ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၁ စာ. ၈-၉
  • အပြုံးပန်း လက်ဆောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပြုံးပန်း လက်ဆောင်
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပြုံးက “စိတ်အားတက်စေ”
  • သင်ခန်းစာ ၅
    ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ
  • ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထား
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အပြုံးလေး တစ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • အခုပဲ ဘဝကို အကောင်းဆုံး မွေ့လျော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၁ စာ. ၈-၉
အသက်အရွယ်၊ လူမျိုးအသီးသီးကလူတွေ အားရပါးရ ပြုံးနေ

အပြုံးပန်း လက်ဆောင်

တစ်ယောက်ယောက်က လှိုက်လှိုက်လှဲလှဲ ပြုံးပြတဲ့အခါ သင် ဘယ်လိုတုံ့ပြန်သလဲ။ အများအားဖြင့်တော့ ပြန်ပြုံးပြလိုက်တယ်။ သင်လည်း ပျော်သွားမှာပဲ။ မိတ်ဆွေ ဒါမှမဟုတ် သူစိမ်းတွေက လှိုက်လှိုက်လှဲလှဲ ပြုံးပြတဲ့အခါ ကိုယ်လည်း ပြန်ပြုံးပြမိလျက်သား ဖြစ်သွားတယ်။ အပြုံးတွေဟာ စိတ်ကို ကြည်နူးစေတယ်။ “ဆုံးသွားတဲ့ ကျွန်မခင်ပွန်း ဂျော့်ဂျ်ဟာ အမြဲပြုံးနေတတ်တယ်။ သူနဲ့ အကြည့်ချင်းဆုံတဲ့အခါ စိတ်သက်သောင့်သက်သာဖြစ်ပြီး လုံခြုံတယ်လို့ ခံစားရတယ်” ဆိုပြီး မာဒလင်းနာလို့ခေါ်တဲ့ အမျိုးသမီး ပြောတယ်။

လှိုက်လှဲတဲ့အပြုံးဟာ ပျော်ရွှင်ကြည်နူးနေတယ်ဆိုတာ ဖော်ပြတယ်။ တကယ်တော့ “အပြုံးဟာ . . . ကျွန်တော်တို့ရဲ့ စိတ်သဘောထား ပိုကောင်းလာအောင် အားဖြည့်ပေးတယ်” လို့ စိတ္တဗေဒသိပ္ပံဆိုင်ရာ အဖွဲ့အစည်းထုတ် အွန်လိုင်းဂျာနယ် (Observer) ထဲက ဆောင်းပါးတစ်ခုမှာ ဖော်ပြတယ်။ မွေးကင်းစကလေးတွေတောင် “မျက်နှာအမူအရာကို အတိအကျ အဓိပ္ပာယ်ဖော်နိုင်တယ်။ လူတွေဟာ အပြုံးကနေ အချက်အလက်ကောင်းတွေ ဖော်ထုတ်နိုင်တဲ့အပြင် အဲဒီအချက်အလက်တွေနဲ့အညီ ပြုမူကျင့်ကြံကြတယ်” လို့လည်း အဲဒီဆောင်းပါးမှာ ဖော်ပြတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဟားဗတ်တက္ကသိုလ်က သုတေသီတွေဟာ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေရဲ့ မျက်နှာအမူအရာကို သက်ကြီးရွယ်အို လူနာတစ်စု ဘယ်လိုတုံ့ပြန်သလဲဆိုတာ လေ့လာခဲ့ကြတယ်။ စောင့်ရှောက်ပေးသူတွေရဲ့ မျက်နှာအမူအရာဟာ “ဖော်ရွေတယ်၊ ဂရုစိုက်တယ်၊ စာနာ နားလည်ပေးတယ်ဆိုရင်” လူနာတွေဟာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်ကြတယ်လို့ သုတေသီတွေ ပြောတယ်။ စောင့်ရှောက်ပေးသူတွေရဲ့ မျက်နှာအမူအရာဟာ ဖော်ရွေမှုမရှိဘဲ လူနာတွေနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေတဲ့အခါ ဆန့်ကျင်ဘက်အကျိုး သက်ရောက်တယ်။

သင့်ရဲ့အပြုံးဟာ သင့်အတွက်လည်း အကျိုးရှိစေတယ်။ အကျိုးကျေးဇူးတွေထဲမှာ ယုံကြည်စိတ်ချမှုနဲ့ ပျော်ရွှင်မှု တိုးများတာ၊ စိတ်ဖိစီးမှု လျော့နည်းတာ ပါဝင်တယ်လို့ လေ့လာတွေ့ရှိရတယ်။ မျက်မှောင်ကြုတ်နေရင်တော့ ဆန့်ကျင်ဘက်အကျိုး သက်ရောက်နိုင်တယ်။

အပြုံးက “စိတ်အားတက်စေ”

အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ မာဒလင်းနာဟာ ယေဟောဝါသက်သေတစ်ယောက်ပါ။ သူဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီဝါဒကို လက်မခံတဲ့အတွက် ဂျာမနီမှာရှိတဲ့ ရာဗန်ဘရွတ်ခ်ချွေးတပ်စခန်းကို တခြားမိသားစုဝင်တွေနဲ့အတူ အပို့ခံခဲ့ရတယ်။ “တစ်ခါတလေ အစောင့်တွေဟာ အကျဉ်းသားအချင်းချင်း စကားမပြောခိုင်းဘူး။ ဒါပေမဲ့ ကျွန်မတို့ကို မပြုံးနဲ့ဆိုပြီး တားလို့တော့ မရဘူး။ အမေနဲ့ အစ်မရဲ့အပြုံးကို မြင်ရရုံနဲ့တင် ကျွန်မ စိတ်အားတက်လာတယ်၊ ကြံ့ကြံ့ခံမယ်ဆိုတဲ့ သန္နိဋ္ဌာန်လည်း ခိုင်မာလာတယ်” လို့ သူပြောတယ်။

သင့်ဘဝမှာ စိုးရိမ်ပူပန်စရာတွေကြောင့် မပြုံးနိုင်တာမျိုးလည်း ရှိမှာပဲ။ ဒါပေမဲ့ အတွေးတွေနောက်မှာ ခံစားချက်လိုက်ပါလာစမြဲ ဆိုတာ အမှတ်ရပါ။ (သုတ္တံ ၁၅:၁၅။ ဖိလိပ္ပိ ၄:၈၊ ၉) ဒါကြောင့် မလွယ်ကူပေမဲ့ ဖြစ်နိုင်တဲ့အခါတိုင်း အပြုသဘောပါတဲ့၊ ကောင်းတဲ့အရာတွေကိုပဲ တွေးဖို့ ကြိုးစားပါ။a လူအတော်များများကတော့ ကျမ်းစာဖတ်တာ၊ ဆုတောင်းတာတွေကြောင့် အဲဒီလို လုပ်နိုင်ခဲ့ကြတယ်။ (မဿဲ ၅:၃။ ဖိလိပ္ပိ ၄:၆၊ ၇) ကျမ်းစာမှာ “ပျော်ရွှင်၊” “ရွှင်လန်း” စတဲ့ စကားလုံးတွေ အများကြီး ပါတယ်။ ကျမ်းစာကို နေ့တိုင်း တစ်မျက်နှာ၊ နှစ်မျက်နှာလောက် ဖတ်ပါ။ သင့်မျက်နှာမှာ အပြုံးပန်းတွေ ဝေလာမယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ။

သူတစ်ပါး ပြုံးပြမှာကိုပဲ စောင့်မနေပါနဲ့။ ကိုယ့်ဘက်ကစပြီး ပြုံးပြလိုက်ပါ။ သူ့ရဲ့ တစ်နေ့တာအပျော်ကို ထပ်ဖြည့်ပေးလိုက်ပါ။ တကယ်တော့ သင့်အပြုံးဟာ သင့်ကိုရော သင့်အပြုံးကို မြင်ရသူတွေကိုပါ အကျိုးရှိစေတဲ့ ဘုရားပေး လက်ဆောင်ပါပဲ။

a ၂၀၁၃၊ နိုဝင်ဘာလ နိုးလော့! မှာပါတဲ့ “‘အစဉ်အမြဲ ခံရသောပွဲ’ ကို သင် ပိုင်ဆိုင်ထားသလား” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ