ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၃၀ စာ. ၇၆
  • သူလျှိုတွေကို ရာခပ် ဝှက်ထား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူလျှိုတွေကို ရာခပ် ဝှက်ထား
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဘုရားကို ယုံကြည်တဲ့ ရာခပ်
    ကလေးတွေကို သင်ပေးပါ
  • သတင်းတွေကို ရာခပ် နားထောင်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ရာခပ်က သူလျှိုတွေကိုဝှက်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “အကျင့်အားဖြင့် ဖြောင့်မတ်” တဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၃၀ စာ. ၇၆
ရာခပ်က စစ်သားတွေကို တခြားလမ်းဘက် ညွှန်လိုက်ခြင်းအားဖြင့် သူလျှိုတွေကို ကာကွယ်ပေး

သင်ခန်းစာ ၃၀

သူလျှိုတွေကို ရာခပ် ဝှက်ထား

အစ္စရေးသူလျှိုတွေဟာ ယေရိခေါမြို့ကိုသွားပြီး စုံစမ်းတုန်းက ရာခပ်လို့ခေါ်တဲ့ အမျိုးသမီးအိမ်မှာ တည်းခိုကြတယ်။ ဒါကို ယေရိခေါဘုရင် သိတာနဲ့ စစ်သားတွေ လွှတ်လိုက်တယ်။ ရာခပ်လည်း သူလျှိုနှစ်ယောက်ကို အိမ်မိုးပေါ်မှာ ဝှက်ထားပြီး စစ်သားတွေကို လမ်းလွှဲလိုက်တယ်။ ပြီးတော့ ရာခပ်က သူလျှိုတွေကို ‘ယေဟောဝါဟာ ရှင်တို့ဘက်မှာရှိပြီး ဒီပြည်ကို ရှင်တို့အနိုင်ရမယ်ဆိုတာ သိလို့ ကူညီပေးတာ။ ကျွန်မ မိသားစုကို ကယ်မယ်လို့ ကတိပေးပါ’ ဆိုပြီး တောင်းဆိုတယ်။

သူလျှိုတွေလည်း ရာခပ်ကို ‘မင်းအိမ်မှာရှိသူမှန်သမျှ အသက်ချမ်းသာရမယ်။ ပြတင်းပေါက်ကနေ ကြိုးနီတစ်ချောင်း ချထားပါ၊ မင်းမိသားစု ကာကွယ်ခံရမယ်’ လို့ ပြန်ပြောတယ်။

ယေရိခေါမြို့ရိုး ပြိုကျသွားပေမဲ့ ပြတင်းပေါက်မှာ ကြိုးနီတပ်ထားတဲ့ ရာခပ်ရဲ့အိမ်ဟာ မပြိုဘဲကျန်ရှိ

ရာခပ်ဟာ သူလျှိုတွေကို ပြတင်းပေါက်ကနေ ကြိုးနဲ့ လျှောချပေးတယ်။ တောင်ပေါ်မှာ သုံးရက် ပုန်းနေပြီးနောက် ယောရှုဆီ သူတို့ပြန်သွားတယ်။ အဲဒီနောက် အစ္စရေးတွေဟာ ဂျော်ဒန်မြစ်ကိုကူးပြီး ပြည်ကိုသိမ်းပိုက်ဖို့ ပြင်ဆင်ကြတယ်။ ယေရိခေါမြို့ဟာ သူတို့အနိုင်ရတဲ့ ဦးဆုံးမြို့ဖြစ်တယ်။ ယေဟောဝါဟာ အဲဒီမြို့ကို တစ်ရက်တစ်ကြိမ်၊ ခြောက်ရက်လှည့်ပတ်ချီတက်ဖို့ မိန့်မှာတယ်။ ခုနစ်ရက်မြောက်နေ့မှာ မြို့ကို ခုနစ်ပတ်,ပတ်ကြရတယ်။ ပြီးတော့ ပုရောဟိတ်တွေဟာ တံပိုးမှုတ်ပြီး စစ်သားတွေက အသံကျယ်ကျယ်နဲ့ အော်ကြတယ်။ အဲဒီအခါ မြို့ရိုး ပြိုကျသွားတယ်။ ဒါပေမဲ့ ရာခပ်အိမ်ကတော့ မပျက်စီးဘဲ ကျန်နေတယ်။ ရာခပ်ဟာ ယေဟောဝါကို ယုံကြည်ကိုးစားလို့ သူနဲ့ သူ့မိသားစု လွတ်မြောက်ခဲ့တယ်။

“ရာခပ်က တမန်တွေကို ဖော်ဖော်ရွေရွေ ကြိုဆိုပြီး တခြားလမ်းနဲ့ ထွက်သွားနိုင်အောင် ကူညီပေးခဲ့တယ်။ အဲဒီလုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်။”—ယာကုပ် ၂:၂၅

မေးခွန်း– ရာခပ်က သူလျှိုတွေကို ဘာလို့ ကူညီပေးတာလဲ။ အစ္စရေးတွေ ယေရိခေါမြို့ကို ဘယ်လို တိုက်ခိုက်ခဲ့သလဲ။ ရာခပ်နဲ့ သူ့မိသားစု ဘာဖြစ်သွားသလဲ။

ယောရှု ၂:၁-၂၄။ ၆:၁-၂၇။ ဟီဘရူး ၁၁:၃၀၊ ၃၁။ ယာကုပ် ၂:၂၄-၂၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ