ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • dg အပိုင်း ၇ စာ. ၁၄-၁၇
  • ပုန်ကန်မှု၏ရလဒ်ကား အဘယ်အရာဖြစ်ခဲ့သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပုန်ကန်မှု၏ရလဒ်ကား အဘယ်အရာဖြစ်ခဲ့သနည်း
  • ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယနေ့အခြေအနေ
  • အချိန်က ဘာကိုပြသပုံ
  • ဘုရားသခင့်ရေရှည်အမြင်
  • ဆင်းရဲဝေဒနာကို ဘုရားသခင်ခွင့်ပြုချိန် နိဂုံးချုပ်လုပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်းရဲဒုက္ခနှင့်မတရားမှု အဘယ်ကြောင့်ဤမျှများပြားရသနည်း
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ
    ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ
  • ဘုရားသခင်သည် အဘယ်ကြောင့် ဒုက္ခဆင်းရဲကို ခွင့်ပြုတော်မူသနည်း
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
နောက်ထပ် ကြည့်ပါ
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
dg အပိုင်း ၇ စာ. ၁၄-၁၇

အပိုင်း ၇

ပုန်ကန်မှု၏ရလဒ်ကား အဘယ်အရာဖြစ်ခဲ့သနည်း

၁-၃။ ယေဟောဝါမှန်ကန်ကြောင်း အချိန်ကမည်သို့သက်သေထူခဲ့ပြီနည်း။

ဘုရားသခင့် အုပ်စိုးပိုင်ခွင့်အရေးကိစ္စနှင့်စပ်လျဉ်း၍ ဤရာစုများတစ်လျှောက် ဘုရားသခင်မှကင်းကွာသော လူ့အုပ်ချုပ်မှုမှ ရလဒ်ကားအဘယ်နည်း။ လူသားများသည် ဘုရားရှင်ထက်သာလွန်သော အုပ်စိုးရှင်များအဖြစ် သက်သေထူခဲ့ပြီလော။ သက်သေမထူခဲ့ကြောင်း လူသားချင်းအပေါ် ကရုဏာကင်းမဲ့မှု မှတ်တမ်းအပေါ်ထောက်ရှုလျက် ဆိုနိုင်သည်။

၂ ဘုရားအုပ်စိုးမှုကို ကျွန်ုပ်တို့၏ကနဦးမိဘများငြင်းပယ်ခဲ့သောအခါ ဘေးရောက်ခဲ့သည်။ သူတို့နှင့် သူတို့မှဆင်းသက်လာသော လူသားတို့အပေါ် ဒုက္ခရောက်စေခဲ့သည်။ သူတို့သည် မိမိတို့ကိုယ်မှလွဲ၍ အခြားသူကို အပြစ်မတင်နိုင်ချေ။ ဘုရားသခင့်နှုတ်ကပါဌ်တော်က “သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏သားမဟုတ်၊ အညစ်အကြေးကပ်ကြ၏” ဟုဆိုထားသည်။​—တရားဟောရာ ၃၂:၅။

၃ ဘုရားသခင့်စီမံချက်အောက်မှ ထွက်ခွာသွားလျှင် သူတို့သည်ယိုယွင်းပြီး နောက်ဆုံးသေမည့်အကြောင်း အာဒံနှင့်ဧဝအား ဘုရားသခင့်သတိပေးချက်၏ မှန်ကန်မှုကို ရာဇဝင်ကပြသခဲ့သည်။ (ကမ္ဘာဦး ၂:၁၇; ၃:၁၉) သူတို့သည် ဘုရားသခင့်အုပ်ချုပ်မှုအောက်မှ ထွက်ခွာခဲ့ကြပြီး အချိန်တန်သောအခါ ယိုယွင်းပြီးသေခဲ့ကြရသည်။

၄။ ကျွန်ုပ်တို့အားလုံးသည် အဘယ်ကြောင့် မစုံမလင်၊ ဖျားနာခြင်းနှင့်သေခြင်းဘက် တိမ်းညွတ်မွေးဖွားလာရသနည်း။

၄ သူတို့မှဆင်းသက်လာသူများ ဘာဖြစ်သွားသည်ကို ရောမ ၅:၁၂ ကရှင်းပြသည်၊ “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ၊ လူမိသားစု ဦးခေါင်း] အားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” ထို့ကြောင့်ကျွန်ုပ်တို့၏ ကနဦးမိဘများသည် ဘုရားသခင့်ကြီးကြပ်မှုကို ပုန်ကန်ခဲ့သောအခါ သူတို့သည်ချို့တဲ့သောအပြစ်သားများ ဖြစ်လာခဲ့သည်။ မျိုးရိုးဗီဇနိယာမများနှင့်အညီ ဖြစ်ပေါ်လာသောမစုံလင်မှုကို သူတို့မှဆင်းသက်လာသူများထံ ကူးပြောင်းစေခဲ့သည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့အားလုံးသည် ချို့တဲ့မှုဖြင့်မွေးဖွားလာခဲ့ပြီး ဖျားနာခြင်းနှင့်သေခြင်းသို့ တိမ်းညွတ်နေခြင်းဖြစ်သည်။

၅၊ ၆။ စစ်မှန်သောငြိမ်းချမ်းမှုနှင့် ကြီးပွားတိုးတက်မှုရရှိရန် လူ့ကြိုးပမ်းမှုနှင့်စပ်လျဉ်း၍ သမိုင်းကဘာကို ပြသခဲ့ပြီနည်း။

၅ ရာစုများစွာ ကုန်ဆုံးခဲ့ပြီ။ အင်ပါယာများ ပေါ်လာ၍ပျောက်ကွယ်သွားခဲ့ပြီ။ စိတ်ကူးမိသော အုပ်ချုပ်မှုအမျိုးမျိုးလည်း စမ်းသပ်ခဲ့ပြီ။ သို့တိုင်၊ လူ့မိသားစုအပေါ် ကြောက်မက်ဖွယ်များ ဖြစ်ပြီးရင်းဖြစ်လာရင်းဖြစ်သည်။ နှစ်ပေါင်း ခြောက်ထောင်ကြာပြီးနောက် လူများသည် ကမ္ဘာတစ်ဝန်းတွင် အခြေခိုင်သည့် ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့်ကြွယ်ဝမှုတိုးပွားလာသည့် အဆင့်သို့တိုးတက်လာကာ ယခုလောက်တွင် ကြင်နာမှု၊ ကရုဏာနှင့် ပူးပေါင်းဆောင်ရွက်မှုဘက်တွင် ပိုင်ပိုင်နိုင်နိုင်ဖြစ်ပြီဟု တစ်ဦးတစ်ယောက်က ယူဆပေမည်။

၆ သို့သော်၊ အမှန်တကယ်တွင် ပြောင်းပြန်ဖြစ်နေသည်။ ကြံဆခဲ့သော မည်သည့်လူ့အုပ်ချုပ်မှုမျိုးမှ လူအားလုံးအတွက် စစ်မှန်သောငြိမ်းချမ်းမှုနှင့် ကြွယ်ဝတိုးပွားမှုကို မဖြစ်စေခဲ့ချေ။ ဤ ၂၀ ရာစုထဲမှာပင်၊ သုတ်သင်မှုများအတွင်း သန်းပေါင်းများစွာကို အစီအစဉ်ချမှတ်သတ်ဖြတ်ခဲ့ခြင်းများနှင့် စစ်များတွင် သန်းတစ်ရာကျော်ကို သတ်ဖြတ်ခြင်းများအား ကျွန်ုပ်တို့မြင်တွေ့ ခဲ့ရပြီ။ ကျွန်ုပ်တို့အချိန်တွင် သည်းမခံနိုင်မှုနှင့်ကွာဟမှုကြောင့် မရေမတွက်နိုင်သောသူများသည် ညှဉ်းဆဲ၊ သတ်ဖြတ်၊ အကျဉ်းချခံခဲ့ရသည်။

ယနေ့အခြေအနေ

၇။ ယနေ့လူ့မိသားစုတို့၏အခြေအနေကို မည်သို့ဖော်ပြနိုင်သနည်း။

၇ ထပ်ဆင့်၍ ယနေ့လူ့မိသားစု၏ အခြေအနေကိုခြုံ၍ သုံးသပ်ကြည့်ပါ။ ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုသည် တိုးပွားနေသည်။ မူးယစ်ဆေးအလွဲသုံးမှုသည် ကပ်ဘေးဖြစ်နေသည်။ လိင်ဆိုင်ရာကူးစက်ရောဂါများသည် ကမ္ဘာချီဖြစ်နေသည်။ ကြောက်မက်ဖွယ် အေအိုင်ဒီအက်စ် ရောဂါကို လူပေါင်းသန်းချီ၍ ခံစားနေရသည်။ လူနည်းစုသည် အလွန်အမင်းကြွယ်ဝနေစဉ် နှစ်စဉ်လူသန်းပေါင်းများစွာသည် ငတ်မွတ်ခြင်း သို့မဟုတ် ရောဂါကြောင့် သေဆုံးနေသည်။ လူသားများသည် မြေကြီးကိုညစ်ညမ်း၊ တိုက်ဖျက်ကြသည်။ မိသားစုအသက်တာနှင့် စာရိတ္တတန်ဖိုးသည် နေရာတကာတွင် ကျိုးပျက်လျက်ရှိသည်။ အမှန်ပင်၊ မျက်မှောက်ခေတ်အသက်တာက ‘ဤလောကဘုရား’ စာတန်၏ အကျည်းတန်သော အုပ်စိုးမှုကိုရောင်ပြန်လျက်ရှိသည်။ သူ,သခင်ဖြစ်သောကမ္ဘာသည် အေးစက်၊ အကြင်နာမဲ့လျက် လုံးလုံးလျားလျားယိုယွင်းလျက်ရှိသည်။​—၂ ကောရိန္သု ၄:၄။

၈။ ကျွန်ုပ်တို့သည်အဘယ်ကြောင့် လူ့အောင်မြင်မှုများကို စစ်မှန်သောတိုးတက်မှုဟု မခေါ်ဆိုနိုင်သနည်း။

၈ ဘုရားသခင်သည် လူသားများအား သူတို့၏သိပ္ပံဆိုင်ရာနှင့် ရုပ်ပိုင်းတိုးတက်မှု၏ အထွတ်အထိပ်သို့ရောက်ရန် အချိန်အလုံအလောက်ပေးခဲ့သည်။ သို့သော်လေးနှင့်မြားကို တင့်ကား၊ ဗုံးကြဲဂျက်လေယာဉ်များ၊ နျူကလီးယားဒုံးကျည်များနှင့် အစားထိုးလိုက်ခြင်းသည် တိုးတက်မှုအစစ်ဖြစ်နိုင်ပါမည်လော။ လူများသည် လေဟာပြင်တွင် ခရီးဆန့်နိုင်သော်လည်း မြေကြီးပေါ်တွင် ငြိမ်းချမ်းစွာအတူတကွမနေနိုင်ခြင်းသည် တိုးတက်မှုလော။ လူများသည် ညပိုင်း သို့မဟုတ် အချို့နေရာများတွင် နေ့အချိန်ပင် လမ်းလျှောက်ရန်ကြောက်ရွံ့နေခြင်းသည် တိုးတက်မှုလော။

အချိန်က ဘာကိုပြသပုံ

၉၊ ၁၀။ (က) လွန်ခဲ့သည့် အချိန်ရာစုများက မည်သည့်အရာကို ရှင်းလင်းစွာပြသသနည်း။ (ခ) ဘုရားသခင်သည် အဘယ်ကြောင့် လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို ဖယ်ရှားပစ်မည်မဟုတ်သနည်း။

၉ အချိန်ရာစုပေါင်းများစွာကို ဆန်းစစ်ခြင်းဖြင့် ဘုရားသခင့်အုပ်ချုပ်မှုနှင့်ကင်းကွာလျက် လူသားသည် မိမိတို့ခြေလှမ်းကို အောင်မြင်စွာ လမ်းမညွှန်နိုင်ကြောင်း ပြသခဲ့သည်။ သူတို့သည် စားခြင်း၊ သောက်ခြင်း၊ အသက်ရှူခြင်းမရှိဘဲ အသက်မရှင်နိုင်သကဲ့သို့ ယင်းလည်းထပ်တူပင်ဖြစ်သည်။ အထောက်အထားများက ရှင်းနေသည်– ကျွန်ုပ်တို့အား အစာ၊ ရေနှင့်လေအပေါ်တွင် မှီခိုရန် ဖန်ဆင်းထားသည်မှာ သေချာသကဲ့သို့ မိမိတို့ဖန်ဆင်းရှင်၏ လမ်းညွှန်မှုအပေါ်မှီခိုရန် ကျွန်ုပ်တို့အား ပုံစံထုတ်လုပ်ထားခဲ့သည်။

၁၀ ဆိုးယုတ်မှုကိုခွင့်ပြုခြင်းဖြင့် လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို အလွဲသုံးခြင်း၏ ဆိုးရွားသောရလဒ်များကို တစ်ကြိမ်တည်းနှင့် ထာဝစဉ်အတွက် သက်သေထူခဲ့သည်။ လွတ်လပ်စွာလုပ်ပိုင်ခွင့်သည် မည်မျှအဖိုးထိုက်သနည်းဟူမူ ယင်းကိုလူသားတို့ထံမှ ယူပစ်လိုက်မည့်အစား ယင်းတို့ကိုအလွဲသုံးစားခြင်းသည် ဘာကိုဆိုလိုကြောင်း သိမြင်ရန် ဘုရားရှင်ခွင့်ပြုခဲ့သည်။ ဘုရားနှုတ်ကပါဌ်တော်က ဤသို့ပြောသောအခါ အမှန်တရားကိုဆိုခြင်းဖြစ်သည်– “လူသည်မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကိုမစီရင်တတ်။” “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုးသောအချိန်လည်းရှိ၏” ဟုဆိုရာတွင်လည်း အမှန်တရားဖြစ်သည်။​—ယေရမိ ၁၀:၂၃; ဒေသနာ ၈:၉။

၁၁။ လူ့အုပ်ချုပ်မှုပုံစံ တစ်မျိုးမျိုးသည် ဒုက္ခဆင်းရဲကို ဖယ်ရှားပစ်ခဲ့ပြီလော။

၁၁ လူ့အုပ်ချုပ်မှုကို နှစ်ပေါင်းခြောက်ထောင် ဘုရားသခင်၏ခွင့်ပြုခြင်းက လူသည်ဒုက္ခဆင်းရဲကို မရပ်ဆိုင်းနိုင်ကြောင်း အလေးအနက်ဖော်ပြသည်။ မည်သည့်အခါကမျှမတတ်နိုင်ခဲ့ချေ။ ဥပမာ၊ ဣသရေလဘုရင် ရှောလမုန်သည် သူ့လက်ထက်၌ မိမိ၏ဉာဏ်ပညာ၊ စည်းစိမ်နှင့်တန်ခိုးရှိသမျှဖြင့် လူ့အုပ်ချုပ်မှုမှ ဝမ်းနည်းဖွယ်ဒုက္ခရလဒ်များကို မဖြေရှင်းပေးနိုင်ခဲ့ချေ။ (ဒေသနာ ၄:၁-၃) အလားတူပင်၊ ကျွန်ုပ်တို့လက်ထက်တွင် ကမ္ဘာ့ခေါင်းဆောင်များသည် နောက်ဆုံးပေါ် စက်မှုလက်မှုတိုးတက်မှုများဖြင့်ပင် ဒုက္ခဆင်းရဲကို မပယ်ရှင်းနိုင်ချေ။ ပိုမိုဆိုးရွားသည်ကား၊ ဘုရားသခင့်အုပ်ချုပ်မှုမှ လူသားတို့၏ကင်းကွာခြင်းသည် ယင်းကိုပယ်ရှားပစ်မည့်အစား ဒုက္ခဆင်းရဲကို တိုးပွားစေခဲ့သည်။

ဘုရားသခင့်ရေရှည်အမြင်

၁၂-၁၄။ ဒုက္ခဆင်းရဲကို ဘုရားသခင်ခွင့်ပြုခြင်းဖြင့် မည်သည့်ရေရှည် အကျိုးရလဒ်ကို ရရှိသနည်း။

၁၂ ဒုက္ခဆင်းရဲကို ဘုရားသခင်ခွင့်ပြုခြင်းသည် ကျွန်ုပ်တို့အတွက် အလွန်နာကျင်ဖွယ်ဖြစ်ခဲ့သည်။ သို့သော်ကိုယ်တော်သည် ရေရှည်အမြင်ကိုရှုမျှော်ခဲ့ပြီး ရေရှည်တွင် ဖြစ်ပေါ်လာမည့် ရလဒ်ကောင်းကို သိမြင်တော်မူသည်။ ဘုရားသခင့်အမြင်သည် လူသားများကို နှစ်အနည်းငယ် သို့မဟုတ် နှစ်ထောင်ပေါင်းအနည်းငယ်သာမဟုတ်ဘဲ နှစ်သန်းပေါင်းများစွာအကျိုးသက်ရောက်စေမည်။ မှန်သည်၊ ထာဝစဉ်အတွက်ဖြစ်သည်။

၁၃ အကယ်၍ အနာဂတ်တွင် တစ်ဦးတစ်ယောက်သည် လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို အလွဲသုံးလျက် ဘုရားသခင့်လုပ်ဆောင်ပုံနည်းလမ်းကို စောဒကတက်သည့် အခြေအနေမျိုးပေါ်ပေါက်လျှင် သူ့အမြင်ကိုသက်သေထူရန် သူ့အားအချိန်ပေးဖို့ လိုအပ်မည်မဟုတ်ချေ။ ပုန်ကန်သူများကို နှစ်ထောင်ချီ၍ ခွင့်ပြုခဲ့ပြီးဖြစ်၍ ဘုရားသခင်သည် စကြဝဠာ၏မည်သည့်နေရာတွင်မဆို ထာဝစဉ်အသုံးပြုနိုင်သည့် တရားဝင်စီရင်ထုံးကို ချမှတ်ခဲ့ပြီးဖြစ်သည်။

၁၄ ယေဟောဝါသည် ယခုအခါဆိုးယုတ်မှုနှင့်ဒုက္ခဆင်းရဲကို ခွင့်ပြုခဲ့ပြီးဖြစ်၍ ကိုယ်တော်နှင့်သဟဇာတမဖြစ်သည့် အဘယ်အရာမျှ မကြီးပွားနိုင်ကြောင်း လုံလောက်စွာသက်သေ ထူခဲ့ပြီးဖြစ်မည်။ အဘယ်လူ သို့မဟုတ် ဝိညာဉ်သားများ၏ ထင်ရာစိုင်းအစီအစဉ်မျှ ထာဝရအကျိုးကို မဖြစ်စေနိုင်ကြောင်း သံသယမရှိသည့်တိုင် သက်သေထူခဲ့ပြီးဖြစ်မည်။ သို့ဖြင့်၊ မည်သည့်ပုန်ကန်သူကိုမဆို မဆိုင်းမတွဖျက်ဆီးရာတွင် ဘုရားရှင်အပြည့်အဝ တရားမျှတပေမည်။ “လူဆိုးအပေါင်းတို့ကို ဖျက်ဆီးတော်မူလိမ့်မည်။”​—ဆာလံ ၁၄၅:၂၀၊ သမ; ရောမ ၃:၄။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့၏ ကနဦးမိဘများသည် ဘုရားသခင်ထံမှလွတ်လပ်မှု ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် သူတို့သည်အိုမင်းလာကာ သေဆုံးခဲ့ကြရသည်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဘုရားသခင်မှ ကင်းကွာသော လူ့အုပ်ချုပ်မှုသည် အတိဒုက္ခ ဖြစ်ကြောင်း သက်သေထူခဲ့ပြီ

[Credit Line]

U.S. Coast Guard photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ