ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၂၉ စာ. ၇၄-စာ. ၇၅ ပိုဒ်. ၂
  • ယေဟောဝါ ယောရှုကို ရွေးချယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ ယောရှုကို ရွေးချယ်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောရှု ခေါင်းဆောင်ဖြစ်လာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယောရှုအမှတ်ရခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယောရှု ၁:၉—“အားယူ၍ ရဲရင့်ခြင်း ရှိလော့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ယောရှုကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၂၉ စာ. ၇၄-စာ. ၇၅ ပိုဒ်. ၂
ပုရောဟိတ်တွေ ပဋိညာဉ်သေတ္တာကိုသယ်ပြီး ဂျော်ဒန်မြစ်ကို ဖြတ်နေ

သင်ခန်းစာ ၂၉

ယေဟောဝါ ယောရှုကို ရွေးချယ်

ယောရှု ပညတ်တရားကို ဖတ်နေ

မောရှေဟာ အစ္စရေးတွေကို နှစ်အတော်ကြာ ဦးဆောင်ခဲ့ပြီးနောက် အသက်ကြီးလာလို့ သေဆုံးခါနီးနေပြီ။ ယေဟောဝါက သူ့ကို ‘မင်းဟာ အစ္စရေးတွေကို ကတိပေးထားတဲ့ပြည်ထဲ ဦးဆောင်ခေါ်သွားရမယ့်သူ မဟုတ်ဘူး။ မြင်ခွင့်တော့ရမယ်’ လို့ပြောတယ်။ ဒါနဲ့ မောရှေက ‘ဦးဆောင်မယ့်သူ ရွေးပေးပါ’ လို့ ယေဟောဝါကို တောင်းဆိုတော့ ‘ယောရှုကို ငါရွေးချယ်တယ်လို့ သူ့ကို သွားပြောပါ’ ဆိုပြီး မိန့်မှာတယ်။

မောရှေက သူ မကြာခင် သေရမယ်၊ ကတိပေးထားတဲ့ပြည်ထဲ ဦးဆောင်ခေါ်သွားဖို့ ယောရှုကို ယေဟောဝါ ရွေးထားတယ်လို့ အစ္စရေးတွေကို ပြောတယ်။ ပြီးတော့ ယောရှုကို ‘မကြောက်နဲ့၊ မင်းကို ယေဟောဝါ ကူညီပေးမယ်’ လို့ပြောတယ်။ အဲဒီနောက် မောရှေဟာ နေဗောတောင်ပေါ် တက်သွားတယ်။ အဲဒီမှာ ယေဟောဝါက အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို ပေးမယ်လို့ ကတိပေးခဲ့တဲ့ပြည်ကို သူ့ကို ပြတယ်။ မောရှေ သေတဲ့အချိန်မှာ အသက် ၁၂၀ ရှိပြီ။

မောရှေက ယောရှုကို ပုရောဟိတ်တွေနဲ့ တခြားလူတွေရှေ့မှာ တာဝန်ပေးနေ

ယေဟောဝါက ယောရှုကို ‘ခါနန်ပြည်ထဲဝင်ဖို့ ဂျော်ဒန်မြစ်ကို ဖြတ်ကူးပါ။ မောရှေကို ကူညီပေးခဲ့သလို မင်းကို ငါ ကူညီမယ်။ နေ့တိုင်း ငါ့ပညတ်ကို ဖတ်ပါ။ မကြောက်နဲ့၊ ရဲရင့်ပါ။ ငါပြောတဲ့အတိုင်း လုပ်ပါ’ လို့ ပြောတယ်။

ယေရိခေါမြို့ဆီ သူလျှိုနှစ်ယောက်ကို ယောရှု လွှတ်လိုက်တယ်။ အဲဒီမှာ ဘာတွေဖြစ်သလဲဆိုတာ နောက်အခန်းက ပြောပြမယ်။ သူလျှိုတွေပြန်လာတဲ့အခါ ခါနန်ပြည်ထဲဝင်ဖို့ အချိန်ကောင်းပဲလို့ ပြောကြတယ်။ နောက်နေ့မှာ ယောရှုက စခန်းသိမ်းဖို့ လူတွေကို ပြောတယ်။ ပြီးတော့ ဂျော်ဒန်မြစ်ကိုဖြတ်ဖို့ ပဋိညာဉ်သေတ္တာသယ်ရတဲ့ ပုရောဟိတ်တွေကို ရှေ့ကနေ သွားခိုင်းတယ်။ အဲဒီအချိန်မှာ မြစ်ရေ လျှံနေတယ်။ ဒါပေမဲ့ ပုရောဟိတ်တွေ ရေထဲခြေချလိုက်တာနဲ့ တစ်ဖက်က မြစ်ရေတန့်သွားပြီး တစ်ဖက်ကရေတွေ ဆက်စီးဆင်းသွားလို့ ရေခန်းသွားတယ်။ အစ္စရေးတွေ တစ်ဖက်ကမ်းကူးနေတုန်း ပုရောဟိတ်တွေဟာ မြစ်ကြမ်းပြင်အလယ်မှာ ရပ်နေကြတယ်။ ဒီအံ့ဖွယ်ဖြစ်ရပ်က ပင်လယ်နီမှာ ယေဟောဝါ လုပ်ပေးခဲ့တာကို ပြန်သတိရစေတယ် မဟုတ်လား။

နှစ်တွေအတော်ကြာပြီးနောက် ကတိပေးထားတဲ့ပြည်ထဲ အစ္စရေးတွေ ရောက်လာကြပြီ။ ဒီတော့ အိမ်တွေ၊ မြို့တွေ တည်ဆောက်နိုင်ကြပြီ။ လယ်တွေ၊ စပျစ်ခြံတွေ၊ သစ်သီးခြံတွေ စိုက်ပျိုးနိုင်ကြပြီ။ အဲဒီပြည်ဟာ နို့နဲ့ပျားရည် စီးတဲ့ပြည်ပါ။

“ငါယေဟောဝါက မင်းတို့ကို အမြဲဦးဆောင်မယ်။ ခြောက်သွေ့တဲ့ ပြည်မှာတောင် မင်းတို့ကို စိတ်ကျေနပ်စေမယ်။”—ဟေရှာယ ၅၈:၁၁

မေးခွန်း– မောရှေသေပြီးနောက် အစ္စရေးတွေကို ဘယ်သူဦးဆောင်သလဲ။ ဂျော်ဒန်မြစ်မှာ ဘာဖြစ်ပျက်သလဲ။

တောလည်ရာ ၂၇:၁၂-၂၃။ တရားဟောရာ ၃၁:၁-၈။ ၃၄:၁-၁၂။ ယောရှု ၁:၁–၃:၁၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ