ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၃၄
  • အစားအစာအသစ်အဆန်းတစ်မျိုး အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အစားအစာအသစ်အဆန်းတစ်မျိုး အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကောင်းကင်ဆန်စပါး”မှအကျိုးရယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ကြေးဝါမြွေရုပ်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၃၄
မန္နမုန့်ကောက်နေတဲ့ ဣသရေလလူမျိုး အမေနဲ့သားလေး

ပုံပြင် ၃၄

အစားအစာအသစ်အဆန်းတစ်မျိုး အကြောင်း

ဒီပုံမှာ လူတွေမြေကြီးပေါ်က ဘာတွေကောက်နေကြတယ်ဆိုတာသိလား။ နှင်းခဲတွေ ကောက်နေတာနဲ့တူတယ်။ အဖြူရောင်လေး။ ပြီးတော့ ပါးပါးလွှာလွှာကလေး။ တကယ်မှာတော့နှင်းခဲတွေ မဟုတ်ဘူး၊ စားစရာတစ်မျိုးပဲကွဲ့။

ဣသရေလလူတွေ အီဂျစ်ပြည်ကထွက်လာကြတာ တစ်လလောက်ပဲရှိသေးတယ်။ တောထဲရောက်နေကြတယ်။ အဲဒီမှာ အစားအစာသိပ်ရှားတယ်။ ဒါကြောင့်လူတွေက ‘တို့ကို အီဂျစ်ပြည်မှာ ယေဟောဝါသတ်လိုက်တာတောင် ကောင်းဦးမယ်။ အီဂျစ်ပြည်မှာဆိုရင် တို့လိုချင်တဲ့အစားအစာရှိသေးတယ်’ ဆိုပြီးညည်းကြတယ်ပေါ့။

ဒါကြောင့်ယေဟောဝါက ‘ငါဟာမိုးပေါ်က အစားအစာတွေရွာချခိုင်းမယ်’ ဆိုပြီးပြောတယ်။ ပြောတဲ့အတိုင်းပဲ ယေဟောဝါလုပ်ခဲ့တယ်။ နောက်မနက်ကျ မြေကြီးပေါ်မှာ ဒီဖြူဖြူဖွေးဖွေးအရာလေးတွေကျနေတာကို ဣသရေလလူတွေတွေ့ကြတော့ တစ်ယောက်ကိုတစ်ယောက် ‘ဒါဘာလဲ’ ဆိုပြီးမေးကြတာပေါ့။

မောရှေက ‘ဒါဟာမင်းတို့စားဖို့ ယေဟောဝါပေးတဲ့အစာပဲ’ ဆိုပြီးဖြေတယ်။ လူတွေကအဲဒါကို မန္နမုန့် လို့ခေါ်ကြတယ်။ ပျားရည်နဲ့လုပ်ထားတဲ့ မုန့်ပြားလေးတွေနဲ့အရသာတူတယ်လေ။

‘လူတစ်ယောက်စားနိုင်သလောက်ပဲ ကောက်ရမယ်’ ဆိုပြီးမောရှေက လူတွေကိုမှာတယ်။ ဒါကြောင့် မနက်တိုင်း အဲဒါကိုသူတို့လုပ်ကြတယ်။ ဒါနဲ့နေပူလာတဲ့အခါမြေပေါ်မှာကျန်ရစ်တဲ့ မန္နမုန့်ဟာ အရည်ပျော်သွားတယ်။

မောရှေက ‘ဘယ်သူမှ မန္နမုန့်ကို နောက်တစ်နေ့အထိ မသိမ်းထားရဘူး’ လို့လည်းပြောတယ်။ ဒါပေမဲ့ တချို့လူတွေက နားမထောင်ကြဘူး။ ဒါနဲ့ ဘာဖြစ်သလဲသိလား။ သူတို့ချန်ထားတဲ့ မန္နမုန့်တွေဟာ နောက်တစ်မနက်ကျတော့ ပိုးကျပြီး ပုပ်စော်နံလာတယ်။

မန္နမုန့်ကောက်နေတဲ့ ဣသရေလလူတွေ

ဒါပေမဲ့ တစ်ပတ်မှာတစ်ရက်ရှိတယ်။ အဲဒီတစ်ရက်မှာ မန္နမုန့်နှစ်ဆကောက်ဖို့ ယေဟောဝါကလူတွေကိုမှာထားတယ်။ အဲဒီနေ့ကတော့ ခြောက်ရက်မြောက်နေ့ပေါ့။ ယေဟောဝါကနောက်တစ်နေ့အထိ တချို့ကိုချန်ထားခိုင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနစ်ရက်မြောက်နေ့မှာ မန္နမုန့်ကိုမကျခိုင်းလို့ပဲ။ လူတွေက မန္နမုန့်ကိုသတ္တမနေ့အထိထားကြတဲ့အခါ ပိုးလည်းမတက်၊ နံလည်းမနံဘူးကွဲ့။ ဒါလည်း အထူးအဆန်းတစ်ခုပဲ။

ဣသရေလလူတွေတောထဲမှာနေတဲ့ နှစ်ပေါင်းများစွာတစ်လျှောက်လုံးမှာ ယေဟောဝါက သူတို့ကိုမန္နမုန့်ကျွေးမွေးခဲ့တယ်။

ထွက်မြောက်ရာ ၁၆:၁-၃၆; တောလည်ရာ ၁၁:၇-၉; ယောရှု ၅:၁၀-၁၂။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ