ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၄၁
  • ကြေးဝါမြွေရုပ်အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေးဝါမြွေရုပ်အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြွေများနှင့်ပတ်သက်၍ အများယုံမှားမှုများ
    နိုးလော့!—၁၉၉၉
  • မြွေအရေခွံ
    နိုးလော့!—၂၀၁၄
  • မီးလောင်နေတဲ့ ချုံပုတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “တောင်ထဲက ကြေးနီကို” တူးဖော်ရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၄၁
မြွေကိုက်ခံရတဲ့ ဣသရေလလူတွေ မောရှေလုပ်တဲ့ ကြေးဝါမြွေရုပ်ကို ကြည့်နေ

ပုံပြင် ၄၁

ကြေးဝါမြွေရုပ်အကြောင်း

တိုင်ကိုပတ်နေတဲ့ ဒီမြွေဟာ တကယ့်မြွေနဲ့မတူဘူးလား။ တကယ်တော့ မဟုတ်ဘူး။ ကြေးဝါနဲ့လုပ်ထားတာ။ ဒီမြွေရုပ်ကို တိုင်မှာမြှောက်ထားပါ၊ ဒါမှလူတွေက အဲဒါကိုကြည့်ပြီး အသက်ချမ်းသာရမယ်ဆိုပြီး မောရှေကိုယေဟောဝါမှာထားလို့။ မြေကြီးပေါ်မှာရှိတဲ့ ကျန်တဲ့မြွေတွေကတော့ တကယ့်မြွေတွေ။ လူတွေကိုကိုက်လို့ လူတွေအဆိပ်တက်နေကြတယ်။ ဘာကြောင့်လဲသိလား။

ဣသရေလလူတွေ ဘုရားသခင်နဲ့မောရှေကို ပြစ်မှားတဲ့စကားတွေပြောမိလို့ပဲ။ သူတို့က ‘တို့ကိုဒီတောထဲလာပြီးသေရအောင် ဘာဖြစ်လို့အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတာလဲ။ ဒီမှာရေလည်းမရှိ၊ အစာလည်းမရှိ။ ဒီမန္နမုန့်ကို တို့ရှေ့ဆက်မစားနိုင်တော့ဘူး’ ဆိုပြီးညည်းကြတယ်လေ။

တကယ်ဆိုရင်မန္နမုန့်ဟာ သိပ်ကောင်းတဲ့အစာပဲ။ အံ့ဖွယ်တန်ခိုးနဲ့ သူတို့ကိုပေးထားတာ။ တန်ခိုးပြပြီး ရေကိုလည်းပေးထားတယ်။ ဒါပေမဲ့ ဘုရားသခင်ခုလိုကျွေးမွေးစောင့်ရှောက်တာကို သူတို့ကျေးဇူးမတင်ကြဘူး။ ဒါကြောင့် အဆိပ်ရှိတဲ့ဒီမြွေတွေကို ယေဟောဝါလွှတ်ပြီး သူတို့ကိုဒဏ်ခတ်တယ်လေ။ မြွေကိုက်တာနဲ့ သေတဲ့လူတွေအများကြီးပဲ။

နောက်ဆုံးတော့ လူတွေက မောရှေဆီလာကြတယ်။ ‘ကျွန်တော်တို့ ပြစ်မှားကြပါပြီ။ ယေဟောဝါနဲ့ကိုယ်တော်ကို ပြစ်မှားတဲ့စကားပြောမိပါပြီ။ ဒီမြွေတွေကိုရှင်းပေးဖို့ ယေဟောဝါဆီမှာဆုတောင်းပေးပါ’ ဆိုပြီးတော့ တောင်းပန်ကြတယ်လေ။

မောရှေနဲ့ ကြေးဝါမြွေရုပ်

ဒါနဲ့မောရှေက လူတွေအတွက်ဆုတောင်းပေးတယ်။ ယေဟောဝါကလည်း ဒီကြေးမြွေရုပ်ကိုလုပ်ဖို့ မောရှေကိုခိုင်းလိုက်တယ်။ တိုင်မှာမြှောက်ထားပါတဲ့။ မြွေကိုက်ခံရတဲ့လူ ဘယ်သူမဆို ဒါကိုကြည့်ရမယ်တဲ့။ ဘုရားသခင်ပြောတဲ့အတိုင်း မောရှေလုပ်တယ်။ မြွေကိုက်ခံရတဲ့လူတွေလည်း မြွေရုပ်ကိုကြည့်တော့ ပြန်ကောင်းလာကြတယ်။

ဒီအဖြစ်ကနေ သင်ခန်းစာတစ်ခုရဖို့ရှိတယ်။ တို့အားလုံးလည်း မြွေကိုက်ခံရတဲ့ အဲဒီဣသရေလတွေနဲ့ တစ်နည်းတစ်ဖုံအားဖြင့်သွားတူတယ်။ တို့တစ်တွေအားလုံး သေနေရတဲ့အခြေအနေမှာရှိနေတယ်။ ပတ်ပတ်လည်ကြည့်လိုက်။ လူတွေအိုကြ၊ နာကြ၊ သေကြတာကိုတွေ့ရမယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ပထမယောက်ျားနဲ့မိန်းမ၊ အာဒံနဲ့ဧဝတို့ဟာ ယေဟောဝါကို ကျောခိုင်းခဲ့လို့ပါပဲ။ တို့တစ်တွေလည်း သူတို့ဆီကမွေးလာတဲ့ သားသမီးများတွေဖြစ်နေကြတယ်။ ဒါပေမဲ့ တို့တစ်တွေအမြဲတမ်းအသက်ရှင်နိုင်အောင် ယေဟောဝါလမ်းစတစ်ခုဖွင့်ထားခဲ့ပြီ။

ယေဟောဝါဟာ သူ့သားတော်ယေရှုခရစ်ကို ကမ္ဘာဆီစေလွှတ်ခဲ့တယ်။ ယေရှုလည်းသစ်တိုင်ပေါ် မြှောက်ထားခံခဲ့ရတယ်။ သူ့ကိုလူအများကြီးက လူဆိုးလို့သတ်မှတ်ကြလို့ပေါ့။ ဒါပေမဲ့ ယေဟောဝါဟာ တို့ကိုကယ်တင်ဖို့ ယေရှုကိုတို့အတွက်ပေးခဲ့တယ်။ ယေရှုကို တို့ကြည့်မယ်။ သူ့နောက်ကိုလိုက်မယ်ဆိုရင် တို့လည်းထာဝရအသက်ကိုရမယ်။ ဒီအကြောင်း နောက်ပိုင်းမှာထပ်ပြီးသိရဦးမယ်။

တောလည်ရာ ၂၁:၄-၉; ယောဟန် ၃:၁၄၊ ၁၅။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ