ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၁ စာ. ၁၄-၁၅
  • ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်ပုံ
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • သိသင့်သိထိုက်ရာ
  • လုပ်ဆောင်နိုင်ရာ
  • ပြန်လည်သင့်မြတ်ခြင်းသည် ဖြစ်နိုင်မည်လော
    နိုးလော့!—၂၀၀၁
  • ၃ လေးစားခြင်း
    နိုးလော့!—၂၀၁၈
  • မိတ်ဆွေနဲ့ ရင်းနှီးလွန်းတဲ့အခါ
    နိုးလော့!—၂၀၁၃
  • အသက်ကြီးမှ ကွာရှင်းတဲ့အဖြစ် မရောက်ရလေအောင်
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၁ စာ. ၁၄-၁၅
ဇနီးသည် အံ့သြသွားအောင် ပန်းစည်းလက်ဆောင် ပေးတော့မယ့် အမျိုးသား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်ပုံ

အခက်အခဲ

အိမ်ထောင်ရေး သာယာချင်တယ်ဆိုရင် အချင်းချင်း ကျေးဇူးတင်လေးမြတ်ကြောင်း ပြဖို့ အရေးကြီးတယ်။ ဒါပေမဲ့ မောင်နှံစုံများစွာဟာ အိမ်ထောင်ဖက်ရဲ့ ကောင်းကွက်တွေကို မကြည့်တော့ဘူး၊ ကျေးဇူးတင်လေးမြတ်ကြောင်း သိပ်မပြတော့ဘူး။ အတိုင်ပင်ခံတစ်ဦးက သူ့ကိုလာတွေ့တဲ့ ဇနီးမောင်နှံများစွာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု ဆိုတဲ့စာအုပ်မှာ ဒီလိုဖော်ပြတယ်– “[သူတို့အိမ်ထောင်မှာ] ရှိနေတဲ့အရာထက် ရှိမနေတဲ့အရာတွေကို ပိုအလေးထားကြတယ်။ ကျွန်တော့်ရုံးခန်းကို သူတို့ရောက်လာတဲ့အခါ အိမ်ထောင်မှာ ဘာတွေ ဆက်ရှိနေဖို့ လိုတယ်ဆိုတာထက် ဘာတွေပြင်ဖို့ လိုတယ်ဆိုတာကိုပဲ ပြောကြတယ်။ အဲဒီမောင်နှံအားလုံးရဲ့ အမှားကတော့ ကျေးဇူးတင်လေးမြတ်တဲ့အနေနဲ့ မေတ္တာပြဖို့ ပျက်ကွက်တာပါပဲ။”

အဲဒီထောင်ချောက်ကို သင်တို့မောင်နှံ ဘယ်လိုရှောင်နိုင်မလဲ။

သိသင့်သိထိုက်ရာ

ကျေးဇူးတင်လေးမြတ်ကြောင်း ပြခြင်းက အိမ်ထောင်ရေးတင်းမာမှုကို လျော့နည်းစေနိုင်တယ်။ လင်နဲ့မယားဟာ အချင်းချင်းရဲ့ ကောင်းကွက်တွေကို သတိထားကြည့်ပြီး အသိအမှတ်ပြုဖို့ ကြိုးစားတဲ့အခါ အိမ်ထောင် ပိုသာယာလာတယ်။ အချင်းချင်း ကျေးဇူးတင်လေးမြတ်ကြောင်း ပြတဲ့အခါ ဆက်ဆံရေးတင်းမာနေတာတွေ လျော့နည်းသွားတယ်။

ဇနီးသည်တို့ သိသင့်ရာ။ “မိသားစုကို ထောက်ပံ့ကျွေးမွေးဖို့ လင်ယောက်ျားတွေ ဘယ်လောက်တောင် ဖိစီးမှုများတယ်ဆိုတာ ဇနီးသည်တွေ အမှုမဲ့အမှတ်မဲ့ ထားလေ့ရှိတယ်” လို့ အထက်မှာဖော်ပြခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု စာအုပ်မှာ ဖော်ပြတယ်။ တချို့အသိုင်းအဝိုင်းမှာ ခင်ပွန်းရော ဇနီးပါ ဝင်ငွေရှိတဲ့ မိသားစုတွေမှာတောင် အဲဒီလိုဖိစီးမှု ရှိနိုင်တယ်။

လင်ယောက်ျားတို့ သိသင့်ရာ။ မိသားစုကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ဖို့ ဇနီးသည် အလုပ်လုပ်တာ၊ သားသမီး ကြည့်ရှုစောင့်ရှောက်တာ၊ အိမ်မှုကိစ္စ လုပ်ဆောင်တာ စတာတွေကို လင်ယောက်ျားတွေ လျှော့တွက်လေ့ရှိတယ်။ “ကျွန်မတို့အားလုံး အမှားလုပ်မိတတ်တယ်။ ကျွန်မ အမှားလုပ်မိတဲ့အခါ စိတ်ထိခိုက်တယ်။ ဒါပေမဲ့ အိမ်မှုကိစ္စတွေ ကောင်းကောင်း လုပ်ဆောင်နေတာပဲဆိုပြီး ကျွန်မခင်ပွန်း ပြောတဲ့အခါ ငါ့မှာ အားနည်းချက်တွေရှိပေမဲ့ ငါ့ကို သူချစ်နေတုန်းပဲလို့ ခံစားရတယ်။ ကျွန်မ အားရှိသွားပြီး ပိုပျော်လာတယ်” လို့ အိမ်ထောင်သက် သုံးနှစ်လောက် ရှိပြီဖြစ်တဲ့ ဖီအိုနာa ပြောတယ်။

အိမ်ထောင်ဖက်တစ်ဦးက တန်ဖိုးထားလေးမြတ်မှု မပြရင်တော့ အိမ်ထောင်ခိုင်မြဲမှုကို ထိခိုက်နိုင်တယ်။ “အိမ်ထောင်ဖက်ရဲ့ တန်ဖိုးထားမှု မခံစားရရင် ကိုယ့်ကို တန်ဖိုးထားတဲ့သူဆီ စိတ်ရောက်သွားဖို့ လွယ်တယ်” လို့ ဗာလာရီဆိုတဲ့ ဇနီးသည် ပြောတယ်။

လုပ်ဆောင်နိုင်ရာ

မျက်စိရှင်ပါ။ လာမယ့်အပတ်မှာ သင့်အိမ်ထောင်ဖက်ရဲ့ အရည်အသွေးကောင်းတွေကို သတိထားပြီးကြည့်ပါ။ အိမ်ထောင်မှာ အဆင်ပြေချောမွေ့အောင် သူလုပ်ဆောင်နေတာတွေကိုလည်း အကဲခတ်ပါ။ အဲဒါတွေဟာ အရင်က သင် အမှုမဲ့အမှတ်မဲ့ ထားခဲ့တဲ့အရာတွေ ဖြစ်နိုင်တယ်။ သီတင်းပတ်အဆုံးမှာ (၁) သင်တန်ဖိုးထားတဲ့ သင့်အိမ်ထောင်ဖက်ရဲ့ အရည်အသွေးကောင်းတွေ၊ (၂) မိသားစုအကျိုးအတွက် သူလုပ်ဆောင်ပေးရာတွေကို ချရေးပါ။—ကျမ်းစာအကြံပြုချက်– ဖိလိပ္ပိ ၄:၈။

ဘာကြောင့် မျက်စိရှင်ရှင်ထားဖို့ လိုသလဲ။ “အိမ်ထောင်သက် နည်းနည်းကြာလာတဲ့အခါ အိမ်ထောင်ဖက်အပေါ် တန်ဖိုးထားမှု လျော့လာနိုင်တယ်။ သူ့ရဲ့ကောင်းကွက်ကို မကြည့်တော့ဘဲ သူ့ရဲ့ပျက်ကွက်မှုတွေကိုပဲ အာရုံစိုက်လာနိုင်တယ်” လို့ အဲရီကာ ပြောတယ်။

“ငါ့အိမ်ထောင်ဖက်ရဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို ငါတန်ဖိုးမထားဘဲ ဖြစ်နေလား” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ သင့်ခင်ပွန်းက အိမ်မှာ ပျက်စီးနေတဲ့အရာတွေကို ပြုပြင်နေတယ် ဆိုပါစို့။ ဒါဟာ သူလုပ်ရမယ့်တာဝန်ပဲဆိုပြီး ကျေးဇူးတင်စကား မပြောဘဲ နေသလား။ သင်ဟာ လင်ယောက်ျားဖြစ်မယ်ဆိုရင် ကလေးတွေ ပြုစုပျိုးထောင်ဖို့ သင့်ဇနီး ကြိုးစားလုပ်ဆောင်နေတာကို ဒါဟာ ဇနီးတစ်ယောက်ရဲ့ တာဝန်ပဲ၊ ဘာချီးမွမ်းစရာ လိုလို့လဲဆိုပြီး ယူဆသလား။ မိသားစုအကျိုးအတွက် သင့်အိမ်ထောင်ဖက် ကြိုးစားလုပ်ဆောင်မှု မှန်သမျှကို အကဲခတ်ကြည့်ပြီး ကျေးဇူးတင်ကြောင်း ပြဖို့ ပန်းတိုင်ထားပါ။—ကျမ်းစာအကြံပြုချက်– ရောမ ၁၂:၁၀။

ရက်ရက်ရောရော ချီးမွမ်းပါ။ ကျမ်းစာမှာ “ကျေးဇူးသိတတ်ကြလော့” လို့ပြောထားတယ်။ (ကောလောသဲ ၃:၁၅) ဒါကြောင့် အိမ်ထောင်ဖက်ကို ကျေးဇူးတင်တတ်တဲ့အကျင့် ရှိအောင် မွေးမြူပါ။ “ကျွန်တော့်ဇနီးက ကျွန်တော့်လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြတဲ့အခါ ခင်ပွန်းကောင်းဖြစ်အောင်၊ အိမ်ထောင်သာယာအောင် ပိုကြိုးစားချင်လာတယ်” ဆိုပြီး ဂျိမ်းစ်လို့ခေါ်တဲ့ ခင်ပွန်းတစ်ဦး ပြောတယ်။—ကျမ်းစာအကြံပြုချက်– ကောလောသဲ ၄:၆။

အိမ်ထောင်မှာ အချင်းချင်း ကျေးဇူးတင်ကြောင်း ပြတဲ့အခါ အိမ်ထောင် ပိုသာယာလာတယ်။ “အိမ်ထောင်ဖက်အချင်းချင်း ကောင်းကွက်တွေကို အာရုံစိုက်မယ်ဆိုရင် အိမ်ထောင်များစွာကို မပြိုကွဲအောင် ကာကွယ်နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ ပြဿနာကြုံရတဲ့အခါ အချင်းချင်းရဲ့ ကောင်းကွက်ကို အာရုံစိုက်နေတဲ့အတွက် အိမ်ထောင်ပြိုကွဲဖို့ အကြောင်းနည်းတယ်” ဆိုပြီး အိမ်ထောင်သည် မိုက်ကယ် ပြောတယ်။

a နာမည်တွေ ပြောင်းထားတယ်။

ကျမ်းစာအကြံပြုချက်များ

  • “ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို ဆက်၍ ဆင်ခြင်သုံးသပ်ကြလော့။”—ဖိလိပ္ပိ ၄:၈။

  • “အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။”—ရောမ ၁၂:၁၀။

  • “သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ် ဖြစ်ပါစေ။”—ကောလောသဲ ၄:၆။

အီသန်နဲ့ တီအာ

အီသန်နဲ့ တီအာ

“နေ့စဉ် ကြုံရတဲ့ အခက်အခဲတွေဟာ စိတ်ပန်းလူပန်း ဖြစ်စေတယ်။ ဒါပေမဲ့ တီအာက ကျွန်တော့်လုပ်ဆောင်မှုတွေကို ကျေးဇူးတင်ကြောင်း အမြဲပြောတယ်။ သူ့စကားတွေကြောင့် ကျွန်တော် သိပ်အားရှိသွားတယ်။”

“စိတ်ပင်ပန်းစရာ အလုပ်ကို အချိန်ပြည့်လုပ်ရတယ်။ အီသန်က ကျွန်မလုပ်ဆောင်သမျှအတွက် ဂုဏ်ယူမိတယ်ဆိုပြီး ပြောတဲ့အခါ၊ ကျွန်မရဲ့တစ်နေ့တာအကြောင်း ပြောပြတာကို နားထောင်ပေးတဲ့အခါ ကျွန်မ စိတ်သက်သာရာရတယ်။ ကျွန်မကို သူ သိပ်ချစ်ပါလားလို့ ခံစားရတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ