ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lr အခန်း ၂၅ စာ. ၁၃၂-၁၃၆
  • မကောင်းတာ လုပ်တဲ့သူတွေ ပြောင်းလဲနိုင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကောင်းတာ လုပ်တဲ့သူတွေ ပြောင်းလဲနိုင်သလား
  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုက ရှောလုကို ရွေးချယ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဒမာသက်မြို့သွားတဲ့လမ်းပေါ်မှာ
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ညှဉ်းပန်းနှိပ်စက်သူ—ကြီးစွာသောအလင်းမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အသင်းတော်ဟာ “ငြိမ်သက်အေးချမ်း” နေတယ်
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
နောက်ထပ် ကြည့်ပါ
ကြီးမြတ်သောဆရာထံမှ သင်ယူပါ
lr အခန်း ၂၅ စာ. ၁၃၂-၁၃၆

အခန်း ၂၅

မကောင်းတာ လုပ်တဲ့သူတွေ ပြောင်းလဲနိုင်သလား

လူတိုင်းသာ ကောင်းတာလုပ်မယ်ဆိုရင် ပျော်စရာ သိပ်ကောင်းမယ် မဟုတ်လား။—ဒါပေမဲ့ ဘယ်သူမှ အမြဲတမ်း ကောင်းတာ မလုပ်ကြဘူး။ တို့တစ်တွေအားလုံး ကောင်းတာကို လုပ်ချင်ပါလျက်နဲ့ တစ်ခါတလေ ဘာကြောင့် မကောင်းတာတွေကို လုပ်မိကြသလဲ။— တို့အားလုံးဟာ အပြစ်ရှိသူတွေအဖြစ် မွေးဖွားလာကြလို့ပေါ့။ ဒါပေမဲ့ တချို့က မကောင်းမှုတွေ အများကြီး လုပ်ကြတယ်။ တခြားလူတွေကို မုန်းပြီး တမင်တကာ ထိခိုက်နာကျင်အောင် လုပ်ကြတယ်။ သူတို့ ပြောင်းလဲလာမယ်၊ လူကောင်းတွေ ဖြစ်လာနိုင်မယ်လို့ ထင်သလား။—

သတေဖန်ကို ခဲနဲ့ပေါက်နေတဲ့ လူတွေရဲ့ ဝတ်ရုံတွေကို စောင့်ပေးနေတဲ့ လူငယ်ကို ကြည့်လိုက်ပါဦး။ ဟီဘရူးနာမည်က ရှောလု၊ ရောမနာမည်က ပေါလုလို့ ခေါ်တယ်။ ကြီးမြတ်တဲ့ဆရာရဲ့ တပည့် သတေဖန် အသတ်ခံရတာကို သူဝမ်းသာနေတယ်။ ရှောလု ဘာဖြစ်လို့ မကောင်းတာတွေ လုပ်ရသလဲဆိုတာ ကြည့်ရအောင်။

ရှောလုဟာ ဖာရိရှဲလို့ခေါ်တဲ့ ဂျူးဘာသာရေး အုပ်စုကပေါ့။ ဖာရိရှဲတွေမှာ ဘုရားရဲ့ တရားစကားတော် ရှိပေမဲ့ ဘာသာရေးခေါင်းဆောင် တချို့ရဲ့ သွန်သင်ချက်တွေကို ပိုအလေးထားကြတယ်။ ဒါတွေကြောင့် ရှောလု မကောင်းတာတွေ လုပ်ခဲ့တာ။

ဂျေရုဆလင်မြို့မှာ သတေဖန် အဖမ်းခံရချိန်မှာ ရှောလုလည်း ရှိနေခဲ့တယ်။ သတေဖန်ကို တရားရုံးဆီ ခေါ်သွားကြတယ်။ တရားရုံးမှာရှိတဲ့ တရားသူကြီးတချို့ဟာ ဖာရိရှဲတွေ ဖြစ်ကြတယ်။ သတေဖန်ဟာ သူ့အကြောင်း လူတွေ မကောင်းပြောကြပေမဲ့ မကြောက်ဘူး။ သတ္တိရှိရှိ ပြန်ပြောခဲ့တယ်။ တရားသူကြီးတွေကို ယေဟောဝါ ဘုရားသခင်နဲ့ ယေရှုအကြောင်း ကောင်းကောင်းကြီး သက်သေခံလိုက်တယ်။

တရားသူကြီးတွေကတော့ ကြားရတာတွေကို သဘောမကျဘူး။ ယေရှုအကြောင်း တော်တော်လေး သိထားကြတယ်။ တကယ်ဆိုရင် သိပ်မကြာခင်ကပဲ ယေရှုကို သတ်ပစ်ဖို့ သူတို့ စီရင်ခဲ့ကြတယ်လေ။ အဲဒီနောက် ယေဟောဝါက ယေရှုကို ကောင်းကင်ဘုံ ပြန်ခေါ်သွားတယ်။ အခု ဒီတရားသူကြီးတွေဟာ အကျင့်တွေ ပြောင်းလဲမယ့်အစား ယေရှုရဲ့ တပည့်တွေကို ဆန့်ကျင်တိုက်ခိုက်လာကြတယ်။

တရားသူကြီးတွေက သတေဖန်ကို မြို့ပြင် ဆွဲထုတ်သွားတယ်။ လဲကျနေတဲ့ သတေဖန်ကို ကျောက်ခဲနဲ့ ပေါက်ကြတယ်။ ပုံမှာ တွေ့ရတဲ့အတိုင်း ရှောလုက ရပ်ကြည့်နေတယ်။ သတေဖန်ကို သတ်သင့်တယ်လို့ သူယူဆတယ်။

သတေဖန်ကို ခဲနဲ့ ပေါက်သတ်တာကို ရှောလု ကြည့်နေစဉ်

သတေဖန်ကို သတ်သင့်တယ်လို့ ရှောလု ဘာကြောင့် ယူဆသလဲ

ရှောလုက ဘာဖြစ်လို့ အဲဒီလိုယူဆတယ်ဆိုတာ သိသလား။— ဖာရိရှဲဘဝနဲ့ ကြီးပြင်းလာတဲ့ ရှောလုဟာ ဖာရိရှဲတွေရဲ့ သွန်သင်ချက် မှန်တယ်လို့ ယုံကြည်ခဲ့တယ်။ ဖာရိရှဲတွေကို စံနမူနာရှင်အဖြစ်ထားပြီး သူတို့ကို အတုယူတယ်လေ။—တမန်တော် ၇:၅၄-၆၀။

သတေဖန် အသတ်ခံရပြီးနောက် ရှောလု ဘာလုပ်သလဲ။— ယေရှုရဲ့ ကျန်တဲ့ တပည့်တွေကို သုတ်သင်ဖို့အထိ ကြိုးစားလာရော။ အမျိုးသားအမျိုးသမီးတွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဆွဲထုတ်ပြီး ထောင်ချတယ်။ တပည့် အတော်များများဟာ ဂျေရုဆလင်မြို့က ထွက်ပြေးခဲ့ကြရတယ်။ ဒါပေမဲ့ ယေရှုအကြောင်းကိုတော့ မဟောဘဲ မနေခဲ့ကြဘူး။—တမန်တော် ၈:၁-၄။

ဒါကြောင့် ယေရှုရဲ့ တပည့်တွေကို ရှောလု မုန်းသည်ထက် မုန်းလာတယ်။ ဒါကြောင့် ပုရောဟိတ်မင်း ကယာဖဆီ သွားပြီး ဒမတ်စကတ်မြို့က ခရစ်ယာန်တွေကို ဖမ်းဖို့ ခွင့်ပြုမိန့်တောင်းတယ်။ ရှောလုက သူတို့ကို ဂျေရုဆလင်မြို့ဆီ ဖမ်းခေါ်လာပြီး အပြစ်ပေးမလို့လေ။ ဒါပေမဲ့ ဒမတ်စကတ်မြို့ကိုအသွား လမ်းမှာ အံ့သြစရာတစ်ခု ဖြစ်လာတယ်။

ကောင်းကင်က အလင်း ကျလာလို့ ရှောလု လဲကျသွားစဉ်

ရှောလုကို ဘယ်သူ စကားပြောနေသလဲ၊ ရှောလုကို ဘာလုပ်ဖို့ စေလွှတ်သလဲ

ကောင်းကင်က အလင်းတစ်ခု ဝင်းကနဲ လက်သွားပြီး “ရှောလု၊ ရှောလု၊ ငါ့ကို ဘာလို့ နှိပ်စက်ညှဉ်းဆဲနေတာလဲ” ဆိုတဲ့အသံကို ကြားလိုက်ရတယ်။ ကောင်းကင်ကနေ ယေရှု ပြောနေတာလေ။ အဲဒီအလင်းဟာ တောက်ပလွန်းအားကြီးလို့ ရှောလု မျက်စိကွယ်သွားပါလေရော။ ဒါနဲ့ အတူခရီးသွားသူတွေက ရှောလုကို ဒမတ်စကတ်မြို့ဆီ တွဲခေါ်သွားကြတယ်။

သုံးရက်ကြာတော့ ယေရှုက ဒမတ်စကတ်မြို့မှာရှိတဲ့ တပည့် အာနနိကို စိတ်အာရုံထဲမှာ ထင်ရှားပြတယ်။ ရှောလုဆီ သွားပါ၊ သူ့မျက်စိ အလင်းပြန်ရအောင် လုပ်ပေးပါ၊ သူနဲ့ စကားပြောပါလို့ အာနနိကို ခိုင်းလိုက်တယ်။ အာနနိ စကားပြောနေတုန်းမှာ ရှောလုဟာ ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရားကို လက်ခံလိုက်တယ်။ မျက်စိလည်း ပြန်မြင်လာတယ်။ ဘဝတစ်ခုလုံး ပြောင်းလဲသွားပြီး ဘုရားသခင်ရဲ့ သစ္စာရှိတဲ့ အမှုဆောင်တစ်ယောက် ဖြစ်လာတော့တယ်။—တမန်တော် ၉:၁-၂၂။

ကဲ၊ ရှောလု ဘာဖြစ်လို့ မကောင်းတာတွေ လုပ်ခဲ့တယ်ဆိုတာ ကလေးတို့ သိပြီလား။— အမှားတွေ အသင်ခံခဲ့ရလို့ပေါ့။ ဘုရားအပေါ် သစ္စာမရှိတဲ့ လူတွေနောက်ကို လိုက်ခဲ့မိတယ်။ ပြီးတော့ ဘုရားရဲ့ တရားစကားထက် လူ့အတွေးအခေါ်တွေကို အလေးထားတဲ့ လူစုထဲမှာ ပါဝင်ခဲ့တယ်။ ဒါပေမဲ့ တခြားဖာရိရှဲတွေက ဘုရားသခင်ကို ဆက်ပြီး ဆန့်ကျင်ကြပေမဲ့ ရှောလုကျတော့ ဘာဖြစ်လို့ သူ့ဘဝကို ပြောင်းလဲပြီး ကောင်းတာတွေကို လုပ်လာသလဲ။— အမှန်တရားကို တကယ် မမုန်းလို့ပေါ့။ ဒါကြောင့် မှန်တာကို သိလာတဲ့အခါ လိုက်နာဖို့ အသင့်ရှိခဲ့တယ်။

ရှောလုဟာ နောက်ပိုင်းမှာ ဘယ်သူ ဖြစ်လာသလဲ သိသလား။— ဟုတ်တာပေါ့၊ ယေရှုရဲ့ တမန်တော်တစ်ပါးဖြစ်တဲ့ တမန်တော်ပေါလု ဖြစ်လာတယ်။ ပေါလုဟာ တခြားသူတွေထက် ကျမ်းစာရဲ့ ကျမ်းစောင် အတော်များများ ရေးခဲ့သူဖြစ်တယ်ဆိုတာကိုလည်း မှတ်ထားရမယ်နော်။

ရှောလုလိုပဲ ပြောင်းလဲနိုင်တဲ့လူတွေ အများကြီးရှိတယ်။ လွယ်တော့ မလွယ်ဘူးပေါ့။ လူတွေကို မကောင်းတာ လုပ်အောင် အစွမ်းကုန် ကြိုးစားနေသူ ရှိလို့ပါပဲ။ ဘယ်သူလဲ သိသလား။— ဒမတ်စကတ်မြို့ကို သွားတဲ့လမ်းမှာ ရှောလုကို ယေရှု ကိုယ်ထင်ပြတဲ့အခါ သူ့အကြောင်း ပြောခဲ့တယ်။ ယေရှုက ကောင်းကင်ကနေ ဒီလိုပြောခဲ့တယ်– ‘မင်းက လူတွေကို မျက်စိ ဖွင့်ပေးပြီး အမှောင်ကနေ အလင်းဆီ၊ စာတန်ရဲ့ အခွင့်အာဏာကနေ ဘုရားသခင်ရဲ့ အခွင့်အာဏာဆီ ပြန်လှည့်လာအောင် လုပ်ပေးရမယ်။’—တမန်တော် ၂၆:၁၇၊ ၁၈။

ဟုတ်ပါတယ်၊ လူတွေ မကောင်းတာတွေ လုပ်ဖို့ အားပေးနေတဲ့သူဟာ စာတန်မာရ်နတ်ပါပဲ။ မှန်တာကို လုပ်ဖို့ ခက်ခဲတာမျိုး ကြုံဖူးသလား။— တို့အားလုံး ကြုံဖူးကြတယ်။ စာတန်က ခက်အောင် လုပ်နေတာ။ မှန်တာကို လုပ်ဖို့ မလွယ်ကူရတဲ့ အကြောင်းရင်းတစ်ခု ရှိသေးတယ်။ အဲဒီအကြောင်းရင်းကိုရော သိသလား။— အဲဒါကတော့ တို့အားလုံး အပြစ်ရှိသူတွေအဖြစ် မွေးဖွားလာလို့ပါပဲ။

အဲဒီအပြစ်တရားကပဲ မှန်တာ လုပ်ဖို့ထက် မှားတာ လုပ်ဖို့ ပိုလွယ်ကူစေတာလေ။ ဒီတော့ တို့တစ်တွေ ဘာလုပ်ရမလဲ။— ဟုတ်တာပေါ့၊ မှန်တာကို လုပ်ဖို့ တွန်းလှန်တိုက်ခိုက်ရမယ်။ အဲဒီလိုလုပ်မယ်ဆိုရင် တို့တစ်တွေကို ချစ်တဲ့ ယေရှုက ကူညီပေးမှာ သေချာတယ်။

မကောင်းတာတွေ လုပ်ခဲ့ပေမဲ့ ပြုပြင်ပြောင်းလဲသူတွေကို ယေရှု ချစ်ခဲ့တယ်။ ပြောင်းလဲရတာ ဘယ်လောက်ခက်မှန်း ယေရှု ကောင်းကောင်းသိတယ်။ ဥပမာ၊ ယောက်ျားအများကြီးနဲ့ အတူအိပ်ဖူးတဲ့ မိန်းမတွေ ရှိခဲ့တယ်။ ဒါဟာ မကောင်းမှုပဲ။ အဲဒီလိုမိန်းမတွေကို ပြည့်တန်ဆာလို့ ကျမ်းစာက ခေါ်တယ်။

အမျိုးသမီးတစ်ယောက် ယေရှုရဲ့ ခြေကို ဆီလိမ်းပေး၊ မျက်ရည်တွေကို ဆံပင်နဲ့ သုတ်ပေး၊ သူ့အပြစ်ကို ယေရှု ခွင့်လွှတ်ပေးစဉ်

မကောင်းမှု လုပ်ခဲ့တဲ့ ဒီမိန်းမကို ယေရှု ဘာဖြစ်လို့ ခွင့်လွှတ်လိုက်သလဲ

တစ်ခါတုန်းက အဲဒီလိုမျိုး မိန်းမတစ်ယောက် ယေရှုအကြောင်းကို ကြားတော့ ယေရှု ရှိနေတဲ့ ဖာရိရှဲတစ်ယောက်ရဲ့ အိမ်ကို လိုက်သွားတယ်။ အဲဒီမိန်းမက ယေရှုရဲ့ခြေပေါ် ဆီကို လောင်းပြီး ခြေထောက်ပေါ် ကျတဲ့ မျက်ရည်တွေကို ဆံပင်နဲ့ သုတ်ပေးတယ်။ လုပ်ခဲ့တဲ့အပြစ်အတွက် တအား ဝမ်းနည်းနေတာဖြစ်လို့ သူ့ကို ယေရှု ခွင့်လွှတ်လိုက်တယ်။ ဒါပေမဲ့ ဖာရိရှဲက အဲဒီမိန်းမကို ခွင့်မလွှတ်သင့်ဘူးလို့ ယူဆတယ်။—လုကာ ၇:၃၆-၅၀။

ဖာရိရှဲတချို့ကို ယေရှု ဘာပြောခဲ့ဖူးသလဲ ကလေးတို့ သိသလား။— “ပြည့်တန်ဆာတွေက ခင်ဗျားတို့ထက်အရင် ဘုရားသခင့် နိုင်ငံတော်ကို ဝင်ကြလိမ့်မယ်” တဲ့။ (မဿဲ ၂၁:၃၁) အဲဒီပြည့်တန်ဆာတွေက ယေရှုကို ယုံကြည်ပြီး မကောင်းတဲ့ အကျင့်စရိုက်တွေကို ပြောင်းလဲလိုက်လို့ ယေရှု အဲဒီလိုပြောခဲ့တာ။ ဖာရိရှဲတွေကျတော့ ယေရှုရဲ့ တပည့်တွေအပေါ် မကောင်းတာတွေ ဆက်လုပ်နေကြတယ်။

ဒါကြောင့်  တို့တစ်တွေ  လုပ်နေတာဟာ မကောင်းဘူးလို့ ကျမ်းစာကဆိုရင် လိုလိုလားလား ပြောင်းလဲသင့်တယ်။ ပြီးတော့ ယေဟောဝါ လုပ်စေချင်တာကို သိလာရင်လည်း အားတက်သရော လုပ်သင့်တယ်။ အဲဒီလိုလုပ်ရင် တို့တစ်တွေကို ယေဟောဝါ နှစ်သက်အားရပြီး ထာဝရအသက် ပေးလိမ့်မယ်။

မကောင်းတာကို မလုပ်မိအောင် ရှောင်နိုင်ဖို့ ဆာလံ ၁၁၉:၉-၁၁။ ပညာအလိမ္မာ ၃:၅-၇။ ၁၂:၁၅ တို့ကို အတူတူ ဖတ်ကြရအောင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ