မာတိကာ
ဇန်နဝါရီ ၁၅၊ ၂၀၀၉
လေ့လာရန်စာစောင်
သင်တန်းဆောင်းပါးများ–
မတ် ၂-၈၊ ၂၀၀၉
စာမျက်နှာ ၃
သီဆိုရန်သီချင်းများ– ၂၀၀၊ ၁၇၂
မတ် ၉-၁၅၊ ၂၀၀၉
တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပျော်မွေ့လော့
စာမျက်နှာ ၇
သီဆိုရန်သီချင်းများ– ၁၃၀၊ ၂၁၁
မတ် ၁၆-၂၂၊ ၂၀၀၉
သင်သည် ‘ဘုရားသခင်၏မဟာကြင်နာမှုခံစားရသူ ဘဏ္ဍာစိုး’ ဖြစ်သလော
စာမျက်နှာ ၁၂
သီဆိုရန်သီချင်းများ– ၅၀၊ ၅၈
မတ် ၂၃-၂၉၊ ၂၀၀၉
ယေဟောဝါနှစ်သက်မြတ်နိုးသောကျွန်ကို ကြည့်ပါ
စာမျက်နှာ ၂၁
သီဆိုရန်သီချင်းများ– ၁၆၈၊ ၄
မတ် ၃၀၊ ၂၀၀၉–ဧပြီ ၅၊ ၂၀၀၉
ယေဟောဝါ၏ကျွန်သည် ‘ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်းကိုခံရ’
စာမျက်နှာ ၂၅
သီဆိုရန်သီချင်းများ– ၂၂၄၊ ၂၁၄
သင်တန်းဆောင်းပါးများ၏ရည်ရွယ်ချက်
သင်တန်းဆောင်းပါး ၁-၃ စာမျက်နှာ ၃-၁၆
ခရစ်တော်နောက်လိုက်တစ်ဦးဖြစ်ခြင်းတွင် မည်သည့်အရာပါဝင်သနည်း။ ကိုယ်တော်၏ဉာဏ်ပညာနှင့် နှိမ့်ချခြင်းကဲ့သို့သော ကိုယ်တော်၏ထင်ရှားသောအရည်အသွေးများကို တုပခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့သည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ဇွဲရှိရန်လည်းလိုသည်။ ထို့ပြင် ယုံကြည်သူချင်းများကို နှလုံးပါပါချစ်ကြောင်းတင်ပြခြင်း ပါဝင်သည်။ ဆောင်းပါးများက ဤသုံးနည်းတွင် ခရစ်တော်ကို သင်မည်ကဲ့သို့တုပနိုင်ပုံကို ဆွေးနွေးထားပါသည်။
သင်တန်းဆောင်းပါး ၄၊ ၅ စာမျက်နှာ ၂၁-၂၉
ဤဆောင်းပါးနှစ်ခုသည် ယေရှုခရစ်၌ပြည့်စုံခဲ့သော ဟေရှာယကျမ်းတွင်တွေ့ရသည့် ပရောဖက်ပြုချက်အမြောက်အမြားကို ဆန်းစစ်ထားသည်။ ပရောဖက်ပြုချက်များကို ဆင်ခြင်သုံးသပ်ခြင်းက ယေရှု၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့အကျိုးအလို့ငှာ ယေဟောဝါနှင့်ယေရှုပြီးမြောက်စေခဲ့သောအရာအားလုံးအတွက် ကျွန်ုပ်တို့၏တန်ဖိုးထားလေးမြတ်မှုကို ပို၍တိုးပွားစေပါလိမ့်မည်။ ထို့ကြောင့် ဤဆောင်းပါးများသည် ၂၀၀၉၊ ဧပြီ ၉ ရက် ညနေပိုင်းတွင်ကျင်းပမည့် သတိရအောက်မေ့ရာပွဲအတွက် ကျွန်ုပ်တို့၏စိတ်နှလုံးကိုပြင်ဆင်ရန် အထောက်အကူပြုပါလိမ့်မည်။
အရန်ဆောင်းပါးများ–
“ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့”
စာမျက်နှာ ၁၇
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏ ဗျာ.ကျမ်းမှ ပေါ်လွင်ချက်များ—၁
စာမျက်နှာ ၃၀