ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၀/၁ စာ. ၂၆-၂၇
  • မြင့်မြတ်သောစကားဝှက်များနှင့် ဘုရားသခင်၏ရည်ရွယ်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြင့်မြတ်သောစကားဝှက်များနှင့် ဘုရားသခင်၏ရည်ရွယ်ချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြောက်မြားစွာသော ကျမ်းဆိုင်ရာစကားထာများ
  • မြင့်မြတ်သောလျှို့ဝှက်ချက်များကို ထုတ်ဖော်ခြင်း
  • “နက်နဲရာစကားများ” ကိုဖော်ပြခြင်း
  • အလင်းကိုရှုမျှော်ခြင်း
  • ဉာဏ်ပညာကိုရယူကာ ဆုံးမပဲ့ပြင်မှုကိုလက်ခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ‘အိုဘုရားသခင်၊ ကိုယ်တော်၏အလင်းကို စေလွှတ်တော်မူပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခရစ်ယာန်များ မပြောဘဲမနေဝံ့သောလျှို့ဝှက်ချက်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါ—နက်နဲရာများကိုဖွင့်ပြတော်မူသော ဘုရားသခင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၀/၁ စာ. ၂၆-၂၇

မြင့်မြတ်သောစကားဝှက်များနှင့် ဘုရားသခင်၏ရည်ရွယ်ချက်

မသိခင်အခက် သိလျှင်အချက်။ ယင်းကား အဘယ်နည်း။ စကားထာ။

ယနေ့ လက်တွေ့သမားများသည် လောကတွင် စကားထာဝှက်ခြင်းကို ကလေးဆန်သည်ဟု ရှုမြင်တတ်ကြသော်လည်း ရှေးခေတ်၌မူ စကားထာဝှက်ခြင်းဖြင့် “ဉာဏ်ပညာစမ်းသပ်ခဲ့ကြ” သည်ဟု သမ္မာကျမ်းစာ၏စကားပြန်အဘိဓာန်က ရှင်းပြသည်။—သု. ၁:၅၊ ၆ နှိုင်းယှဉ်။

ယေဟောဝါသည် မိမိ၏အလိုတော် သို့မဟုတ် ရည်ရွယ်ချက်ကို ရှင်းလင်းစွာဖော်ပြမည့်အစား တစ်ခါတစ်ရံ ပုံဥပမာများ၊ “နက်နဲသောစကားများ၊” သို့မဟုတ် ရှုပ်ထွေးသော စကားထာ၊ စကားဝှက်များကိုအသုံးပြုခြင်းဖြင့် ကိုယ်တော်၏ပရောဖက်ပြုချက်များကို မရှင်းမလင်းဖြစ်စေရန် တမင်ပြုလုပ်ခဲ့၏။ (ဆာလံ ၇၈:၂; တောလည်ရာ ၁၂:၈) အမှန်မှာ၊ သမ္မာကျမ်းစာတွင် စကားထာဟူ၍ပြန်ဆိုသည့် ဟေဗြဲစကားလုံးကို ၁၇ ကြိမ်သာအသုံးပြုထားသော်လည်း ကျမ်းစာစောင်များတွင် စကားထာများနှင့် နယပုံပြင်စကားများ ဒုနှင့်ဒေးပါရှိသည်။

မြောက်မြားစွာသော ကျမ်းဆိုင်ရာစကားထာများ

ရှောလမုန်ဘုရင်သည် ခက်ခဲနက်နဲဆုံးသော မေးခွန်းများ သို့မဟုတ် စကားထာများကိုပင် ဖြေကြားနိုင်ခဲ့သည်ဟုဆို၏။ (၃ ဓမ္မရာဇဝင် ၁၀:၁၊ အောက်ခြေမှတ်ချက်) ၎င်းသည် ဘုရားသခင်ပေးဉာဏ်ပညာကြောင့်ဖြစ်ခဲ့သည်မှာ သေချာပါသည်။ တစ်ခါက ရှောလမုန်သည် တုရုမင်းကြီးဟိရံနှင့် စကားဝှက်ပြိုင်စဉ်ရှုံးခဲ့သည်ဟု ရှေးသမိုင်းပညာရှင်များ၏မှတ်တမ်းများအဆို မှန်ပါက ယုံကြည်ခြင်းဖောက်ပြန်ခြင်းကြောင့် ယေဟောဝါ၏ဝိညာဉ်တော်ကို သူဆုံးရှုံးပြီးနောက် ထိုသို့ဖြစ်ပျက်နိုင်ဖွယ်ရှိသည်။ တရားသူကြီးရှံဆုန်သည်လည်း စကားထာဝှက်သည့်ဝါသနာရှိကြောင်းဖော်ပြခဲ့သည်။ တစ်ကြိမ်က သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် သူဝှက်ခဲ့သောစကားထာတစ်ခုဖြင့် ဘုရားသခင်၏ရန်သူများကိုပင် ကြောက်ရွံ့စေခဲ့သည်။—တရားသူကြီး ၁၄:၁၂-၁၉။

သို့ရာတွင် ကျမ်းဆိုင်ရာစကားဝှက်များစွာသည် ယေဟောဝါ၏ရည်ရွယ်ချက်များနှင့် တိုက်ရိုက်ဆက်နွှယ်ပတ်သက်နေသည်။ ဥပမာ၊ ကမ္ဘာဦး ၃:၁၅ ကိုသုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာ၏အဓိကအချက်အတွက် အခြေခံဖြစ်သော ဤပရောဖက်ပြုချက်ကိုယ်နှိုက်သည် ပဟေဠိဆန်သည့် ‘မြင့်မြတ်သောနက်နဲရာ’ ပင်ဖြစ်သည်။ (ရောမ ၁၆:၂၅၊ ၂၆) တမန်တော်ပေါလုသည် ထူးဆန်းသောအဆင်းအာရုံများနှင့် ဗျာဒိတ်တော်များကို ရရှိသည့်အပြင် ‘အရိပ်မျှသာ၊’ သို့မဟုတ် စာသားအရ “မထင်မရှားဖော်ပြချက်” ဖြင့်ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်သော ကဏ္ဍအချို့ကိုလည်း တွေ့မြင်ခဲ့သည်။ (၁ ကောရိန္သု ၁၃:၁၂; ၂ ကောရိန္သု ၁၂:၁-၄) ဗျာဒိတ် ၁၃:၁၈ ၌ရှင်းပြခြင်းမရှိဘဲ ရုတ်တရက်ဖော်ပြထားသော သားရဲ၏နက်နဲရာနံပါတ်—“ခြောက်ရာခြောက်ဆယ်ခြောက်”—နှင့်ပတ်သက်၍ အဆုံးမသတ်နိုင်သောဝေဖန်ချက်များကော အသို့နည်း။ အဆိုပါမြင့်မြတ်သောစကားဝှက်များကို မည်သူဖော်ထုတ်ပေးနိုင်ပြီး သူတို့သည် အဘယ်ရည်ရွယ်ချက်ရှိသနည်း။

မြင့်မြတ်သောလျှို့ဝှက်ချက်များကို ထုတ်ဖော်ခြင်း

ကျွန်ုပ်တို့အများစုအတွက် အာရုံငါးပါးတွင် အမြင်အာရုံသည် တန်ဖိုးအရှိဆုံးဖြစ်သည်။ သို့တိုင် အလင်းရောင်မရှိလျှင် လူ့အမြင်အာရုံသည် အချည်းနှီးပင်ဖြစ်မည်။ ကျွန်ုပ်တို့သည် မျက်ကန်းကဲ့သို့ဖြစ်ကြပေမည်။ လူ့စိတ်သည်လည်း ထို့အတူပင်။ ၎င်းသည် ပုံစံများကိုနှိုင်းယှဉ်ကြည့်ရန်၊ ဆင်ခြင်တွေးတောရန် အံ့ဖွယ်စွမ်းရည်ရှိသောကြောင့် ပဟေဠိများကိုအနက်ဖွင့် ဖြေရှင်းပေးနိုင်၏။ သို့ရာတွင် မြင့်မြတ်သောလျှို့ဝှက်ချက်များကို ထုတ်ဖော်ရန် ထိုထက်မကလိုအပ်သည်။ အခြားသူများသည် သမ္မာကျမ်းစာတွင်ဖော်ပြထားသောစကားဝှက်များကို အဖြေထုတ်ဖို့ကြိုးစားကြမည်ဖြစ်သော်လည်း ၎င်းတို့၏ကလောင်ရှင် အလင်း၏ဘုရားသခင်ယေဟောဝါသည်သာ ဆိုလိုရင်းအဓိပ္ပာယ်ကို ဖော်ထုတ်နိုင်သည်။—၁ ယောဟန် ၁:၅။

ဝမ်းနည်းစရာကား၊ လူတို့သည် အဖြေများရရှိရန်အတွက် ယေဟောဝါအားမစောင့်ဘဲ မာနကြီးလွန်းပြီး ကိုယ်ပိုင်အတွေးအခေါ်အတိုင်း ဖော်ပြတတ်ကြ၏။ အမှန်တရားကိုမဟုတ်ဘဲ နက်နဲရာ၌စိတ်ဝင်စားကြ၍ အတွေးအခေါ်နှိုးဆွမှုပိုင်းကို ဦးစားပေးပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်၏ပြင်ပမှ အဖြေများကို ရှာဖွေခဲ့ကြသူများရှိသည်။ ဥပမာ၊ ဂျူးတို့၏နက်နဲရာဝါဒသည် ၎င်း၏ကက်ဘလာဖြင့် ဟေဗြဲအက္ခရာနံပါတ်များနှင့်စာလုံးများ၏ ဆန်းကြယ်သောအရေးပါမှုကို ဆင်ခြင်သုံးသပ်ကြည့်ခဲ့သည်။ အခြားတစ်ဖက်တွင်မူ၊ ဒုတိယရာစုမှ အသိပညာပဓာနဝါဒီသမားများသည် ဟေဗြဲနှင့်ဂရိကျမ်းစာစောင်များမှ လျှို့ဝှက်ချက်များ၏အဓိပ္ပာယ်ကိုဖွင့်ဆိုရန် ကြိုးစားအားထုတ်ကြရာတွင် ထိုကျမ်းများကို အသုံးပြုခဲ့ကြသည်။

သို့သော် ဤရှာဖွေမှုအားလုံးသည် အယူမှားဓလေ့ထုံးစံများနှင့်အယူသီးမှုများကို ပို၍အာရုံပြုစေပြီး ဘုရားသခင်ရေးရာအမှန်တရားနှင့် ဝေးကွာစေခဲ့သည်။ ‘ကမ္ဘာပေါ်တွင် မကောင်းမှုများပြည့်နှက်နေသောကြောင့် ၎င်းတို့၏ဖန်ဆင်းရှင်ယာဝေးသည် ကောင်းသောဘုရားတစ်ပါးမဟုတ်နိုင်’ ဟုအသိပညာပဓာနဝါဒီသမားများက ဆင်ခြင်ခဲ့ကြသည်။ ယင်းသည် အကောင်းဆုံးသောကောက်ချက်ဖြစ်ပါသလော။ လူ့ကျိုးကြောင်းဆင်ခြင်မှုသည် သိမ်ဖျင်းလှပါသည်တကား! နောက်ပိုင်းတွင် အသိပညာပဓာနဝါဒီဂိုဏ်းများကြောင့် တိုးများလာသော အယူဖောက်ပြန်သည့်အတွေးအခေါ်များကို တွန်းလှန်ခုခံကာ တမန်တော်ပေါလုက သူ၏စာစောင်များတွင် “ကျမ်းစာကိုလွန်၍” မပြုနှင့်ဟုပြင်းထန်စွာသတိပေးခဲ့သည်မှာ အံ့ဩစရာမဟုတ်ချေ!—၁ ကောရိန္သု ၄:၆။

“နက်နဲရာစကားများ” ကိုဖော်ပြခြင်း

သို့သော် အလင်း၏ဘုရားသခင်သည် “နက်နဲရာစကားများ” ကိုအဘယ်ကြောင့်ပြောရသနည်း။ စကားထာတစ်ခုကိုယ်နှိုက်က လူတစ်ဦး၏စိတ်ကူးဉာဏ်နှင့် ဆင်ခြင်တွေးဆစွမ်းရည်ကို စိန်ခေါ်တတ်သည်။ ထို့ကြောင့် မြိန်ရှက်သောဟင်းခွက်တစ်ခွက်တွင် အရသာရှိသောဟင်းခတ်အမွှေးအကြိုင်များခတ်ထားသကဲ့ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ယင်းတို့ကို တစ်ခါတစ်ရံရေးထည့်ထားခြင်းမှာ ပရိသတ်၏စိတ်ဝင်စားမှုကို နှိုးဆွပေးရန် သို့မဟုတ် သတင်းတရားကို ကွက်ကွက်ကွင်းကွင်း ပို၍မြင်သာစေရန်အတွက်ဖြစ်သည်။ ယင်းသို့သောအခါများတွင် ရှင်းလင်းချက်များကို ချက်ချင်းပင်ပေးလေ့ရှိသည်။—ယေဇကျေလ ၁၇:၁-၁၈; မဿဲ ၁၈:၂၃-၃၅။

ယေဟောဝါသည် ဉာဏ်ပညာကို ရက်ရောစွာပေးသော်လည်း မည်သည့်အခါမျှ မဆင်မခြင်မပေးချေ။ (ယာကုပ် ၁:၅-၈) စကားထာများအဖြစ် ယူမှတ်ရသည့် နက်နဲရာစကားများစွာ စုဆောင်းထားသော မှုတ်သွင်းခံနယပုံပြင်ကျမ်းကို သုံးသပ်ကြည့်ပါ။ ၎င်းတို့ကို နားလည်သဘောပေါက်ရန် အချိန်ယူပြီး ဆင်ခြင်တွေးတောရသည်။ သို့ရာတွင် အားထုတ်ရန် တလိုတလားရှိသူမည်မျှရှိသနည်း။ ယင်းတို့တွင်ပါရှိသော ဉာဏ်ပညာကို တလိုတလားရှာဖွေသူများသာလျှင် ရရှိနိုင်မည်။—သု. ၂:၁-၅။

ထိုနည်းတူ ယေရှုလည်း ပရိသတ်၏နှလုံးသဘောထားကို ဖော်ထုတ်ရန် ဥပမာများကို အသုံးပြုခဲ့၏။ လူအုပ်တို့သည် ကိုယ်တော့်ထံ၌ စုပြုံခဲ့ကြသည်။ ကိုယ်တော်၏ပုံပြင်များကို နှစ်သက်ခဲ့ကြသည်။ ကိုယ်တော်၏အံ့ဖွယ်ရာများကို မြတ်နိုးခဲ့ကြ၏။ သို့သော် သူတို့၏ဘဝပုံစံကိုပြောင်းလဲပြီး ကိုယ်တော်နောက်သို့ တလိုတလားလိုက်ကြသူ မည်မျှရှိခဲ့သနည်း။ ယေရှု၏သွန်သင်ချက်များကို နားလည်ရန် အကြိမ်ကြိမ်ကြိုးစားအားထုတ်ခဲ့ကြကာ ကိုယ်တော်၏နောက်လိုက်များဖြစ်လာရန် မိမိတို့ကိုယ်ကိုငြင်းပယ်ဖို့အသင့်ရှိခဲ့ကြသော ကိုယ်တော်၏တပည့်တော်များနှင့်ခြားနားလိုက်လေစွ!—မဿဲ ၁၃:၁၀-၂၃၊ ၃၄၊ ၃၅; ၁၆:၂၄; ယောဟန် ၁၆:၂၅၊ ၂၉။

အလင်းကိုရှုမျှော်ခြင်း

“စကားထာများကို စိတ်ဝင်စားခြင်းသည် ဉာဏ်စွမ်းဉာဏ်စဖွံ့ဖြိုးရေးကာလများနှင့် တိုက်ဆိုင်ပြီးဖြစ်ပေါ်လာခဲ့ပုံရှိသည်” ဟုသတင်းတစ်ရပ်ကဆို၏။ ယနေ့ ကျွန်ုပ်တို့သည် ဘုရားသခင့်လူမျိုးတော်အတွက် ဝိညာဉ်ရေး “အလင်း . . . ပျိုးကြဲလျက်ရှိ” သောအချိန်အခါတွင် အသက်ရှင်နေရသော အထူးအခွင့်အရေးကို ရရှိထားကြသည်။ (ဆာလံ ၉၇:၁၁; ဒံယေလ ၁၂:၄၊ ၉) ယေဟောဝါ၏အချိန်ဇယားနှင့်အညီ ရည်ရွယ်တော်မူချက်များကို ဖော်ပြရန်ကိုယ်တော်အား စိတ်ရှည်ရှည်နှင့် ကျွန်ုပ်တို့စောင့်နိုင်သလော။ ထိုထက်အရေးကြီးသည်ကား ဘုရားသခင်ဖော်ပြသောအလိုတော်နှင့် ပို၍ညီညွတ်ရန် မည်သို့ပြုမူရမည်ကို သတိပြုမိသောအခါ ကျွန်ုပ်တို့၏အသက်တာကို ချက်ချင်းပြောင်းလဲလိုက်သလော။ (ဆာလံ ၁:၁-၃; ယာကုပ် ၁:၂၂-၂၅) ကျွန်ုပ်တို့ပြောင်းလဲလျှင် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေးလိမ့်မည်။ မျက်မှန်များသည် မှုန်ဝါးသောမြင်ကွင်းကို ထင်ရှားစွာမြင်စေဘိသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးမြင်ကွင်းကို ရှင်းလင်းစေကာ ကျွန်ုပ်တို့၏စိတ်မျက်စိတွင် ဘုရားသခင်ရေးရာရည်ရွယ်ချက်ကို လှပသောမြင်ကွင်းအဖြစ် ကွင်းကွင်းကွက်ကွက်မြင်သာစေမည်ဖြစ်သည်။—၁ ကောရိန္သု ၂:၇၊ ၉၊ ၁၀။

ဝိညာဉ်ရေးစကားဝှက်များသည် ယေဟောဝါအား “နက်နဲသောအရာတို့ကိုဖွင့်ပြ” သူအဖြစ် ဖော်ကျူးထားသည်မှာအမှန်ပင်။ (ဒံယေလ ၂:၂၈၊ ၂၉) ထို့ပြင် ကိုယ်တော်သည် စိတ်နှလုံးတို့ကိုစစ်ကြောသူလည်း ဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ဘုရားသခင်ရေးရာအမှန်တရားအလင်းသည် အစဉ်တိုးပြီးထွန်းလင်းလာခဲ့ကြောင်းကို ကျွန်ုပ်တို့သိရှိလာရသည့်အတွက် မအံ့သြသင့်ချေ။ (သု. ၄:၁၈; ရောမ ၁၆:၂၅၊ ၂၆) အကျိုးမရှိနိုင်သည့် နားလည်ရန်ခက်ခဲသော သို့မဟုတ် ပေါ့ပျက်သောလူ့ဉာဏ်ပညာအားဖြင့် ယေဟောဝါဘုရားသခင်၏နက်နဲသောအသိပညာကို ကြိုးစားရှာဖွေကြမည့်အစား၊ ဘုရားသခင်၏ချိန်းချက်သောအချိန်တွင် သစ္စာရှိကျေးကျွန်များအား ကိုယ်တော်၏အံ့ဖွယ်သောရည်ရွယ်ချက်များကို သိရှိစေပြီး “နက်နဲသောစကားများ” နှင့်ပတ်သက်၍ အမှန်တရားအလင်းကိုဖော်ပြမည့် ကိုယ်တော်အား ယုံကြည်စိတ်ချစွာ စောင့်မျှော်ကြစို့လေ။—အာမုတ် ၃:၇; မဿဲ ၂၄:၂၅-၂၇။

[စာမျက်နှာ ၂၆ ပါ ပုံစာ]

Biblia Hebraica Stuttgartensia,Deutsche Bibelgesellschaft Stuttgart

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ