ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၁၁/၁ စာ. ၁၆-၁၇
  • မိသားစုဘဝအကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုဘဝအကြောင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ရေးနှင့်ပတ်သက်၍ အဘယ်ရှုမြင်ချက်သည် မိသားစုကို ပျော်ရွှင်စေသနည်း
  • ဘုရားသခင်ကို ချစ်သည့်မေတ္တာက မိသားစုကို အဘယ်ကြောင့် ပျော်ရွှင်စေသနည်း
  • ခင်ပွန်းနှင့်ဇနီးတို့သည် တစ်ဦးကိုတစ်ဦး မည်သို့ပျော်ရွှင်စေနိုင်သနည်း
  • ကလေးများအပေါ်ထားရှိသော ယေရှု၏သဘောထားမှ မိဘများ အဘယ်အရာ သင်ယူနိုင်သနည်း
  • ကလေးသူငယ်တို့ ယေရှုထံမှ အဘယ်အရာ သင်ယူနိုင်သနည်း
  • သင့်မိသားစုဘဝကို ပျော်ရွှင်စေနိုင်ပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • သင့်မိသားစုတွင် ဘုရားသခင်ကို ရှေးဦးထားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • လင်ယောက်ျားတို့—⁠ခရစ်တော်၏ဦးစီးမှုကို တုပလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိသားစုဘဝကို အောင်မြင်စေခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၁၁/၁ စာ. ၁၆-၁၇

ယေရှုထံမှ ကျွန်ုပ်တို့ သင်ယူရရှိရာ

မိသားစုဘဝအကြောင်း

အိမ်ထောင်ရေးနှင့်ပတ်သက်၍ အဘယ်ရှုမြင်ချက်သည် မိသားစုကို ပျော်ရွှင်စေသနည်း

အိမ်ထောင်ရေးသည် မြင့်မြတ်သောနှောင်ကြိုးဖြစ်သည်။ ကွာရှင်း၍ရ၊ မရ မေးမြန်းခံရသောအခါ ယေရှုက “အစအဦး၌ ဖန်ဆင်းတော်မူသောအရှင်သည် ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူကြောင်း သင်တို့ မဖတ်ဖူးသလော။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်’ ဟုမိန့်တော်မူကြောင်းကိုလည်း မဖတ်ဖူးသလော။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ ထို့ကြောင့် ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်။ . . . မတရားမေထုန်ပြုခြင်းမှတစ်ပါး အခြားသောအကြောင်းကြောင့် မိမိမယားကိုကွာရှင်း၍ အခြားသူတစ်ဦးကို ထိမ်းမြားသူ မည်သူမဆိုသည် အိမ်ထောင်ရေးဖောက်ပြန်သူဖြစ်၏” ဟုမိန့်တော်မူသည်။ (မဿဲ ၁၉:၄-၆၊ ၉) ဇနီးမောင်နှံများသည် ယေရှု၏ဆုံးမစကားကို လိုက်လျှောက်ပြီး အချင်းချင်း သစ္စာရှိကြလျှင် တစ်အိမ်သားလုံး လုံခြုံသည်ဟု ခံစားရပြီး ပျော်ရွှင်ကြသည်။

ဘုရားသခင်ကို ချစ်သည့်မေတ္တာက မိသားစုကို အဘယ်ကြောင့် ပျော်ရွှင်စေသနည်း

ယေရှုက “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏” ဟုမိန့်တော်မူသည်။ ဒုတိယအကြီးဆုံးပညတ်ကား အဘယ်နည်း။ “လူသားချင်း [သင်နှင့်အနီးစပ်ဆုံးဖြစ်သော သင့်မိသားစုအပါအဝင်] ကို ကိုယ်နှင့်အမျှ ချစ်လော့” ဟုယေရှု မိန့်တော်မူ၏။ (မဿဲ ၂၂:၃၇-၃၉) ထို့ကြောင့် မိသားစုပျော်ရွှင်မှု၏သော့ချက်မှာ ဘုရားသခင်နှင့်ဆက်ဆံရေးကောင်း ရှိခြင်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်ကို ချစ်သည့်မေတ္တာက အချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်ရန် လှုံ့ဆော်ပေး၍ဖြစ်၏။

ခင်ပွန်းနှင့်ဇနီးတို့သည် တစ်ဦးကိုတစ်ဦး မည်သို့ပျော်ရွှင်စေနိုင်သနည်း

ခင်ပွန်းသည်များသည် ယေရှု၏စံနမူနာကို လိုက်လျှောက်သောအခါ သူတို့ဇနီးသည်များ ပျော်ရွှင်ကြသည်။ ယေရှုသည် ပုံဆောင်ဇနီးဖြစ်သော အသင်းတော်ကို ကိုယ်ကျိုးစွန့်မေတ္တာဖြင့် ချစ်ခဲ့သည်။ (ဧဖက် ၅:၂၅) ယေရှုက “လူသားသည် သူတစ်ပါးကို စေစားရန်လာသည်မဟုတ်။ သူတစ်ပါးအစေကိုခံ” ရန်လာခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။ (မဿဲ ၂၀:၂၈) ယေရှုသည် မိမိလက်အောက်ရှိသူများကို အာဏာရှင်ဆန်ဆန် ကြမ်းတမ်းခက်ထန်စွာ မဆက်ဆံဘဲ လန်းဆန်းစေခဲ့သည်။ (မဿဲ ၁၁:၂၈) ထို့ကြောင့် ခင်ပွန်းများသည် မိမိတို့၏အခွင့်အာဏာကို တစ်မိသားစုလုံး အကျိုးရရှိစေမည့်နည်းဖြင့် ကြင်နာစွာကျင့်သုံးသင့်သည်။

ဇနီးများလည်း ယေရှု၏စံနမူနာမှ အကျိုးရယူနိုင်သည်။ “ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင်ဖြစ်ကြောင်း” သမ္မာကျမ်းစာက ဆိုသည်။ ထို့ပြင် “မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်ကြောင်း” လည်း ဖော်ပြထား၏။ (၁ ကောရိန္သု ၁၁:၃) ဘုရားသခင်အား လက်အောက်ခံရခြင်းကို အောက်ကျသည်ဟု ယေရှုမယူမှတ်ချေ။ ခမည်းတော်ကို အလွန်လေးစားပြီး “ထိုအရှင် နှစ်သက်တော်မူရာများကို အစဉ်မပြတ် ငါပြု၏” ဟုယေရှု မိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၂၉) ဘုရားသခင်ကို ချစ်သည့်မေတ္တာနှင့် လေးစားမှုတို့ကြောင့် ခင်ပွန်း၏ဦးစီးမှုကို လက်အောက်ခံသော ဇနီးသည် မိသားစုဘဝကို ပို၍ပျော်ရွှင်စေသည်။

ကလေးများအပေါ်ထားရှိသော ယေရှု၏သဘောထားမှ မိဘများ အဘယ်အရာ သင်ယူနိုင်သနည်း

ယေရှုသည် ကလေးများကို အချိန်ပေးပြီး သူတို့၏စဉ်းစားတွေးခေါ်မှုများနှင့် ခံစားချက်များကို စိတ်ဝင်စားတော်မူသည်။ “ယေရှုသည် ထိုနို့စို့သူငယ်များကို ခေါ်တော်မူ၍ ‘ငါ့ထံသို့ ကလေးငယ်များ လာပါလေစေ’” ဟုမိန့်တော်မူကြောင်း သမ္မာကျမ်းစာက ဆိုသည်။ (လုကာ ၁၈:၁၅၊ ၁၆) တစ်ချိန်တွင် သူငယ်တချို့သည် ယေရှုကို ယုံကြည်ကြောင်း ပြောဆိုသည့်အတွက် လူတို့ အပြစ်တင်ကြသည်။ သို့သော် ထိုသူငယ်များကို ယေရှု ချီးမွမ်းခဲ့ပြီး “‘နို့စို့သူငယ်တို့နှုတ်ထဲမှ ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်’ ဟူသောစကားကို သင်တို့မဖတ်ဖူးကြသလော” ဟူ၍ လူတို့၏အပြစ်တင်မှုကို ချေပခဲ့သည်။—မဿဲ ၂၁:၁၅၊ ၁၆။

ကလေးသူငယ်တို့ ယေရှုထံမှ အဘယ်အရာ သင်ယူနိုင်သနည်း

ဘုရားသခင်နှင့်ပတ်သက်သည့်အရာများကို စိတ်ဝင်စားမှုတွင် ယေရှုသည် ကလေးသူငယ်များအတွက် စံနမူနာကောင်း ပြခဲ့သည်။ ယေရှု ၁၂ နှစ်အရွယ်တွင် ‘ဝတ်ပြုရာအိမ်တော်၌ ဆရာတို့အလယ်မှာထိုင်၍ သူတို့၏စကားကို ကြားနာလျက်၊ မေးမြန်းလျက်နေ’ သည်။ ရလဒ်ကား အဘယ်နည်း။ “သူ၏စကားကို နားထောင်သူအပေါင်းတို့သည် သူ၏ဉာဏ်ပညာနှင့် အဖြေများကို အံ့သြကြ၏။” (လုကာ ၂:၄၂၊ ၄၆၊ ၄၇) သို့တိုင် ယေရှုသည် မိမိ၏အသိပညာကြောင့် မာနမကြီးခဲ့ချေ။ ယင်းအသိပညာကြောင့် မိဘများကို လေးစားခဲ့သည်။ ကိုယ်တော်သည် “သူတို့ကို လက်အောက်ခံလျက်နေ၏” ဟုသမ္မာကျမ်းစာက ဖော်ပြသည်။—လုကာ ၂:၅၁။

ထပ်ဆင့်အချက်အလက်အတွက် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်၏ အခန်း ၁၄ တွင်ကြည့်ပါ။a

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ ထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ