လူဆိုးတို့ကို နောက်တစ်ခါ ဘုရားသခင် ဖျက်ဆီးဦးမည်လော
၂၂ ယခုလည်း လူတို့ အလွန်ဆိုးနေကြသည်။ အဘယ်မကောင်းမှုများကို ဤတွင် ပြုလုပ်နေကြသနည်း။
၂၃ တချို့ လူသတ်ကြသည်။ ဤသို့မလုပ်ရဟု ဘုရားသခင်ပြောထားသည်။ —ထွက်မြောက်ရာ ၂၀:၁၃; ၁ ယောဟန် ၃:၁၁၊ ၁၂
၂၄ တချို့ ခိုးကြသည်။ မခိုးရဟု ဘုရားသခင် ပြောထားသည်။ —ထွက်မြောက်ရာ ၂၀:၁၅; ဧဖက် ၄:၂၈
၂၅ တချို့ မိန်းမအများ ယူကြသည်။ တချို့က သီးခြားအိမ်များတွင် မယားငယ်များထားကြသည်။ တချို့အတွဲတို့က လုံးဝမင်္ဂလာမဆောင်ဘဲ အတူပေါင်းသင်းကြသည်။ ဤကိစ္စအားလုံးသည် ကျမ်းစာပညတ်ချက်တို့နှင့် ဆန့်ကျင်သည်။ —မဿဲ ၁၉:၄-၆; ၁ ကောရိန္သု ၇:၁-၄; ၁ တိမောသေ ၃:၁၊ ၂
၂၆ အာဒံကို ဘုရားသခင် ဇနီးတစ်ဦးတည်း ပေးခဲ့သည်။ သင်မှတ်မိသလော။ —ကမ္ဘာဦး ၂:၂၂၊ ၂၄
၂၇ ရုပ်တုကိုးကွယ်ခြင်းအကြောင်း သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။ —ထွက်မြောက်ရာ ၂၀:၄၊ ၅; ဟေရှာယ ၄၄:၉-၂၇; ၁ ယောဟန် ၅:၂၁
၂၈ အကျင့်မပြောင်းသော လူဆိုးများကို ယေဟောဝါ ဖျက်ဆီးလိမ့်မည်။ —ဆာလံ ၃၇:၉၊ ၁၀; လုကာ ၁၃:၅; ၁ ကောရိန္သု ၆:၉၊ ၁၀