမျိုးသမီးဟာ ကိုယ့်ရဲ့ အမှားအမှန်သိစိတ်ကို လေးစား

သမ္မာကျမ်းစာ ရှုထောင့်

ကိုယ်ဝန်ဖျက်ချခြင်း

နှစ်စဉ် သန်းနဲ့ချီတဲ့ သန္ဓေသားတွေကို တမင်တကာ ဖျက်ချနေကြတယ်။ ဒီအရေအတွက်ဟာ နိုင်ငံများစွာမှာရှိတဲ့ လူဦးရေထက် များတယ်။

ကိုယ့်ရွေးချယ်ပိုင်ခွင့်လား ဒါမှမဟုတ် ကျင့်ဝတ်နဲ့ဆိုင်သလား

လူအများ ပြောဆိုရာ–

ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများစွာ ရှိတယ်။ စီးပွားရေး မပြေလည်တာ၊ အိမ်ထောင်ရေး အဆင်မပြေတာ၊ ပညာဆက်သင်နိုင်ဖို့ ဒါမှမဟုတ် အလုပ်လုပ်နိုင်ဖို့ လွတ်လွတ်လပ်လပ် နေချင်တာ၊ ကြင်ဖော်မဲ့မိခင် မဖြစ်ချင်တာ စတာတွေ ပါဝင်တယ်။ တချို့ကတော့ ကိုယ်ဝန်ဖျက်ချတာကို ကျင့်ဝတ်အရ မှားတယ်၊ ကိုယ်ဝန်ဆောင်မိခင်အပေါ် ထားတဲ့ ယုံကြည်အားထားမှုကို ရိုက်ချိုးတာလို့ ရှုမြင်ကြတယ်။

သမ္မာကျမ်းစာ ပြောဆိုရာ–

ဘုရားသခင့်အမြင်မှာ အသက်၊ အထူးသဖြင့် လူ့အသက်ဟာ မြင့်မြတ်တယ်။ (ကမ္ဘာဦး ၉:၆။ ဆာလံ ၃၆:၉) ဒီအခြေခံမူဟာ သားအိမ်ထဲမှာရှိတဲ့ သန္ဓေသားနဲ့လည်း သက်ဆိုင်တယ်။ သားအိမ်ဆိုတာ ကြီးထွားနေတဲ့ သန္ဓေသားအတွက် လုံခြုံတဲ့ရိပ်မြုံအဖြစ် ဘုရား ဖန်တီးပေးထားတဲ့ နေရာပါ။ ကျမ်းရေးသူတစ်ဦးက “ကျွန်တော့်ကို မိခင်ရဲ့ဝမ်းထဲမှာ ကာရံထားပေးတယ်” လို့ရေးခဲ့တယ်။ “ကျွန်တော် သန္ဓေသားလောင်းအရွယ်မှာတောင် ကိုယ်တော် မြင်တယ်။ . . . ဘယ်အပိုင်းလေးက ဘယ်နေ့မှာ ပုံပေါ်လာမယ်ဆိုတာကို ကိုယ်တော့်စာစောင်ထဲမှာ တစ်ခုမကျန် ရေးမှတ်ထားတယ်” လို့လည်း ရေးခဲ့တယ်။—ဆာလံ ၁၃၉:၁၃၊ ၁၆၊ ကဘ။

အစ္စရေးတွေကိုပေးတဲ့ ပညတ်တရားနဲ့ ဘုရားပေး အမှားအမှန်သိစိတ်မှာလည်း မမွေးသေးတဲ့ ကလေးရဲ့အသက်နဲ့ပတ်သက်တဲ့ ဘုရားရဲ့ ရှုမြင်ပုံ ပေါ်လွင်နေတယ်။ ပညတ်တရားအရ တစ်ယောက်ယောက်ဟာ ကိုယ်ဝန်ဆောင်မိခင်ကို ထိခိုက်မိလို့ ကလေးပျက်ကျသွားတယ်ဆိုရင် သေဒဏ်ခံရမယ်။ သူသတ်မိတဲ့အသက်အတွက် သူ့အသက်ကို ပေးဆပ်ရမယ်။ (ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃) ပြစ်မှုကျူးလွန်သူရဲ့ စိတ်ရင်းနဲ့ အခြေအနေတွေကို တရားသူကြီးတွေ ထည့်သုံးသပ်ရမယ်။—တောလည်ရာ ၃၅:၂၂-၂၄၊ ၃၁။

ဘုရားက လူတွေကို အမှားအမှန်သိစိတ် ပေးအပ်ထားတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ရဲ့ အမှားအမှန်သိစိတ် လမ်းညွှန်တဲ့အတိုင်း လုပ်ဆောင်ပြီး သန္ဓေသားရဲ့အသက်ကို တန်ဖိုးထားတဲ့အခါ အကျိုးခံစားရတယ်။a အမှားအမှန်သိစိတ်ကို လွန်ဆန်ရင်တော့ အမှားအမှန်သိစိတ်က သူ့ကို ဒုက္ခပေးနေမှာပဲ၊ အပြစ်တင်နေမှာပဲ။ (ရောမ ၂:၁၄၊ ၁၅) ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေဟာ စိတ်သောကနဲ့ စိတ်ကျဝေဒနာ ဖြစ်နိုင်ချေ များတယ်လို့လည်း လေ့လာတွေ့ရှိရတယ်။

ကလေးကို ကျွေးမွေးစောင့်ရှောက်ဖို့ ခက်ခဲတဲ့အခါ၊ အထူးသဖြင့် မလိုချင်ဘဲ ကိုယ်ဝန်ရလာတဲ့အခါမှာကော။ ဘုရားက မိမိရဲ့စံနှုန်းတွေကို သစ္စာရှိရှိ လိုက်နာသူတွေအတွက် ဒီလိုကတိပေးတယ်– “သစ္စာစောင့်သိသူကို ကိုယ်တော်ကလည်း သစ္စာစောင့်သိတယ်။ အပြစ်ပြောစရာမရှိသူကို အပြစ်ပြောစရာမရှိအောင် ဆက်ဆံတယ်။” (ဆာလံ ၁၈:၂၅၊ ကဘ) “ယေဟောဝါဟာ တရားမျှတမှုကို မြတ်နိုးတယ်။ သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ မစွန့်ဘူး” လို့လည်း ဖော်ပြထားတယ်။—ဆာလံ ၃၇:၂၈၊ ကဘ။

“သြတ္တပ္ပစိတ် [အမှားအမှန်သိစိတ်] သည်လည်း သူတို့နှင့်အတူ သက်သေခံနေသဖြင့် သူတို့၏စိတ်ထဲတွင် အပြစ်တင်လိုက်၊ ခွင့်လွှတ်လိုက် ဖြစ်နေ၏။” —ရောမ ၂:၁၅။

သင် ကိုယ်ဝန်ဖျက်ချခဲ့ဖူးရင်ကော

လူအများ ပြောဆိုရာ–

ကြင်ဖော်မဲ့မိခင် ရုသ်က “ကျွန်မမှာ ကလေး သုံးယောက်ရှိတယ်။ လေးယောက်မြောက် ကလေးကို ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်နိုင်ဘူးလို့ ခံစားရတယ်။ ကိုယ်ဝန်ဖျက်ချလိုက်ပြီးနောက် ငါဟာ အလွန်ဆိုးရွားတဲ့လုပ်ရပ်ကို လုပ်ခဲ့တာပဲဆိုပြီး ခံစားရတယ်” လို့ပြောပြတယ်။b သူ့လုပ်ရပ်ကို ဘုရားသခင် ခွင့်မလွှတ်နိုင်တော့ဘူးလား။

သမ္မာကျမ်းစာ ပြောဆိုရာ–

“ဖြောင့်မတ်သူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန် ငါလာ၏” ဆိုတဲ့ ယေရှုခရစ်ရဲ့ စကားမှာ ဘုရားသခင်ရဲ့ သဘောထား ပေါ်လွင်တယ်။ (လုကာ ၅:၃၂) လုပ်ခဲ့တဲ့အမှားအတွက် အမှန်တကယ် ဝမ်းနည်း၊ နောင်တရပြီး ခွင့်လွှတ်မှု တောင်းခံမယ်ဆိုရင် ဘုရားသခင် လိုလိုလားလား ခွင့်လွှတ်တယ်။ ကြီးလေးတဲ့အပြစ် ဖြစ်နေရင်တောင် ခွင့်လွှတ်တယ်။ (ဟေရှာယ ၁:၁၈) “ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သောစိတ်ပေတည်း။ အို ဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ” လို့ ဆာလံ ၅၁:၁၇ မှာပြောတယ်။

ဘုရားသခင်ဟာ နှိမ့်ချစိတ်နဲ့ ဆုတောင်းတဲ့သူကို ကြည်လင်တဲ့ အမှားအမှန်သိစိတ်နဲ့ စိတ်ငြိမ်သက်မှု ပေးတယ်။ “ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့ အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် . . . သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်” ဆိုပြီး ဖိလိပ္ပိ ၄:၆၊ ၇ မှာ ပြောတယ်။c ကျမ်းစာလေ့လာပြီး ဘုရားဆီ ရင်ဖွင့်ဆုတောင်းပြီးတဲ့နောက် ရုသ်ဟာ စိတ်ငြိမ်သက်မှု ခံစားခဲ့ရတယ်။ ဘုရားသခင် “တကယ် ခွင့်လွှတ်” မှန်း သူ သိလာတယ်။—ဆာလံ ၁၃၀:၄၊ ကဘ။

“[ဘုရားသခင်သည်] ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။”—ဆာလံ ၁၀၃:၁၀။

a မိခင် ဒါမှမဟုတ် ကလေး အသက်အန္တရာယ်ရှိနိုင်တယ် ဆိုတဲ့အချက်ဟာ ကိုယ်ဝန်ဖျက်ချဖို့ အကြောင်းပြချက် မဟုတ်ဘူး။ မီးဖွားနေချိန်မှာ မိခင်နဲ့ ကလေးရဲ့ အသက်ကို လုနေရတဲ့ အခြေအနေမျိုးမှာ ဘာလုပ်မယ်ဆိုတာ မောင်နှံစုံက ဆုံးဖြတ်ရမယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများစွာမှာ ဆေးပညာတိုးတက်နေပြီဖြစ်လို့ ဒီလိုအခြေအနေ ကြုံရခဲပါတယ်။

b နာမည်ပြောင်းထားတယ်။

c ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကလည်း စိတ်ငြိမ်သက်မှု ရစေနိုင်တယ်။ သေဆုံးသွားတဲ့ သန္ဓေသား ရှင်ပြန်ထမြောက်လာမလား ဆိုတဲ့အကြောင်း ကျမ်းစာမူတွေကို ၂၀၀၉၊ ဧပြီ ၁၅ ကင်းမျှော်စင်ထဲက “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ