ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • dg အပိုင်း ၆ စာ. ၁၂-၁၃
  • ဘုရားသခင်သည် အဘယ်ကြောင့် ဒုက္ခဆင်းရဲကို ခွင့်ပြုတော်မူသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်သည် အဘယ်ကြောင့် ဒုက္ခဆင်းရဲကို ခွင့်ပြုတော်မူသနည်း
  • ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စကြဝဠာပိုင်သအုပ်စိုးမှုအရေးကိစ္စ
  • ဝိညာဉ်သားများ၏ပုန်ကန်မှု
  • အရေးကိစ္စနှစ်ရပ်
  • ဆိုးသွမ်းမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုခဲ့သနည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • လူ့ဒုက္ခဆင်းရဲ—ယင်းကိုဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ရကြသည့် အရေးကိစ္စ
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ဆင်းရဲဝေဒနာကို ဘုရားသခင်ခွင့်ပြုချိန် နိဂုံးချုပ်လုပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
dg အပိုင်း ၆ စာ. ၁၂-၁၃

အပိုင်း ၆

ဘုရားသခင်သည် အဘယ်ကြောင့် ဒုက္ခဆင်းရဲကို ခွင့်ပြုတော်မူသနည်း

၁၊ ၂။ ကျွန်ုပ်တို့၏ကနဦးမိဘများသည် သူတို့အား ဘုရားသခင်ပေးခဲ့သော အစပျိုးပေးခြင်းကို မည်သို့ပျက်စီးစေခဲ့သနည်း။

ဘာမှားသွားသနည်း။ ဧဒင်ပရဒိသုတွင် ကျွန်ုပ်တို့၏ကနဦးမိဘများကို ဘုရားရှင်ပေးခဲ့သည့် အစကောင်းကို ဖျက်ဆီးပစ်သည့် အဘယ်အရာဖြစ်ခဲ့သနည်း။ ပရဒိသု၏ငြိမ်သက်မှုနှင့်ညီညွတ်မှုအစား အဘယ်ကြောင့် ဆိုးယုတ်မှုနှင့်ဒုက္ခဆင်းရဲ နှစ်ပေါင်းထောင်ချီ စိုးမိုးနေသနည်း။

၂ အကြောင်းမှာ အာဒံနှင့်ဧဝတို့ သူတို့၏လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို အလွဲသုံးခဲ့၍ဖြစ်သည်။ ဘုရားရှင်နှင့်ကိုယ်တော့်ဥပဒေများမှကင်းကွာ၍ ကြီးပွားရန် သူတို့ကိုမဖန်ဆင်းထားကြောင်းကို သူတို့မျက်ခြည်ပြတ်ခဲ့သည်။ ဘုရားသခင်မှ လွတ်လပ်ရန် သူတို့ဆုံးဖြတ်ခဲ့ကြသည်၊ ယင်းက သူတို့အသက်တာကို ပိုမိုတိုးတက်စေမည်ဟု ယူမှတ်ခဲ့ကြသည်။ သို့ဖြင့် သူတို့သည် ဘုရားရှင်ကန့်သတ်ထားသည့် ကိုယ်ပိုင်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ထွက်ခဲ့ကြသည်။​—ကမ္ဘာဦး အခန်းကြီး ၃။

စကြဝဠာပိုင်သအုပ်စိုးမှုအရေးကိစ္စ

၃-၅။ အဘယ်ကြောင့်ဘုရားသခင်သည် အာဒံနှင့်ဧဝကိုဖျက်ဆီးလိုက်ကာ အသစ်တစ်ဖန် ပြန်မစသနည်း။

၃ ဘုရားရှင်သည် အာဒံနှင့်ဧဝကိုဖျက်ဆီးပစ်လိုက်ကာ နောက်လူ့မောင်နှံစုံဖြင့် အဘယ်ကြောင့်တစ်ဖန် ပြန်မစခဲ့သနည်း။ အကြောင်းမှာကိုယ်တော်၏ စကြဝဠာပိုင်သမှုဖြစ်သည့် ကိုယ်တော်၏မလွှဲပြောင်းနိုင်သည့် အုပ်ချုပ်ပိုင်ခွင့် စိန်ခေါ်ခံခဲ့ရသောကြောင့်ဖြစ်သည်။

၄ မေးခွန်းမှာ– မည်သူ၌ အုပ်စိုးပိုင်ခွင့်ရှိပြီး မည်သူ့အုပ်ချုပ်မှုသည် မှန်ကန်သနည်း။ မိမိ၏ အနန္တတန်ခိုးရှင်ဖြစ်မှုနှင့် သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်ဖြစ်မှုက ဘုရားရှင်အား သူတို့အပေါ် အုပ်ချုပ်ပိုင်ခွင့်ကို ရရှိစေသည်။ ကိုယ်တော်သည် အစဉ်ပင်အမြော်အမြင်ရှိသူဖြစ်သောကြောင့် ကိုယ်တော့်အုပ်ချုပ်မှုသည် သတ္တဝါအားလုံးအတွက် အကောင်းဆုံးဖြစ်သည်။ သို့သော် ကိုယ်တော့်အုပ်ချုပ်ရေးသည် ယခုစိန်ခေါ်ခြင်းခံရသည်။ ထို့ပြင်၊ ကိုယ်တော်၏ လူ့ဖန်ဆင်းခြင်းတွင် ချွတ်ချော်မှုတစ်ခုခုရှိနေသလော။ လူ့တည်ကြည်မှုနှင့်စပ်လျဉ်း၍ မည်သို့သောမေးခွန်းပေါ်ပေါက်ပုံကို နောက်ပိုင်းတွင် ကျွန်ုပ်တို့သုံးသပ်မည်။

၅ လူသည်ဘုရားသခင်မှ လွတ်လပ်လာခြင်းကြောင့် လူသားများသည် ဘုရားရှင်၏အုပ်စိုးမှုကိုမခံရလျှင် ပိုမိုကောင်းစွာလုပ်ဆောင်နိုင်မည်လော ဟူသည့်နောက်မေးခွန်းတစ်ခု ပေါ်လာသည်။ ဖန်ဆင်းရှင်သည် အဖြေကိုအမှန်ပင်သိတော်မူသည်၊ သို့သော် လူသားများသိရှိရန် သေချာသောနည်းမှာ သူတို့လိုလားသောအကြွင်းမဲ့လွတ်လပ်မှုကို ပေးခြင်းဖြစ်သည်။ သူတို့သည် ယင်းလမ်းစဉ်ကို သူတို့၏လွတ်လပ်စွာလုပ်ပိုင်ခွင့်အတိုင်း ရွေးချယ်ခဲ့သည်၊ ထို့ကြောင့် ဘုရားသခင်ခွင့်ပြုခဲ့သည်။

၆၊ ၇။ အကြွင်းမဲ့ လွတ်လပ်မှုကို အဘယ်ကြောင့် ဘုရားရှင်ကြာမြင့်စွာခွင့်ပြုရသနည်း။

၆ အကြွင်းမဲ့လွတ်လပ်မှုနှင့်စမ်းသပ်ရန် လူသားကို အချိန်အလုံအလောက်ပေးခြင်းဖြင့် လူသားများသည် ဘုရားအုပ်ချုပ်မှုအောက်တွင် ပိုကောင်းသလော၊ သူတို့ဘာသာနေလျှင် ပိုကောင်းသလောကို ထာဝစဉ်အတွက် ဘုရားရှင်ပြသတော်မူမည်ဖြစ်သည်။ သူတို့၏နိုင်ငံရေး၊ စက်မှု၊ သိပ္ပံနှင့်ဆေးဘက်ဆိုင်ရာအောင်မြင်မှု အထွတ်အထိပ်ဟုသူတို့ယူဆချက်ရောက်သည်အထိ အချိန်အလုံအလောက်ပေးရပေမည်။

၇ ထို့ကြောင့်၊ ဘုရားရှင်မှ ကင်းကွာသော လူ့အုပ်ချုပ်မှုသည် အောင်မြင်နိုင်၊ မနိုင်ကို လုံးဝသံသယမရှိဖို့ပြသရန် ကျွန်ုပ်တို့လက်ထက်တိုင် လူသားအား လွတ်လပ်စွာအုပ်ချုပ်ရန် ကိုယ်တော်ခွင့်ပြုခဲ့သည်။ ထို့ကြောင့်လူသားသည် ကြင်နာမှုနှင့်ရက်စက်မှုစပ်ကြား၊ ဖြောင့်မတ်မှုနှင့်မတရားမှုစပ်ကြား ရွေးချယ်နိုင်ခဲ့သည်။ သို့သော် မိမိရွေးချယ်သည့်အတိုင်း ရလဒ်ဖြစ်သည့် ကောင်းမြတ်ခြင်းနှင့်ငြိမ်သက်မှု သို့မဟုတ် ဆိုးယုတ်မှုနှင့်ဒုက္ခဆင်းရဲကိုလည်း သူရင်ဆိုင်ရသည်။

ဝိညာဉ်သားများ၏ပုန်ကန်မှု

၈၊ ၉။ (က) နာမ်ဝိညာဉ်ဘုံတွင် ပုန်ကန်မှုမည်သို့ ပေါ်ပေါက်လာသနည်း။ (ခ) အာဒံနှင့်ဧဝအပြင် မည်သူ့ကို စာတန်သည် ပုန်ကန်ရန် ဩဇာညောင်းခဲ့သနည်း။

၈ သုံးသပ်ရန် နောက်တစ်ချက်ရှိသည်။ ဘုရား အုပ်ချုပ်မှုကိုပုန်ကန်သူများသည် ကျွန်ုပ်တို့၏ မူလမိဘများသာမဟုတ်ပေ။ သို့သော်ထိုအချိန်က မည်သူများကော ရှိနေသနည်း။ ဝိညာဉ်သားများဖြစ်သည်။ ဘုရားရှင်သည် လူသားများကို မဖန်ဆင်းမီ၊ ကောင်းကင်တွင်နေရန် ပိုမိုအဆင့်မြင့်သက်ရှိဖြစ်သည့် များလှစွာသော ကောင်းကင်တမန်များကို ကိုယ်တော် ဖန်ဆင်းခဲ့သည်။ သူတို့ကိုလည်း လွတ်လပ်စွာ လုပ်ပိုင်ခွင့်နှင့်ဖန်ဆင်းခဲ့ကာ ဘုရားအုပ်ချုပ်မှုအောက် ဝန်ခံရန်လည်းလိုအပ်ခဲ့သည်။​—ယောဘ ၃၈:၇; ဆာလံ ၁၀၄:၄; ဗျာဒိတ် ၅:၁၁။

၉ သမ္မာကျမ်းစာက ဝိညာဉ်ဘုံတွင်ပုန်ကန်မှုဦးဆုံးစခဲ့ကြောင်း ဖော်ပြသည်။ နာမ်ဝိညာဉ်သားတစ်ဦးသည် လွတ်လပ်မှုလုံးလုံးလျားလျားလိုလားခဲ့သည်။ သူသည် လူသားများကိုပင် မိမိအား ကိုးကွယ်စေလိုသည်။ (မဿဲ ၄:၈၊ ၉) ဤပုန်ကန်သူနာမ်ဝိညာဉ်သည် အာဒံနှင့်ဧဝကိုပုန်ကန်ရန် သွေးဆောင်ရာတွင် အကြောင်းရင်းဖြစ်ပြီး ဘုရားသခင်သည် သူတို့အားကောင်းသည့်အရာတစ်ခုခုကို မပေးဘဲထားသည်ဟု မှားယွင်းစွာစွပ်စွဲသည်။ (ကမ္ဘာဦး ၃:၁-၅) ထို့ကြောင့်သူ့အား မာရ်နတ် (ရှုတ်ချသူ) နှင့်စာတန် (ဆန့်ကျင်သူ) ဟုခေါ်သည်။ နောက်ပိုင်းတွင်၊ သူသည် အခြားဝိညာဉ်သားများပါပုန်ကန်ရန် သွေးဆောင်ခဲ့သည်။ သူတို့ကို နတ်ဆိုးများအဖြစ် သိရှိလာကြသည်။​—တရားဟောရာ ၃၂:၁၇; ဗျာဒိတ် ၁၂:၉; ၁၆:၁၄။

၁၀။ လူနှင့်ဝိညာဉ်သားများပုန်ကန်မှုမှ မည်သည့်ရလဒ် ဖြစ်လာသနည်း။

၁၀ လူသားများသည် ဘုရားသခင်ကိုပုန်ကန်ခြင်းဖြင့် မိမိတို့ကိုယ်ကို စာတန်နှင့်သူ၏နတ်ဆိုးများ၏လွှမ်းမိုးမှုအောက် ရောက်စေသည်။ ထို့ကြောင့်ပင် သမ္မာကျမ်းစာကစာတန်အား ‘မယုံကြည်သောသူတို့၏ ဉာဏ်မျက်စိကိုကွယ်စေသော ဤလောကအား အစိုးရသောဘုရား’ ဟုခေါ်ဆိုထားသည်။ ထို့ကြောင့်၊ ဘုရားနှုတ်ကပါဌ်တော်က “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်” ဟုဆိုထားသည်။ ယေရှုကိုယ်နှိုက်က စာတန်အား “ဤလောကကို အစိုးရသောမင်း” ဟုခေါ်ထားသည်။​—၂ ကောရိန္သု ၄:၄၊ ကဘ; ၁ ယောဟန် ၅:၁၉; ယောဟန် ၁၂:၃၁။

အရေးကိစ္စနှစ်ရပ်

၁၁။ စာတန်သည် ဘုရားသခင်ကို အခြားမည်သည့်အရေးကိစ္စများနှင့် စပ်လျဉ်း၍လည်း စိန်ခေါ်ခဲ့သနည်း။

၁၁ စာတန်သည် ဘုရားသခင်ကို စိန်ခေါ်သည့် နောက်ထပ်အရေးကိစ္စတစ်ခုကို ပေါ်ထွက်စေခဲ့သည်။ မုချအားဖြင့် သူက ဘုရားသခင်သည် လူကိုဖန်ဆင်းပုံနည်းလမ်းတွင် မှားယွင်းကြောင်းနှင့် ဖိစီးမှုအောက်တွင် မည်သူမျှမှန်ရာကို ပြုလုပ်လိုမည်မဟုတ်ကြောင်း စွပ်စွဲခဲ့သည်။ အမှန်တွင် စုံစမ်းမှုအောက်တွင် ဘုရားသခင်ကိုပင် သူတို့ကျိန်ဆဲမည်ဖြစ်ကြောင်း သူဆိုသည်။ (ယောဘ ၂:၁-၅) ဤသို့ဖြင့် စာတန်သည် လူသားတို့၏တည်ကြည်မှုကို မေးခွန်းထုတ်ခဲ့သည်။

၁၂-၁၄။ စာတန်ပေါ်ပေါက်စေခဲ့သော အရေးကိစ္စနှစ်ခုနှင့်စပ်လျဉ်း၍ အမှန်တရားကို အချိန်ကမည်သို့ဖော်ပြမည်နည်း။

၁၂ ထို့ကြောင့်၊ ဤအရေးကိစ္စနှင့် ဘုရားသခင့်ပိုင်သအုပ်စိုးမှုအရေးကိစ္စကို မည်သို့ဖြေရှင်းမည်အားကြည့်ရန် ဘုရားသခင်သည် အမြော်အမြင်ရှိသူအားလုံးကို အချိန်အလုံအလောက် ပေးတော်မူသည်။ (ထွက်မြောက်ရာ ၉:၁၆ နှိုင်းယှဉ်။) လူ့သမိုင်းတကယ့်အတွေ့အကြုံက ဤအရေးကိစ္စနှစ်ရပ်နှင့်စပ်လျဉ်း၍ အမှန်တရားကို ဖော်ပြပါလိမ့်မည်။

၁၃ ဦးဆုံးအနေနှင့်၊ ဘုရားသခင့်အုပ်စိုးပိုင်ခွင့်ဖြစ်သည့် စကြဝဠာပိုင်သအုပ်စိုးမှု အရေးကိစ္စနှင့်စပ်လျဉ်း၍ အချိန်ကဘာကိုတင်ပြမည်နည်း။ လူသားများသည် ဘုရားသခင်ထက် ပိုမိုသာလွန်စွာ အုပ်ချုပ်နိုင်မည်လော။ ဘုရားသခင်မှ ကင်းကွာသော လူ့အုပ်ချုပ်မှုတစ်ခုခုသည် စစ်မက်၊ ရာဇဝတ်မှုနှင့် မတရားမှုကင်းရှင်းသည့် ပျော်ရွှင်သောကမ္ဘာကို ဖြစ်ပေါ်စေနိုင်မည်လော။ ဆင်းရဲခြင်းကိုဖယ်ရှားကာ လူအားလုံးအတွက် ကြွယ်ဝမှုကိုဖြစ်စေနိုင်မည်လော။ ဖျားနာမှု၊ အိုမင်းမှုနှင့်သေခြင်းကို အောင်မြင်ခဲ့ပြီလော။ ထိုအရာအားလုံးကို ဘုရားသခင့်အုပ်ချုပ်ရေးက ပြုလုပ်ပေးရန်ဖြစ်သည်။—ကမ္ဘာဦး ၁:၂၆-၃၁။

၁၄ ဒုတိယအရေးကိစ္စနှင့်စပ်လျဉ်း၍ အချိန်က လူသားများတန်ဖိုးကို ဘာဖော်ပြမည်နည်း။ ဘုရားသခင်သည် ဤပုံဤနည်းအတိုင်း လူကိုဖန်ဆင်းခဲ့သည့်အတွက် မှားယွင်းခဲ့သလော။ စုံစမ်းမှုအောက်တွင် မှန်ရာကို ပြုလုပ်မည့်သူ ရှိမည်လော။ လွတ်လပ်သော လူ့အုပ်ချုပ်မှုအစား ဘုရားသခင့်အုပ်ချုပ်မှုကို လိုလားကြောင်းပြသမည့်သူ ရှိမည်လော။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဘုရားသခင်သည် လူသားများအား သူတို့အောင်မြင်မှုများ၏ အထွတ်အထိပ်သို့ရောက်ရန် အချိန်အလုံအလောက်ပေးခဲ့သည်

[Credit Line]

Shuttle: Based on NASA photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ